Thursday, January 19, 2012

မြန်မာ့အရေး နဲ့ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး

(လက်ရှိနိုင်ငံရေးအခြေနေအနေ။ အထူးသဖြင့် ဒီမိုကရေစီပြသာနာနဲ့ လူမျီုးစုပြသာနာဟာ ခေါင်းနဲ့ပန်း လို့ကပ်နေတဲ့အတွက် တပြိုင်တည်းဖြေရှင်းမှရမယ်လို့ ယုံကြည်ထားသူတွေအတွက် ခွန်ထွန်းဦးရဲ့ အမြင်ဟာ အရေးကြီးတယ်လို့ထင်ပါတယ်။ ဒါကြောင့် ထပ်ဆင့် ကူးယူတင်ပြလိုက်ခြင်းဖြစ်ပါတယ်)

မြန်မာ့အရေး နဲ့ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး 

By ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 18 ဇန်နဝါရီ 2012, VOA

တိုင်းရင်းသားများ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အစဉ်တစိုက် တင်ပြတောင်းဆိုနေခဲ့တဲ့ SNLD ရဲ့  ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ဟာ နှစ်ရှည်ထောင်ဒဏ်ခံထားရမှ မကြာခင်က လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းပြောင်းလဲလာမှုအပေါ် သူ့အမြင် နဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ရပ်တည်ချက်၊ ရှေ့ ခရီးတွေအကြောင်းကို ဦးကျော်ဇံသာ နဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးကတော့ ဦးခွန်ထွန်းဦး အခုလို ကျန်းကျန်းမာမာနဲ့ ပြန်လည်လွတ်မြောက်လာလို့ အထူးဝမ်းမြောက်ပါတယ်။ အစတုန်းကတော့ ကျန်းမာရေးသတင်းတွေ တော်တော်လေးကြားသိခဲ့ရလို့။ အခုကတော့ ကျန်းကျန်းမာမာ ရှိတယ်ဆိုလို့ အထူးဝမ်းသာပါတယ်ခင်များ။ အခု မေးချင်တာကတော့ အခုလွတ်မြောက်လာပြီးနောက် ဦးခွန်ထွန်းဦးအတွက် နဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  အနာဂတ်ကို မေးချင်ပါတယ်။ SNLD ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပြီးရင် ဒုတိယမဲအများဆုံးရရှိ အနိုင်ရခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ အခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ အခုရလဒ်ကို ပစ်ပယ်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို လက်ခံပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်ဆိုပြီး လုပ်နေပါတယ်။ SNLD ရဲ့  အနာဂတ်ကိုလည်း သိပါရစေ။
  










ဦးခွန်ထွန်းဦး ။ ။ မူတခုအနေနဲ့တော့ ဒီ ဥပဒေအရ ကျနော်တို့ ပြောရရင်တော့ ကျနော်တို့ပါတီကတော့ ဆက်သွားရမယ်။

Monday, January 16, 2012

တနသာင်္ရီတိုင်းအပါဝင် NLD ရဲ့ အမတ်လောင်းစာရင်းများထွက်ပီ။

တိုင်း အတွင်းရေးမှုး ဦးအောင်စိုး လောင်းလုံးမြိုနယ်အမတ်လောင်းဖြစ်ရွေးချယ်ခံရ။
၁၇-၀၁-၂၀၁၂။

ဒီကနေ့ ရရှိတဲ့ မှတ်တန်းတွေအရ ထားဝယ်ဒေသခံ တဦးဖြစ်တဲ့ တနသာင်္ရီတိုင်း NLD ပါတီ အတွင်းရေး မှုးဖြစ်သူ ဦးအောင်စိုးကို လောင်းလုံးမြိုနယ်ကနေ ၀င်ပြိုင်မဲ့ ကိုယ်စားလှယ်အဖြစ် ပါတီ ဗဟိုကရွေးချယ် လိုက်ကြောင်းသိရပါတယ်။ ဒါဟာ ဒေသခံ ပါတီဝင်တွေ တင်ပြခဲ့တဲ့အတိုင်း။ ကြိုတင်ခန့်မှန်းတဲ့ အတိုင်း ဖြစ်လာတာလို့ လောင်းလုံးမြိုနယ် ပါတီဝင်လူငယ်တဦးကပြောပါတယ်။



၁၄-ရက်နေ့က ကျင်းပခဲ့တဲ့ ထားဝယ်မြိုက တနသာင်္ရီတိုင်း NLD ရုံးဖွင့်ပွဲ 
ကျွန်းစုမြိုနယ်အတွက် ကိုယ်စားလှယ်ကတော့ ဒေါ်တင်တင်ရီ-ဖြစ်တယ်လို့ ဒီနေ့ထုတ်ပြန်တဲ့ NLD ပါတီ လွတ်တော်ကိုယ်စားလှယ်လောင်း ဇယားမှာဖေါ်ပြထားပါတယ်။

(လွတ်တော်ကိုယ်စားလှယ်လောင်း ၄၈-ဦးထဲမှ တချို့ကို အောက်ပါဇယားမှာကြည့်နိုင်ပါတယ်- ဧရာဝတီ ဘလော့မှ တဆင့်ကူးယူထားပါကြောင်း) ဇေယျာ်သော်နဲ့ ၃-ဦးစာရင်း ထပ်တိုးထားသည်။



    

Share

Twitter Delicious Facebook Digg Stumbleupon Favorites More