စစ်တပ် မိသားစုဝင်တွေကို MNDAA က ပြန်လွတ်ပေး... စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်လာ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ
(၈- ၈- ၂၀၂)
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၄၄) ရက်မြောက်နေ့၊ နောင်ချိုမြို့ ရေဖြူရွာမှာတိုက်ပွဲဆက်ဖြစ်ပြီး တိုက်ပွဲမရှိတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ထပ်မံဗုံးကြဲတယ်လို့ PSLF/ TNLA- တအာင်းအမျီုသားလွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
နောင်ချိုမြို့နယ် ရေဖြူရွာဖက် စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် မနက် ၇ နာရီခွဲက ရင်ဆိုင်တိုက်ပွဲဖြစ်ပွားတာလို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကတည်းက သိမ်းထားပြီး TNLA က အုပ်ချုပ်ရေးချတားတဲ့ ကွတ်ခိုင်မြို့ကို သြဂုတ် ၇ ရက်မှာ စစ်လေယာဉ်က ထပ်မံဗုံးကြဲတယ်လို့ဆိုပါတယ်။ ဒီတကြိမ်ဗုံးကျတဲ့ နေရာဟာ
ကွတ်ခိုင်ဗျူဟာကုန်းဟောင်းဖြစ်ပြီး လူအသေအပျောက်မရှိဘူးလို့ ဖေါ်ပြပါတယ်။
သြဂုတ် ၆ ရက် ဗုံးကြဲမှုအတွင်းမှာတော့ ပေါင် ၅၀၀ ဗုံးတွေက မြို့မဈေးကိုထိပြီး အရပ်သား ၆ ဦးသေ၊ ၁၀ ကျော်ဒဏ်ရာရတဲ့အတွက် ညီနောင် ၃ ဖွဲ့က ကန့်ကွက်စာထုတ်ထားစဉ် မနေ့က ထပ်မံတိုက်ခိုက်တာဖြစ်ပါတယ်။
ဒါ့အပြင်...
- သီပေါမြို့နယ်၊ နမ့်လန်မြို့ နောင်ကော်ကြီးရွာက ဘုန်းကြီးကျောင်းကို
စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ဦးဇင်းတစ်ပါး
ပျံလွန်တော်မူပြီး အမျိုးသမီး တဦးသေဆုံး...
- ပုသိမ်ကြီးမြို့နယ် ၊ ဖယောင်းတောင်ရွာကို စစ်ကောင်စီက
လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် အရပ်သား ၇ ဦးသေဆုံးပြီး ဒဏ်ရာသူတွေလည်းရှိ...
- ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ် မိသားစုဝင်တွေကို ခရီးစရီတ် ၅၀၀၀၀
စီပေးပြီး ပြန်လွှတ်ပေးနေပြီလို့ MNDAA က ဗီဒီယို သတင်းထုတ်ပြန်...
- ဆီဆိုင်မြို့နယ်၊ လွယ်ထွယ်ကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က
အလောင်း ၁၀ လောင်းကျန်၊ လက်နက် ၁၀ လက်နဲ့ ဒရုန်းတစီး သိမ်းမိတယ်လို့
PNLA- သတင်းထုတ်ပြန်...
- မိုးမောက်က ခမရ ၄၃၇ နဲ့ ဝိုင်းမော်က ခလရ ၅၈ တပ်ရင်းတွေကို KIA- က
သိမ်းလိုက်ပြီလို့ သတင်းထွက်ပေါ်...
- သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာက စစ်ကောင်စီအထိုင်စခန်းတွေကို
ဒေသခံတော်လှန်ရေးတပ်တွေက သိမ်းပိုက်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)
0 comments:
Post a Comment