Wednesday, February 5, 2025

ရေးမြို့နယ်က စစ်တပ်စခန်း NMSP (AD) တိုက်ခိုက်... စစ်သားနဲ့ပြည်သူ့စစ် ၆ ဦ...


ရေးမြို့နယ်က စစ်တပ်စခန်း NMSP (AD) တိုက်ခိုက်... စစ်သားနဲ့ပြည်သူ့စစ် ၆ ဦး တော်လှန်ရေးတပ်တွေထံ အလင်းဝင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၆ ဖေဖော်ဝါရီ ၂၀၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ် ကားလမ်းမကြီးပေါ်ရှိ ကွမ်းဒူးနဲ့ နှင်းစုံရွာ တံတားအနီးက စစ်ဆေးရေးဂိတ်ကို မွန် တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ရာမှာ စစ်ကောင်စီစစ်သား ၅ ဦးသေပြီး ဒဏ်ရာရသူ များတယ်လို့ NMSP (AD) မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက် ဖျက်ရေးအဖွဲ့) က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၅၊ မနက် ၆ နာရီခန့်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အနီးကပ် ဝင်ရောက် တိုက်ခိုက်တာဖြစ်ပြီး တနာရီခန့် တိုက်ပွဲဖြစ်ပြီးနောက် အနီးဝန်းကျင်ရှိ အာရုတောင် အခြေစိုက် ခမရ ၃၄၃ နဲ့ ခမရ ၅၈၇ တို့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်လို့ ဖော်ပြထားပါတယ်။

ဒ့ါအပြင်...

- ထိုင်း-မြန်မာ နယ်စပ်ကို အခြေစိုက်ပြီး ကျားဖြန့် လုပ်ငန်း ဆောင်ရွက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာဘက်က မြို့ ၅ မြို့ကို ထိုင်းဘက်က လျှပ်စစ်မီးတွေ စတင် ဖြတ်တောက်...

- အတင်းအကျပ် စစ်သားသစ် စုဆောင်းခံရပြီး ခမရ ၅၈၄ ဆီ ရောက်သွားတဲ့ စစ်သား ၄ ဦးဟာ KNLA- တပ်ရင်း ၉ ထံ လက်နက်တွေနဲ့ အတူ အလင်းဝင်လာ...

- ရွှေဘိုမြို့နယ်၊ ညောင်ကိုင်း ပျူစောထီးရွာက ပြည်သူ့စစ် ၂ ဦးဟာလည်း ကာဘိုင် ၂ လက်နဲ့ အတူ ရွှေဘိုမြို့နယ် ‘ပကဖ’ ထံ အလင်းဝင်လာ...

- တောင်ခမ်း တိုက်ပွဲမှာ စစ်ကောင်စီ တပ်သား ၅ ဦးကို TNLA နဲ့ DNLA တို့က စစ်သုံ့ပန်းအဖြစ် ဖမ်းမိပြီး အဲဒီထဲက တဦးဟာ DNLA ရဲဘော်ရဲ့ အကိုဖြစ်နေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“မြန်မာပြည်လို ပြည်တွင်းစစ်ဖြစ်နေတဲ့နိုင်ငံကို အမေရိကန်က အကူအညီ မဖြတ်သင့...


“မြန်မာပြည်လို ပြည်တွင်းစစ်ဖြစ်နေတဲ့နိုင်ငံကို အမေရိကန်က အကူအညီ မဖြတ်သင့်ဘူး”

- ဦးထူးချစ် (Foundation for Education and Development - FED)

(၅- ၂- ၂၀၂၅)

“အမေရိကန်အစိုးရက သူတို့ရဲ့အကူအညီငွေတွေ ထိရောက်မှုရှိမရှိ ပြန်သုံးသပ်တာ သဘာဝကျပါတယ်။ ဒါပေမယ့် လူသားဆန်မှုနဲ့ ဒီမိုကရေစီကို တကယ်အလေးထားတယ်ဆိုရင် ထရမ့်အစိုးရအနေနဲ့ မြန်မာပြည်လို ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံကို  ပေးနေတဲ့အကူအညီမဖြတ်သင့်ဘူး” လို့ FED - ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်းဒေးရှင် ညွှန်ကြားရေးမှူး ဦးထူးချစ်ကပြောပါတယ်။

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့် စတင်တာဝန်ယူချိန်မှာ နိုင်ငံတကာကိုပေးအပ်နေတဲ့ အကူအညီတွေ အကုန်ဖြတ်မယ်၊ ဒါမှမဟုတ် ပြန်သုံးသပ်မှာဖြစ်တဲ့အတွက် ၃ လတာ ရပ်ဆိုင်းမယ်ဆိုတဲ့ ကြေညာချက်ကြောင့် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့တွေ ဘယ်လောက်အထိ ထိခိုက်မှုရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- အမေရိကန်အကူအညီတွေက လုံးဝဖြတ်လိုက်တာလား... ၃ လဆိုင်းထားပြီး ပြန်သုံးသပ်နေတာလား...

