Thursday, July 28, 2011

စက်ဘီးအားကစားအကြောင်း တစေ့တစောင်း။

စက်ဘီးစီးပီး ရံပုံငွေရှာခြင်းနဲ့ စက်ဘီးလောကအကြောင်း တစေ့တစောင်း
၂၃၀၇၁၁ (ထက်အောင်ကျော်)



ဘော်လုံး။ တင်းနစ်နဲ့ အခြားအားကစားအကြောင်းတွေ ပြည်တွင်း-ပြည်ပ မီဒီယာတွေမှာ အလးပေး ဖေါ်ပြနေတာတွေ့ရပေမဲ့ စက်ဘီးအားကစားအကြောင်း ဖေါ်ပြတာမတွေ့မိသလောက်ပါဘဲ့။
အထူးသဖြင့် Tour de France ခေါ် ပြင်သစ်နိုင်ငံတပါတ် သတင်း ၃-ကြာ ကမ္ဘာကျော် စက်ဘီးစီး ပြိုင်ပွဲပန်း ၀င်ခါနီးချိန်မှာတောင် အလေးပေးဖေါ်ပြတာမတွေ့မိသေးပါ။ ဒါဟာ စက်ဘီးအားကစား အ ကြောင်း လူတွေစိတ်စားမှုနဲလိုလား။ ဒါမှမဟုတ် ဒီအားကစားအကြောင်း ပြောနိုင်ဆိုနိုင် သတင်းတင် ပြနိုင်သူ နဲနေလို့လား စဉ်းစားရင်းနဲ့ ဒိဆောင်းပါးရေးဖို့စိတ်ကူးပေါ်လာတာပါ။

တကယ်ကတော့ စက် ဘီးစီး အားကစားအကြောင်း ဆောင်းပါးတပုဒ်ရေးမလားဆိုပီး ကျနော်စဉ်းစားနေတာ ကြာပါပီ။ အခု တော့ Tour de France ပြိုင်ပွဲ ပန်းဝင်ခါနီးချိန်။ နောက်တခါ အဲဒီပြိုင်ပွဲအတွင်း ထူးထူးခြားခြား နော်ဝေး နိုင်ငံသား ၂-ဦးကလဲ ခြေစွမ်းပြနေချိန်။ နောက်တခါ ကနေဒါရောက် ကျနော်တို့ရဲဘော်ကြီးတဦးဖြစ်တဲ့ ကိုစိုးနိုင်ကလဲ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းအတွက် ကီလိုမီတာ ၅၈၀၀- ကနေဒါ တပါတ် စက်ဘီးစီးပီး ရံပုံငွေရှာနေချိန်နဲ့ တိုက်ဆိုင်နေတဲ့တွက် အခုလိုရေးဖို့ တွန်းအားဖြစ်လာစေခဲ့ တယ်ဆိုပါတော့။


ကိုစိုးနိုင် ဘာကြောင့် စက်ဘီးစီးသလဲ။ အလှုငွေက ဘယ်လောက်ရနိုင်မလဲ


Tour de France အကြောင်းမပြောခင် ကနေဒါက ကိုစိုးနိုင်ရဲ့ မယ်တော်ဆေးခန်းရံပုံငွေ ရှာရေး စက်ဘီးစီးပွဲအကြောင်းကိုအယင်ဆုံးတင်ပြလိုပါတယ်။ ကိုစိုးနိုင်ဟာ ထားဝယ်ခရိုင် ကံပေါက် ဒေ သကဖြစ်ပီး ကျနော်တို့နဲ့အတူ မင်းသမီးစခန်းမှာ ၁၀-နှစ်နီးပါး တာဝန်ထမ်းခဲ့တဲ့ ABSDF ဆေးမှုးတဦး ဖြစ်ပါတယ်။ အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ အားကစားသမားပုံပေါက်တဲ့ ကိုစိုးနိုင်ဟာ ကျနော်တို့နဲ့အတူ တပ်ရင်းက ခြင်းလုံးပွဲ။ ဘော်လုံးပွဲတွေမှာ ခြေစွမ်းပြခဲ့သူဖြစ်ပေမဲ့ စက်ဘီးစီး အားကစားကို သူစိတ် ၀င်စားမှန်းကျနော်မသိခဲ့။ ပြိးခဲ့တဲ့လအတွင်းကတော့ ကနေဒါတပါတ် ကီလိုမီတာ ၅၈၀၀-ကို ကနေဒါ မိတ်ဆွေ တဦးနဲ့အတူ စက်ဘီးစီးပီး မယ်တော်ဆေးခန်းအတွက်ရံပုံငွေရှာမယ်ဆိုပီး သူ Facebook မှာ ကျနော်တွေ့လိုက်တော့ အတော်အံသြသွား ပါတယ်။

ဒါနဲ့ ဘယ်လိုကနေဘယ်လို ဒီလိုစက်ဘီးစီးရံပုံငွေရှာဖို့ စိတ်ကူးရလာသလဲဆိုပီး သူကို ကျနော် မေးကြည့်ဖြစ်ပါတယ်.. "ဒေါ်စု-ရဲ့ မိန့်ခွန်းတခုမှာပါတဲ့ အတ္တဟိတ။ ပရဟိတ။ ကိုယ်ကျိုးအတွက်လဲ သိတတ် ရမယ်။ အများအကျိုးအတွက်လဲ သိတတ်ဖို့လိုတယ်ဆိုတဲ့ စကားလုံးကိုကြားမိရာကနေ အခု လိုစက်ဘီး စီးဖို့ဖြစ်လာတာပါ" လို့ ကိုစိုးနိုင်ကပြောပါတယ်။ ထိုင်းနယ်စပ်ကနေ ကျနေဒါကို ထွက် လာတာ ၁၅-နှစ်ရှိ နေပီ။ ဒီကာလတလျောက်လုံးမှာ ကိုယ့်ပညာရေး။ ကိုယ့်စားဝတ်နေရေး။ ကိုယ့်အိမ် ထောင်ရေး။ ကိုယ့် မိသားစုရေး...စတဲ့ "ကိုယ်ရေးတွေဘဲ့လုံးပန်းနေရင်းက ပရဟိတ-အများအကျီုး ဖက်မှာ မသိမသာ လင့်ဟင်းလာခဲ့ပါတယ်။ ဒီအချိန်မှာ ဒေါ်စု-ရဲ့သတင်းစာရှင်းပွဲတခုမှာပြောသွားတဲ့ စကားကိုကြားမိပီး လင့်ဟင်းမှုကို ပြန်ဆင်ခြင်မိပါတယ်" လို့ ကိုစိုးနိုင်ကပြောပါတယ်။





