Monday, February 23, 2015

တိုင်းရင်းသားအရေး ဘယ်လောက်အထိ တွေးထားကြသလဲ

တိုင်းရင်းသားအရေး ဘယ်လောက်အထိ တွေးထားကြသလဲ

  • Monday, 23 February 2015, The Voice Daily.
- See more at: http://www.thevoicemyanmar.com/index.php/perspective/item/5854-dyt#sthash.5mGHrqXA.dpuf

ပူးခက်မှ မောင်းမကန်သို့

တနသာင်္ရီ အပတ်စဉ် ၃၆။
(ဖေ ၂၃- မတ် ၁ ရက်)

ပြည်တော်ပြန်ခရီးစဉ် ခေါက်အတွင်း မောင်းမကန်ကမ်းခြေဆီ ကြိမ်ထက်မနည်း ရောက်ခဲ့ပါတယ်။ ရောက်သွားတဲ့အချိန်တိုင်းဟာ ညနေပိုင်းဖြစ်တဲ့အတွက် ပင်လယ်ထဲနေလုံးကြီးဝင်သွားတဲ့အလှကို အသေချာကြည့်ပြီးမှ ပြန်ခဲ့တာချည်းပါပဲ။ အနောက်ဖက်ပင်လယ်မှာ နေ၀င်တဲ့အလှ ဘယ်လောက်အထိ ကြည့်မ၀ဖြစ်ရသလဲဆိုတာကိုတော့ ရေးပြဖို့မလွယ်ပါ။ ရောက်ဖူး၊ ကြည့်ဖူးသူတွေမှသာ ခံစားနိုင်လိမ့်မယ် ထင်ပါတယ်။

(မောင်းမကန်ကမ်းခြေရဲ့ နေ၀င်ချိန်) ဓာတ်ပုံ-ထက်အောင်ကျော်

ဒီလိုနေ၀င်ချိန်အလှအပကို အမိအရဓာတ်ပုံရိုက်နိုင်၊ ခံစားနိုင်ဖို့အတွက် နေမ၀င်ခင် တနာရီအလိုမှာ ကတည်းက ရေကူးတာ၊ စကားဖောင်ဖွဲ့ပြောတာတွေကို အပြီးဖြတ်ထားရပါတယ်။ ထူးခြားတာကတော့ ထားဝယ်ကသူငယ်ချင်း တွေ ရေကူးဖို့ သိပ်စိတ်ဝင်စားပုံမပြပါဘူး။ အရက်ဝိုင်း၊ စားသောက်စားပွဲ ၀ိုင်းတွေမှာလူစည်သလောက် ရေကူးဖို့ စည်းရုံးတဲ့အခါ တဦးနှစ်ဦးထက် ပိုရလေ့မရှိပါ။ တနှစ်မှတခေါက်ရောက်တဲ့သူက အသဲအသန်ဖြစ်နေပေမဲ့ အပတ် စဉ်လိုလို ရောက်နေသူတို့အတွက် ရင်မခုန်တော့တာလဲဖြစ်နိုင်ပါတယ်။

ရောက်ဖူးသလောက်ကမ်းခြေတွေထဲမှာတော့ မောင်းမကန်ကမ်းခြေက အပြေပြစ်ဆုံးနဲ့အရှည်လျားဆုံးပါပဲ။ ဒီလိုပြောလိုက်တော့ ‘'ခင်ဗျားက ကမ်းခြေဘယ်နှစ်ခုရောက်ဖူးလို့လဲ’' ဆိုပြီးမေးစရာရှိလာနိုင်ပါတယ်။ မောင်းမကန်နဲ့ စက်စဲလောက်သာရောက်ဖူးပြီး ငပလီ၊ ချောင်းသာ၊ ငွေဆောင်တွေကိုမရောက်ဖူးသေးပါ။ ဒါပေမယ့် တနသာင်္ရီတိုင်း ရဲ့အခြားတဖက်မျက်နှာမှာရှိတဲ့ ပူးခက်၊ ဖန်င၊ ပရာကျွတ်၊ ဟွာဟင်၊ ချာအမ်းကမ်းခြေတွေဆီ ရောက်ခဲ့ဖူးပါတယ်။

ရခိုင်ပြည်နယ်ဖက်က ငပလီ၊ ဧရာဝတီတိုင်းဖက်က ချောင်းသာနဲ့ငွေဆောင်ကိုခဏထားပြီး တနသာင်္ရီတိုင်း ဟိုဖက် ဒီဖက်က ကမ်းခြေ ခုကို ဒီနေရာမှာရွေးချယ်ဆွးနွေးချင်ပါတယ်။ ထိုင်းနိုင်ငံတောင်ဖက်အငူရှိ ပူးခက်မြို့က ဖန် တောင်းကမ်းခြေနဲ့ မြန်မာနိုင်ငံတောက်ဖက်အငူ ထားဝယ်မြိှု့ရှိ မောင်းမကန်ကမ်းခြေ တို့ဟာ သဘာဝအနေထား အရအတော်တူတယ်လို့ ထင်မိပါတယ်။

