Thursday, December 15, 2011

သူပုန္ေက်ာင္းသားတဦးရဲ့ မာရသြန္ခရီး (၁၂)

သူပုန္ေက်ာင္းသားတဦးရဲ႕ မာရသြန္ခရီး (၁၂)
December 15, 2011 7:10 pm
ေအာက္ေမ့ဖြယ္။ ဧရာ၀တီမဂဇင္း။


မာနယ္ပေလာဌာနခ်ဳပ္သုိ႔ ပထမခရီးစဥ္

KNU နယ္ေျမေကာ္မီတီမွာ တာ၀န္ထမ္းစဥ္အတြင္း မာနယ္ပေလာကုိ ၃၊ ၄ ေခါက္ က်ေနာ္ေရာက္ဖူးခဲ့ေပမယ့္ ပထမအေခါက္ေရာက္တာဟာအေရးေပၚညီလာခံ မတုိင္မီလား။ ညီလာခံၿပီးမွလား ဆုိတာကိုေတာ့ အေသခ်ာ မမွတ္မိေတာ့ပါ။ ပထမအေခါက္ဟာ ဥကၠ႒ ကိုေက်ာ္ေက်ာ္၊ အတြင္းေရးမႉး ကိုခင္ေမာင္စုိးတို႔နဲ႔အတူ က်ေနာ္ ပါသြားတာျဖစ္တဲ့အတြက္ နယ္ေျမေကာ္မီတီ ဖြဲ႕ၿပီးကာစမွာ သြားတာျဖစ္ဖုိ႔မ်ားပါတယ္။ အခ်ိန္ကာလကုိ အတိအက် မမွတ္မိေတာ့ေပမယ့္ ထူးျခားလွတဲ့ မာနယ္ပေလာရဲ့ ပထ၀ီ အေနထားနဲ႔ အခင္းအက်င္းကိုေတာ့ အခုအထိ စိတ္ထဲမွာ ျမင္ေနဆဲျဖစ္ပါတယ္။

မာနယ္ပေလာစခန္းေရာက္ ABSDF စစ္ေၾကာင္းတခု

ထုံးစံအတုိင္း မဲေဆာက္၊ မယ္လ၊ မက္သေလ၊ ခေလတလူကေန မာနယ္ပေလာအထိ ကားႀကံဳ၊ ေလွႀကံဳ အဆင့္ဆင့္နဲ႔ ေရာက္လာတဲ့ က်ေနာ္တို႔အုပ္စု မာနယ္ပုေလာ ေလွဆိပ္ေရာက္ေတာ့ ညေနေစာင္းေနပါၿပီ။ ဗုိလ္မႉးစုိးစုိးအိမ္က ထုတ္ေပးထားတဲ့ ခရီးသြားလက္မွတ္ကုိ ဗဟုိေလွဆိပ္၊ စစ္ေဆးေရးဂိတ္မွာျပၿပီး  သူပုန္ဌာနခ်ဳပ္ဆီ က်ေနာ္တို႔ တက္လာခဲ့ပါတယ္။ ေလွဆိပ္ကေန အေပၚတက္တဲ့ လမ္းေၾကာင္း ၂ ခုရွိၿပီး က်ေနာ္တို႔ တက္လာတဲ့လမ္းမွာေတာ့ သစ္သားေလွကားထစ္တခ်ဳိ႕၊ ေျမေလွကားထစ္တခ်ဳိ႕နဲ႔ မညီမညာ၊ အတို အရွည္ ေလွကားထစ္ ၄၀ ေလာက္ ရွိမယ္လို႔ထင္ပါတယ္။


ေလွကားထစ္ေတြဆုံးလို႔ ေျမညီလႊာကုိေရာက္တာနဲ႔ ျမက္ခင္းစိမ္းစိမ္းရွိတဲ့ မာနယ္ပေလာ ေဘာလုံးကြင္းနဲ႔ ကြင္းပတ္လည္က သစ္သားအိမ္ေတြ၊ ရံုးေတြကို ျမင္လုိက္ရပါတယ္။ အဲဒီရံုးေတြ၊ အိမ္ေတြထဲက ပထမဆုံးေတြ႔တဲ့အိမ္ဟာ က်ေနာ္တို႔သြားခ်င္တဲ့ KNU အတြင္းေရးမႉးခ်ဳပ္ ပဒုိဘသင္စိန္ (ေနာက္ပုိင္း KNU ဥကၠဌျဖစ္လာၿပီး ၂၀၀၈ မွာ ကြယ္လြန္သြားသူ) ရဲ႕ အိမ္ပါပဲ။ “ဟာလဲေဂး ပဒုိ” လို႔ိ မိတ္ဆက္ၿပီး သူအိမ္ေပၚ က်ေနာ္တို႔ တက္သြားပါတယ္။

ေကအန္ယူအရာရွိေတြနဲ႔ေတြ႔ရင္ ကရင္လုိႏႈတ္ဆက္ႏိုင္ဖုိ႔ “၀ါ-နီ-ဟာ-နာ” ကို အလြတ္က်က္ထားရပါတယ္။ မနက္ပုိင္း Good morning ကုိ ၀ါလဲေဂး။ ေန႔လည္ပုိင္း Good afternoon ကုိ နီလဲေဂး။ ညေနပုိင္း Good evening ကုိ ဟာလဲေဂးလို႔ေျပာၿပီး ညပုိင္း Good night ကုိ နာလဲေဂးလို႔ သုံးပါ တယ္။ အဲဒါကုိ အလြတ္မရဘဲ ၀ါ-နီ-ဟာ-နာ ကို ေနရာမွားသုံးၿပီး ေျပာင္းျပန္ႏႈတ္ဆက္မိရင္ “ဗမာလုိပဲ ေျပာပါဗ်ာ။ မဂၤလာပါလို႔ ေျပာရင္လည္း ရပါတယ္” လို႔ အေျပာခံရတတ္ပါတယ္။ တခါတရံမွာေတာ့ အဟားခံရတတ္ပါတယ္။ ဒါေၾကာင့္ ဒီ ၄ ခုကိုေတာ့ ေနရာမွားမသုံးမိေအာင္ က်ေနာ္တို႔ က်ဳိးဖုိးေတြ အာဂံုေဆာင္ထားရပါတယ္။