သူဒီလိုဆင်ခြင်မိချိန်မှာ မြန်မာ့အရေးစိတ်ဝင်စားတဲ့ အသက် ၆၅-နှစ်အရွယ် ကနေဒါလူမျိုး Mr Rod Germaine က ဒေါက်တာစင်သီယာဆေးခန်းအတွက် စက်ဘီးစီးပီးရံပုံငွေရှာဖို့စိတ်ကူးနေကြောင်း စကားစပ်မိရာကနေ အခုလို ကနေဒါနိုင်ငံတပါတ် ကီလိုမီတာ ၅၈၀၀-စီးဖို့ဖြစ်လာတာလို့သိရပါတယ်။ ဇူလိုင် ၂၂-အထိဆိုရင် စက်ဘီးစီးနေတဲ့ရက်ပေါင်း ၄၇-ရက်ကြာနေပီဖြစ်ပီး ကီလိုမီတာ ၄၄၅၇- သို့မ ဟုတ် ခရီးစဉ်ရဲ့ ၃-ပုံ ၂-ပုံကျော် ခရီးပေါက်နေပီလို့ သိရပါတယ်။ အလှုငွေကတော့ ကနေဒါဒေါ် လာ ၂-သောင်းလောက်ရနေပီဖြစ်ပီး ကနေဒါနိုင်ငံသားတွေနဲ့ မြန်မာတွေက လှုဒန်းနေဆဲလို့ကိုစိုးနိုင်ကပြော တယ်။ ဒီခရီးစဉ်စတင်တဲ့နေ့က ဘီဘီစီ-မြန်မာပိုင်းနဲ့လုပ်တဲ့ (အခုချိန်ထိ ဘီဘီစီ-တခုကဘဲ့ မေးမြန်း သတင်းလုပ်တာကြားမိပါသေးတယ်) အင်တာဗျုးတခုမှာ Mr Rod ပြောသွားတဲ့ အတိုင်းဆိုရင်တော့ အလှုငွေ ဒေါ်လာ ၂-သိန်းအထိမှန်းထားတယ်လို့သိရပါတယ်။ ဒီခရီးစဉ်ကို စိတ်ဝင် စားသူတွေ။ အလှု ငွေထည့်ချင်သူတွေအနေနဲ့ http://www.justride2011.com ကိုဆက်သွယ်ပီး http://www. justaid.ca မှာ အလှုငွေထည့်နိုင်တယ်လို့ ကိုစိုးနိုင်က တိုက်တွန်းသွားခဲ့ပါတယ်။

ကိုစိုးနိုင်ကိုအားကျပီး မြန်မာနိုင်ငံမှာကော စက်ဘီးစီးပီးရံပုံငွေရှာလို့ရနိုင်မလားလို့ ကျနော်စဉ်း စားမိပေမဲ့ အခုချိန်ထိတော့ ဒီလိုစီးတာ တခါမှမကြားမိသေး။ ကျနော်တို့မင်းသမီးစခန်း ၂၀၁-တပ်ရင်း မှာ ဒုရင်းမှုးအဖြစ်တာဝန်ထမ်းခဲ့သူ ဆရာဦးအောင်မြင့်ကတော့ သူမြန်မာနိုင်ငံမှာရှိစဉ်တုန်းက ထား ၀ယ်ကနေ မန္တှလေး-မုံရွာတွေအထိ နှစ်စဉ်လိုလို စက်ဘီးနဲ့အုပ်စုလိုက်သွားဖူးပေမဲ့ ရံပုံငွေရှာတာမျိုး တော့ တခါမှမလုပ်ဖြစ်။ လုပ်ရင်လဲခွင့်ပြုဘွယ်ချက်ရဘွယ်မရှိဘူးလို့ပြောပါတယ်။

တံခွန်စိုက်နဲ့ ပြည် နယ်တိုင်း တာတိုပြွိုင်ပွဲတခုမှာရွေတံဆိပ်ရဖူးပီး တာဝေးပွဲမှာ နံပါတ် ၆-နေရာရခဲ့ဖူးတဲ့ ကျနော်ကိုယ် တိုင်ကတော့ အများအကျိုးအတွက်ရံပုံငွေ-ရှာတာ တခါမှမလုပ်ဖူးသေး။ ဒါပေမဲ့ ကိုယ်ကျိုး အတွက် တော့ လေ့ကျင့်စရိတ်ကာမိအောင်ဆိုပီး သံဖြူဇရပ်ကနေ မော်လမြိုင်အထိ မှောင်ခိုပစ္စည်းတွေကို ပြိုင် ဘီးနဲ့ သယ်ဖူးပါတယ်လို့ ၀န်ခံရပါလိမ့်မယ်။ ၁၉၈၇-မတ်လလောက်မှာလို့ထင်ပါတယ်။ မော်လ မြိုင်နဲ့ မွန်ပြည်နယ်လက်ရွေးစင်စက်ဘီးသမားတွေနဲ့အတူ သံဖြူဇရပ်ဈေးက အချိုမုန့်အပါဝင် ထိုင်းက လာတဲ့ မှောင်ခိုပစ္စည်းတချို့ကိုသယ်ပီး မော်လမြိုင်ဈေးထဲသွင်းဖူးပါတယ်။


မြန်မာ့စက်ဘီးလောကအကြောင်း တစေ့တစောင်း


ကျနော်ဟာ ပြည်နယ်နဲ့တိုင်းနဲ့ တံခွန်စိုက်ပြိုင်ပွဲတွေမှာ ရွေတံဆိပ်ရခဲ့ဖူးတယ်ဆိုပေမဲ့ မြန်မာ့ စက်ဘီးလောကသမိုင်းကြောင်းကိုဘာမှမသိ။ ဘယ်လောက်အထိ မသိလဲဆိုရင် ၁၉၈၄-မှာ စက်ဘီး စစီးပီး တနသာင်္ရီတိုင်းလက်ရွေးစင်အဖြစ်အရွေးမခံရမှီအထိ မြန်မာနိုင်ငံမှာ ပြည်နယ်နဲ့တိုင်း စက်ဘီးစီး ပြိုင်ပွဲရှိမှန်းမသိ။ တခွန်စိုက်ပွဲရှိမှန်းမသိ။ စက်ဘီးစစီးချိန်အထိ ကျနော်သိတာက လွတ်လပ်ရေးနေ့မှာ ပြိုင်ပွဲရှိတယ်။ အဲဒီပြိုင်ပွဲကိုဝင်ပြိုင်မယ်ဆိုပီး စစီးခြင်းမျှသာဖြစ်ပါတယ်။ ကံကောင်းတာလား။ တိုက်ဆိုင် တာလား မပြောတတ်။