- ဒုက္ခသည်စခန်းတွေ၊ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေကို ဘယ်လို ထိခိုက်စေသလဲ...

- လူငယ်တွေရဲ့ ပညာရေးအတွက် အမေရိကန်က မပေးဘူးဆိုရင် အခြား ဘယ်နိုင်ငံတွေက ဝင်ဖြည့်ပေးနိုင်ခြေရှိသလဲ...

- သမ္မတ ထရမ့် နားလည်တဲ့ လူသားဆန်မှု- ဒီမိုကရေစီအခွင့်အရေးဆိုတာနဲ့ အစဉ်အလာအရ နားလည်နေတဲ့ အခြေခံစံတန်ဖိုးတွေ ဘာတွေကွာခြားနေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, February 4, 2025

ဗန်းမော် စကခ ၂၁ ရဲ့ ကားကင်းစခန်းအချို့ KIA သိမ်းပိုက်... တောင်ခမ်းမှာ TN...


ဗန်းမော် စကခ ၂၁ ရဲ့ ကားကင်းစခန်းအချို့ KIA သိမ်းပိုက်... တောင်ခမ်းမှာ TNLA နဲ့ စကစ တိုက်ပွဲပြန်ဖြစ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၅ ဖေဖော်ဝါရီ ၂၀၂၅

ဗန်းမော် မြို့သိမ်းတိုက်ပွဲ ၂ လပြည့်နေ့မှာ စစ်ဆင်ရေး ကွပ်မှုဌာနချုပ် စကခ ၂၁ ရဲ့ ကာကင်းစခန်း အချို့ကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက် လိုက်တယ်လို့ The 74 Media က ဖော်ပြပါတယ်။

ကာကင်း စခန်းတွေကို သိမ်းပြီး စကခ ၂၁ ဝင်းထဲအထိ တော်လှန်ရေးတပ်တွေ ရောက်နေပြီဖြစ်ပေမဲ့ အပြီးသတ် မသိမ်းနိုင်သေးဘူးလို့ ရှေ့တန်း တပ်မှူးတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမှတ် ၇၀၀၆ သံချပ်ကာ တပ်ရင်း၊ လေယာဉ်ကွင်းနဲ့ အမြောက်တပ် အမတ ၃၆၆ တို့ကို သိမ်းပြီးတဲ့နောက် အခု စကခ ၂၁ ထဲအထိ ထိုးစစ် ရောက်လာပြီဖြစ်ပါတယ်။

ဒါ့အပြင်...

- တောင်းခမ်း ကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) တို့ တိုက်ပွဲတွေ ပြန်ဖြစ်နေ...

- စလင်းမြို့နယ်၊ လင်းဇင်း တိုက်နယ် ရဲစခန်းကို တော်လှန်ရေးတပ်တွေက စီးနင်း တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုများ...

- တပ်မ ၃၃ ကနေ မုံရွာ နမခ (အနောက်မြောက်တိုင်း စစ်ဌာနချုပ်) ဘက်ကို ထွက်လာတဲ့ သံပြားကာ စစ်ယာဉ်တန်းကို ဒေသခံတော်လှန်ရေးတပ်တွေက မိုင်းဆွဲ တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က ထိခိုက်မှုရှိ...

- ချောင်းဦးမြို့နယ်ရှိ စစ်ကောင်စီ အထိုင်စခန်း တခုမှာ ဖမ်းဆီးခံနေရတဲ့ ပြည်သူတဦးက G-3 ၂ လက်နဲ့ ခဲယမ်းတွေယူဆောင် ထွက်ပြေးလာပြီး တော်လှန်ရေးတပ်တွေထံ လာရောက်အပ်နှံ...

- မဲပလီ(မယ်ပရေးခီး) ဗျူဟာကုန်း စခန်းသိမ်းပွဲ ရုပ်သံ မှတ်တမ်းကို PDF စစ်ဗျူဟာ ၂၇ က ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။


#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, February 3, 2025

ဗန်းမော်က အမတ ၃၆၆ ကို KIA သိမ်းပိုက်... ကန့်ဘလူက ပျုစစ်ကြောင်း PDF ချေမှ...