ေနာက္တခါ ဒီလုိမ်ဳိး အခ်ိန္ပုိင္းျခားအလုိက္ ႏႈတ္ဆက္နည္းေတြကို ကရင္နယ္ေျမအပါ၀င္ ႏိုင္ငံတကာမွာ က်ေနာ္ႀကံဳခဲ့ရဖူးေပမယ့္ က်ေနာ္တို႔ျမန္မာႏိုင္ငံမွာေတာ့ မရွိဘူးလို႔ထင္ပါတယ္။ “မဂၤလာပါ” လို႔ ႏႈတ္ဆက္တာမ်ဳိးကို ေက်ာင္းခန္းထဲ ဆရာမ ၀င္လာခ်ိန္မွာ ေျပာတာကလြဲရင္ တျခားေနရာမွာ သုံးတာ က်ေနာ္ေတာ့ သိပ္မၾကားမိပါဘူး။ “ေနေကာင္းလား”၊ “ထမင္းစားၿပီးၿပီလား” စသည္ျဖင့္ ႏႈတ္ဆက္တာက ပုိမ်ားတယ္လို႔ထင္ပါတယ္။ တဆက္တည္း တင္ျပခ်င္တဲ့ ထူးျခားမႈကေတာ့ ကရင္နယ္အပါ၀င္ ႏိုင္ငံတကာမွာ က်ေနာ္ေတြ႔ဖူးသမွ် လူမ်ဳိးေတြမွာ Family name မိသားစုအမည္ေတြရွိေပမယ့္ ျမန္မာမွာေတာ့ အမည္ေတြက တေယာက္တမ်ဳိးစီျဖစ္ေနျပန္ပါတယ္။ အေဖအမည္နဲ႔ သားသမီးအမည္ေတြဟာ ဘာမွအခ်ိတ္အဆက္မရွိဘဲ သီးျခားစီ ျဖစ္ေနတာကလည္း ျမန္မာႏိုင္ငံရဲ့ ထူးျခားမႈအျဖစ္ ေတြ႔မိပါတယ္။

၀ါ-နီ-ဟာ-နာ နဲ႔ မိသားစုအမည္ကိစၥေတြကို စဥ္းစားရင္း ပဒုိဘသင္စိန္ရဲ့ အိမ္ေပၚ က်ေနာ္တို႔ ေရာက္သြားပါတယ္။ အတြင္းေရးမႉးခ်ဳပ္အိမ္ဆိုေပမယ့္ ဘာမွထူးထူးျခားျခား အေဆာင္ေယာင္ေတြမရွိပါ။ ေနာက္ပုိင္းမွ သိရတာကေတာ့ ဒီအိမ္ေတြဟာ ရံုးနဲ႔တဲြထားတဲ့အိိမ္ေတြသာျဖစ္ၿပီး ဗိုလ္ခ်ဳပ္ျမအပါ၀င္ ေကအန္ယူ ထိပ္တန္းအရာရွိေတြရဲ႕ မိသားစုေနအိမ္ေတြဟာ မာနယ္ပေလာကေန မိနစ္ ၂၀ ခန္႔ ေလွစီးရတဲ့ ေဖြးေဘာလူရြာမွာရွိတယ္လို႔ သိရပါတယ္။ ေက်ာင္းသားတခ်ိဳ႕ ေရာက္ဖူးၾကေပမယ့္ က်ေနာ္ မေရာက္ဖူးလုိက္ပါ။

တျခမ္းေစာင္းေနတဲ့ ေတာင္နံရံကုိ ေျမမညွိဘဲ တုိင္ကုိ ညွိၿပီးေဆာက္ထားတဲ့အိမ္။ ေျခတံရွည္ ကြ်န္းသစ္သားသစ္တုိင္ အတိုအရွည္ေတြ စိုက္ထားၿပီး အဲဒီေပၚမွာ သစ္တခ်ဳိ႕၊ ၀ါးတခ်ိဳ႕နဲ႔ အေသခ်ာ ေဆာက္ထားတဲ့ ေျခတံရွည္ တဲအိမ္တလုံးမွ်သာျဖစ္ပါတယ္။ အမုိးက အင္ဖက္၊ အခင္းက ကြ်န္းသစ္ သားအၾကမ္းထည္။ တျခမ္းပဲရွိတဲ့ အကာက ၀ါးထရံ။ ခါးဆစ္ေလာက္အထိ ၀ါးထရံ ကာထားတဲ့ သူ႔အိပ္ခန္းတခုကလြဲရင္ တအိမ္လုံးဟင္းလင္းျပင္။ အိမ္အလ်ားက ေပ ၃၀ ေလာက္ရွိၿပီး အနံက ၁၅ ေပေလာက္ရွိမယ္လို႔ ထင္ပါတယ္။ အိိမ္ေရွ႕ေလွကားအတက္ ကြပ္ျပစ္မွာက ဧည့္ခန္း။ အေပၚ ဆင့္မွာ သူရဲ႕ရံုးခန္း။ ေနာက္ေက်ာဘက္မွာ မီးဖုိးေခ်ာင္။ ဒါပါပဲ။

ရံုးခန္းဆုိေပမယ့္ အဲဒီကာလက ကြန္ျပဴတာမေပၚေသးတဲ့အတြက္ သူရဲ႕အတြင္းေရးမႉးတဦးက လက္နွိပ္စက္တလုံးနဲ႔ ကရင္စာ၊ အဂၤလိပ္စာေတြကို တေဂ်ာက္ေဂ်ာက္နဲ႔ ရုိက္ေနတုန္း။ အတြင္းေရးမႉးဆုိေပမယ့္ ေကာ္သူးေလ အ.ထ.က ကေန ဆယ္တန္းေအာင္ခါစ ဖက္ဒရယ္တကၠသိုလ္ကို တက္ေနတဲ့ ေက်ာင္းသားေလးတဦးက ေစတနာ့၀န္ထမ္းအျဖစ္ ကူညီေနတဲ့သေဘာမ်ဳိး ျဖစ္ပုံရပါတယ္။ ေနာက္တေယာက္ေတာ့ တုိလီမုိလီလုပ္ေပးရတဲ့ ရဲေဘာ္ႀကီး မူးကလိ။ သူကေတာ့ က်ေနာ္တုိ႔ေက်ာင္းသားေတြနဲ႔ အရင္ႏွီးဆုံးပုဂိၢဳလ္ျဖစ္ၿပီး ေနာက္ပုိင္းမွာ NCUB ပုိ႔ေဆာင္ေရးဌာနမွာ ဆက္လက္ တာ၀န္ထမ္းခဲ့ပါတယ္ (အခုေတာ့ သူလည္း ေနာ္ေ၀းႏိုင္ငံ ေရာက္ေနပါၿပီ) အဲဒီညက ရဲေဘာ္ႀကီး မူးကလိ လက္စြမ္းျပထားတဲ့ ကရင္ ငရုတ္သီးေထာင္း၊ တာလေဘာဟင္းနဲ႔ ငါးေသတၱာသုတ္တို႔ကုိ စားခဲ့ရတယ္လို႔ မွတ္မိေနပါတယ္။