ဖူးခက်မြိုနဲ့ဖန်တောင်ကမ်းခြေဟာ ၂၈ ကီလိုမီတာဝေးတယ်ဆိုပေမဲ့ လမ်းတွေကောင်းတာ၊ ဘတ်စ်ကားတွေ၊ လိုင်း ကားတွေပုံမှန်ပြေးနေတာကြောင့် နာရီဝက်အတွင်းရောက်နိုင်ပါတယ်။ ထားဝယ်နဲ့မောင်းမကန်ကတော့ ၁၂ မိုင် (ကီလို ၂၀ နိးပါး) သာဝေးပေမဲ့ လမ်းတွေပြင်နေဆဲ၊ ပုံမှန်ဆွဲတဲ့ ဘတ်စ်ကား၊ လိုင်းကားမရှိသေးတဲ့အတွက် မော်တော်ဆိုင်ကယ်တွေ၊ အငှားကားတွေကိုသာ အားကိုးနေကြရဆဲဖြစ်ပါတယ်။ အကွာအဝေးချင်းမနီးမဝေးတူ သလို တောင်တွေကျော်ပြီးလာရတာ၊ တောင်ပေါ်ကနေအနောက်ဖက်ပင်လယ်ကိုမြင်ရတဲ့ မြင်ကွင်းတွေဟာ အတူတူလိုခံစားမိပါတယ်။

ဒါပေမယ့် ဖူးခက်မှာ နိုင်ငံတကာလေယဉ်ကွင်းရှိပြီး ထားဝယ်မှာ ပြည်တွင်း လေယဉ် - စီးလောက်သာ ဆင်းနိုင် တဲ့ ကွင်းသာရှိပါတယ်။ ပူးခက်မြို့ဟာ နိုင်ငံတကာအဆင့်မှီမြို့ကြီးတခုလိုဖြစ်လာနေပြီး ထားဝယ်ကတော့ အခုမှ အာဏာရှင်စနစ်အောက်ကနေ နိုးထခါစ၊ နိုင်ငံတကာဈေးကွက်ဆီ တိုးဝင်ဖို့ခြေလှမ်းပြင်ကစပဲ ရှိပါသေးတယ်။ ဒီတော့ ဖန်းတောင်ကမ်းခြေဆီရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသည်ဦးရေနဲ့ မောင်းမကန်ဆီရောက်လာတဲ့ ဦးရေကို ဘယ်နှိုင်းယှဉ်လို့ဖြစ်ပါ့မလဲ။ ဖန်းတောင်းဆီ တနေ့ တထောင်ဝင်ရင် မောင်းမကန်ဆီ တနေ့ ၁၀ ဦးက နေ ၅၀ အထိ လာဖို့ မသေချာသေးပါ။

(နေ၀င်ချိန်မှာ အေးအေးလူလူ လမ်းလျောက်နေတဲ့ ကမ္ဘာလှည့်ခရီးသည်စုံတွဲတတွဲ) ဓာတ်ပုံ-ထက်အောင်ကျော်။

ဒါပေမယ့် ဒီလို လူသိပ်မလာသေးတာကိုက ကံကောင်းပါတယ်ဆိုပြီး နေ၀င်ချိန် ဆည်းဆာအလှကို ထိုင်ငေးနေတဲ့ ဂျာမဏီက ခရီးသွားဧည့်သည်တဦးကပြောပါတယ်။ ‘’လူအများကြီးလာရင် သဘာဝအလှတွေ ပျက်စီးသွား လိမ့်မယ်။ ပူးခက်မှာ ဒီလိုအေးအေးဆေး နေ၀င်ချိန်ကို ထိုင်ငေးခွင့်မရှိတော့ဘူးလေ’’ လို့သူကဆိုပါတယ်။ ဒါပေမယ့် ထားဝယ်က သူငယ်ချင်းတွေကတော့ သူ့ပုံကိုကြည့်ပြီး မျက်စိနောက်နေပုံရပါတယ်။

ဘာကြောင့်လဲဆိုရင် အတွင်းခံဘောင်းဘီတထည်ကလွဲပြီး သူ့တကိုယ်လုံး ဘာအ၀တ်မှမရှိပါ။ နေရောင်ခံထား တဲ့အတွက် တကိုယ်လုံး နီညိုနေပါတယ်။ တကယ်တော့ တဆောင်းလုံး နေရောင်မရတဲ့ ဥရောပသားတွေဟာ ဒီလိုနေရောင်ခံခွင့်ရဖို့၊ ဒီလို အသားအရေရဖို့အတွက် ဒေါ်လာထောင်၊ သောင်းချီအကုန်ခံပြီး အာရှကမ်းခြေတွေဆီ ခရီးထွက်လာတာ မဟုတ်ပါလား။ ဒါက ဥရောပပြန် ကျနော့်အမြင်ပါ။ ဒါပေမယ့် ထားဝယ်ဒေသခံတွေအမြန်မှာ တော့ ဒီလူ့ပုံက နည်းနည်းရိုင်းသလိုဖြစ်နေ သလားမသိပါ။ မိတ်ဆွေတဦးကဆို ‘’ခင်ဗျား ဘာဘာသာကို ကိုး ကွယ်သလဲ’’ ဆိုပြီး သွားမေးတဲ့ အထိပါပဲ။ 

