Tuesday, August 29, 2023

“NUG ကို အစိုးရအဖြစ်အသိအမှတ်ပြုရေး လှုပ်ရှားမှုအတွက် ခွန်အားဖြစ်စေပါတယ်”



“NUG ကို အစိုးရအဖြစ်အသိအမှတ်ပြုရေး လှုပ်ရှားမှုအတွက် ခွန်အားဖြစ်စေပါတယ်” - ဦးအောင်မျိုးမင်း (လူ့အခွင့်အရေးဝန်ကြီး - NUG) (၂၈- ၈- ၂၀၂၃) “အရှေ့တီမောသံရုံး ယာယီတာဝန်ခံကို မြန်မာနိုင်ငံကနေထွက်ခွာဖို့ ပြောလိုက်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ နိုင်ငံတကာသံတမန်လောကကို စော်ကားလိုက်တာဖြစ်တဲ့အပြင် စစ်ကောင်စီအစား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ အစိုးရအဖြစ်အသိအမှတ်ပြုလိုက်ပါ ဆိုတဲ့သဘောကို သက်ရောက်စေတယ်။ ကုလသမဂ္ဂမှာ NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုရေး လှုပ်ရှားမှုအတွက် များစွာခွန်အားဖြစ်စေတယ်” လို့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အရှေ့တီမောနိုင်ငံက ပြန်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အရှေ့တီမောနိုင်ငံက ထောက်ခံအားပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရှေ့တီမောသံရုံး ယာယီတာဝန်ခံကို ရန်ကုန်ကနေ ထွက်ခွာရမယ်လို့ စစ်ကောင်စီက အမိန့်ပေးလိုက်တဲ့အတွက် စစ်ကောင်စီနဲ့ နိုင်ငံတကာ သံတမန်တွေကြားမှာ ဆက်ဆံရေးဘယ်လိုဖြစ်လာနိုင်သလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခုထုတ်လွှင့်မယ့် မေးမြန်းချက် ထဲမှာ ... - စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် NUG က ဘယ်လိုသဘောထားသလဲ... - ဒီလုပ်ရပ်ကြောင့် -စစ်ကောင်စီအစား NUG ကိုသာ အသိအမှတ်ပြုလိုက်ပါ-ဆိုတဲ့ သဘောမျိုး သက်ရောက်သွားနိုင်သလား... - အမေရိကန်၊ အီးယူ၊ ကုလသမဂ္ဂတို့မှာ NUG ရုံးခန်းဖွင့်ထားတာကို ဘာမှမပြောပဲ အရှေ့တီမောကျမှ အခုလိုပြောတာ ဘာကြောင့်လဲ... - မကြာခင်ကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးနဲ့ ကုလ အထွေထွေညီလာခံတွေမှာ ဒီကိစ္စက အဓိကဆွေးနွေးစရာဖြစ်လာနိုင်သလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More