ညစာစားၿပီးမွာေတာ့ ပဒုိဘသင္နဲ႔က်ေနာ္တို႔ ေဆြးေႏြးမႈလုပ္ခဲ့ပါတယ္။ ပဒုိဘသင္စိန္ရဲ့ ပုံကိုေတာ့ ပရိတ္သတ္ အေတာ္မ်ားမ်ား ျမင္ဖူးၿပီးျဖစ္တဲ့အတြက္ အထူးမိတ္ဆက္ေပးစရာ လုိမယ္မထင္ပါ။ ပါ၀ါမ်က္မွန္တလက္ကို တပ္ထားၿပီး အၿမဲတမ္း ၿပံဳးရိပ္သန္းေနတဲ့ သူ႔မ်က္ႏွာဟာ သူပုန္ေခါင္းေဆာင္နဲ႔ သိပ္မတူဘဲ ျပည္နယ္အုပ္ခ်ဳပ္ေရးမႈးတဦးနဲ႔ ပုိတူေနပါတယ္။ စကားေျပာရင္ ေလသံေပ်ာ့ေျပာင္းၿပီး ဆက္ဆံေရး အေတာ္ေကာင္းတဲ့ပုဂၢိဳလ္ပါ။ သူဟာ အရင္က က်ေနာ္တို႔စခန္း အေျခစုိက္တဲ့ မင္းသမီးေဒသ ၿမိတ္ ထား၀ယ္ခရိုင္ ဥကၠဌအျဖစ္ တာ၀န္ယူခဲ့သူျဖစ္ၿပီး အဲဒီကတဆင့္ ဗဟိုအတြင္းေရးမႈးအျဖစ္ အေရြးခံရတာလို႔ သိရပါတယ္။ ျမစ္၀ကြ်န္းေပၚဇာတိ ပဒုိဘသင္ဟာ ၁၉၄၉ ကတည္းက KNU ထဲ၀င္ ခဲ့သူျဖစ္ၿပီး ၁၉၈၄ မွာ အေထြေထြအတြင္းေရးမႉးအျဖစ္ စတင္အေရြးခံရပါတယ္။ က်ေနာ္တို႔ေတာထဲမွာရွိစဥ္ က်င္းပတဲ့ ၂၀၀၀ ခုနွစ္ KNU ညီလာခံမွာေတာ့ သူဥကၠဌျဖစ္လာပါတယ္။

စာသင္ခန္းထဲက ပထ၀ီ။ ရုပ္ရွင္ထဲကသူပုန္နဲ႔ တကယ့္အေျခေနမတူပါ

သူ့အေၾကာင္းကိုမွတ္မိေနေပမယ့္ သူနဲ႔က်ေနာ္တို႔ ေဆြးေႏြးတဲ့အေၾကာင္းရာကိုေတာ့ မမွတ္မိေတာ့ပါ။ အၾကမ္းအားျဖင့္ကေတာ့ KNU နယ္ေျမေကာ္မီတီကုိ ေကအန္ယူက တတ္ႏိုင္ဆုံး အကူညီေပးဖုိ႔ တင္ျပခဲ့တယ္လို႔ ထင္ပါတယ္။ ေနာက္တေန႔မနက္မွာေတာ့ သူပုန္ဌာနခ်ဳပ္စခန္းကို က်ေနာ္ေလ့လာ ခြင့္ရခဲ့ပါတယ္။ မာနယ္ပေလာစခန္း ဆုိတာဟာ ေတာႀကီးမ်က္မည္းထဲက လူသူမေရာက္ႏိုင္တဲ့ သူပုန္ဌာနခ်ဳပ္စခန္းလို႔ မေရာက္ဖူးသူေတြက ထင္ေကာင္းထင္ႏိုင္ေပမဲ့ တကယ္ကေတာ့ အဲဒီလုိ မဟုတ္ပါဘူး။ ျမန္မာႏိုင္ငံဘက္ကေနလာဖုိ႔ ခက္ခဲေကာင္း ခက္ခဲႏိုင္ေပမဲ့ ထုိင္းဘက္ကေန ကားလမ္း၊ ေလွလမ္းေတြနဲ႔ အလြယ္တကူ သြားႏိုင္တဲ့ေနရာျဖစ္ၿပီး စစ္ေရးအရ ဗ်ဴဟာေျမာက္တဲ့ေျမအေနထားရွိပါတယ္။

ေနာက္ေက်ာဘက္မွာ ေသာင္ရင္းျမစ္နဲ႔ ထုိင္းႏိုင္ငံက ေတာတန္းေတြ၊ ေအာက္ဘက္ကို နာရီ၀က္နီးပါး ဆင္းသြားမယ္ဆုိရင္ သံလြင္နဲ႔ေသာင္ရင္းျမစ္ဆုံ။ အဓိပၸာယ္ကေတာ့ န၀တဘက္ကေန ၾကည္းတပ္ေတြ ဒီတုိင္းတက္လာဖုိ႔ မျဖစ္ႏိုင္ေအာင္ သံလြင္က မာနယ္ပေလာကုိ သဘာ၀အရ အကာအကြယ္ ေပးထားတဲ့သေဘာပါ။

အေပၚဘက္မွာေတာ့ ေရွ႕မွာတင္ျပခဲ့တဲ့အတုိင္း ေနာတခံစစ္ေၾကာင္းႀကီးရွိပါတယ္။ အေရွ႕ဘက္မွာေတာ့ (ေန အ၀င္ အထြက္္တုိင္းဆုိရင္ အေနာက္ဘက္လို႔ ေျပာသင့္ပါတယ္) ျမင့္မားလွတဲ့ ေနာ္ေဒးေတာင္ေက်ာႀကီးက ကာရံထားတဲ့အတြက္ အဲဒီ ေတာင္ကုိေက်ာ္ၿပီး န၀တတပ္ေတြ ရုတ္တရက္ တက္လာလို႔ မရႏိုင္ပါဘူး။ အဲဒီေတာင္တန္းႀကီးနဲ႔ ေသာင္းရင္းျမစ္ၾကားက ေဘာလုံးကြင္း ႏွစ္ကြင္းစာေလာက္သာရွိတဲ့ ေျမျပန္႔ေနရာေလးမွာ မာနယ္ပေလာစခန္းကို ေဆာက္ထားတာ ျဖစ္ပါတယ္။