မြန်မာနိုင်ငံသားတွေအတွက် ဒီမေးခွန်းဟာ အထူးအဆန်းမဟုတ်ပေမဲ့ အနောက်တိုင်းမှာ ကိုးကွယ်ရာဘာသာကို မေးခွင့်မရှိပါ။ မြန်မာနိုင်ငံကမှတ်ပုံတွေမှာလို ကိုးကွယ်ရာဘာသာကို မှတ်ပုံတင်ထဲ ထည့်ရေးလေ့မရှိပါ။ ဆိုလိုတာ က ပူးခက်လိုကမ္ဘာ့ဈေးကွက်ဆီ တိုးဝင်ဖို့ပြင်နေတဲ့ ထားဝယ်ဒေသမှာ အသစ်ရောက်လာမဲ့ ဘာသာမတူ၊ ယဉ်ကျေး မှု မတူ။ စဉ်းစားပုံမတူတဲ့ နိုင်ငံတကာဧည့်သည်တွေကို လက်ခံဖို့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာအရ အဆင့်သင့်ဖြင့်နေရဲ့ လားဆိုတာ မေးခွန်းထုတ်စရာပါ။ 

ထူးခြားတာက ဒီပုဂ္ဂိုလ်ဟာ ကျနော်တို့လို ရန်ကုန်လေယဉ်ကွင်းကနေ၀င်လာသူမဟုတ်။ ထိုင်းနိုင်ငံ ရနောင်းဖက် ကနေ နယ်စပ်ဖြတ်ဝင်လာသူဖြစ်ပါတယ်။ ‘’ရနောင်း-ကော့သောင်းကနေ လှေနဲ့ဝင်လာတော့ စရိတ်လည်း အများ ကြီးသက်သာတယ်။ နီးလည်းနီးတယ်။ လှပတဲ့ကျွန်းတွေ၊ ကမ်းခြေတွေလဲအများကြီးမြင်ခွင့်ရခဲ့တယ်’’ လို့ သူက ဆိုပါတယ်။ ‘’ဘာလို့ ကန်ချနပူရီ-ထီးခီးလမ်းကနေ မ၀င်တာလဲ’’ ဆိုပြီး ကျနော်ကမေးကြည့်တော့ ဒီလမ်း ကြောင်း သူမသိဘူး။ ထိုင်းမှာရှိတဲ့ ခရီးသွားကုပ္ဗဏီတွေကလဲ ဒီလမ်းရှိတယ်လို့ သူကိုမပြောကြဘူးလို့ သူကဆိုပါ တယ်။

ထားဝယ်ပြီးရင် ရေး၊ မော်လမြိုင်၊ ဘားအံဖက်ဆီ ကားလမ်းနဲ့ ဆက်သွားမယ်လို့ သူကပြောပါတယ်။ ဒါဟာ သူရဲ့ ဒုတိယအကြိမ် မြန်မာပြည်ခရီးစဉ်ဖြစ်ပြီး ပထမ အခေါက်တုန်းကတော့ ရန်ကုန်လေယဉ်ကွင်းကိုဝင်၊ ချောင်းသာ၊ ငွေဆောင်ကမ်းခြေတွေ၊ ပုဂံ၊ အင်းလေးဖက်တွေဆီသွားပြီပြီလို့သိရပါတယ်။ အခု ဘယ်မှာတည်းသလဲဆိုတော့ Coconut House မှာတည်းတယ်လို့ဆိုပါတယ်။ ကျနော် သိသလောက်ဆိုရင် အခုချိန်ထိ မောင်းမကန်ကမ်းခြေမှာ ဟိုတယ်တလုံး၊ ဘန်ဂလိုတလုံးနဲ့ တည်းခိုခန်းတလုံးပဲ ရှိပါသေးတယ်။

အဲဒီထဲမှာမှ Coconut House ဟာ နိုင်ငံခြားသားတွေကြားမှာ လူသိများနေပါတယ်။ ဘာကြောင့်လဲဆိုပြီး ကျနော် သွားကြည့်တော့ ကမ်းခြေနဲ့နည်းနည်းအလှမ်းကွာတဲ့ အုန်းပင်တွေကြားမှာ ၀ါးတဲလိုပုံစံမျိုးနဲ့ အခန်းတွေဆောက် ပေးထားတာတွေ့ရပါတယ်။ တခါပိုင်ရှင်က အင်္ဂလိပ်စကားအပြင် ပြင်သစ်စကား ပါပြောတတ်တဲ့အတွက် ဘာသာ စကားပိုပေါက်ပြီး အနောက်တိုင်းသားတွေအကြိုက်ကို ပိုသိတဲ့သဘော၊ ဒါကြောင့် လာသမျှကျောပိုးအိတ်ဧည့် သည် အတော်များများ သူတို့ဆီရောက်သွားကြတာဖြစ်မယ် ထင်ပါတယ်။

(သဲသောင်ပြင်တလျောက် ဆက်တိုက်ဆောက်ထားတဲ့ တဲတန်းများ) ဓာတ်ပုံ-ထက်အောင်ကျော်။

ဒီလိုတွေးရင်းနဲ့ ကမ်းခြေတလျောက်မှာ ဟိုတစု ဒီတစုဖြစ်နေတဲ့ ရေသန့်ဗူးခွံ၊ ဘီယာဗူးခွံနဲ့ အခြားအမှိုက်တွေဆီ အကြည့်ရောက်သွားပါတယ်။ ပြီးတော့ သဲသောင်ပြင်တလျောက် နေရာလပ်မကျန်အောင် ဆက်တိုက် ဆောက်ထားတဲ့ စားသောက်ဆိုင် တဲတန်းတွေ။ ရောက်ဖူးတဲ့တခြားကမ်းခြေတွေမှာ သဲသောင်ပြင်ပေါ် ဒီလို တဲဆောက်ထားတာမျိုးမတွေ့မိပါဘူး။ 