ကျနော့်ရွာကစက်ဘီးသမားသူငယ်ချင်းတဦးနဲ့အတူ (ရွာက စက်ဘီးဆိုင်မှာ ဖြစ်သလိုဖြတ်တောက်-ဆက်စပ်ထားတဲ့) ပြိုင်ဘီးတစီးစီနဲ့ ရွာပြင်လမ်းပေါ်မှာလေ့ကျင့်ရာကနေ တရက် မှာတော့ ထားဝယ်မြိုပေါ်က လက်ဝဲကျွန်းရပ်ကွက်ကိုကျော်ပီး လေယဉ်ကွင်းဖက်ကိုရောက်သွားပါ တယ်။ အဲဒီမှာ ကိုထိန်ဝင်းဆိုတဲ့ လူတဦးနဲ့တွေပီး "မင်းတို့က လူသစ်တွေလား။ မြိုနယ်မှာပြိုင်ပွဲဝင် ပြိုင်မှာလား" ဆိုပီးမေးပါတယ်။ ကျနော်တို့က မြိုနယ်ပြိုင် ပွဲဆိုတာဘာမှန်းမသိ။ လွတ်လပ်ရေးနေ့ ပြိုင်ပွဲကိုပြောတာလားဆိုပီးပြန်မေးတော့မှ... မကြာခင် ထားဝယ်မြိုနယ် လူရွေးပွဲရှိကြောင်း။ ပြီးရင် တန သာင်္ရီတိုင်းလူရွေးပွဲရှိကြောင်း။ အဲဒီမှာအရွေးခံရရင် ရန်ကုန်မှာသွားပြိုင်ရမယ်လို့ စိတ်ရှည်လက်ရှည် ရှင်းပြခဲ့ပါတယ်။

ဒီတော့မှ တောသား ကျနော်တို့ ၂-ဦးလဲ စိတ်အားထက်သက်လာပီး သူကိုဆရာတင်လိုက် ပါတယ်။ တကယ်က သူဟာ တနသာင်္ရီတိုင်း လက်ရွေးစဉ်ဖြစ်ဖူးပီး လောလောဆယ် ထားဝယ် မြိုနယ် စက်ဘီးနည်းပြ။ သူပြောပြတော့မှ ကျနော်တို့ထားဝယ်မှာ အရှေ့တောင်ရှပြိုင်ပွဲတွေအထိ သွားပြိုင်ဖူးခဲ့ တဲ့ ''နောင်ဖား" ဆိုတဲ့ နာမည်ကြီးစက်ဘီးသမားနဲ့ အောင်သိန်းဆိုတဲ့ စက်ဘီးသမားတွေ ရှိနေတယ် ဆိုတာကိုသိခွင့်ရခဲ့ပါတယ်။ ၁၉၇၀-၀န်းကျင်က နာမည်ကြီးခဲ့တဲ့ နောင်ဖား-ဟာ အခုချိန်မှာတော့ ပန်း ထိမ်ခတ်တာကလွဲပီး အားကစားမလုပ်တော့တဲ့အတွက် သူ့ကို့ဆရာတင်လို့မရတော့။ ဒါပေမဲ့ လက်ဝဲ ကျွန်းမှာနေတဲ့ ဦးအောင်သိန်းကတော့ တခါတလေ စက်ဘီးစီးနေဆဲဖြစ်တဲ့အတွက် သူအိမ်ကိုသွားပီး ဆရာတင်ပါတယ်။ အမှန်တိုင်းဝန်ခံရရင် သူ့ရဲ့ပြိုင်ဘီးကိုတွေ့တော့မှဘဲ့ ပြိုင်ပွဲဝင်ပြိုင်ဘီးဆိုတာ ဒီလိုပါ လားဆိုပီး ကျနော်သဘောပေါက်ခဲ့ရပါတယ်။

ဒါပေမဲ့ တသောင်းနီးပါးတန်တဲ့ သူ့ဘိန်းလိုမျီုးကျနော်တို့မ၀ယ်နိုင်။ (အဲဒီကာလက လူတဦး ၀င်ငွေက တနေ့ ၈-ကျပ်နဲ့ ၁၀-ကြားဘဲ့ရှိပီး ကျနော်ရဲ့တလတာ ကျောင်းစရိတ်သုံးစွဲခွင့်က ကျပ် ၃၀၀-ဘဲ့ရှိပါတယ်) တထောင်ကျော်တန်ဝန်းကျင် လက်လုပ်စက်ဘီးနဲ့ဘဲ့ သူဦးဆောင်ရာနောက်ကို မနိုင် မနင်းနဲ့လိုက်ကြရပါတယ်။ ဆရာဖြစ်ဖြစ်ချင်း ဦးအောင်သိန်း ပညာပေးလိုက်ပုံကလဲကြည့်ပါဦး။ ထား ၀ယ်နဲ့ လောင်းလုံ ၁၀-မိုင်ဝန်းကျင်ကိုသာ စီးဖူးတဲ့ ကျနော်တို့ ၂-ဦးကို ထားဝယ်မြိုနဲ့ ၃၂-မိုင်ဝေးပီး တောင်ဆင်း-တောင်တက်များလှတဲ့ တောင်သုံးလုံး (အခု ကန်ချနပူရီ-ထားဝယ်ကားလမ်းပေါ်ကရွာ) ရွာအထိ ခေါ်သွားပီး အသွားအပြန် ၆၄-မိုင်စီးခိုင်းခဲ့ပါတယ်။ ကျနော်ဟာ တောင်အတက်မှာပြတ် ကျန် ခဲ့တဲ့အပြင် ကုန်းအဆင်းမှာလဲ အရှိန်နဲ့မဆင်းရဲ။ ပီးတော့လမ်းကလဲ ကျဥင်္းပီး အကွေ့အကောက်များ တာကြောင့် ဆုံးဖြတ်ချက်မရဲဘူးဆိုရင် ကားနဲ့တိုက်တာ။ ဂျောက်ထဲကျတာ အချိန်မရွေး ဖြစ်နိုင်တဲ့ ခရီး စဉ်မျိုးပါ။


သူများနာမည်နဲ့ ရွေတံဆိပ်ရတဲ့ ကျနော်



ဆရာအောင်သိန်းရဲ့ ပညာပေးမှု။ ကိုထိန်လင်းရဲ့လမ်းပြမှုတွေကြောင့် အဲဒီနှစ် တနသာင်္ရီတိုင်း လူရွေးပွဲမှာ နံပါတ် ၆-နေရာကနေ ကျနော်ကပ်ပီးပါသွားပါတယ်။ စက်ဘီးဟာလဲ ပြေးခုန်ပစ်ပြိုင်ပွဲလိုဘဲ့ ဘောလုံးကွင်းကိုပတ်ပီး စီးနင်းရတဲ့ပွဲက ၆-မျိုးရှိပါတယ်။ အဲဒီထဲက တာအတိုဆုံးပွဲကတော့ မီတာ ၈၀၀။ ကွင်း ၂-ပါတ်။ ဒုတိယက မီတာ ၁၀၀၀- တဦးချင်းစံချိန်ပြု။ တတိယ-က မီတာ ၁၆၀၀။ စတုတ္တ က မီတာ ၄၀၀၀-တဦးချင်းအမှီလိုက်။ ပဉ္စမက မီတာ ၄၈၀၀။ ဆဌမက မီတာ ၁၀၀၀၀- ကွင်း ၂၅-ပါတ်ဖြစ်ပါတယ်။ ဒီပွဲတွေအားလုံးအပီးမှာတော့ ကီလိုမီတာ ၁၀၀-သို့မဟုတ် ကျနော်တို့အခေါ် ၆၂-မိုင် လမ်းပေါ်ပွဲလုပ်ပီး ဒီ ၇-ပွဲစလုံးက တပွဲချင်းအလိုက်အကောင်းဆုံးလူ ၆-ဦးကို လက်ရွေးစင်အဖြစ်ရွေး တာပါ။