စစ္႐ံုးခ်ဳပ္သစ္။ ေနာ္ေဒးေတာင္တန္းေနာက္ခံနဲ႔ ျမင္ေနရတဲ့ မာနယ္ပေလာစခန္း

ျမင့္မားလွတဲ့ ေနာ္ေဒးေတာင္တန္းကုိေက်ာ္ၿပီး န၀တဘက္ကေန လက္နက္ႀကီးနဲ႔လွမ္းပစ္မယ္ဆုိရင္ က်ည္ဟာ မာနာပေလာရင္ျပင္ထဲ မက်ဘဲ ေသာင္းရင္းကိုေက်ာ္ၿပီး ထုိင္းထဲက်ဖုိ႔မ်ားပါတယ္။ ၁၉၉၂ စစ္ပဲြတုန္းကဆုိရင္ က်ည္အေတာ္မ်ားမ်ား ထုိင္းထဲက်သြားတာက ဒီစခန္းရဲ့ ဗ်ဳဟာေျမာက္မႈကုိ သက္ေသျပခဲ့ပါတယ္။ ေနာက္တခါ ေလယဥ္နဲ႔ဗုံးႀကဲမယ္ဆုိရင္လည္း ျမင့္မားတဲ့ေတာင္တန္းႀကီးက ခံေနတဲ့အတြက္ သိပ္မလြယ္တဲ့ေနရာမ်ဳိးပါ။ ဒါေၾကာင့္လည္း မာနယ္ပေလာဌာနခ်ဳပ္ဆုိၿပီး နာမည္ႀကီးခဲ့တာျဖစ္မယ္လို႔ ထင္ပါတယ္။

အဲ … ေဘာ္လုံးကြင္း ၂ ကြင္းစာေလာက္သာရွိတဲ့ ဒီဌာနခ်ဳပ္စခန္းကေန ထိမ္းခ်ဳပ္ထားႏိုင္တဲ့ နယ္ေျမတခုလုံးရဲ႕ အေျခေနကို လွမ္းၾကည့္လုိက္မယ္ဆုိရင္ ပုိေတာင္ အံ့ၾသသြားႏိုင္ပါတယ္။  အေပၚဘက္ (ေျမာက္ဘက္) သံလြင္ျမစ္ေၾကာင္း တေလွ်ာက္ရွိ သံလြင္စခန္း၊ ေစာထစခန္းကေန ကရင္နီနယ္စပ္အထိကုိ တပ္မဟာ ၅ နဲ႔ တပ္မဟာ ၂ တို႔က ထိန္းခ်ဳပ္ထားပါတယ္။ တခါ မာနယ္ပေလာရဲ့ ေနာက္ေက်ာဖက္ကေန ပဲခူးတုိင္းအေရွ႕ျခမ္းနဲ႔ စစ္ေတာင္းျမစ္၀ွမ္း ေဒသအထိ တပ္မဟာ ၁ နဲ႔ ၃ တို႔ က လႈပ္ရွားေနပါတယ္။

ေနာက္တခါ မာနယ္ပေလာကေန ေတာင္ဘက္ကုိ ေသာင္းရင္းျမစ္တေလွ်ာက္ ျပန္တက္လာမယ္ဆုိရင္ မဲသေ၀ါေတာင္ကုိ န၀တက ထိမ္းထားတာကလဲြရင္ ကလက္ေဒးကေန ဟုိး တနသာၤရီတုိင္း ေကာ့ေသာင္အနီးထိ က်န္နယ္စပ္တေၾကာလုံးကို ေကအန္ယူက ထိန္းခ်ဳပ္ထားဆဲျဖစ္ပါတယ္။ ကလက္ေဒး၊ မယ္လ၊ ေရေက်ာ္၊ ေကာ့မူရာ၊ သီေဘာဘုိး၊ ေ၀ါေလ၊ က်ဳိက္ဒုံံ၊ မကၠသာ စသည္ျဖင့္ ဘုရားသုံးဆူေဒသ မြန္ျပည္သစ္ပါတီနယ္ေျမအစပ္အထိ ေကအန္ယူ တပ္မဟာ ၇ နဲ႔ တပ္မဟာ ၆ တို႔က ထိန္းခ်ဳပ္ထားပါတယ္။ ဘုရားသုံးဆူေဒသနဲ႔ မြန္ျပည္နယ္ကိုေက်ာ္ၿပီး ေရျဖဴၿမိဳ႕နယ္ နတ္အိမ္ေတာင္ေဒသကေန ဟုိးေအာက္ဆုံး ေကာ့ေသာင္အနီးက ရြာေလလူစခန္းအထိ KNU တပ္မဟာ ၄ က ထိမ္းခ်ဳပ္ထားတဲ့အတြက္ KNU ထိန္းခ်ဳပ္နယ္ေျမဟာ ေတာင္-ေျမာက္ ရွည္ေမ်ာေမ်ာနဲ႔ အေတာ္က်ယ္ ျပန္႔တဲ့သေဘာရွိပါတယ္။

တဆက္တည္း KNU နယ္ေျမကိုေက်ာ္ၿပီး တျခားေဒသေတြကို ၾကည့္မယ္ဆုိရင္လည္း ေစာထစခန္းကေန သံလြင္ျမစ္အေရွ႕ဘက္ျခမ္းတေက်ာလုံးနဲ႔ တရုတ္နယ္စပ္တေလွ်ာက္ကုိလည္း ကရင္နီ၊ ရွမ္း၊ ပအုိ႔ဝ္၊ ပေလာင္၊ ၀၊ ကခ်င္ ေတာ္လွန္ေရးအဖြဲ႔ေတြက ထိန္းခ်ဳပ္ထားပါတယ္။ ဒါေၾကာင့္ ထုိင္း၊ လာအုိ၊ တရုတ္၊ အိႏၵိယ နယ္စပ္တေလွ်ာက္လုံးကို လူမ်ဳိးစုေတာ္လွန္ေရးအဖြဲ႔ေတြက ထိန္းခ်ဳပ္ထားတဲ့သေဘာ ျဖစ္ပါတယ္။ တနည္းအားျဖင့္ေျပာမယ္ဆုိရင္ေတာ့ က်ေနာ္တို႔ေက်ာင္းစာအုပ္ထဲမွာ သင္ခဲ့ဖူးတဲ့ ပထ၀ီေတြ ျမန္မာ့သမုိင္းေတြနဲ႔ က်ေနာ္တို႔ကုိယ္တုိင္ အခု မ်က္စိနဲ႔အမွန္တကယ္ ျမင္ေနရတဲ့ ပထ၀ီေတြ၊ သမုိင္းေတြဟာ အေတာ့္ကို ကြာျခားေနတာကိုေတြ႔ရပါတယ္။

