Wednesday, August 2, 2023

“ကပစ ထုတ် ခဲယမ်းတွေ နိုင်ငံခြားတင်ပို့နိုင်ပြီဆိုပြီးတောင် သူတို့က ဂုဏ်ဆ...



“ကပစ ထုတ် ခဲယမ်းတွေ နိုင်ငံခြားတင်ပို့နိုင်ပြီဆိုပြီးတောင် သူတို့က ဂုဏ်ဆာနေတာ”

- ဗိုလ်ကြီးကောင်းသူဝင်း (CDM - တပ်မတော်အရာရှိ)

(၂ - ၈ -၂၀၂၃)

“မြန်မာစစ်တပ်ထုတ် ဗုံးသီးတွေကို ရုရှားက ယူကရိန်းစစ်မြေပြင်မှာ အသုံးပြုနေတယ်ဆိုတဲ့သတင်းတွေထွက်လာတဲ့အပေါ် ပြည်သူတွေက စိုးရိမ်နေပေမယ့် စစ်ကောင်စီကတော့ သူတို့ပစ္စည်း နိုင်ငံခြားပို့နိုင်ပြီဆိုပြီးတောင် ဂုဏ်ဆာနေတာတွေ့ရတယ်” လို့ CDM - တပ်မတော်အရာရှိ ဗိုလ်ကြီးကောင်းသူဝင်း ကပြောပါတယ်။

မြန်မာစစ်တပ်ပိုင် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ကထုတ်လုပ်တဲ့ ၁၂၀ မမ ဗုံးသီးတွေကို ရုရှားကယူလာပြီး ယူကရိန်းစစ်မြေပြင်မှာအသုံးပြုနေတဲ့ဆိုတဲ့ ဓာတ်ပုံအထောက်ထားနဲ့တကွ သတင်းတွေထွက်လာတဲ့အတွက် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတိုးလာမလား၊ မြန်မာစစ်တပ်က ဒီအတွက် စိုးရိမ်မှုတွေ့ရသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- ကပစ ထုတ် ၁၂၀ မမ ဗုံးသီးတွေ ယူကရိန်းစစ်မြေပြင်မှာတွေ့ရခြင်းရဲ့ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်လာနိုင်သလဲ...

- ရုရှားလေယာဉ်တွေ နေပြည်တော်မှာမကြာခန ဆင်းနေတာဟာ စကစ လေတပ်အတွက် ပစ္စည်းလာပို့တာလား... သို့မဟုတ် ၁၂၀ မမ ဗုံးသီးတွေ  လာသယ်တာလား...

- ကချင်၊ ကရင်နီ၊ ကရင်နဲ့ ချင်းတောင်မှာတိုက်ပွဲတွေပြင်းထန်နေချိန်မှာ တိုင်းမှုးတွေ၊ တပ်မမှုးတွေ၊ တပ်ရင်းမှူးတွေ၊ နယ်-လုံဝန်ကြီးတွေ ဖမ်းဆီးခံရတာ တိုက်ဆိုင်မှုလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီဖက်က တပ်ရင်းမှးအဆင့် ဒါဇင်နဲ့ချီကျဆုံးလာတာ ဘာကြောင့်လဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More