မီတာ ၁၆၀၀-တန်းမှာ လူသစ်တန်းမှကျနော်က မထင်မှတ်ဘဲ ပထမ-ရသွားတဲ့အတွက် တိုင်း လက်ရွေးစင်အဖြစ်အရွေးခံလိုက်ရပါတယ်။ ဒါမေပဲ့ ရန်ကုန်ရောက်တော့ ရန်ကုန်။ မန်းတလေး။ မွန်ပြည်နယ်ကလာသူတွေကို ဘယ်လိုမှ ယှဉ်မစီးနိုင်။ နောက်ဆုံးမှာတော့ မွန်ပြည်နယ်က ပုဂိုတွေဆီ မှာအနီးကပ်သင်ကြားရင်းနဲ့ ၁၉၈၆-မှာ သူတိုနဲ့အပြိုင်ယှဉ်စီးနိုင်တဲ့အဆင့်ကို ရောက်လာပီး ၈၇-မှာ ရွေ တံဆိပ်ရတဲ့အထိ တိုးတက်လာပါတယ်။

ဒါပေမဲ့ ထက်အောင်ကျော်တို့ အတုနဲ့အကျိုးပေးပုံကတော့ အဲဒီ ပထမ-ဆုံးရတဲ့ ရွေတံဆိပ်ဟာ ကျနော်အမည်နဲ့မဟုတ်။ မော်လမြိုင်အသင်းက လူတဦးရဲ့အမည်နဲ့။ ဘာကြောင့်လဲဆိုရင် အပြင်းအ ထန်လေ့ကျင်ထားတဲ့ကျနော်ဟာ ထားဝယ်ကနေ ရန်ကုန် ရောက်ရောက်ချင်း မိုးမိပီးအဖျားတက် သွားတဲ့အတွက် ပြိုင်ပွဲမ၀င်နိုင်တော့ဘူးထင်ကာ စာရင်းပေးမထားတော့။ ဒါပေမဲ့ ပြိုင်ပွဲတွေစတဲ့နေ့မှာ အဖျားနဲ့နဲသက်သာလာလို့ ကွင်းထဲသွားကြည့်ရာကနေ စိတ်အားထက်သန်လာပီး ၀င်စီးဖြစ်သွား တာပါ။

ခက်တာက ပြိုင်ပွဲအတွက်ကြိုစာရင်းပေးထားရပီး ကြားနေ့ကျမှဝင်စီးလို့မရ။ အဲဒီချိန်မှာ... "ဒီလို လုပ် ထားဝယ်ကြီး။ ငါတို့ဆီကစာရင်းပေးထားပီး လာမပြိုင်နိုင်တဲ့ ကိုစိုးဝေ-နေရာမှာ မင်းဝင်သာပြိုင် လိုက်" ဆိုပီး မွန်ပြည်နယ်လက်ရွေးစင် တဦးဖြစ်သူ မင်းအောင်ကျော်ကျော်က ကျနော်ကိုအကြံပြုပါ တယ်။

ဒီလိုနဲ့မီတာ ၁၆၀၀-ပြိုင်ပွဲမှာ ကိုစိုးဝေ-အဖြစ် တာဝန်ကျေဝင်စီးလိုက်တဲ့ ကျနော်ဟာ မထင် မှတ်ဘဲခြေစွပ်ကောင်းနေပီး ဘားမားလက်ရွေးစင်ဟောင်း ဦးကျော်ဇောလင်းနဲ့ လက်ရှိ ပဏမ လက် ရွေးစင် ကာစတန်မှ ကိုထိန်လင်းတို့ကို နောက်ဆုံးပါတ်မှာ တမီတာကျော်ကျော်အထိ အပြတ်ဖြတ်ပီး ပန်းဝင်သွားရာကနေ ရွေတံဆိပ်ရသွားပါတယ်။ ဒါမေပဲ့ နာမည်ကိုပြန်ပြင်ခိုင်းလို့မရတော့တာမို့ စိုးဝေ-အမည်နဲ့ဘဲ့ နောက်တနေ့ထုတ်သတင်းစာတွေမှာ မှတ်တန်းဝင်သွားခဲ့ပေါ့။


Tour de France နဲ့ မြန်မာပြည်ကပြိုင်ပွဲ ဘာတွေကွာသလဲ



တလုံးတည်းဖြေရရင်တော့ ကွာတာကမှ ဘာမှမဆိုင်အောင် ဆီနဲ့ရေလို့ ကိုကွာတာပေါ့ကွ -လို့ ဖြေရမယ်ထင်ပါတယ်။ ဒါမေပဲ့ တာဝေးပွဲတွေရဲ့အခြေခံနည်းနာတွေကတော့ အတူတူလို့ဆိုနိုင် ပါတယ်။ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ဘောလုံးကွင်းပတ်စီးရတဲ့ တာတိုပြိုင်ပွဲ ၆-မျီုးနဲ့ လမ်းပေါ်ပြိုင်ပွဲတမျိုးကို မှတ် မိကြမယ်ထင်ပါတယ်။ ဒါဟာ အရှေ့တောင်အာရှ။ အာရှနဲ့ အိုလံပစ်ပွဲတွေမှာ ကျင့်သုံးနေတဲ့ပုံစံနဲ့ အ တူတူဖြစ်ပါတယ်။
ဒါပေမဲ့ ကွားခြားချက်ကတော့ နိုင်ငံတကာပွဲတွေမှာ ပြိုင်ပွဲပုံစံက ၆-မျိုးမကတော့ဘဲ မီတာ ၈၀၀-ေ နာက်ချန်ထွက်တာနဲ့တခြားပြိုင်ပွဲတချို့တိုးလာပါတယ်။ နောက်ထပ်ကွာခြားချက်ကတော့ နိုင်ငံတကာမှာ စက်ဘီးပြိုင်ပွဲကို ဘောလုံးကွင်းမှာမလုပ်ဘဲ သီးခြား စက်ဘီးကွင်းတွေရှိပါတယ်။ ကျ နော်တို့အခေါ် ဒယ်အိုးကွင်းလို့ခေါ်ပြီး ကျွန်းသစ်သားတွေနဲ့အသေချာလုပ်ထားတဲ့အတွက် ဘော်လုံး ကွင်းပါတ်စံချိန်နဲ့ အဲဒီသစ်သားကွင်းစံချိန် ဘာမှမဆိုင်။ ထိုင်းနိုင်ငံမှာတောင် အဲဒီသစ်သားကွင်းရှိနေပီ ဖြစ်တဲ့အတွက် ကျနော်တို့မြန်မာနိုင်ငံက အများကြီးကျန်နေသေးတယ်ဆိုတာ သိသာနိုင်ပါတယ်။