တခါ ျမန္မာႏိုင္ငံမွာတုန္းက ျမင္ေနၾက ရုပ္ရွင္ေတြထဲက သူပုန္နဲ႔ အခု မာနယ္ပေလာဌာနခ်ဳပ္မွာ တကယ္ျမင္ေန။ ေတြ႔ေနရတဲ့သူပုန္ေတြဟာလည္း တျခားစီျဖစ္ေနျပန္ပါတယ္။ ၾကက္ေပါင္ကုိက္လုိက္၊ အရက္ေသာက္လုိက္၊ မိန္းမကိုဖက္လုိက္နဲ႔ လုပ္ေနတဲ့ ရုပ္ရွင္ထဲက သူပုန္မ်ဳိး ဒီေဒသမွာ က်ေနာ္ေတာ့ မေတြ႔ဖူးပါဘူး။ က်ေနာ္တို႔ ေက်ာင္းသားသူပုန္ဆုိရင္ အေျခေနက ပုိေတာင္ဆုိးပါေသးတယ္။ ၾကက္ေပါင္ကုိက္ဖုိ႔ေနေနသာ ၾကက္ဒူးေခါင္းရုိးကိုေတာင္ ကီလုိခ်ိန္နဲ႔ ၀ယ္မစားႏိုင္တဲ့ဘ၀ပါ။

ဒါေတြကို န၀တ၀ါဒျဖန္႔ခ်ိေရးဌာနက ျမသန္းစံတို႔၊ တင္သန္းဦးတို႔ကိုယ္တုိင္ ရိပ္မိသြားလို႔လားေတာ့ မသိပါဘူး။ ၁၉၈၉-၉၀ ၀န္းက်င္မွာ ထြက္ေပၚခဲ့တဲ့ “ပါပီမ” အပါ၀င္ ၀ါဒျဖန္႔ခ်ိေရး ရုပ္ရွင္ကား အေတာ္မ်ားမ်ားမွာေတာ့ သမားရုိးက် ဇာတ္အိမ္ပုံစံေတြကို ခ်က္ခ်င္းေျပာင္းၿပီး ေက်ာင္းသားသူပုန္ေတြကို ဇာတ္လုိက္ေနရာမွာတင္ရုိက္တဲ့ ကားေတြထြက္လာပါတယ္။ အရင္ကဆုိရင္ သူပုန္ေနရာမွာ လူၾကမ္းနဲ႔သာ သရုပ္ေဆာင္ရမယ္လို႔ နားလည္ထားရာကေန ေက်ာင္းသားသူပုန္ေနရာမွာ နာမည္ႀကီးမင္းသားေတြ၊ မင္းသမီးေတြကို္ယ္တုိင္ ၀င္သရုပ္ေဆာင္ ရုိက္ကူးျပသခဲ့တာကို က်ေနာ္ သတိထားမိပါတယ္။

အဲဒီမာနယ္ပေလာဌာနခ်ဳပ္က ပဒုိဘသင္အိမ္မွာေတာင္ န၀တ ၀ါဒျဖန္႔ဌာနရဲ႕ ႐ုပ္ရွင္ေတြကို က်ေနာ္တို႔ သူပုန္ေတြကိုယ္တုိင္ ထုိင္ၾကည့္ၿပီး လက္ရွိျဖစ္စဥ္နဲ႔ န၀တရုပ္ရွင္ တျခားစီျဖစ္ေနတာကုိ “ဟား” ခဲ့ ဖူးၾကပါတယ္။

=====================================================

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၂)

ထက်အောင်ကျော် December 15, 2011 7:10 pm
အောက်မေ့ဖွယ်။ ဧရာဝတီမဂဇင်း။ 


မာနယ်ပလောဌာနချုပ်သို့ ပထမခရီးစဉ်

KNU နယ်မြေကော်မီတီမှာ တာဝန်ထမ်းစဉ်အတွင်း မာနယ်ပလောကို ၃၊ ၄ ခေါက် ကျနော်ရောက်ဖူးခဲ့ပေမယ့် ပထမအခေါက်ရောက်တာဟာအရေးပေါ်ညီလာခံ မတိုင်မီလား။ ညီလာခံပြီးမှလား ဆိုတာကိုတော့ အသေချာ မမှတ်မိတော့ပါ။ ပထမအခေါက်ဟာ ဥက္ကဋ္ဌ ကိုကျော်ကျော်၊ အတွင်းရေးမှူး ကိုခင်မောင်စိုးတို့နဲ့အတူ ကျနော် ပါသွားတာဖြစ်တဲ့အတွက် နယ်မြေကော်မီတီ ဖွဲ့ပြီးကာစမှာ သွားတာဖြစ်ဖို့များပါတယ်။ အချိန်ကာလကို အတိအကျ မမှတ်မိတော့ပေမယ့် ထူးခြားလှတဲ့ မာနယ်ပလောရဲ့ ပထဝီ အနေထားနဲ့ အခင်းအကျင်းကိုတော့ အခုအထိ စိတ်ထဲမှာ မြင်နေဆဲဖြစ်ပါတယ်။


မာနယ်ပလောစခန်းရောက် ABSDF စစ်ကြောင်းတခု

ထုံးစံအတိုင်း မဲဆောက်၊ မယ်လ၊ မက်သလေ၊ ခလေတလူကနေ မာနယ်ပလောအထိ ကားကြုံ၊ လှေကြုံ အဆင့်ဆင့်နဲ့ ရောက်လာတဲ့ ကျနော်တို့အုပ်စု မာနယ်ပုလော လှေဆိပ်ရောက်တော့ ညနေစောင်းနေပါပြီ။ ဗိုလ်မှူးစိုးစိုးအိမ်က ထုတ်ပေးထားတဲ့ ခရီးသွားလက်မှတ်ကို ဗဟိုလှေဆိပ်၊ စစ်ဆေးရေးဂိတ်မှာပြပြီး  သူပုန်ဌာနချုပ်ဆီ ကျနော်တို့ တက်လာခဲ့ပါတယ်။ လှေဆိပ်ကနေ အပေါ်တက်တဲ့ လမ်းကြောင်း ၂ ခုရှိပြီး ကျနော်တို့ တက်လာတဲ့လမ်းမှာတော့ သစ်သားလှေကားထစ်တချို့၊ မြေလှေကားထစ်တချို့နဲ့ မညီမညာ၊ အတို အရှည် လှေကားထစ် ၄၀ လောက် ရှိမယ်လို့ထင်ပါတယ်။


