Tuesday, August 6, 2024

ကျောက်မဲမြို့ကို TNLA သိမ်းပိုက်... ကိုင်းတောမ ရဲစခန်းကို PDF သိမ်းပိုက...


ကျောက်မဲမြို့ကို TNLA သိမ်းပိုက်...  ကိုင်းတောမ ရဲစခန်းကို PDF တွေသိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၇- ၈- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၄၃) ရက်မြောက်နေ့မှာ ကျောက်မဲရှိ စကခ ၁ နဲ့ လက်အောက်ခံ ခမရ ၅၀၁၊ ၅၀၂ တပ်စခန်းတွေကို သိမ်းလိုက်တဲ့အတွက် ကျောက်မဲမြို့ကို အပြီးသတ်သိမ်းနိုင်ပြီဖြစ်တယ်လို့ PSLF/ TNLA -တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရက BNN ကို ပြောပါတယ်။

သြဂုတ်လ ၅ ရက်၊ ည ၁၀ နာရီခန့်မှာ အခုလို သိမ်းလိုက်တာဖြစ်တယ်လို့ PSLF/ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပြပါတယ်။

၁၀၂၇ ဒုတိယလှိုင်းစတင်တဲ့ ဇွန် ၂၅ ကတည်းက ဒီစခန်းတွေကိုစတင်တိုက်ခိုက်နေတာဖြစ်ပြီး မနေ့ကမှ သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဖက်က လက်နက်ကြီးအချို့ကို မီးရှို့ဖျက်ဆီးပြီး စခန်းစွန်ခွာထွက်ပြေးသွားပေမယ့် မီးမလောင်ပဲကျန်နေတဲ့ ရာနဲ့ချီတဲ့ လက်နက်တွေကို သိမ်းမိတယ်၊ စစ်သားအလောင်း ၁၀၀ ခန့်အထိတွေ့ရတယ်လို့ ဒေသတွင်းမီဒီယာ ရွှေဖီမြေက ဖေါ်ပြပါတယ်။

ဒါ့အပြင် အောင်ပွဲရ တအာင်းစစ်သည်တော်တွေကို ကျောက်မဲဒေသခံတွေက ဂုဏ်ပြုကြိုဆိုနေတဲ့ပုံတွေကိုလည်း ဖေါ်ပြပါတယ်။ ကျောက်မဲဟာ ဒီဒေသအတွင်း ၄ ခုမြောက်သိမ်းနိုင်တဲ့မြိုံဖြစ်လာပြီး အရင် ၃ မြိုံကတော့ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်တို့ဖြစ်ပါတယ်။

PSLF/ TNLA ပြောခွင့်ရ လွေးယေဦးကတော့ ၄ မြို့အထိ သိမ်းနိုင်ပြီဖြစ်ပေမယ့် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်နိုင်သေးတဲ့အတွက် လုံခြုံရေး သတိထားကြဖို့၊ တော်လှန်ရေးမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင်...

- တိုက်ပွဲဖြစ်ပွားရာဒေသမဟုတ်တဲ့ လောက်ကိုင်၊ သိန္ဒိ၊ ကွတ်ခိုင်၊ နမ့်ဆမ်နဲ့ မြောက်ဦးမြို့တွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်၊ နိုင်ငံတကာဖက်ကလည်း တားဆီးအရေးယူပေးဖို့တောင်းဆိုတယ်လို့ MNDAA, TNLA, AA မြောက်ပိုင်းညီနောင် ၃ ဖွဲ့ က တင်ပြ..

- မြိုင်မြို့နယ်ရှိ ကိုင်းတောမ ရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်ပိုက်ပြီး စစ်ကောင်စီဖက်က အကျအဆုံးများကာ ခဲယမ်းအချို့ သိမ်းမိ...

- မွန်ပြည်လွတ်မြောက်ရေး တပ်တော်(M.L.A) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် BPLA တို့ရဲ့ သင်တန်းဆင်းပွဲတွေ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More