Monday, August 12, 2024

“စကစ မပြိုလဲသေးသရွေ့ သူတို့ထိန်းချုပ်နယ်မြေတွေ အာမခံချက်မရှိဘူးဆိုတာ ERO...


“စကစ မပြိုလဲသေးသရွေ့ သူတို့ထိန်းချုပ်နယ်မြေတွေ အာမခံချက်မရှိဘူးဆိုတာ ERO တွေ ကောင်းကောင်းသိပါတယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ်- မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၁၂- ၈- ၂၀၂၄)

“တိုင်းရင်သား တော်လှန်ရေးအဖွဲ့တွေ (ERO) ဟာ သူတို့နယ်မြေ သူတို့ထိန်းချုပ်နိုင်ဖို့လောက်ပဲ စိတ်ဝင်စားတယ်။ နေပြည်တော်သိမ်းပိုက်ရေးကို စိတ်မဝင်စားဘူးဆိုတဲ့ လေ့လာသူအချို့ရဲ့ ပြောဆိုချက်ဟာ မှားယွင်းနေတယ်။ စကစ မပြိုလဲသေးသရွေ့ သူတို့ထိန်းချုပ်နယ်မြေတွေ အာမခံချက်မရှိဘူး၊ သဲထဲ
အိမ်ဆောက်သလိုဖြစ်နေမယ်ဆိုတာ နှစ် ၆၀ ကျော်တိုက်ပွဲဝင်လာတဲ့ ERO တွေ ကောင်းကောင်းသဘောပေါက်ပါတယ်” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ချင်းညီနောင်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

မတူပီမြို့သိမ်းတိုက်ပွဲအပါဝင် ချင်းတောင်တန်းပေါ်က တိုက်ပွဲအခြေအနေ၊ ၁၀၂၇ ဒုတိယလှိုင်းက ဘယ်အထိ ဦးတည်သွားနိုင်သလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ချင်းပြည်နယ်မှာ လွတ်မြောက်ဒေသတွေ တခုပြီးတခု ဆက်တိုက်ပေါ်လာနိုင်သလား...

- ချင်းတောင်တန်းပေါ်က တော်လှန်ရေးတပ်တွေနဲ့ အိမ်နီးချင်း ပြည်နယ်-တိုင်းတွေက တော်လှန်ရေးတပ်တွေ ပူးပေါင်းဆောင်ရွက်နိုင်မှု ဘယ်လောက်တိုးတက်လာပြီလဲ...

- စကစ ဥက္ကဌပြောတာတွေနဲ့ တကယ်ရှေ့တန်းက စစ်သားတွေရဲ့ အခြေအနေ ဘယ်လိုကွာခြားနေသလဲ...

- ၁၀၂၇ ဒုတိယလှိုင်းက နေပြည်တော် သိမ်းပိုက်ရေးအထိ ဦးတည်ချီတက်မှာလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒေသအလိုက် စစ်ပွဲတွေကနေ တနိုင်ငံလုံးဟန်ချက်ညီ စစ်ပွဲအဖြစ်
အသွင်ပြောင်းနိုင်ဖို့ ဘာတွေလိုအပ်နေသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ
ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More