ဒါဟာ တိုင်းအစိုးရ ဟိုတယ် ခရီးဝန်ကြိးဌာနရဲ့စိတ်ကူးစိတ်သန်းတွေလား။ ဒါမှမဟုတ် ဒီဒေသမှာလုပ်ပိုင်ခွင့်ရ ထားတဲ့ စီးပွါးရေးသမားတွေရဲ့ စိတ်ကူးသက်သက်လား။ သဘာဝအလှကိုအခြေခံပြီး စီးပွါးရှာတဲ့အခါ သဘာဝအလှ မပျက်အောင် လိုက်နာသင့်တဲ့ အခြေခံမူတွေကိုတော့ လေ့လာထားဖို့လိုမယ်ထင်ပါတယ်။

နိုင်ငံခြားသားတဦးနဲ့စကားပြောရင်း အဲဒီလိုလျှောက်တွေးနေပေမဲ့ တကယ်တော့ အဲဒီတဲပေါ်မှာ ကျနော်တို့ သူ ချင်းတွေစုထိုင်ပြီး စားသောက်နေကြတာပါ။ ဘီယာဗူးခွံတွေ၊ ဆေးလိပ်တိုတွေကို သဲသောင်ပြင်ဆီ ဒီတိုင်းပစ် ချနေသူတွေကလည်းမနည်းလှ။ အမေရိကန်ပြန်မိတ်ဆွေတဦးက အဲဒီလိုမပစ်ချပါနဲ့လို့ပြောပြီး အမှိုက်တွေကို လိုက်ကောက်မယ်ပြင်တော့ ‘’လာလုပ်မနေနဲ့၊ ဒါ ဗမာပြည်။ ဗမာပြည်ရောက်ရင် ဗမာလိုပဲကျင့်ပါ’’ ဆိုပြီး နယ်ခံ မိတ် ဆွေက ဟောက်လိုက်တော့ ကျနော့်စိတ်ထဲ တမျိုးခံစားလိုက်ရပါတယ်။

ကမ်းခြေအနေထားကိုပြောရမယ်ဆိုရင်တော့ မောင်းမကန်နဲ့ ဖန်တောင်းကမ်းခြေရဲ့ ဆင်ခြေလျောဆင်းသွားတဲ့ သောင်ပြင်အနေထားဟာ အတော်ဆင်တူပါတယ်။ ဒါပေမယ့် မောင်းမကန်ကမ်းခြေက ပိုရှည်တယ်လို့ ထင်ပါတယ်။ သဘော့ဆိပ်ဖက်ရှိ မြွေကျွန်းကနေ ပန်းတက်အင်းချောင်းဝအထိ ကမ်းခြေအရှည်က မိုင်ကျော် မယ်ထင်ပါတယ်။ တခါ ပန်းတက်အင်းချောင်းအပေါ်ဖက်ကနေ နဘုလယ်ရေနက်ဆိပ်ကမ်းဒေသရှိ ဖားချောင်းအင်း၊ ယမင်းကြီး ကမ်းခြေတွေကလည်း မောင်းမကန်ထက်တောင် ပိုလှနေသလိုပါပဲ။ မောင်းမကန်ကနေ အောက်ဖက်ကို ဆင်းလာမယ်ဆိုရင်လည်း စမ်းလမ်း၊ ကျောက်နီမော်၊ ရှင်မော်ကမ်းခြေတွေတန်းစီလို့။

မောင်းမကန်ဆီသာ နိုင်ငံခြားဧည့်သည်တွေ တကယ်ဝင်လာပြီဆိုရင် ဒီကမ်းခြေတွေအားလုံး ပိုမိုစည်းကား စိးပွါးဖြစ် လာနိုင်ပါတယ်။ ဒီအတွက် ရန်ကုန်ကနေ၀င်လာမဲ့ ဧည့်သည်ကိုမျှော်တဲ့အပြင် ရှေ့က ဂျာမဏီဧည့်သည်လို ပူးခက်၊ ရရောင်းဒေသဖက်ကနေတဆင့် ၀င်လာတဲ့ဧည့်တွေကိုလဲ အလေးထားသင့်ပါတယ်။ တခါ ထားဝယ်နဲ့အနီးဆုံး နယ်စပ်ဂိတ်ဖြစ်တဲ့ ကန်ချနပူရီ-ထီးခီးဂိတ်ကိုလည်း ထိုင်းရောက် ခရီးသည်တွေ မောင်းမကန်ဆီလာနိုင်တဲ့ အဓိက၀င်ပေါက်တခုဖြစ်လာအောင် ဒေသခံခရီးသွားလုပ်ငန်းရှင်တွေဖက်ကကြိုးစားသင့်ပါတယ်။