နောက်ထပ်ကွာခြားချက်တခုကတော့ ဘောလုံးကွင်းပတ် တာတို စီးတာနဲ့ လမ်းပေါ်က တာဝေး ပွဲဆိုတာဟာ မီတာ ၁၀၀-တာတိုပြေးတာနဲ့ ၂၆-မိုင် မာရသွန်ပြေးသလိုကွာတာပါ။ ဒါပေမဲ့ ကျနော်တို့မြန်မာနိုင်ငံက လူတွေကတော့ မီတာ ၁၀၀-ရော။ မာရသွန်ရောအကုန်ပြေးတဲ့လူတွေဆို တော့ ကျနော်တို့စက်ဘီးသမားတွေလဲအကုန်စီးပါတယ်။ နိုင်ငံတကာမှာတော့ ဒီလိုမဟုတ်။ မဆိုင်တဲ့ အလုပ်တွေကိုတွဲလုပ်လေ့မရှိ။ လေ့ကျင့်ပုံ။ နည်းစနစ်။ လူဘော်ဒီအချီုးအစားနဲ့ စက်ဘီးအချီုးအစားက အစ ဘာမှမဆိုင်။ အဲဒါတွေကိုအသေချာနားမလည်တဲ့ ကျနော်ဟာ တာတိုစီးဖို့ဆင်ထားတဲ့ ဖရီးအသေ စက်ဘီးနဲ့ ကီလို ၁၀၀။ ၁၅၀-ပြိုင်ပွဲတွေကို ၀င်ပြိုင်မိတယ်ဆိုရင် Tour de France ကလူတွေ ၀ိုင်းဟား ကြမလားဘဲ့။

ထားပါတော့။ အရိုးသားဆုံးဝန်ခံရရင် ၈၇-တံခွန်စိုက်မှာရော။ ၈၈-ပြည်နယ်-တိုင်းမှာရော ရော ရွေတံဆိပ် ၂-ခါ ရဖူးပီးသည်အထိ Tour de France ပြိုင်ပွဲကို ဗွီဒီယို-မှာတခါဘဲ့ကြည့်ဖူးပါတယ်။ ဒါ တောင် အား-ကာ တာဝန်ရှိသူတွေကပြသခြင်းမဟုတ်။ ကျနော်တို့နဲ့ မော်လမြိုင်မှာလေ့ကျင့်ဖေါ်တဦး ဖြစ်တဲ့ ရွေဆိုင်ပိုင်ရှင် ကိုတင့်လွင်-ကပြလို့ ကြည့်ဖူးတာပါ။ သူတို့ဟာ ငွေကြေးအဆင်ပြေသူတွေဖြစ်တဲ့ အတွက် ၀ါသနာအလျောက် စက်ဘီးအကောင်းစားတွေကိုစီး။ အပိုပစ္စည်းအကောင်းစားတွေကို စုနေသူတွေဖြစ်ပီး ရိုရာ-လိုခေါ်တဲ့ အိမ်ထဲမှာလေ့ကျင့်လို့ရတဲ့ အပိုပစ္စည်းကိုလဲ ကိုတင့် လွင်-အိမ်မှာဘဲ့ ကျနော်တို့ အုပ်စုစီးကျင့်ခဲ့ဖူပါတယ်။ ရန်ကုန်က အောင်ဆန်းကွင်းမှာ အလေးမခန်းကလွဲပီး စက်ဘီး အတွက် လေ့ကျင့်ရေးပစ္စည်းဘာမှမရှိ။


လေယဉ်ပြေးလမ်းပေါ်စက်ဘီးစီးပီး ၆၂-မိုင်မှာ လက်ဖက်ရည်သောက်ခြင်း




အနှစ်ပြန်ချုပ်ရရင်တော့ Tour de France လို နိုင်ငံတကာ ကြေးစားပြိုင်ပွဲကိုဝင်ဖို့မဆိုထားနဲ့ အိမ်နီးချင်း အရှေ့တောင်အာရှပြိုင်ပွဲကိုတောင် ၀င်ဖို့အနိုင်နိုင်ကျီုးစားနေရတဲ့ မြန်မာနိုင်ငံအခြေနေပါ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ရန်ကုန်-ပြည်။ ရန်ကုန်-မန္တလေး အသွားအပြန် တာဝေးပြိုင်ပွဲတွေလုပ် နေတာကိုသတင်းစာထဲမှာတွေ့ရပီး ပထမ-ဆုရသူကို ငွေတသိန်းနဲ့ ပြိုင်စက်ဘီးတစီး (ကုပ္ပဏီတွေက) ပေး တာမျီုးအထိ တိုးတက်လာနေတာကိုတော့ သတိထားမိပါတယ်။ ကျနော်တို့ခေါတ်ကဆိုရင်တော့ သံနဲ့လုပ်ထားတဲ့ ဆုတံဆိပ်တခု။ ရွေဝါဆပ်ပြာတတုံး။ မုဒုံစောင်တထည်ထက်ပိုပီး ဘာမှမရ။ ပိုဆိုး တာကတော့ ဓါတ်ဆီဈေးကြီးလို့ဆိုပီး တာဝေးပွဲအတွက် ကားမလိုက်နိုင်တဲ့ နှစ်တွေနဲ့တောင် ထားဝယ် မှာကြုံရဖူးပါတယ်။ ဒီလိုအခြေနေအောက်မှာ အနူတောထဲ လူချောဖြစ်နေတဲ့ ကျနော်တို့ခေါတ် တာဝေး သမားတွေကတော့ ရန်ကုန်တိုင်းက အတာနဲ့ မောင်မောင်စိုး။ မန္တလေးတိုင်းက စိန်ပန်းသန်းဌေးနဲ့ စိုးနောင်။ မော်လမြိုင်က မင်းအောင်ကျော်ကျော်နဲ့မင်းသိန်းချစ်။ ရှမ်းပြည်နယ်ဖက်က စိုင်းတင်မောင် တို့ဖြစ်ပါတယ်။

Tour de France ပွဲကိုကြည့်ရင်း နောက်ထပ်သတိထားမိတဲ့အချက်တွေကတော့ ကျနော်တို့ သုံးတဲ့ စက်ဘီးနဲ့ သူတို့သုံးတဲ့စက်ဘီးတွေကလဲ ဆီနဲ့ရေ လိုကွာနေတာပါ။ ဒီကပုဂိုလ်တွေက ဒေါ်လာ ၃-၄ ထောင်တန် စက်ဘီးစီးနေချိန်မှာ ကျနော်တို့က ကျပ်ငွေ တသောင်းမပြည့်တဲ့ စက်ဘီးတွေနဲ့။ ပီး တော့ စက်ဘီးပစ္စည်းတွေကလဲ ပစ်ဆံရှိတိုင်းဝယ်လို့မရ။ အား-ကာ ကထုတ်ပေးတဲ့ အချိန်ကိုစောင့်နိုင် ရင်စောင့်။ ဒါမှမဟုတ် ၂၅-လမ်းက စက်ဘီးတန်းမှာ မှောင်ခိုဈေးပေးပီး ၀ယ်ရင်ဝယ်။ တခြားဝယ်စရာ နေရာမရှိ။ ပီးတော့ ဒီနေ့ Tour de France ကလူတွေ ၀တ်စားဆင်ရင်ထားပုံ ကလဲကြည့်ပါဦး။ ဦးထုပ် ကနေ ဖိနပ်အထိ တမျီုးကိုအနဲဆုံးဒေါ်လာ ၅၀၀-၀န်းကျင်။

