Thursday, August 8, 2024

သီပေါ၊ လိုင်ဇာအပါဝင် စစ်တပ်က ဆက်တိုက်ဗုံးကြဲ... စစ်တပ်စခန်းတွေကို PDF သိ...


သီပေါ၊ လိုင်ဇာအပါဝင် နေရာအတော်များများကို စစ်တပ်က ဆက်တိုက်ဗုံးကြဲ... စစ်တပ်စခန်းတွေကို PDF သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ...

 (၉ -၈- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၄၅) ရက်မြောက်နေ့ သီပေါနဲ့ နောင်ချိုမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတယ်လို့ PSLF/TNLA- တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

သီပေါမြို့နယ် မိုင်တိုင် ၉ ရပ်ကွက်ကို မွန်းလွဲ ၃ နာရီခန့်မှာ စစ်ကောင်စီ Jet Fighter က (၃) ကြိမ် ဗုံးကြဲပြီး နောင်ချိုမြို့နယ် ကန်ကြီးရွာအနီးကို (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်တယ်၊ ထိခိုက်မှုအသေးစိတ် စုံစမ်းနေဆဲဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

လားရှိုးမြို့  ရခမ သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ စစ်တပ်မိသားစုဝင်တွေကို ခရီးစရိတ်ပေးပြီး ပြန်လွတ်ပေးနေသလို လားရှိမြို့တွင်းက အခက်အခဲရှိသူတွေကိုလည်း ဆန်နဲ့ အထောက်ပံ့ ပစ္စည်းတွေ
ပေးအပ်နေတယ်လို့ MNDAA မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်က က
သတင်းထုတ်ပြန်ပါတယ်။

ဒေသတွင်းမီဒီယာ ရှမ်းသံတော်ဆင့် ကတော့ UWSA- ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်က စစ်ကား ၁၀ စီးခန့် ဝ-အလံတွေလွှင့်ပြီး ဩဂုတ် ၇ ရက် ညနေပိုင်းမှာ လားရှိုးမြို့ထဲ ဝင်လာတာ တွေ့ရတယ်လို့ ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- နောင်ချိုနဲ့ ပြင်ဦးလွင် အစပ် ဒေသရှိ သံဘို ရွာမှာ မနေ့ မနက်ပိုင်းက
တိုက်ပွဲဖြစ်ပြီးနောက် ပြင်ဦးလွင်က စစ်တပ် မိသားစုတွေ အပါအဝင်
ရာနဲ့ချီတဲ့ ကားတွေ မန္တလေးဘက် စစ်ရှောင်လာတဲ့အတွက် ကားလမ်းပိတ်တဲ့အထိ
ဖြစ်နေ...

- KIO- ကချင်လွတ်လပ်ရေးအဖွဲ့ ရဲ့ မြို့တော် လိုင်ဇာကို စစ်ကောင်စီတပ်က
လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ကိုယ်ဝန်ဆောင် မိခင် အပါအဝင် အရပ်သား ၇ ဦး
ထိခိုက်ဒဏ်ရာရ...

- ဘောလခဲ ဒေသရှိ၊ ရေကျော် စစ်ကောင်စီ တပ်စခန်းကို ကရင်နီ တော်လှန်ရေး
တပ်ပေါင်းစုက ရှစ်လေးလုံးနှစ်ပတ်လည်နေ့မှာ သိမ်းပိုက်လိုက်ပြီး ၈၁ မမ
စိန်ပြောင်း အပါအဝင် လက်နက် ၁၀ လက်ခန့် သိမ်းမိ...

- ပုလောမြိုနယ်၊ မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီ-ပျူစောထီး
ပူးပေါင်းစခန်းကိုလည်း ဒေသခံတော်လှန်ရေး တပ်တွေက ရှစ်လေးလုံး
နှစ်ပတ်လည်နေ့မှာ ဝင်ရောက် သိမ်းပိုက်...

- ရပ်စောက်မြို့နယ်၊‌ ကျောက်ဂူဒေသ စစ်ကောင်စီတပ်ကို ၈ -လေးလုံး
နှစ်ပတ်လည်နေ့မှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) က
ဝင်ရောက်တိုက်ခိုက်ပြီး  စစ်သား ၉ ဦးသေ၊ ၈ ဦးအရှင်ဖမ်းမိ၊ လက်နက်မျိုးစုံ
၁၉ လက် သိမ်းမိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More