Sunday, August 13, 2023

“လွတ်မြောက်ဒေသတွေ များများပေါ်လာစေရေးအတွက် အကူအညီတွေမြန်မြန်ပေးနိုင်ဖို့...



“လွတ်မြောက်ဒေသတွေ များများပေါ်လာစေရေးအတွက် အကူအညီတွေမြန်မြန်ပေးနိုင်ဖို့ လိုပါတယ်”

- အရှင်ထာဝရ (ရွှေဝါရောင်ဆရာတော် - နော်ဝေ)

(၁၃- ၈- ၂၀၂၃)

“ကရင်နီဒေသက မယ်စဲ့မြို့လို လွတ်မြောက်ဒေသတွေ များများပေါ်လာစေရေးအတွက် ပြည်တွင်း-ပြည်ပရှိ စေတနာရှင်တွေက များများနဲ့မြန်မြန် ကူညီပေးဖို့လိုတယ်။ IDP တွေအတွက် ရိက္ခာနဲ့ဆေးဝါးအပြင် ရှေ့တန်းက တော်လှန်ရေးရဲဘော်တွေအတွက် လိုအပ်ချက်တွေကိုပါ ကူညီပေးဖို့လိုတယ်” လို့ မယ်စဲ့ဒေသရှိ IDP စစ်ဘေးရှောင်တွေထံ သွားရောက်ကူညီပေးခဲ့သူ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ (နော်ဝေ) က မိန့်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကသွားခဲ့တဲ့ မယ့်စဲ့ဒေသမှာ ဘာတွေအရေးပေါ်အကူညီလိုအပ်နေတာ တွေ့ရသလဲ၊ မယ်စဲ့မြို့အခြေအနေဘယ်လိုရှိသလဲ၊ ERO တပ်ပေါင်းစုက နယ်မြေထိန်းချုပ်ရေးနဲ့ အုပ်ချုပ်ရေး ဘယ်လိုဆောင်ရွက်နေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မယ်စဲ့မြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်နေသလဲ...

- 4 K လို့ခေါ်တဲ့ KNLPF, KA, KNDF, KNLA တော်လှန်ရေးတပ်ဖွဲ့တွေ မြေပြင်မှာ ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ...

- စစ်ဘေးရှောင်တွေအတွက် ဘာတွေအဓိက လိုအပ်နေသလဲ...

- မယ်စဲ့မြို့သား၊ NLD ခေတ် ကယားပြည်နယ်ဝန်ကြီးချုပ်က လူထုကို ဘယ်လိုသတင်းစကားပါးလိုက်သလဲ...

- လိုအပ်တဲ့နေရာကို အကူအညီတွေ မြန်မြန်နဲ့များများရောက်နိုင်အောင် ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More