Thursday, August 15, 2024

သီပေါမြို့သိမ်းတိုက်ပွဲ TNLA က ဆက်လက်ဆောင်ရွက်... ဖားကန့်ဗျုဟာကုန်း KIA ...


သီပေါမြို့သိမ်းတိုက်ပွဲ TNLA က ဆက်လက်ဆောင်ရွက်... ဖားကန့်ဗျုဟာကုန်း KIA သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၁၆- ၈- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး၊ ဒုတိယလှိုင်း (၅၂) ရက် မြောက်နေ့ နောင်ချိုနဲ့ သီပေါမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်၊ စစ်ကောင်စီက လေကြောင်းကနေ ၁၇ ကြိမ် တိုက်ခိုက်ပြီး ဗုံးအလုံး ၁၀၀ ကျော် ကြဲသွားတယ်လို့ PSLF/ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

နောင်ချိုမြို့နယ်၊ တောင်ခမ်း ရွာအနီးရှိ ခြေမြန်တပ်ရင်း ၃ ရင်း ၃၀၂၊ ၃၂၅ နဲ့ ၃၀၆ ကို TNLA က တိုက်ခိုက်နေပါတယ်။ အလားတူ သီပေါမြို့ရှိ ခလရ ၂၃ ကိုလည်း တိုက်ခိုက်နေဆဲပါ။

သီပေါက ခလရ ၂၃ ကို တိုက်ခိုက်နေစဉ် စစ်ကောင်စီ  Y-12 လေယာဉ်က ၁၆ ကြိမ် လာပြီး ဗုံး ၁၁၃ လုံး ကြဲသွားတယ်လို့ဆိုပါတယ်။ နောင်ချိုကိုတော့ Jet Fighter တစင်း ရောက်လာပြီး ဗုံး(၂) လုံး ကြဲသွားတယ်လို့ ဖေါ်ပြပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲနေရာတွေကို ဗုံးကြဲတာအပြင် တိုက်ပွဲ မရှိတော့တဲ့ နောင်ချိုမြို့လယ် ဈေးထဲကို မနေ့နေလည် ၂ နာရီမှာ ဗုံး ၂ လုံး ကြဲသွားပြီး အဲဒီဗုံးသီးတွေ မပေါက်ကွဲဘူးလို့ ဒေသတွင်း မီဒီယာ ရွှေဖီမြေက ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- လားရှိုးမှာ မိမိဆန္ဒအလျောက် လက်နက်ချအလင်းဝင်ခဲ့တဲ့ ရမခ-  စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးကို တယောက် ကျပ် ၁၀ သိန်းစီ ဆုငွေပေးအပ် တဲ့ အခမ်းအနား ကျင်းပတယ်လို့ MNDAA သတင်းထုတ်ပြန်...

- ဖားကန့်မြို့ရဲ့ အမြင်ဆုံးတောင်ပေါ်ရှိ လမောင် ဗျူဟာ စခန်းနဲ့ တောမှော်စခန်းကို KIA - က သိမ်းပိုက်...

- ပခုက္ကူမြို့နယ်၊ လေယာဉ်ကွင်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီ ဂိတ်ကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်တိုက်ပြီး လက်နက်ငယ် ၂ လက် သိမ်းမိ...

- အရာတော်မြို့နယ်၊ သလဲဘာ ပျူစောထီးကျေးရွာရှိ စစ်ကောင်စီ စခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက တိုက်ခိုက်...

- ထားဝယ်-သရက်ချောင်း လမ်းပေါ်ရှိ ပန်းပြင် ရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ကို ဒေါင်းညီနောင် စစ်ကြောင်းက မိုင်းဆွဲ တိုက်ခိုက်...

- PDF- တောင်ပိုင်းစစ်ဒေသမှာ ဇူလိုင်လအတွင်း တိုက်ပွဲ (၅၁) ကြိမ်ဖြစ်ပြီး စစ်ကောင်စီဖက်က (၁၆၇) ဦး သေဆုံး၊ (၁၅၄) ဦး ဒဏ်ရာရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းများနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More