လှေကားထစ်တွေဆုံးလို့ မြေညီလွှာကိုရောက်တာနဲ့ မြက်ခင်းစိမ်းစိမ်းရှိတဲ့ မာနယ်ပလော ဘောလုံးကွင်းနဲ့ ကွင်းပတ်လည်က သစ်သားအိမ်တွေ၊ ရုံးတွေကို မြင်လိုက်ရပါတယ်။ အဲဒီရုံးတွေ၊ အိမ်တွေထဲက ပထမဆုံးတွေ့တဲ့အိမ်ဟာ ကျနော်တို့သွားချင်တဲ့ KNU အတွင်းရေးမှူးချုပ် ပဒိုဘသင်စိန် (နောက်ပိုင်း KNU ဥက္ကဌဖြစ်လာပြီး ၂၀၀၈ မှာ ကွယ်လွန်သွားသူ) ရဲ့ အိမ်ပါပဲ။ “ဟာလဲဂေး ပဒို” လို့ိ မိတ်ဆက်ပြီး သူအိမ်ပေါ် ကျနော်တို့ တက်သွားပါတယ်။

ကေအန်ယူအရာရှိတွေနဲ့တွေ့ရင် ကရင်လိုနှုတ်ဆက်နိုင်ဖို့ “ဝါ-နီ-ဟာ-နာ” ကို အလွတ်ကျက်ထားရပါတယ်။ မနက်ပိုင်း Good morning ကို ဝါလဲဂေး။ နေ့လည်ပိုင်း Good afternoon ကို နီလဲဂေး။ ညနေပိုင်း Good evening ကို ဟာလဲဂေးလို့ပြောပြီး ညပိုင်း Good night ကို နာလဲဂေးလို့ သုံးပါ တယ်။ အဲဒါကို အလွတ်မရဘဲ ဝါ-နီ-ဟာ-နာ ကို နေရာမှားသုံးပြီး ပြောင်းပြန်နှုတ်ဆက်မိရင် “ဗမာလိုပဲ ပြောပါဗျာ။ မင်္ဂလာပါလို့ ပြောရင်လည်း ရပါတယ်” လို့ အပြောခံရတတ်ပါတယ်။ တခါတရံမှာတော့ အဟားခံရတတ်ပါတယ်။ ဒါကြောင့် ဒီ ၄ ခုကိုတော့ နေရာမှားမသုံးမိအောင် ကျနော်တို့ ကျိုးဖိုးတွေ အာဂုံဆောင်ထားရပါတယ်။

နောက်တခါ ဒီလိုမျိုး အချိန်ပိုင်းခြားအလိုက် နှုတ်ဆက်နည်းတွေကို ကရင်နယ်မြေအပါဝင် နိုင်ငံတကာမှာ ကျနော်ကြုံခဲ့ရဖူးပေမယ့် ကျနော်တို့မြန်မာနိုင်ငံမှာတော့ မရှိဘူးလို့ထင်ပါတယ်။ “မင်္ဂလာပါ” လို့ နှုတ်ဆက်တာမျိုးကို ကျောင်းခန်းထဲ ဆရာမ ဝင်လာချိန်မှာ ပြောတာကလွဲရင် တခြားနေရာမှာ သုံးတာ ကျနော်တော့ သိပ်မကြားမိပါဘူး။ “နေကောင်းလား”၊ “ထမင်းစားပြီးပြီလား” စသည်ဖြင့် နှုတ်ဆက်တာက ပိုများတယ်လို့ထင်ပါတယ်။ တဆက်တည်း တင်ပြချင်တဲ့ ထူးခြားမှုကတော့ ကရင်နယ်အပါဝင် နိုင်ငံတကာမှာ ကျနော်တွေ့ဖူးသမျှ လူမျိုးတွေမှာ Family name မိသားစုအမည်တွေရှိပေမယ့် မြန်မာမှာတော့ အမည်တွေက တယောက်တမျိုးစီဖြစ်နေပြန်ပါတယ်။ အဖေအမည်နဲ့ သားသမီးအမည်တွေဟာ ဘာမှအချိတ်အဆက်မရှိဘဲ သီးခြားစီ ဖြစ်နေတာကလည်း မြန်မာနိုင်ငံရဲ့ ထူးခြားမှုအဖြစ် တွေ့မိပါတယ်။

ဝါ-နီ-ဟာ-နာ နဲ့ မိသားစုအမည်ကိစ္စတွေကို စဉ်းစားရင်း ပဒိုဘသင်စိန်ရဲ့ အိမ်ပေါ် ကျနော်တို့ ရောက်သွားပါတယ်။ အတွင်းရေးမှူးချုပ်အိမ်ဆိုပေမယ့် ဘာမှထူးထူးခြားခြား အဆောင်ယောင်တွေမရှိပါ။ နောက်ပိုင်းမှ သိရတာကတော့ ဒီအိမ်တွေဟာ ရုံးနဲ့တွဲထားတဲ့အိမ်တွေသာဖြစ်ပြီး ဗိုလ်ချုပ်မြအပါဝင် ကေအန်ယူ ထိပ်တန်းအရာရှိတွေရဲ့ မိသားစုနေအိမ်တွေဟာ မာနယ်ပလောကနေ မိနစ် ၂၀ ခန့် လှေစီးရတဲ့ ဖွေးဘောလူရွာမှာရှိတယ်လို့ သိရပါတယ်။ ကျောင်းသားတချို့ ရောက်ဖူးကြပေမယ့် ကျနော် မရောက်ဖူးလိုက်ပါ။

တခြမ်းစောင်းနေတဲ့ တောင်နံရံကို မြေမညှိဘဲ တိုင်ကို ညှိပြီးဆောက်ထားတဲ့အိမ်။ ခြေတံရှည် ကျွန်းသစ်သားသစ်တိုင် အတိုအရှည်တွေ စိုက်ထားပြီး အဲဒီပေါ်မှာ သစ်တချို့၊ ဝါးတချို့နဲ့ အသေချာ ဆောက်ထားတဲ့ ခြေတံရှည် တဲအိမ်တလုံးမျှသာဖြစ်ပါတယ်။ အမိုးက အင်ဖက်၊ အခင်းက ကျွန်းသစ် သားအကြမ်းထည်။ တခြမ်းပဲရှိတဲ့ အကာက ဝါးထရံ။ ခါးဆစ်လောက်အထိ ဝါးထရံ ကာထားတဲ့ သူ့အိပ်ခန်းတခုကလွဲရင် တအိမ်လုံးဟင်းလင်းပြင်။ အိမ်အလျားက ပေ ၃၀ လောက်ရှိပြီး အနံက ၁၅ ပေလောက်ရှိမယ်လို့ ထင်ပါတယ်။ အိမ်ရှေ့လှေကားအတက် ကွပ်ပြစ်မှာက ဧည့်ခန်း။ အပေါ် ဆင့်မှာ သူရဲ့ရုံးခန်း။ နောက်ကျောဘက်မှာ မီးဖိုးချောင်။ ဒါပါပဲ။

ရုံးခန်းဆိုပေမယ့် အဲဒီကာလက ကွန်ပြူတာမပေါ်သေးတဲ့အတွက် သူရဲ့အတွင်းရေးမှူးတဦးက လက်နှိပ်စက်တလုံးနဲ့ ကရင်စာ၊ အင်္ဂလိပ်စာတွေကို တဂျောက်ဂျောက်နဲ့ ရိုက်နေတုန်း။ အတွင်းရေးမှူးဆိုပေမယ့် ကော်သူးလေ အ.ထ.က ကနေ ဆယ်တန်းအောင်ခါစ ဖက်ဒရယ်တက္ကသိုလ်ကို တက်နေတဲ့ ကျောင်းသားလေးတဦးက စေတနာ့ဝန်ထမ်းအဖြစ် ကူညီနေတဲ့သဘောမျိုး ဖြစ်ပုံရပါတယ်။ နောက်တယောက်တော့ တိုလီမိုလီလုပ်ပေးရတဲ့ ရဲဘော်ကြီး မူးကလိ။ သူကတော့ ကျနော်တို့ကျောင်းသားတွေနဲ့ အရင်နှီးဆုံးပုဂ္ဂိုလ်ဖြစ်ပြီး နောက်ပိုင်းမှာ NCUB ပို့ဆောင်ရေးဌာနမှာ ဆက်လက် တာဝန်ထမ်းခဲ့ပါတယ် (အခုတော့ သူလည်း နော်ဝေးနိုင်ငံ ရောက်နေပါပြီ) အဲဒီညက ရဲဘော်ကြီး မူးကလိ လက်စွမ်းပြထားတဲ့ ကရင် ငရုတ်သီးထောင်း၊ တာလဘောဟင်းနဲ့ ငါးသေတ္တာသုတ်တို့ကို စားခဲ့ရတယ်လို့ မှတ်မိနေပါတယ်။

ညစာစားပြီးမှာတော့ ပဒိုဘသင်နဲ့ကျနော်တို့ ဆွေးနွေးမှုလုပ်ခဲ့ပါတယ်။ ပဒိုဘသင်စိန်ရဲ့ ပုံကိုတော့ ပရိတ်သတ် အတော်များများ မြင်ဖူးပြီးဖြစ်တဲ့အတွက် အထူးမိတ်ဆက်ပေးစရာ လိုမယ်မထင်ပါ။ ပါဝါမျက်မှန်တလက်ကို တပ်ထားပြီး အမြဲတမ်း ပြုံးရိပ်သန်းနေတဲ့ သူ့မျက်နှာဟာ သူပုန်ခေါင်းဆောင်နဲ့ သိပ်မတူဘဲ ပြည်နယ်အုပ်ချုပ်ရေးမှုးတဦးနဲ့ ပိုတူနေပါတယ်။ စကားပြောရင် လေသံပျော့ပြောင်းပြီး ဆက်ဆံရေး အတော်ကောင်းတဲ့ပုဂ္ဂိုလ်ပါ။ သူဟာ အရင်က ကျနော်တို့စခန်း အခြေစိုက်တဲ့ မင်းသမီးဒေသ မြိတ် ထားဝယ်ခရိုင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အဲဒီကတဆင့် ဗဟိုအတွင်းရေးမှုးအဖြစ် အရွေးခံရတာလို့ သိရပါတယ်။ မြစ်ဝကျွန်းပေါ်ဇာတိ ပဒိုဘသင်ဟာ ၁၉၄၉ ကတည်းက KNU ထဲဝင် ခဲ့သူဖြစ်ပြီး ၁၉၈၄ မှာ အထွေထွေအတွင်းရေးမှူးအဖြစ် စတင်အရွေးခံရပါတယ်။ ကျနော်တို့တောထဲမှာရှိစဉ် ကျင်းပတဲ့ ၂၀၀၀ ခုနှစ် KNU ညီလာခံမှာတော့ သူဥက္ကဌဖြစ်လာပါတယ်။

စာသင်ခန်းထဲက ပထဝီ။ ရုပ်ရှင်ထဲကသူပုန်နဲ့ တကယ့်အခြေနေမတူပါ

သူ့အကြောင်းကိုမှတ်မိနေပေမယ့် သူနဲ့ကျနော်တို့ ဆွေးနွေးတဲ့အကြောင်းရာကိုတော့ မမှတ်မိတော့ပါ။ အကြမ်းအားဖြင့်ကတော့ KNU နယ်မြေကော်မီတီကို ကေအန်ယူက တတ်နိုင်ဆုံး အကူညီပေးဖို့ တင်ပြခဲ့တယ်လို့ ထင်ပါတယ်။ နောက်တနေ့မနက်မှာတော့ သူပုန်ဌာနချုပ်စခန်းကို ကျနော်လေ့လာ ခွင့်ရခဲ့ပါတယ်။ မာနယ်ပလောစခန်း ဆိုတာဟာ တောကြီးမျက်မည်းထဲက လူသူမရောက်နိုင်တဲ့ သူပုန်ဌာနချုပ်စခန်းလို့ မရောက်ဖူးသူတွေက ထင်ကောင်းထင်နိုင်ပေမဲ့ တကယ်ကတော့ အဲဒီလို မဟုတ်ပါဘူး။ မြန်မာနိုင်ငံဘက်ကနေလာဖို့ ခက်ခဲကောင်း ခက်ခဲနိုင်ပေမဲ့ ထိုင်းဘက်ကနေ ကားလမ်း၊ လှေလမ်းတွေနဲ့ အလွယ်တကူ သွားနိုင်တဲ့နေရာဖြစ်ပြီး စစ်ရေးအရ ဗျူဟာမြောက်တဲ့မြေအနေထားရှိပါတယ်။

နောက်ကျောဘက်မှာ သောင်ရင်းမြစ်နဲ့ ထိုင်းနိုင်ငံက တောတန်းတွေ၊ အောက်ဘက်ကို နာရီဝက်နီးပါး ဆင်းသွားမယ်ဆိုရင် သံလွင်နဲ့သောင်ရင်းမြစ်ဆုံ။ အဓိပ္ပာယ်ကတော့ နဝတဘက်ကနေ ကြည်းတပ်တွေ ဒီတိုင်းတက်လာဖို့ မဖြစ်နိုင်အောင် သံလွင်က မာနယ်ပလောကို သဘာဝအရ အကာအကွယ် ပေးထားတဲ့သဘောပါ။