ကျနော်တို့ဆီမှာတော့ ကျော်စိန်ဘောလုံး ကန်ဖိနပ်ကို ဘားတွေဖြုတ်ပီး စက်ဘီးစီးလို့ရအောင်ပြင်။ မောင်သောင်းဆိုင်ကိုဝင်ပီး နိုင်ငံခြားက စက် ဘီးစီးအကျီပုံစံအတိုင်းချုပ်ခိုင်း။ မြောက်ဥက္ကလာဆီသွားပီး လက်ချုပ်ဖော့ဦးထုပ်ကို ကိုယ်စရိတ်နဲ့ ကိုယ်မှာနဲ့ တကယ့်ကိုရင်နာဘွယ်ပါဘဲ့။ ကျနော်စိတ်ထဲ နှိုင်းယှဉ်ခံစားမိဆုံးဖြစ် စဉ်တခုကတော့ Tour de France ကလူတွေ ရေဗူးကိုတခါသုံးပီးလွင့်ပစ်လိုက်တဲ့မြင်ကွင်းပါဘဲ့။ ကျနော်တို့ မြန်မာနိုင်ငံမှာ တုန်းကတော့ တလမှ ကျပ် ၃၀၀-သာ ကျောင်းစရိတ်ရတဲ့ထဲက ရေဗူးတလုံးကို ၁၅၀ -နဲ့ မနဲဖြစ်ညှစ် ၀ယ် ထားရတာကိုသာသိရင် ဒီလူတွေ မြန်မာစက်ဘီးသမားတွေအတွက် အလှုငွေများ ထည့်ကြလေ မလားမသိ။

ဒီဆောင်းပါးရေးရင်းနဲ့ ထူးထူးခြားခြားသတိရလာတဲ့အချက် ၂-ခုကတော့ လေယဉ်ပြေးလမ်း ပေါ် စက်ဘီးစီးပြိုင်ပွဲလုပ်တာနဲ့ ပြိုင်ပွဲကာလအတွင်း လက်ဖက်ရည်ဆိုင်ထိုင်ခဲ့ဖူးတယ်ဆိုရင် စာဖတ်ပရိ သတ်ယုံပါ့မလားဘဲ့။

လေယဉ်ပြေးလမ်းပေါ်စက်ဘီးစီးဖူးတာက ၁၉၈၅-ကပါ။ ထားဝယ် ဘော်လုံးကွင်း မှာ ပြည်ထောင်စုပွဲတော်အတွက် စင်ဆောက်တာ။ ဘာ ညာနဲ့ရှုပ်နေလို့ စက်ဘီးစီးဖို့မသင့်တော်ဘူး။ ဒါ ကြောင့် ရန်ကုန်လေယဉ်ပြန်ပီးတဲ့အချိန် နေလည် ၃-နာရီမှာ ထားဝယ်လေယဉ်ကွင်းမှာ ပြိုင်ပွဲလုပ်မယ် လို့ အား-ကာ ကပြောပါတယ်။ အဲဒီနှစ်ပွဲမှာ ကျနော်ရှုံူးတာပါဘဲ့။ ဘာကြောင့်လဲဆိုရင် တောလမ်းမှာ သာစီးဖူးတဲ့ကျနော်ကို ချောမွတ်နေတဲ့ လေယဉ်ပြေးလမ်းပေါ်တင်ပေးလိုက်တော့ ဘယ်လိုမှမစီးတတ်။ အဲဒီကွင်းထဲမှာ ၂-ရက်ဆိုက်တိုက်စီးရင်းနဲ့ ၁၉၈၅-မှာ ကျနော်လက်ရွေးကျန်ဖြစ်ခဲ့တယ်ဆိုပါတော့။

စက်ဘီးစီးရင်း လက်ဖက်ရည်ထိုင်သောက်တာကတော့ ရှေ့မှာပြောခဲ့တဲ့ ကျနော်ပထမ-ဆုံး ရွှေ ရတဲ့ ၁၉၈၇- တခွန်စိုက်ပြိုင်ပွဲမှာပါ။ ပြည်နယ်တိုင်းပွဲတွေကို ဖေဖေါ်ဝါရီမှာလုပ်ပီး တံခွန်စိုက်ကိုတော့ မေလမှာလုပ်လေ့ရှိပါတယ်။ ကံကောင်းထောက်မပီး ရွှေတံဆိပ်တခုရထားတဲ့ကျနော်ဟာ တခြားပွဲတွေ မှာလဲ ရွှေထပ်ရဦးမလားဆိုပီး ကျိုးစားခဲ့ပေမဲ့ ကျန်လူတွေအားလုံးကို ၀ါ-ချင်းမယှဉ်နိုင်။ ဒီလိုနဲ့နောက် ဆုံးနေ့ လမ်းပေါ်ပွဲ မိုင် ၁၀၀-သို့မဟုတ် ကီလိုမီတာ ၁၅၀-နေ့မှာတော့ ကျနော်ဟာ ၁၆-ဦးပြိုင်တဲ့အထဲ ၁၆-နေရာနဲ့ပန်းဝင်သွားပါတယ်။

ပန်းဝင်ပုံကလဲကြည့်ပါဦး။ အောင်ဆန်းကွင်းကနေ မှော်ဘီဖက်ကို ပြည်လမ်းအတိုင်းသွား။ မော်ဘီအလွန်ကနေပြန်ကွေ့ပီး ဗိုလ်ရွေးတောင်မှာပန်းဝင်ရမှာဖြစ်ပါတယ်။ ဒါ ပေမဲ့ ရှေ့မှာကျနော်တင်ပြခဲ့တဲ့ တာဝေးဆရာကြီး အတာ။ မောင်မောင်စိုးနဲ့ တခြားတဦးတို့ဟာ ခြေစွပ် ကောင်းနေပီး ၃-ဦးတည်းလွတ်အောင် ဖေါက်ထွက်သွားနိုင်ခဲ့ပါတယ်။ အဲဒီချိန်မှာ မြန်မာ့လက်ရွေးစင် ဟောင်းကြီး ဦးကျော်ဇောလင်းကနေ..."First to third ကတော့ ပီးသွားပီ။ အဲတော့ မောင်ရင်တို့ ကျုပ်နဲ့အတူ လက်ဖက် ရည်ဆိုင်ထိုင်ရဲလား" ဆိုပီးမေးပါတယ်။
ကျနော်နဲ့အတူပါနေတဲ့ မွန်နဲ့မန္တလေးကပုဂိုလ်တွေကလဲ လူနောက်တွေဆိုတော့ အားလုံး အိုကေပေါ့။

