“ရွာတွေကိုဗုံးကြဲတာ ဆက်လုပ်နေတော့ လေယာဉ်ဆီကို ပစ်မှတ်ထား ပိတ်တာပေါ့”
- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ)
(၃၁- ၈- ၂၀၂၃)
“စစ်ကောင်စီပိုင် ဘဏ်ကြီး ၂ ခုကို အရေးယူပြီး အကြမ်းဖက်မှုတွေရပ်ဖို့ သတိပေးထားတဲ့ကြားက ရွာတွေကို ဗုံးကြဲတာဆက်လုပ်နေတဲ့အတွက် လေယာဉ်ဆီ တင်သွင်းခွင့်ကို ပိတ်ပင်တာဖြစ်လာတယ်။ အမေရိကန်ရဲ့အရေးယူမှုက တဆင့်ပြီးတဆင့်လာနေတာဖြစ်ပြီး ဒါဟာ Burma Act အရ၊ ဥပဒေအရ အရေးယူနေတာဖြစ်တဲ့အတွက် စစ်ကောင်စီဖက်က အကြမ်းဖက်မှုမရပ်ရင် အရေးမှုတွေ ပိုပြင်းထန်လာဖို့ရှိနေတယ်” လို့ စီးပွားရေးဆိုင်ရာ ဝေဖန်ဆန်းစစ်သူ ဦးစိန်ဌေးက ပြောပါတယ်။
လေယာဉ်ဆီတင်သွင်းတဲ့ လူပုဂ္ဂိုလ် ၂ ဦးနဲ့ ကုပဏီအချိုု့ကို အမေရိကန်က အရေးယူလိုက်တာ၊ စစ်ကောင်စီမှာ နိုင်ငံခြားအရန်ငွေ လက်ကျန်နည်းလာနေတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းသူတွေကို အရေးယူခြင်းက ဘယ်လောက်ထိရောက်မှုရှိသလဲ...
- Burma Act အရအရေးယူမှုုက အရင်အရေးယူမှုတွေထက် ဘယ်လောက်ပိုပြင်းထန်သလဲ...
- စစ်ကောင်စီမှာ နိုင်ငံခြားအရန်ငွေ အတော်နည်းနေပြီလား...
- နိုင်ငံခြားဘဏ်တွေမှာ အပ်ထားတဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားအရန်ငွေတွေကို ပြန်ထုတ်ခွင့်မရအောင် အမေရိကန်က ပိတ်ဆို့နိုင်တဲ့ စွမ်းအားရှိသလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အမေရိကန်ရဲ့ ပိတ်ဆို့မှုကို နယ်စပ်ကုန်သွယ်ရေးနဲ့ ထွက်ပေါက်ရှာနိုင်သေးသလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment