Monday, January 9, 2012

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်း
BBC,9-ဇန်နာဝါရီ 2012 - 17:45 GMT



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ဦးဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်း လိုက်ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဥက0x081ကဌ တာဝန်ယူပြီး အရင်ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်ထဲက ခြောက်ဦးက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အဖြစ် ဆက်လက် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

လက်ရှိ ဗဟိုအလုပ်အမှုဆောင် ၆ ဦးကတော့ ဦးအုန်းကြိုင်၊ ဦးဉာဏ်ဝင်း၊ ဦးဟန်သာမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာမေဝင်းမြင့် တို့ ဖြစ်ပါတယ်။ နောက်ထပ် အသက်ငယ်ရွယ်တဲ့ မျိုးဆက်သစ်တွေကိုလည်း ထပ်မံ ဖြည့်စွက်သွားမယ်လို့ ဆိုပါတယ်။

Thursday, January 5, 2012

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၁၅

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၁၅

သောင်ရင်းမြစ်လယ်က ကျည်ဆံတွေကြားမှာ

ဒီလူတွေက လမ်းအတော် ကျွမ်းပုံရပါတယ်။ လက်နက်ကြီးကျည် ကျထားလို့ မီးလောင်ထားတဲ့ နေရာတွေကိုရှောင်ကွင်း၊ တချို့နေရာတွေမှာတော့ သစ်ခက်တွေခုတ်ပြီး တောမီးကို ငြိမ်းသတ်၊ ဝေါ်ကီတော်ကီထဲကနေ ကရင်စကားတွေနဲ့ပြော။


အိုမီဂါ ပုံရှိတဲ့ ကော့မူးရာစခန်းကို လေယာဉ်ပေါ်မှ မြင်ရစဉ်

“နာဟူးဃာ … နာဟူးဃာ” (ကြားရလား … ကြားရလား လို့ မြန်မာလို အဓိပ္ပာယ်ရပါတယ်။ ကျနော်တို့ ကျိုးဖိုးတွေရဲ့ စကားလုံးအတိုင်းဆိုရင်တော့ ရထား ဖြစ်လား … ရထား ဖြစ်လားလို့ တဖက်က စက်ကိုင်ထားတဲ့လူကို မေးတဲ့သဘောပါ)။ အဲဒီတလုံးကလွဲရင် ကျန်တာကို ကျနော်က ဘာမှနားမလည်။

ဆိုတော့ ကျနော်စိတ်ထဲမှာ ငါတခါမှ အသေချာမသိဖူးသေးတဲ့ ဒီလူတွေနဲ့လိုက်လာမိတာ မှားပြီလား။

Wednesday, January 4, 2012

THE ART of FREEDOM FILM FESTIVAL 2012 မှ ဆုရ ရုပ်-သံ များ။

THE ART of FREEDOM FILM FESTIVAL 2012 မှ ပထမ-ဆုရ ရုပ်-သံ များကို ကူးယူဖေါ်ပြထားပါသည်။

အခု ပထမ-ပိုင်းအဖြစ် အကောင်းဆုံး မှတ်တမ်းတို ရုပ်ရှင် (Short film) ဆုရ ဒါရိုက်တာမင်းသိုက် ရဲ့ “ကြိုး” ကို ရှုစားနိုင်ပါတယ်။ (အငြိမ့်ကို အောက်ဆုံးမှာ ကြည့်နိုင်ပါတယ်)




..............................................................................................................

အကောင်းဆုံးမှတ်တမ်းရုပ်ရှင် (Documentary film) ဆုကို ဒါရိုက်တာ စိုင်းကျော်ခိုင် ရဲ့ “Click In Fear” ဆိုတဲ့ ဇာတ်ကားက ရရှိပါတယ်။ အဲဒီဇာတ်ကားမှာ သတင်းထောက် တယောက်ရဲ့ အကြောက်တရားနဲ့ အမှန်တရားကို ထုတ်ဖော်ချင်စိတ်၊ ခရစ်ယာန်ဘာသာဝင်တယောက်က ဗုဒ္ဓဘာသာရဟန်းများရဲ့ သတ္တိနဲ့ ရဲရင့်မှုအပေါ် ထားတဲ့တန်ဖိုး၊ ဓာတ်ပုံသတင်းသမားတယောက်ရဲ့ အတ္တနဲ့ လူသားချင်း စာနာစိတ်အကြား လွန်ဆွဲမှုတို့ကို ၁၅ မိနစ်စာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။



..................................................................................................................


ပရိသတ် အကြိုက်နှစ်သက်ဆုံး ဆုကိုတော့ ဖေ့စ်ဘုတ်ပရိသတ်တွေအကြား အလွန်ရေပန်းစားခဲ့တဲ့

ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတည်ဆောက်ရေးအစီစဉ် ရပ်ဆိုင်းလိုက်ပီဟုဆို။

သဘာဝပါတ်ဝန်းကျင်ကိုချစ်သော ထားဝယ်သားများ လွတ်လပ်ရေးနေ့မှာ ဆန္ဒထုတ်ဖေါ်ပြသ။
(ထားဝယ် သတင်းစဉ်မှ- ၀၄-၀၁-၂၀၁၂)

တနသာင်္ရီတိုင်း ထားဝယ်ခရိုင် မောင်းမကန်ကမ်းခြေဖက်မှ ၀င်လာသောသတင်းတရပ်အရ ဒီကနေ့ ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ ထားဝယ်သူ ထားဝယ်သား ၂၀၀-ကျော် ဆန္ဒထုတ်ဖေါ်ပြသ ပွဲတခု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။















  
ထားဝယ် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို တားမြစ် ဆန္ဒပြနေသူများ (ဓာတ်ပုံ - AFP)

မောင်းမကန် ကမ်းခြေနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဒေသကျေးရွာတချီု့မှာပြလုပ်တဲ့ အဲဒီဆန္ဒပြပွဲကို Green Development လှုပ်ရှားမှုလို့အမည်ပေးထားပီး နဘုလယ်ဒေသမှာဆောက်လုပ်မဲ့ မဂါဝပ် ၄၀၀၀-ရှိ ကျောက်မီးသွေးစက်ရုံ နဲ့ ညစ်ထေးစက်မှုဇုန် တည်ဆောက်မှုကို ကန့်ကွက်တာလို့ ထားဝယ်လူငယ်တဦးကပြောပါတယ်။

.........................................................................................................


09-01-2012

ထားဝယ်ခရိုင်အတွင်း အကောင်အထည်ဖော်နေသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေဇုန် စီမံကိန်းတွင် ပါဝင်သည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း

Share

Twitter Delicious Facebook Digg Stumbleupon Favorites More