အဲဒါနဲ့ "တို့လူတွေညီစေနော်။ သောက်နေတုန်းထပြေးတဲ့ကောင်တော့ သစ္စဖောက်ဘဲ့" လို့ ပြောပီး ဗိုလ်ရွေးတောင်မရောက်ခင် မိုင် ၂၀-ခန့်အကွာက (ရွာအမည်ကျနော်မမှတ်မိတော့) လမ်းဘေး လက်ဖက်ရည်ဆိုင်ကြီးတခုမှာ ကျနော်တို့ ၁၃-ဦး ထိုင်သောက်ပါလေရော။ မှာတာနဲ့သောက်တာနဲ့ဆို ရင် ၁၅-မီနစ် မီနစ် ၂၀-တော့ကြမယ်ထင်တာပါဘဲ့။ လမ်းရှင်းပေးတဲ့ရှေ့ပြေးကားနဲ့ ရဲတွေကလဲ ပထမ- ၃-ဦးနဲ့အတူပါသွားပီဖြစ်လို့ ကျနော်တို့နဲ့အတူ နောက်ဆုံးကားတစီးဘဲ့ကျန်ခဲ့တယ်လို့ထင်ပါတယ်။ အဲ ဒီလို လက်ဖက်ရည်သောက်ပီးမှ အေးအေးဆေးဆေး စက်ဘီးစီးတာမျီုးကတော့ မြန်မာနိုင်ငံမှာဘဲ့ ရှိခဲ့ ဖူးမယ်ထင်ပါတယ်။


အ၀ါရောင်အကျီလုပွဲနဲ့ ချန်ပီယံဘယ်သူဖြစ်မလဲ




အခုဆိုရင် Tour de France ပွဲပန်းဝင်ဖို့ တရက်ဘဲ့လိုပါတော့တယ်။ ချန်ပီယံ ဘယ်သူဖြစ်မလဲ ဆိုတာ အတိအကျပြောဖို့စောနေသေးပေမဲ့ BMC Racing Team မှ သြစတေလျနိုင်ငံသား Cadel Evans ရဖို့သေချာသလောက်ရှိနေပါတယ်။ တကယ်လို့သူသာရမယ်ဆိုရင် ဒါဟာ သြစတေလျတဦး ပထမ-ဆုံးအကြိမ် Tour de France ချန်ပီယံဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ အခုချိန်ထိတော့ သူရမယ်လို့ သေချာပေါက်ပြောလို့မဖြစ်သေး။ ဘာကြောင့်လဲဆိုရင် ဒီနှစ်ပွဲဟာ ရလာဒ်တွေနေ့စဉ်ပြောင်းလဲနေပီး မ နေ့ကအထိ Leopard အသင်းမှ လူဇင်းဘတ်နိုင်ငံသား Andy Scheck ရမယ်လို့ ကျနော်ထင်ထားလို့ပါ ။ သူဟာ အယင်တနေ့ကအထိ အ၀ါရောင်အကျီပိုင်ရှင် Europcar အသင်းမှ ပြင်သစ်နိုင်ငံသား Thomas Voeckler ကို တမီနစ် ၄၈-စကန့်ပြတ်နေရာကနေ ၁၈-စကန့်ပြတ်တဲ့အထိလိုက်လာပီး နောက်တနေ့မှာ အကျီအ၀ါကို ရအောင်ယူနိုင်ခဲ့လို့ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနေ့ တဦးချင်းစံချိန်ပြုပွဲမှာတော့ Andy ဘာဖြစ်သွား လဲမသိ။ Cadel Evans က ပထမ-ရပီး အကျီအ၀ါရသွားပါတယ်။ တကယ်တန်းပြောမယ်ဆိုရင်တော့ Evans ကလဲခေသူမဟုတ်။ One to Ten စာရင်းထဲမှာအမြဲတန်းရှိနေပီး Andy-ပထမ-ရတဲ့နေ့ကဆိုရင် သူရဲ့ခြေကို ကောင်းကောင်း မြင်ရပီး အဆုံးအဖြတ်မှားခဲ့လို့သာ ၂-မီနစ်ခွဲလောက် ပြတ်ကျန်ခဲ့တဲ့သဘောဖြစ်ပါတယ်။ ဘယ်လိုဘဲ့ ဖြစ်ဖြစ် အခုချိန်မှာတော့ ရက် ၂၀-စီးပီးတဲ့အထိအကွာအဝေး ၃၃၂၃-ကီလိုမီတာကို Cadel Evans က 83-နာရီ။ 45.မီနစ်နဲ့ 20 စကန့် ရထားပါတယ်။ Andy Schleck က 0:01:34 ပြတ်ပီး ဒုတိယ။ သူရဲ့ညီ Fränk Schleck က 0:02:30 ပြတ်ပီး တတိယ။ Thomas Voeckler က 0:03:20 ပြတ်ပီး စတုတ္တ။ လက်ရှိ ချိန်ပီယံ Saxo Bank အသင်းမှ စပိန်နိုင်ငံသား Alberto Contador Velasco က 0:03:57 ပြတ်ပီး ပဉ္စမနေရာ တွေမှာရှိနေပါတယ်။ ပြိုင်ပွဲဟာ မနက်ဖြန်တရက်သာကျန်တော့တဲ့အတွက် ခြေရည် တူသူ အချင်းချင်းကြား တမီနစ်ခွဲပြတ် အောင်စီးဖို့မလွယ်တော့တဲ့အတွက် Evans-ဘဲ့ ပါရီမှာ ချန်ပီယံ-ဆု ရဖို့သေချာသလောက်ရှိနေတယ် လို့ပြောရမှာဖြစ်ပါတယ်။

တဦးချင်းစံချိန်ပြု တာတိုစီးတဲ့ ၂-ရက်မှာ ကီလို ၂၀-ကျော်နဲ့ ၄၀-ကျော်စီးတာမှအပ သတင်း ၃-ပါတ်လုံးလုံးမှာ ကီလို ၁၀၀-ကျော်ကနေ ၂၂၆-ကီလိုအထိစီးခဲ့ရသူတွေမို့ ဒီပွဲကိုဝင်ပြိုင် ဖို့ဆိုတာ။ အထူးသဖြင့် ဒီပွဲမှာ ချန်ပီယံဖြစ်ဖို့ဆိုတာ အတော့်ကိုမလွယ်တဲ့ကိစ္စပါ။ ဒီလိုမလွယ်တဲ့ပွဲကို တောင်မှ အမေရိကန်နိုင်ငံသား Lance Armstrong -က ၇-ကြိမ်ဆက်တိုက် ချန်ပီယံဆွဲသွားခဲ့ဖူးပါတယ်။ စပိန် မှ Alberto Contador ကလဲ ၂-ကြိမ်ဆက်တိုက်ရထားပီး လူဇင်းဘတ်မှ Andy Schleck ကလဲ ၂-နှစ်ဆက်တိုက် ဒုတိယ-ရထားတာမို့ ဒီနှစ်မှာတော့ သူတို့ ၂-ဦးထဲက တဦးဦးဘဲ့ရလိမ့်မယ်လို့ အများက ထင်နေစဉ်မှာ ရလာဒ်တွေက အခုလိုမမျော်လင့်ဘဲ့ ပြောင်းလဲကုန်တာဖြစ်ပါတယ်။






(အခု ၂၄-ရက်နေ့သတင်းတွေအရတော့ အ၀ါရောင် ဂျက်စီပိုင်ရှင် evans ကဘဲ့ ပထမ-ရ သွားပီဖြစ်ပီး Schleck တို့ညီ အကိုက ဒုတိယ-နဲ့ တတိယ-ရသွားကြပါတယ်။ ဒီနေ့အတွက် တနေ့တာ အနိုင်ဆုကိုတော့ (HTC-Highroad) အသင်းမှ ဗြိတိန်နိုင်ငံသား Mark Cavendish က ရသွားပါတယ် ။ သူဟာ တာတိုပြိုင်ပွဲတွေကနေ တာဝေးပွဲဆီပြောင်းလာသူတဦးဖြစ်တဲ့အတွက် Sprint သိပ်ကောင်းပီး အစိမ်းရောင်အကျီကိုအချိန်များစွာပိုင်ဆိုင်နိုင်ခဲ့သူတဦးလဲဖြစ်ပါတယ်။ အကောင်းဆုံးတောင် တက်သ မားဆု အနီရောင်ကွက်ကျားအကျီကိုတော့ Euskaltel-Euskadi အသင်းမှ စပိန်နိုင်ငံသား Samuel Sanchez Gonzalez က ရရှိသွားပါတယ်။ အသက် ၂၅-နှစ်အောက်လူငယ်တွေထဲက အကောင်းဆုံးဆု အဖြူရောင်အကျီကိုတော့ Team Europcar အသင်းမှ ပြင်သစ်နိုင်ငံသား Pierre Rolland က ရရှိသွား ပါတယ်)


စက်ဘီးစီးပီး ရံပုံငွေရှာပေးနိုင်တဲ့ မြန်မာဦးရေ တိုးလာဘွယ်ရှိမလား



Tour de France -အကြောင်း ချီးမွန်းခန်းဖွင့်ပီး မြန်မာ့စက်ဘီးလောက အားနဲချက်တွေကို ထောက်ပြနေပေမဲ့ တကယ်ကတော့ မြန်မာတင်မက ဘယ်အာရှသားတဦးတယောက်ကိုမှ Tour de France -မှာ ကျနော်မတွေ့မိ။ နောက်တခါ ပြေးခုန်ပစ်နဲ့တာဝေးပွဲတွေမှာနာမည်ကြီးတဲ့ အာဖရိကတိုက် က လူမဲတွေကိုလဲ တဦးမှမတွေ့မိ။ ဥရောပ။ မြောက်အမေရိကားနဲ့ သြစတေလျတိုက်သား သက်သက် သာပြိုင်ရတဲ့ ပွဲတခုလိုဖြစ်နေတာကတော့ သိပ်မမိုက်သေး။ ဒါဟာ ကျနော်တို့အာရှသားတွေက ဥရောပ တိုက်သားတွေကို ယှဉ်မစီးနိုင်သေးလို့လား။ နည်းစနစ်ပိုင်းရော။ ရုပ်ဝတ္တူပစ္စည်းရော။ ခန္ဒာကိုယ်ဖွဲ့စည်း ပုံအရပါ အားနဲနေသေးလို့လား။ ဆက်ပီးစဉ်းစားသင့်ပါတယ်။

ကျနော့်တဦးချင်းအနေနဲ့ အကြံပြုနိုင်တာကတော့ မြန်မာနိုင်ငံလို စက်ဘီးအစီးများတဲ့ အာရှနိုင် ငံတခုအနေနဲ့ ဒီလိုနိုင်ငံတကာစက်ဘီးစီးပြိုင်ပွဲ ကျင်းပချိန်ကို အခွင့်ကောင်းယူပီး မြန်မာတွေ စက်ဘီး အားကစားအကြောင်း ပိုသိလာအောင်။ ပိုစိတ်ဝင်စားလာအောင် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နဲ့ အား-ကာ တာဝန်ရှိသူတွေကလုပ်ပေးသင့်ပါတယ်။ ပြည်တွင်း-ပြည်ပ မီဒီယာတွေကလဲ အားကစားမျီုးစုံကို အဆင့်တန်းမခွဲဘဲ တပြေးညီဖေါ်ပြသင့်တယ်လို့ထင်ပါတယ်။ မြန်မာတနိုင်ငံလုံးမှာ စက်ဘီးစီးသူဦးရေ နဲ့ စက်ဘီးအရေအတွက် ဘယ်လောက်ရှိမှန်း ကျနော်အတိအကျ မသိနိုင်ပေမဲ့ ဘော်လုံးကန်သူဦးရေ။ ဘော်လုံး အရေအတွက်ထက်တော့ ပိုများမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဘောလုံးကွင်းဆီ စက်ဘီးစီးပီး သွားကြည့်သူတွေ။ ဘော်လုံးပွဲလောင်းဖို့အရေး စက်ဘီးတစီးနဲ့ အလုပ်ရှုပ်နေသူတွေဟာ ဘော်လုံးကို ဘဲ့စိတ်ဝင်စားနေပီး ကိုယ်စီးနေတဲ့ စက်ဘီးကို စိတ်မ၀င်စားတာကတော့ တခုခုလွဲနေသလားလို့ ကျ နော်စဉ်းစားနေမိပါတယ်။

ဒါကြောင့် Tour de France ကမ္ဘာကျော်ပြိုင်ပွဲကို အခွင့်ကောင်းယူပီး မီဒီယာတွေကနေ စက်ဘီးအားကစားအကြောင်းကို လူထုသိအောင် များများလုပ်ပေးနိုင်မယ်ဆိုရင် အဲဒီကတဆင့် စက် ဘီးအားကစားကို လူတွေပိုစိတ်ဝင်စားလာမယ်ဆိုရင်... ကိုစိုးနိုင်လိုမျိုး အများအကျိုးအတွက် စက်ဘီး စီးပီးရံပုံငွေရှာပေးနိုင်တဲ့လူတွေ။ စက်ဘီးစီးပီး နိုင်ငံရေးကမ်ပိန်းလုပ်နိုင်တဲ့လူတွေ။ မြန်မာနိုင်ငံနဲ့ မြန် မာတွေ အခြေချရောက်ရှိနေတဲ့ တတိယ-နိုင်ငံတွေမှာ တိုးပွါးလာမယ်လို့မျော်လင့်နေမိပါတယ်။

(မှတ်ချက်... ဒီဆောင်းပါးကို သောကြာနေ့မှာတင်နိုင်ဖို့ကျိုးစားခဲ့ပေမဲ့ အင်တာနက်လိုင်ပြတ်တာ။ အော်စလိုမှာ ဗုံးကွဲတာ တွေကြောင့် တရက်နောက်ကျသွားတဲ့အပေါ် စာဖတ်ပရိသတ်အား တောင်းပန်အပ်ပါတယ်၊ ၀န်ခံချက်အနေနဲ့ ကတော့ ဒီထဲက ဓါတ်ပုံတွေကို http://www.cyclingnews.com/tour-de-france ကယူထားပါတယ်)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More