Tuesday, December 6, 2011

NLD ပါတီ တနသာင်္ရီတိုင်းအတွက်ပြင်ဆင်။ ဒေါက်တာတင်မျိုးဝင်း ကျွန်းစုမှာဝင်ပြိုင်မယ်လို့သတင်းထွက်နေ။

NLD ပါတီ တနသာင်္ရီတိုင်းအတွက်ပြင်ဆင်။ ဒေါက်တာတင်မျိုးဝင်း ကျွန်းစုမှာဝင်ပြိုင်မယ်လို့သတင်းထွက်နေ

ဒီဇင်ဘာလ ၆-ရက်။ ၂၀၁၁။

ရှေ့နှစ်မှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြိုင်မယ်လို့ ကြေငြာထားတဲ့ NLD ပါတီ ဟာ  ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ကို ဗဟိုမှာအပြင် ပြည်နယ်-တိုင်း-မြိုနယ်အဆင့်ထိ
ဖွဲ့စည်းနေပီလို့သိရပါတယ်။ လစ်လပ်အမတ်နေရာ အနဲဆုံး ၂-ခုရှိတဲ့ တနသာင်္ရီတိုင်းအတွက်
အောင်နိုင်ရေကော်မီတီကို မကြာသေးခင်ကဖွဲ့စည်းလိုက်ပီး ဒီနေ့မှာတော့ လောင်းလုံးမြို နယ် အောင်နိုင်ရေးကော်မီတီကို အဖွဲ့ဝင် ၂၁-ဦးနဲ့ဖွဲ့စည်းလိုက်ကြောင်း ပါတီဝင်တဦးက ပြောပါတယ်။

တနသာင်္ရီတိုင်း လောင်းလုံမြိုနယ်မှာ ဒီဇင်ဘာလ ၆-ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မီတီအစည်းဝေး
(ဓါတ်ပုံနဲ့အချက်လက် ...NLD-လောင်းလုံး)

လောင်းလုံးမြိုနယ် NLD ယာယီ-ရုံးခန်းမှာပြုလုပ်တဲ့ အဲဒီအစည်းဝေးဆီ
ရပ်ကွက်ကျေးရွာအသီးသီးက ကိုယ်စားလှယ် ၁၀၀-နီးပါး တက်ရောက်ပီး
အခုလိုဖွဲ့စည်းလိုက်တာလို့ အဲဒီပါတီဝင်ကပြောပါတယ်။
ဒါဟာ ယာယီ-ကော်မီတီသာဖြစ်ပီး ဗဟိုကအတည်ပြုချက်ရပီးမှ။ နောက်တခါ
နေပြည်တော်မှာ တင် ထားတဲ့ ပါတီမှတ်ပုံတင်ကျလာပီးမှ တရားဝင်ထုတ်ပြန်
မယ်လို့သိရပါတယ်။ ဒါအပြင် လောင်းလုံးမြိုနယ် လွတ်လပ် အမတ်နေရာတခု
အတွက် ၀င်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်းကိုလဲ ဗဟိုဆီ တင်ပြထား
ဆဲဖြစ်တယ်လို့ သိရပါတယ်။


အလားတူအစည်းဝေးတခုကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထားဝယ်မြိုမှာကျင်းပခဲ့ပြီး ထားဝယ်။ လောင်းလုံ။ ရေဖြူ။ သရက်ချောင်း ၄-မြိုနယ်က ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းဝေးကနေ ခရိုင်အောင်နိုင်ရေးကော်မီတီကို ဖွဲ့စည်းခဲ့ပါယ်။ အမတ်နေရာ တနေရာလွတ်နေတဲ့ ကျွန်းစုမြိုနယ်နဲ့ မြိတ်ခရိုင် အောင်နိုင်ရေးကော်မီတီ ကို တော့ မကြာခင်မှာ ဆက်လက်ဖွဲ့စည်းသွားမယ်လို့ ပါတီဝင်တွေကပြောပါတယ်။

တနသာင်္ရီတိုင်းမှ ပြည်သူ့လွတ်တော်အတွက် လောင်းလုံနဲ့ ကျွန်းစုမြိုနယ် ၂-နေရမှာလွတ်လပ်နေပီး တိုင်းဒေသကြီးအတွက် တနေရာကိုတော့ အတိအကျမသိရသေးပါဘူး။ အဲဒီ နေရာဟာ လက်ရှိ တိုင်းအစိုးရ၀န်ကြီးချုပ် ဦးခင်ဇော်-နေရာဖြစ်ပီး သူကိုရာထူးကဖြုတ်လိုက်ပီ လို့သတင်းတွေ ထွက်နေပေမဲ့ အခုချိန်ထိ တရားဝင်ပြန်တန်းထုတ်ပြန်တာမရှိသေးဘူး လို့ ဒေသခံတွေက ပြောပါတယ်။

တနသာင်္ရီတိုင်းရှိ အောင်နိုင်ရေး ကော်မီတီတွေအတွက် အဓိကတာဝန်ယူဆောင်ရွက်နေသူကတော့ တနသာင်္ရီတိုင်း NLD အတွင်းရေးမှုး ဦးအောင်စိုးဖြစ်ပါတယ်။ လက်ရှိတနသာင်္ရီတိုင်း ဥက္ကဌကတော့ ဦးလှမင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကော်မီတီကိုလဲ ပြန်လည်တိုးချဲ့ဖွဲ့စည်းမယ်လို့သိရပီး တိုင်းအောင်နိုင်ရေး ဦးစီးကော်မီတီ ၁၅-ဦးကို ယာယီ ရွေးချယ်ထားတယ်လို့ ပါတီသတင်းရပ်ကွက်တခုကပြောပါတယ်။

ထူးခြားတာကတော့ အဲဒီ ၁၅-ဦးထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိသားစု
ဆရာဝန် ဒေါက်တာတင်မျိုးဝင်း ပါဝင်နေပါတယ်။ ဒါအပြင် မြိတ်သားတဦးဖြစ်တဲ့
ဒေါက်တာတင်မျိုးဝင်းဟာ လစ်လပ်နေတဲ့ ကျွန်းစုမြိုနယ် အမတ်နေရာအတွက် ၀င်ပြိုင်မယ်လို့သတင်းတွေထွက်နေပါတယ်။ ဒါပေမဲ့ အခုပြင်ဆင်မှုတွေအားလုံးဟာ
ယာယီ-ကြိုတင်ပြင်ဆင်မှုတွေသာဖြစ်သေးတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်က
မှတ်ပုံတင်ကျပီးမှ။ သူတို့ရဲ့တင်ပြချက်တွေကို ဗဟိုကအတည်ပြုပီးမှ အတိအကျ သတင်းထုတ်ပြန်နိုင်မယ်လို့ ထားဝယ် နဲ့ လောင်းလုံးဒေသရှိ NLD-ပါတီဝင်တွေ
ရဲ့ပြောကြားချက်အရ သိရပါတယ်။







(ဒီဇယားကို မဇျိမ သတင်းဌာနမှ တဆင့်ယူထားပါသည်)
 .............................................................................................

 နောက်ဆုံးရသတင်း....

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More