လက်ရှိအနေထားကို ခဏမေ့ထားပြီး ရှေ့ကိုနည်းနည်းစိတ်ကူးယဉ်လှမ်းမျှော်ကြည့်မယ်ဆိုရင် အခု သောင်မတင် ရေမကျဖြစ်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံတွေ၊ နယ်စပ်ဖြတ် ကားလမ်း၊ ရထားလမ်းတွေ လာမဲ့ အစိုးရသက်တန်း နှစ် အတွင်း အကောက်ထည်ပေါ်လာနိုင်မလား။ တခါ မောင်းမကန်ကမ်းခြေတွေလည်း ဖန်းတောင်ကမ်းခြေလိုဖြစ်လာရင် ပူးခက်နဲ့ကန်ချနပူရီဒေသရှိ (Tourism Industry) ကမ္ဘာလှည့်ခရီး သွားလုပ်ငန်း မှာလုပ်နေကြတဲ့ သောင်းနဲ့ချီရှိတဲ့ ထားဝယ်သူ ထားဝယ်သားတွေ လာမဲ့ နှစ်အတွင်း ထားဝယ်နယ်က ခရီးသွား လုပ်ငန်းမှာ ပြန်လာလုပ်နိုင်ဘွယ်ရှိမလား။ 

လက်ရှိအစိုးရထက် နောက်တက်လာမဲ့အစိုးရက ပိုလုပ်နိုင်စွမ်းရှိမယ်ဆိုရင်၊ အခြေခံအဆောက်ဦတွေ လက်ရှိ အနေထားထက် ပိုတိုးတက်လာမယ်ဆိုရင် မျှော်လင့်နိုင်တဲ့အနေထားရှိပါတယ်။ ဒါပေမယ့် အဲဒီမျှော်လင့်ချက်တွေ ဆီ ရောက်နိုင်ဖို့  မောင်းမကန်နဲ့ အနီးတ၀ိုက်က ကမ်းခြေတွေကို သဘာဝ အတိုင်းလှပနေအောင် စီမံထားဖို့နဲ့ ဟိုတယ်အပါဝင် အနီးဝန်းကျင်ရှိ အခြေခံအဆောက်ဦတွေကို နိုင်ငံတကာအဆင့်မှီအောင် အရင်ဆုံးလုပ်ရဦး မှာဖြစ်ပါတယ်။

(စွန့်ပစ်ပစ္စည်းတွေနဲ့ ညစ်ပတ်နေတဲ့ကမ်းခြေတနေရာ) ဓာတ်ပုံ-ထက်အောင်ကျော်။

ဒီအတွက် ပထမဆုံးခြေလှမ်းအဖြစ် တဦးချင်းတယောက်ချင်း လုပ်နိုင်တဲ့နေရာကနေ စတင်သင့်ပါတယ်။ ကမ်းခြေ တလျောက် ပြန့်ကျဲနေတဲ့ ဗူးခွံနဲ့အမှိုက်တွေကို လိုက်လံကောက်ယူ သိမ်းဆည်းဖို့လိုပါတယ်။ ပြီးရင် နောက်ထပ် အလားတူအမှိုက် မပစ်မိအောင် ပညာပေးစည်းရုံးမှုတွေလုပ်ဖို့လိုပါတယ်။ သဘာဝကမ်းခြေကို သဘာဝအလှတရား အတိုင်းခံစားနိုင်ဖို့အတွက်  ဒေသခံတွေရော၊ ဧည့်သည်တွေပါ အားလုံးဝိုင်းကြိုးစားဖို့ လိုပါတယ်။

Sunday, February 22, 2015

ကိုးကန့်ဒေသတိုက်ပွဲ ၂၀၀၉ နဲ့ ၂၀၁၅ ဘာကွာသလဲ

(ကိုးကန့်ဒေသတိုက်ပွဲအကြောင်းသတင်းကြီးနေလို့ ဖွိုင်ဟောင်းတွေကိုပြန်ရှာတဲ့အခါ ၂၀၀၉  ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က လွှင့်ထားတဲ့ တနင်္ဂနွေသတင်းအစီစဉ်တခုကို ပြန်တွေ့ပါတယ်။

နားထောင်ကြည့်တော့ မြန်မာ့သမိုင်းဟာ တပတ်ပြန်လည်နေသလိုပါပဲ။ ၂၀၀၉  နဲ့ ၂၀၁၅ ပြသာနာ သိပ် မကွာလှသလိုပါပဲ။ နားဆင်သုံးသပ်နိုင်ကြဖို့ ပြန်လည်မျှဝေလိုက်ပါတယ်၊)။

(ဓာတ်ပုံကို ဧရာဝတီမှ ကူးယူဖေါ်ပြပါသည်)

တနင်္ဂနွေ သတင်းအစီစဉ်
ကိုကန့်ဒေသက တိုက်ပွဲတွေရဲ့နောက်ကွယ်မှာ
ဒီဗွီဘီ-             -၃၀ဝ၈၀၉   (ထက်အောင်ကျော်)
(Winburmese ကနေ Zawgyi ကိုပြောင်းထားတဲ့အတွက် တချို့စာလုံးတွေ မပီမပြင်ဖြစ်နေတာကို  သီးခံပြီး အသံကိုသာ နားဆင်တော်မူပါရန်)

        သောတရှင်များခင်ဗျား။ မြန်မာနိုင်ငံအရှေ့မြောက်ဒေသ တရုတ်-မြန်မာနယ်စပ်ရှိ ကိုးကန့်နယ်မြေမှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပြီး ဒေသခံအများအပြား တရုတ်နိုင် ငံဖက်ထွက်ပြေးနေတာကိုသတင်းတွေထဲ =ကားခဲ့ပြီးဖြစ်မှာပါ။ ဒီတိုက်ပွဲတွေဟာ တော်ရုံနဲ့ ပီးမဲ့ပုံမမြင်ရေးသေးဘဲ ကိုးကန့်နဲ့မဟာမိတ်ဖွဲ့ထားတဲ့ ဝ။ မိုင်းလားနဲ့ တခြား ငြိမ်း-အဖွဲ့တွေ ပါ စစ်ပွဲထဲပါလာနိုင်တဲ့အတွက် အခြေနေဟာ ပိုမိုရ_တ်ထွေးပြီး ၂၀၁၀-ရွေးကောက်ပွဲနဲ့ နာဂါတ်ပြည်ထောင်စုတည်ဆောက်ရေးကိုပါ ထိခိုက်လာနိုင်တယ်ဆိုပြီး အကဲခတ်တချို့က ဝေဖန်နေပါတယ်။
        ဆိုတော့ ဒီပြသာနာ ဘယ်ကနေ ဘယ်လိုစဖြစ်လာတာလဲ။ ကိုးကန့်-အဖွဲ့နဲ့ ဖုန် =ကားရှင်-ဆိုတာ ဘယ်ကနေစပေါ်လာတာလဲ။ ဘာေ=ကာင့္အပစ္ရပ္ပီး ဘာေ=ကာင့် ပြန် တိုက်နေတာလဲ။ ဒီတိုက်ပွဲတွေက ဘယ်အထိဦးတည်ပြီး ဘယ်လိုအဖြေရှာနိုင်မလဲ- စတဲ့ စတဲ့ အေ=ကာင်းရာတွေကို အခုတပါတ် တနင်္ဂနွေသတင်းအစီစဉ်အဖြစ် ဆွေးနွေးတင်ပြ သွားမှာဖြစ်ပါတယ်ခင်ဗျား။