ဗန်းမော်က အမတ ၃၆၆ ကို KIA သိမ်းပိုက်... ကန့်ဘလူက ပျုစစ်ကြောင်း PDF ချေမှူုန်း...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၄ ဖေဖော်ဝါရီ ၂၀၂၅

ဗန်းမော် မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အမှတ် ၃၆၆ အမြောက်တပ်ရင်း (အမတ ၃၆၆) ကို တော်လှန်ရေး တပ်ပေါင်းစုက ဖေဖော်ဝါရီ ၂ မှာ သိမ်းပိုက်လိုက်ပြီလို့ KIA (ကချင်လွတ်လပ်ရေးတပ်မတော်) ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကို ပြောပါတယ်။

ဒါပေမယ့် အမတ ၃၆၆ ဟာ အဓိက ခံစစ်နေရာ စကခ ၂၁ (အမှတ် ၂၁ စစ်ဆင်ရေးကွပ်မှုဌာနချုပ်) ဘေးမှာ တည်ရှိတဲ့အတွက် ဒီနေရာကို ပြန်ရဖို့ စစ်ကောင်စီ တပ်ဘက်ကနေ မြေပြင်ရော လေကြောင်းကပါ အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဗန်းမော် လေယာဉ်ကွင်း၊ သံချပ်ကာတပ်ရင်းနဲ့ စစ်ဘက်ရေးရာလုံခြုံရေးစခန်းကို သိမ်းပြီးနောက် အခု အမတ ၃၆၆ ကို ထပ်မံသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ 

စကခ ၂၁ က စစ်သားနဲ့ ဝန်ထမ်း ၂၀ ခန့် အလံဖြူထောင် လက်နက်ချတယ်ဆိုတဲ့အကြောင်း မေးတဲ့အခါမှာတော့ အဲဒီသတင်းကို ကြားရပေမယ့် အတည်ပြချက် မရသေးဘူးလို့ ဗိုလ်မှူးကြီးက ပြောပါတယ်။

ဗန်းမော်နဲ့ မံစီ မြို့သိမ်းစစ်ဆင်ရေးကို ဒီဇင်ဘာ ၄ မှာ စတင်ပြီး ဇန်နဝါရီ အစောပိုင်းမှာ မံစီက တပ်ရင်း ၃ ခုကို သိမ်းပါတယ်။ အဲဒီနောက် အခု ဗန်းမော်က စကခ ၂၁ နဲ့ ခလရ ၄၇ တို့သိမ်းနိုင်ရေးအတွက် KIA နဲ့ မဟာမိတ်တွေက စစ်ရှိန်မြှင့်နေတာဖြစ်ပါတယ်။

ဒါ့အပြင်...

- ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်း ပျူစောထီး အခြေချစခန်းကနေ ဆိုင်ကယ် ၄ စီးနဲ့ထွက်လာတဲ့ အင်အား ၈ ဦးပါ ပျူစောထီးအဖွဲ့ကို ဒေသခံ တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ရာမှာ ၄ ဦး သေပြီး လက်နက် ၅ လက် ရရှိ...

- သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာဘက်ကို စစ်ကောင်စီတပ်တွေ တိုးလာတဲ့အတွက် TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်)၊ PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) တို့နဲ့ တိုက်ပွဲ ပြန်ဖြစ်နေ...

- ဘီးလင်းမြို့နယ်ရှိ မဲပလီ(မယ်ပရေးခီး) ဗျူဟာ စခန်းသိမ်းပွဲမှာ စစ်ကောင်စီဘက်က ၄၀ ထက် မနည်း သေဆုံးပြီး ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်သုံ့ပန်း ၂၇ ဦး ဖမ်းမိထားတယ် … ထွက်ပြေးနေတဲ့ ဗျူဟာမှူးနဲ့ အဖွဲ့ကို လိုက်လံရှာဖွေနေ...

- ခလရ ၂၅၂ မှာ တပ်သားသစ် အဖြစ် စုဆောင်းခံထားရတဲ့ မောင်ဝင်းဆန်းထွေး သေနတ် ၂ လက် ယူပြီး တော်လှန်ရေး တပ်တွထံ လာရောက်ပူးပေါင်းတယ်လို့ Burma Revolution Rangers အဖွဲ့က သတင်းထုတ်ပြန်...

- တောင်ပိုင်းစစ် ဒေသရဲ့ လက်ရုံး အထူးတပ်ဖွဲ့ SOF (အထူးစစ်ဆင်ရေးတပ်ဖွဲ့) အပတ်စဉ် ၇ သင်တန်းဆင်းပွဲကို ကရင်ပြည်နယ် တနေရာမှာ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, February 2, 2025

မဲပလီစခန်း KNLA သိမ်းပိုက်... စကခ ၂၁ က စစ်သားအချို့ အလံဖြူထောင်...


