Saturday, May 16, 2015

ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်ခရီးစဉ် မေလ ၁၆ စမည်

ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်ခရီးစဉ် မေလ ၁၆ စမည်

|Dawei Watch|မော်လမြိုင်၊ မေ ၁၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၁၆
ရက်တွင် မွန်ပြည်နယ်သို့ လာရောက်မည်ဟု မွန်ပြည်နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါက်တာ ခင်ဆောင်က ပြောသည်။


ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တလျှောက်တွင် ကျိုက်ထို၊ ဘီလင်း၊ သထုံ၊
မော်လမြိုင်နှင့် သံဖြူဇရပ်တို့တွင် လူထုဟောပြောပွဲများ
ပြုလုပ်သွားမည်ဖြစ်သည့်အပြင် မေလ ၁၆ ရက်နေ့ညတွင် မြို့မိ
မြိုဖများနှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။

“၁၆ ရက်နေ့ကျရင် မော်လမြိုင်ရောက်မယ် ညနေပိုင်းမှာ လှိုင်ဘောလုံးကွင်းမှာ
ဟောပြောပွဲလုပ်မယ်၊ မော်လမြိုင်မှာ အိပ်မယ် ပြီးတော့ နောက်နေ့မနက်ကျတော့
သံဖြူဇရပ် ကြာကန်ရပ်ကွက်က ကြာကန်ဘောလုံးကွင်းမှာ ဟောပြောမယ်” ဟု ဒေါက်တာ
ခင်ဆောင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်
မတ်လ ၂၇ နှင့် ၂၈ ရက်တို့တွင် မွန်ပြည်နယ်သို့ လာရောက်ရန်
စီစဉ်ထားသော်လည်း ကျန်းမာရေးအခြေအနေနှင့်  ရာသီဥတုပူပြင်းမှုကြောင့်
ခရီးစဉ် ဖျက်သိမ်းခဲ့သည်။

“ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ်အနေနဲ့ မတ်လက
မွန်ပြည်နယ်ကိုလာမယ်ဆိုပြီးပြောထားတယ်၊ ဒါပေမယ့်
ကျန်းမာရေးအခြေအနေကြောင့် မလာဖြစ်တာကို အခု ကျန်းမာရေးလည်းကောင်းလာတယ်
အားလည်းအားတဲ့အတွက် မွန်ပြည်နယ်ကို ပြန်လာပေးတာ” ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မော်လမြိုင်ခရိုင် အတွင်းရေးမှူး
ဦးကိုကိုဇော်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောန်ဆန်း မိန့်ခွန်းပြောကြားခဲ့သည့်
သေမင်းတမန်စစ်သင်္ချိုံင်းရှေ့ရှိ ကြာကန်ဘောလုံးကွင်းတွင် မိန့်ခွန်း
ပြောကြားရန်လည်း စီစဉ်ထားသည်ဟု သိရသည်။

သေမင်းတမန်စစ်သင်္ချိုင်းသည် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင်
ဖွင့်လှစ်ခဲ့ပြီး ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်းက ဖောက်လုပ်ခဲ့သည့်
မြန်မာ-ယိုးဒယားနယ်စပ် မီးရထားလမ်းဖောက်လုပ်စဉ် ဂျပန်များ၏
စစ်သုံ့ပန်များအဖြစ်ခေါ်ဆောင်ခံရသည့် ဗြိတိသျှစစ်မှုထမ်းများ
သြစတြေလျစစ်မှုထမ်းများ ဒတ်ခ်ျစစ်မှုထမ်းများနှင့် အာရှချွေးတပ်သားများ
မြုပ်နှံထားသည့် နေရာဖြစ်သည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲက မော်လမြိုင်သို့ လူထုဟောပြောပွဲ
လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲတွင်
မော်လမြိုင်မှာ NLD နိုင်ခဲ့ပါက နောက်ထပ်တစ်ကြိမ်ထပ်မံ လာခဲ့မည်ဟု
မော်လမြိုင်လူထုကို ဂတိပေးထားသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More