         သောတရှင်များခင်ဗျား။ ဒီအစီစဉ်အတွက် ကျနော်မေးမြန်းထားတဲ့ ပုဂိုလ် -ဦးက တော့ ၁၉၈၉- မတ်လ ၂၁-ရက်နေ့မှာ ကို့ကန့်အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးစဥင်္ပါဝင်ခဲ့သူ စစ် ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မ_းအောင်လင်းထွတ်နဲ့ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးသ ဘောတူညီချက်ပျက်ပြီး ၂၀ဝ၇-ဇူလိုင်လမှာ တောပြန်ခိုလာသူ ရလလဖ-အဖွဲ့မှ ဗိုလ်မ_ =ကီးခွန်သူရိန်တို့ဖြစ်ပါတယ်။ ၁၉၈၉-မတ်လ ၂၁-ရက်နေ့။ တနည်းအားဖြင့်ပြောမယ်ဆိုရင် တော့ -လေးလုံးအရေးတော်ပုံပြီးကာစ- ဗမာပြည်ကွန်မြူနစ်ပါတီကနေ တိုင်ရင်းသား လက်နက်ကိုင်တွေခွဲထွက်ပြီးကာစ။ ၁၉၉၀-ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန်ကာမှာ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ကိုးကန့်နဲ့ ဘယ်လိုမျိုးစတင်ဆွေးနွေးဖြစ်ခဲ့သလဲ။ ဆွေးနွေးပွဲရဲ့ -ဖက်သဘောတူညီချက်က ဘာတွေလဲလို့ ဗိုလ်မ_းအောင်လင်းထွတ်ကို ကျ နော်စတင်မေး=ကည့်ခဲ့ပါတယ်---
        အသံ---
        ကိုးကန့်အဖွဲ့နဲ့ ငြိမ်းချမ်းရေးယူစဉ်က ထဲထဲဝင်ဝင်ပါဝင်ခဲ့ဖူးသူ စစ်ထောက်လှမ်းရေး ဟောင်း ဗိုလ်မ_းအောင်လင်းထွတ်ပြောသွားတာပါ။ အခုနှစ် ၂၀-=ကာပြီးတဲ့အခါမှာတော့ ဒီကိစဏတွေကိုဦးဆောင်လ_ပ်ရှားခဲ့တဲ့ စစ်ထောက်လှမ်းရေး-ဗိုလ်ချုပ်ခင်ညွန့်လဲ ထောင်နန်း စံရ။ ဗိုလ်မ_းအောင်လင်းထွတ်လဲ-နိုင်ငံရေးခိုလံ_ခွင့်ယူရနဲ့ ငြိမ်းချမ်းရေးဟာလုံးဝ-ပျက်ပြယ် သွားပြီးဖြစ်တဲ့အပြင် အယင်ထက်ပိုပြင်းထန်တဲ့တိုက်ပွဲမျိုးဆီတောင် ဦးတည်လာနေတဲ့ လားလာဖြစ်နေပါတယ်။ ဆိုတော့ နအဖ-စစ်အစိုးရဟာ ငြိမ်း-တွေကို တကယ်ဘဲ့အပြတ် ရှင်းဖို့ စစ်ဆင်ရေးစီမံကိန်း ရေးဆွဲထားပြီးသားလား။ အမျိုးသားညီလာခံကိုကန့်ကွက်ပြီး ၂၀ဝ၇-ဇူလိုင်မှာတောပြန်ခိုလာတဲ့ ရလလဖ-ခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေး ငြိမ်း-အဖွဲ့မှ ဗိုလ်မ_=ကီးခွန်သူရိန်ကို ကျနော်မေး=ကည့်ခဲ့ပါတယ်---
        အသံ---
        ရလလဖ-အဖွဲ့မှခွဲထွက်ပြီး အင်အား ၁၀ဝ-ကျော်နဲ့တောပြန်ခိုလာသူ ဗိုလ်မ_=ကီး ခွန်သူရိန်ရဲ့အတွေ့အ=ကုံဖြစ်ပါတယ်။ သူပြောသွားတဲ့ ရလလဖ-ခေါင်းဆောင်ဆိုတာကတော့ ဥက့ဌ=ကီး ဦးတာကလယ်ကိုဆိုလိုတာဖြစ်ပြီး နအဖ-ရဲ့သွေးခွဲမ_=ကာင့် ရလလဖ--ချမ်း ကွဲခဲ့ရပါတယ်။ တခြားက လက်နက်ချ။ တခြမ်းက ဟိုမရောက်-ဒီမရောက်ဖြစ်နေပြီး ခွန်သူ ရိန်-ဦးစီးတဲ့တခြမ်းကတော့ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီနဲ့ ရှမ်းပြည်တပ်တော်မ=ကား နယ်မြေဆီရောက်ရှိလာခဲ့ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ=ကား သွေးကွဲအောင်လ_ပ်ဆော် ခြင်း။ အချင်းချင်းပတိပခဖြစ်ရင် အဲဒါကိုအခွင့်ကောင်းယူပြီး=ကားဝင်ဖြန်ဖြေသလိုလိုနဲ့ -ဖက်စလုံးကိုအပြတ်ရှင်းတာမျိုးကို နှစ် ၂၀-ငြိမ်းချမ်းရေးကာလအတွင်းအတော်များများ တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ အခုလဲ ကိုးကန့်အဖွဲ့တွင်းက ဖုန်=ကားရှင်နဲ့ ပယ်စောင်ချိန်တို့ရဲ့ ပတိပ ခမှာ နအဖ-က =ကားဝင်သလိုလိုနဲ့ ဖုန်=ကားရှင်အဖွဲ့ကို အပြတ်ရှင်းနေတဲ့သဘောမျိုးဖြစ် လာနေပါတယ်။ ဒါဟာ နအဖ-ရဲ့ တိုင်းရင်းသားတွေအပေါ်ထားတဲ့ပေါ်လစီလား။ ဗိုလ်မ_ အောင်လင်းထွတ်ကတော့ ဒါဟာတပ်မတော်ရဲ့ပေါ်လစီမဟုတ်ဘဲ့ ဗိုလ်ချုပ်မ_=ကီးသန်းရွေ့ရဲ့ ကိုယ်ကျိုးကာကွယ်ရေးပေါ်လစီသာဖြစ်တယ်လို့ဆွေးနွေးလာပါတယ်---
        အသံ---