မဲပလီစခန်း KNLA သိမ်းပိုက်...  စကခ ၂၁ က စစ်သားအချို့ KIA ထံ အလံဖြူထောင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃- ၂- ၂၀၂၅)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ မဲပလီ(မယ်ပရေးခီး) စစ်ကောင်စီတပ်စခန်းကို KNLA- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီး သုံ့ပန်း ၂၀ ကျော်နဲ့ ဟာဝစ်ဇာ အမြောက်အပါဝင် လက်နက်များစွာ ရရှိတယ်လို့ KIC- Karen Information Center က ဖေါ်ပြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်း နှစ်ပတ်လည်နေ့ မနက်ပိုင်းမှာ သိမ်းလိုက်တာဖြစ်ပြီး ဗိုလ်မှူးအဆင့် ၂ ဦးအပါဝင် စစ်သုံ့ပန်း ၂၀ ကျော်ဖမ်းမိ၊ ဟာဝစ်ဇာအမြောက်၊ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ စသဖြင့် လက်နက်ကြီးတွေအပါဝင် လက်နက်မျိုးစုံ ၅၀ ခန့် နဲ့ ခဲယမ်းများစွာ သိမ်းမိထားတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒီစစ်ဆင်ရေးကို KNLA ဦးဆောင်ပြီး BPLA- ဗမာအမျိုးသားလွတ်မြောက်ရေးတပ်တော်၊ FFD- Force for Federal Democracy၊ PDF- ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းဆောင်ရွက်တာလို့ သိရပါတယ်။

ဒါ့အပြင်...

- ဇန်နဝါရီလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဖက်က ၄၀ ကျော်သေဆုံးပြီး လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းမိတယ်လို့ KNDF- ထုတ်ပြန်...

- ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ အစာငတ်-ရေငတ်ဖြစ်နေတဲ့ စကခ ၂၁ က စစ်သား ၂၀ ခန့် အလံဖြူထောင်ပြီး KIA- ထံ လက်နက်ချ...

- ပွင့်ဖြူမြို့နယ်၊ မဲဇလီ ရဲစခန်းကို AA, CDF-Asho, PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်...

- တလုပ်မြို့ဟောင်း ကျေးရွာရှိ စစ်ကောင်စီစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်း...

- တောင်သာမြို့နယ် ပကဖ က အခြေခံစစ်ပညာသင်တန်း အပါတ်စဉ် (၇) သင်တန်း ဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, February 1, 2025

“စစ်တပ်မရှိရင် တိုင်းပြည်ပြိုကွဲနိုင်တယ်ဆိုတာ မှားတယ်၊ စစ်တပ်ရှိနေလို့ တ...


“စစ်တပ်မရှိရင် တိုင်းပြည်ပြိုကွဲနိုင်တယ်ဆိုတာ မှားတယ်၊ စစ်တပ်ရှိနေလို့ တိုင်းပြည်ပြိုကွဲနေတာဖြစ်တယ်”

- ဒေါက်တာ မီမီဝင်ဘတ် (လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ)

(၁- ၂- ၂၀၂၅)

“စစ်တပ်မရှိရင် တိုင်းပြည်ပြိုကွဲသွားနိုင်တယ်ဆိုတဲ့ ပြည်ပက ပြောဆိုချက်တွေဟာ မှားတယ်၊ စစ်တပ်ရှိနေလို့ တိုင်းပြည်ပြိုကွဲနေရတယ်ဆိုတာကို ပြည်တွင်းက လူတွေကသိတယ်။ ဒါကြောင့် ဒီစစ်တပ် ပြုတ်ကျအောင် လူငယ်တွေက တိုက်နေရတာဖြစ်တယ်” လို့ အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒု-ဗိုလ်မှူးကြီး လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။

စစ်အာဏာသိမ်း ၄ နှစ်ပြည့် သို့မဟုတ် နွေဦးတော်လှန်ရေး ၄ နှစ်တာအတွင်း ဘယ်လောက်အထိ တိုးတက်အောင်မြင်မှုရနေပြီလဲ... ဆိုပြီး  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...

- AA နဲ့ KIA လို အခြားအဖွဲ့တွေလည်း ၂၀၂၅ မှာ စစ်ရှိန်မြှင့်လာနိုင်သလား...

- ၄ နှစ်တာအတွင်း မင်းအောင်လှိုင်စစ်တပ် ဘယ်လောက်အထိ ပြိုကျပျက်စီးခဲ့သလဲ...

- လေကြောင်းရန်ကာကွယ်ရေးအတွက် တော်လှန်ရေးတပ်တွေ ဘာလုပ်ကြမလဲ...

- “လက်နက်ကိုင်တဲ့လူက စီးပွားရေးကိုင်လို့မရဘူး” ဆိုတဲ့ သီအိုရီက ဘာကို ဆိုလိုတာလဲ...

- စစ်တပ်ရဲ့ သွေးခွဲမှုကို တော်လှန်ရေးအဖွဲ့တွေ ဘယ်လိုရင်ဆိုင် ကျော်လွှားသင့်သလဲ...

- ပြည်ပရောက်တွေရဲ့ အကူအညီက နွေဦးတော်လှန်ရေးအတွက် ဘယ်လောက် အရေးကြီးသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

BNN- သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More