တော်လှန်ရေးအဖွဲ့တွေက သာလွန်အင်အားနဲ့ လာတိုက်လို့ လားရှိုးကနေ ဆုတ်ပေးခဲ့ရဟု စကစ ဥက္ကဌ ပြော... ထန်တလန်က စစ်တပ်စခန်း CNF သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ
(၆- ၈- ၂၀၂၄)
စစ်ကောင်စီတပ်တွေ စခန်းထိုင်တဲ့နေရာမှာ လာရောက်ခိုလှုံနေတဲ့ ပြည်သူတွေရဲ့ ဘေးအန္တရာယ်ကင်းရေးကို ဦးစားပေးတဲ့အနေနဲ့ လားရှိုးကနေ စစ်တပ်က ဆုတ်ခွာခဲ့ရတာဖြစ်တယ်လို့ စကစ ဥက္ကဌ မင်းအောင်လှိုင်ကပြောပါတယ်။ သြဂုတ်လ ၅ ရက်နေ့ ည ၈ နာရီမှာပြောကြားတဲ့ မိန့်ခွန်းအတွင်း အဲဒီလိုပြောခဲ့တာပါ။
ဒါ့အပြင် MNDAA, TNLA, AA, PDF တွေဟာ Drop Bomb တွေအသုံးပြုပြီး သာလွန်အင်အားနဲ့ လာတိုက်တဲ့အတွက် နယ်မြေအချို့ လက်လွတ်ဆုံးရှုံးခဲ့ရတာလို့လည်း သူကဆိုပါတယ်။
တချိန်တည်းမှာပဲ တော်လှန်ရေးတပ်တွေ အသုံးများနေတဲ့ ဗုံးတွေ၊ လက်နက်တွေဟာ တရုတ်-မြန်မာနယ်စပ်က စက်ရုံတွေမှာထုတ်တာဖြစ်တယ်။ ဒီစက်ရုံအတွက် ငွေအား၊ နည်းပညာအားတွေကို ဘယ်သူတွေက ကူညီပေးနေသလဲဆိုတာ စုံစမ်း ဖေါ်ထုတ်ရမယ်လို့လည်း စကစ ဥက္ကဌကပြောပါတယ်။
ဒါ့အပြင် KNU ၊ AA ၊ KNPP ၊ KNDF နဲ့ PDF တွေကလည်း ကရင်၊ ကရင်နီ၊ ရခိုင်ပြည်နယ်နဲ့ နေရာအတော်များများမှာ တိုက်ပွဲအရှိန်မြှင့်လာတာတွေ့ရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဝန်ခံပါတယ်။
ဒါပေမယ့် ဆုံးရှုံးသွားတဲ့နယ်မြေတွေကို တပ်မတာ်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်မှာဖြစ်တယ်လို့လည်း စကစ ဥက္ကဌ ပြောသွားတာ တွေ့ရပါတယ်။
ဒါ့အပြင်...
- ရခမ ဌာနချုပ်ရှိ ကုတင် ၁၀၀ ဆေးရုံကို စစ်ကောင်စီကိုယ်တိုင် ဗုံးကြဲပြီး တော်လှန်ရေးတပ်တွေဖက်က ကြဲသလိုလိုဝါဒဖြန့်ခဲ့ဟု MNDAA က သတင်းထုတ်ပြန်...
- ရမခ တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ စကခ ၁ မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ ရမခ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး အပါအဝင် အရာရှိတွေ အဖမ်းခံရပြီး သြဂုတ်လ ၃ ရက်နေ့ကတည်းက ရမခ တာဝန်ရှိသူတွေနဲ့ အဆက်အသွယ်မရတော့ပါဘူးလို့ စကစ ပြောခွင့်ရ ဇော်မင်းထွန်းက ဝန်ခံ...
- MNDAA, TNLA တို့က လားရှိုး ရမခ ကို သိမ်းပိုက်နိုင်ခြင်းအတွက် ဝမ်းမြောက်စွာဂုဏ်ပြုကြောင်း KNU, KNPP, CNF တော်လှန်ရေးအဖွဲ့ ၃ ခုစုပေါင်း သဝဏ်လွှာပေးပို့...
- ထန်တလန်မြို့ရှိ ခလရ ၂၆၉ တပ်စခန်းကုန်းကို Chinland Council ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီး လက်နက်အများအပြား ရရှိ...
- ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၄၂)ရက်မြောက် ကျောက်မဲမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ PSLF/ TNLA- က သတင်းထုတ်ပြန်...
- ဘာတိုက်ပွဲမှ မရှိတဲ့ ကွတ်ခိုင်မြို့ဈေးကို စစ်တပ်က ပေါင် (၅၀၀) ဗုံး လာကြဲတဲ့အတွက် အရပ်သား ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ...
- စဉ့်ကူးမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ တရုတ်နိုင်ငံသား (၁၅)ဦးကို သူတို့ဆန္ဒအလျာက် နေရပ်ပြန်ပို့ပေးလိုက်တယ်လို့ PDF-MDY က သတင်းထုတ်ပြန်...
- ထားဝယ်မြို့နဲ့ ၆ မိုင်အကွာလောက်မှာရှိတဲ့ မောင်မယ်ရှောင်ကျေးရွာက နေအိမ်တွေကို သြဂုတ် ၅ ရက် မွန်းလွဲ ၃ နာရီကစပြီး စစ်တပ်က မီးရှိ့ုနေ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)
0 comments:
Post a Comment