        ၁၉၉၅-ကိုးကန့်အဖွဲ့အတွင်း အာ%ာသိမ်းပွဲနဲ့ လက်ရှိအာ%ာသိမ်းပွဲတွေရဲ့နောက် ကွယ်မှာ ဗိုလ်ချုပ်မ_=ကီးသန်းရွေနဲ့ ကက-=ကည်း-ရဲ့ အကျိုးစီးပွါးတွေရှိနေတယ်လို့ ဗိုလ်မ_ အောင်လင်းထွတ်ပြောသွားတာပါ။ ဆိုတော့ အခုကိစဏမှာလဲ ခေါင်းမာတဲ့ ဖုန်=ကားရှင်ကို လာရ_ိးဆီဆင့်ခေါ်တာဟာ မုံစလ-လိုမျိုးအပြတ်ရှင်းဖို့လားဆိုတာဟာ သံသယ-ရှိစရာဖြစ် နေပြန်ပါတယ်။ ဒါပေမဲ့ မုံစလနဲ့ ဖုန်=ကားရှင်ကွာတာကတော့ လက်နက်ကိုင်တပ်အများစုကို ဖုန်=ကားရှင်ကထိမ်းထားနိုင်ခြင်း။ နောက်-အဲဒီထက် ပိုအရေး=ကီးတာကတော့ မုန်စလ-ပြသာနာအပြီး  ၁၉၉၆-နောက်ပိုင်းမှာ ဒီလိုပြသာနာတွေဖြစ်လာရင် အချင်းချင်းကူညီနိုင် =ကဖို့အတွက် ဒေသတွင်းရှိ ဗကပ-ခွဲထွက်အဖွဲ့တွေဖြစ်တဲ့ ဝ။ မိုင်းလား။ ရှမ်း-မြောက်နဲ့ အေအိုင်အေ-တပ်မဟာ -တို့နဲ့ ပီဒီအက်-ခေါ် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီတပ်ဦး-စစ်ရေး မဟာမိတ်ဖွဲ့ထားလိုက်ခြင်းဘဲ့ဖြစ်ပါတယ်။ ဒါေ=ကာင့် အခုဆိုရင် ဖုန်=ကားရှင်မှာတပ်အင် အား ၁၀ဝ၀-ကျော်သာရှိပေမဲ့ သူနောက်မှာ အင်အား -သောင်းနီးပါးရှိတဲ့ -တပ်တွေ ရှိနေသလို -နယ်မြေတွင်းကိုလဲ အချိန်မရွေးဆုတ်ခွါနိုင်တဲ့အခြေနေရှိနေပါတယ်။ ဒါဟာ ရှမ်းပြည်အတွင်းပိုင်းက ငြိမ်းတွေ။ ထိုင်းနယ်စပ်ဖက်က ငြိမ်းတွေနဲ့စာရင် တရုတ်နယ်စပ်ဖက် က အားသာချက်ဖြစ်တယ်လို့ ရှမ်းနယ်ကနေ ထိုင်းနယ်စပ်ဆီတောပြန်ခိုလာသူ ဗိုလ်မ_ =ကီးခွန်းသူရိန်က ပြောပါတယ်----
        အသံ---
        ခွန်သူရိန်ပြောသွားတာပါ။ -က အင်အား -သောင်းကျော်။ ကိုးကန့်ကတထောင် ကျော်။ မိုင်းလားက ၃၀ဝ၀-ကျော်။ ကေအိုင်အေ-က ၅၀ဝ၀-နီးပါး။ ရှမ်းမြောက်က ၃၀ဝ၀-နီးပါးစသဖြင့် တပ်တွေအားလုံးပေါင်းလိုက်ရင် အင်အားသိပ်မနဲလှသလို -နယ်မြေထဲက စက်ရုံတွေမှာ သေနပ်ရော။ ကျဉ်ဆံရောထုတ်နေနိုင်ပြီဖြစ်တဲ့အတွက် ငြိမ်း-တွေကို လျော့ တွက်လို့တော့မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ် ၂၀-ကာလအတွင်း -ဖက်စစ် ပြင်မ_ကို ပြန်=ကည့်မယ်ဆိုရင် ငြိမ်းတွေဖက်က ဘယ်လိုဘဲ့ပြင်ပြင် နအဖ-ရဲ့စစ်ပြင်မ_ကိုတော့ မှီဖို့မ လွယ်ပါဘူး။ ငြိမ်းချမ်းရေးစယူစဉ် ၈၈-၈၉-ဝန်းကျင်က အင်အားတသိန်းဝန်းကျင်သာရှိတဲ့ တပ်မတော်ဟာ ဒီနေ့ -သိန်းကျော် -သိန်းနီးပါးအထိရှိလာနေပြီဖြစ်သလို တိုက်လေ ယဉ်နဲ့ တခြားခေါတ်မှီစစ်ပစဏည်းတွေကို တရုတ်။ ရုရှား-မြောက်ကိုးရီးယားဆီကရနေတဲ့ အတွက် ရင်ဆိုင်တိုက်ပွဲဖြစ်ရင်တော့ နအဖ-ဖက်ကဘဲ့ အသားစီးရသွားမဲ့အခြေနေလို့ ပြောရမှာဖြစ်ပါတယ်။ ဒီစစ်ပွဲရဲ့အလားလာနဲ့ပါတ်သက်ပြီး ဗိုလ်မ_းအောင်လင်းထွတ်ကို ထပ် မေး=ကည့်တဲ့အခါမှာတော့-ကျနော်ရဲ့တွက်ကိန်းကို သူက လက်ခံပုံမရပါဘူး---
        အသံ---
        ဗိုလ်မ_းအောင်လင်းထွတ်ရဲ့ စစ်ရေးအမြင်ဖြစ်ပါတယ်။ ဒီအမြင်အတွက်ဘာတွေ အထောက်ထားရှိသလဲ။ နယ်မြေအ ခြေနေထူးခြားချက်။ လူမျိုးရဲ့ထူးခြားချက်။ အိမ်နီးချင်း တရုတ်နဲ့ဆက်စပ်မ_ စစ်မြေပြင်အနေထားတွေကို အဲဒီဒေသဆီမရောက်ဖူးတဲ့ ပြည်မဖက်က သောတရှင်တွေသိနိုင်အောင် အကျမ်းဖျင်းပြောပြပေးဖို့ ဗိုလ်မ_းအောင်လင်းထွတ်ကို ကျ နော်မေးခဲ့ပါသေးတယ်---
        အသံ---
        ဆိုတော့ တိုက်ပွဲတွေကတော့ဖြစ်နေပီ။ တိုက်ပွဲဖြစ်ပီဆိုကတည်းက -ဖက် အကျ ဆုံးရှိမယ်။ ဒေသခံတွေဒုကရြောက်မယ်။ စီးပွါးပျက်။ မြိုပျက်-ရွာပျက်ဖြစ်မယ်။ နောက်ဆုံး တိုင်းပြည်ပါ-ပျက်နိုင်တဲ့အတွက် ဒီပြသာ ဘယ်လိုအဖြေရှာရင်ကောင်းမလဲ။ အဖြေရှာနိုင် တဲ့နည်းကောရှိသေးရဲ့လား။ ဗိုလ်မ_းအောင်လင်းထွတ်နဲ့ ဗိုလ်မ_းသူရိန်တို့ရဲ့အ=ကံပြုချက်က တော့ ဒီလိုမျိုးဖြစ်ပါတယ်ခင်ဗျား---

        အသံ---








Share

Twitter Delicious Facebook Digg Stumbleupon Favorites More