Monday, August 7, 2023

“အစိုးရအပြောင်းအလဲအတွက် တိုက်နေတာမဟုတ်ဘူး၊ အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက်...



“အစိုးရအပြောင်းအလဲအတွက် တိုက်နေတာမဟုတ်ဘူး၊ အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် တိုက်နေတာဖြစ်တယ်”

- ပဒိုစောတောနီ (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်- KNU)

(၇- ၈- ၂၀၂၃)

“နွေဦးတော်လှန်ရေးဟာ နေပြည်မှာအစိုးရသစ်တရပ်ပေါ်လာဖို့၊ အစိုးရအပြောင်းအလဲဖြစ်ဖို့အတွက် တိုက်နေတာမဟုတ်ဘူး။ စစ်အာဏာရှင်အပါဝင် မည်သည့်အာဏာရှင်မှ ထပ်မပေါ်လာနိုင်အောင် အာဏာရှင်အမြစ်ပြတ်ရေး၊ နိုင်ငံရေးစနစ်တခုလုံးပြောင်းလဲရေးအအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်။ ဒီလိုတိုက်ပွဲနေသူတွေကို အရင်နည်းဟောင်းတွေနဲ့ သွေးဆောင်ဖျားရောင်းလို့မရနိုင်ဘူးဆိုတာကို စစ်ကောင်စီ သဘောပေါက်ဖို့လိုတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ပဒိုစောတောနီး ကပြောပါတယ်။

ပြီးခဲ့တဲ့ရက်အပိုင်းအတွင်း စစ်ကောင်စီက ကြေညာတဲ့ လွတ်ငြိမ်းချမ်းသာခွင့်အတု၊ ၆ လသက်တန်းတိုးပြီး ဘာလုပ်မယ် ညာလုပ်မယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေအပေါ် ကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်းစီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီပူးတွဲကြေညာချက်ရဲ့ အနှစ်ချုပ်သဘောထားနဲ့ KNU ရပ်တည်ချက်အပါဝင် အခုနွေဦးတော်လှန်ရေးဟာ “အစိုးရအပြောင်းအလဲအတွက် တိုက်နေတာမဟုတ်ဘူး၊ အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် တိုက်နေတာဖြစ်တယ်” လို့ ပဒိုစောတောနီးက ပြောကြားလာတာဖြစ်ပါတယ်။

အခု နွေဦးတော်လှန်ရေးတိုက်ပွဲဝင်နေသူတွေရဲ့ ရပ်တည်ချက်အကြောင်း ပဒိုစောတောနီးရဲ့ ပြောာကားချက်ကို ထုတ်လွှင့်ပေးလိုက်ပါတယ်...။

(၈-လေးလုံးအရေးတော်ပုံ ၃၅ နှစ်ပြည့်အခြေအနေ ဦးအောင်မျိုးမင်းနှင့် မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မနက် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More