Tuesday, August 13, 2024

တကောင်းမြို့ကို သိမ်းပိုက်ကြောင်း PDF အတည်ပြု... သီပေါနဲ့ နောင်ချိုမှာ T...


တကောင်းမြို့ကို သိမ်းပိုက်ကြောင်း PDF အတည်ပြု... သီပေါနဲ့ နောင်ချိုမှာ TNLA ထိုးစစ်ဆင်... ၁၀၂၇ နောက်ဆုံးရ သတင်းများ

(၁၄- ၈- ၂၀၂၄)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက တကောင်းမြို့ကို PDF တပ်တွေက သြဂုတ် ၁၂ ရက်မှာ သိမ်းပိုက်လိုက်ပါပြီ။ မြို့ထဲ ဝင်လာတဲ့ တော်လှန်ရေးတပ်တွေကို ဒေသခံလူထုက သောင်းသောင်းဖြဖြ ကြိုဆိုနေတဲ့ ဗီဒီယို မှတ်တမ်းကို သပိတ်ကျင်းမြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။

ဒီစစ်ဆင်ရေးကို အမှတ် (၁) စစ်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ သပိတ်ကျင်းမြို့နယ် ပကဖ၊ တကောင်းတိုက်နယ် ပကဖ တို့ ပူးပေါင်းဆောင်ရွက်ပြီး စစ်ကောင်စီဖက်က အများအပြား သေဆုံးတယ်၊ ၆၀ မမ၊ စက်လတ်အပါဝင် လက်နက်မျိုးစုံ ၁၀၀ ခန့် သိမ်းမိတယ်လို့ ဓာတ်ပုံမှတ်တမ်းလည်းဖေါ်ပြပါတယ်။

တကောင်းမြို့ကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်နိင်တာကြောင့် … မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျဉ်း၊ တကောင်း၊ ထီးချိုင့် စသဖြင့် ဧရာဝတီမြစ် အရှေ့ဖက်ကမ်း တလျှောက် လွတ်မြောက်သွားပြီး …

… ရှမ်းပြည်မြောက်ပိုင်း လွတ်မြောက်ဒေသနဲ့ အထက်ဘက် ကချင် လွတ်မြောက်ဒေသတွေနဲ့  တဆက်တစပ်တည်း ဖြစ်သွားတာကြောင့် …

… ဗျူဟာအရ အရေးပါတဲ့ မြို့သိမ်းတိုက်ပွဲဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကျောက်ပန်းတောင်းမြို့နယ်၊ ပွဲခင်း ရွာမရှိ စစ်ကောင်စီ-ပျုစောထီး ပူးပေါင်းစခန်းကို ဒေသခံ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ငယ် ၃ လက်ရရှိ...

- မုံရွာ အဝင်၊ မအူ ဂိတ်ရှိ စစ်တပ် စခန်းကနေ ထနောင်းတောရွာထဲကို လက်နက်ကြီးနဲ့ ပစ်လို့ အရပ်သား ၁၁ ဦး သေဆုံး၊ ၁၀ ကျော်ဒဏ်ရာရ...

-  နမ့်ဆန် မြို့ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သားတဦးသေဆုံး၊ တဦး ဒဏ်ရာရ...

- ၁၀၂၇ စစ်ဆင်ရေး၊ ဒုတိယလှိုင်း ရက် ၅၀ မြောက်နေ့ နောင်ချိုနဲ့  သီပေါမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ...

- ရှမ်းမြောက်ဒေသ ငြိမ်းချမ်းရေး အပါအဝင် ၂ နိုင်ငံကိစ္စတွေ ဆွေးနွေးဖို့အတွက် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ သြဂုတ် ၁၄ မှာ မြန်မာနိုင်ငံဆီ ရောက်လာဖို့ရှိနေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More