အပေါ်ဘက်မှာတော့ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း နောတခံစစ်ကြောင်းကြီးရှိပါတယ်။ အရှေ့ဘက်မှာတော့ (နေ အဝင် အထွက်တိုင်းဆိုရင် အနောက်ဘက်လို့ ပြောသင့်ပါတယ်) မြင့်မားလှတဲ့ နော်ဒေးတောင်ကျောကြီးက ကာရံထားတဲ့အတွက် အဲဒီ တောင်ကိုကျော်ပြီး နဝတတပ်တွေ ရုတ်တရက် တက်လာလို့ မရနိုင်ပါဘူး။ အဲဒီတောင်တန်းကြီးနဲ့ သောင်းရင်းမြစ်ကြားက ဘောလုံးကွင်း နှစ်ကွင်းစာလောက်သာရှိတဲ့ မြေပြန့်နေရာလေးမှာ မာနယ်ပလောစခန်းကို ဆောက်ထားတာ ဖြစ်ပါတယ်။



စစ်ရုံးချုပ်သစ်။ နော်ဒေးတောင်တန်းနောက်ခံနဲ့ မြင်နေရတဲ့ မာနယ်ပလောစခန်း

မြင့်မားလှတဲ့ နော်ဒေးတောင်တန်းကိုကျော်ပြီး နဝတဘက်ကနေ လက်နက်ကြီးနဲ့လှမ်းပစ်မယ်ဆိုရင် ကျည်ဟာ မာနာပလောရင်ပြင်ထဲ မကျဘဲ သောင်းရင်းကိုကျော်ပြီး ထိုင်းထဲကျဖို့များပါတယ်။ ၁၉၉၂ စစ်ပွဲတုန်းကဆိုရင် ကျည်အတော်များများ ထိုင်းထဲကျသွားတာက ဒီစခန်းရဲ့ ဗျုဟာမြောက်မှုကို သက်သေပြခဲ့ပါတယ်။ နောက်တခါ လေယဉ်နဲ့ဗုံးကြဲမယ်ဆိုရင်လည်း မြင့်မားတဲ့တောင်တန်းကြီးက ခံနေတဲ့အတွက် သိပ်မလွယ်တဲ့နေရာမျိုးပါ။ ဒါကြောင့်လည်း မာနယ်ပလောဌာနချုပ်ဆိုပြီး နာမည်ကြီးခဲ့တာဖြစ်မယ်လို့ ထင်ပါတယ်။

အဲ … ဘော်လုံးကွင်း ၂ ကွင်းစာလောက်သာရှိတဲ့ ဒီဌာနချုပ်စခန်းကနေ ထိမ်းချုပ်ထားနိုင်တဲ့ နယ်မြေတခုလုံးရဲ့ အခြေနေကို လှမ်းကြည့်လိုက်မယ်ဆိုရင် ပိုတောင် အံ့သြသွားနိုင်ပါတယ်။  အပေါ်ဘက် (မြောက်ဘက်) သံလွင်မြစ်ကြောင်း တလျှောက်ရှိ သံလွင်စခန်း၊ စောထစခန်းကနေ ကရင်နီနယ်စပ်အထိကို တပ်မဟာ ၅ နဲ့ တပ်မဟာ ၂ တို့က ထိန်းချုပ်ထားပါတယ်။ တခါ မာနယ်ပလောရဲ့ နောက်ကျောဖက်ကနေ ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ စစ်တောင်းမြစ်ဝှမ်း ဒေသအထိ တပ်မဟာ ၁ နဲ့ ၃ တို့ က လှုပ်ရှားနေပါတယ်။

နောက်တခါ မာနယ်ပလောကနေ တောင်ဘက်ကို သောင်းရင်းမြစ်တလျှောက် ပြန်တက်လာမယ်ဆိုရင် မဲသဝေါတောင်ကို နဝတက ထိမ်းထားတာကလွဲရင် ကလက်ဒေးကနေ ဟိုး တနသာၤရီတိုင်း ကော့သောင်အနီးထိ ကျန်နယ်စပ်တကြောလုံးကို ကေအန်ယူက ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ ကလက်ဒေး၊ မယ်လ၊ ရေကျော်၊ ကော့မူရာ၊ သီဘောဘိုး၊ ဝေါလေ၊ ကျိုက်ဒုံံ၊ မက္ကသာ စသည်ဖြင့် ဘုရားသုံးဆူဒေသ မွန်ပြည်သစ်ပါတီနယ်မြေအစပ်အထိ ကေအန်ယူ တပ်မဟာ ၇ နဲ့ တပ်မဟာ ၆ တို့က ထိန်းချုပ်ထားပါတယ်။ ဘုရားသုံးဆူဒေသနဲ့ မွန်ပြည်နယ်ကိုကျော်ပြီး ရေဖြူမြို့နယ် နတ်အိမ်တောင်ဒေသကနေ ဟိုးအောက်ဆုံး ကော့သောင်အနီးက ရွာလေလူစခန်းအထိ KNU တပ်မဟာ ၄ က ထိမ်းချုပ်ထားတဲ့အတွက် KNU ထိန်းချုပ်နယ်မြေဟာ တောင်-မြောက် ရှည်မျောမျောနဲ့ အတော်ကျယ် ပြန့်တဲ့သဘောရှိပါတယ်။

တဆက်တည်း KNU နယ်မြေကိုကျော်ပြီး တခြားဒေသတွေကို ကြည့်မယ်ဆိုရင်လည်း စောထစခန်းကနေ သံလွင်မြစ်အရှေ့ဘက်ခြမ်းတကျောလုံးနဲ့ တရုတ်နယ်စပ်တလျှောက်ကိုလည်း ကရင်နီ၊ ရှမ်း၊ ပအို့ဝ်၊ ပလောင်၊ ဝ၊ ကချင် တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် ထိုင်း၊ လာအို၊ တရုတ်၊ အိန္ဒိယ နယ်စပ်တလျှောက်လုံးကို လူမျိုးစုတော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတဲ့သဘော ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ကျနော်တို့ကျောင်းစာအုပ်ထဲမှာ သင်ခဲ့ဖူးတဲ့ ပထဝီတွေ မြန်မာ့သမိုင်းတွေနဲ့ ကျနော်တို့ကိုယ်တိုင် အခု မျက်စိနဲ့အမှန်တကယ် မြင်နေရတဲ့ ပထဝီတွေ၊ သမိုင်းတွေဟာ အတော့်ကို ကွာခြားနေတာကိုတွေ့ရပါတယ်။

တခါ မြန်မာနိုင်ငံမှာတုန်းက မြင်နေကြ ရုပ်ရှင်တွေထဲက သူပုန်နဲ့ အခု မာနယ်ပလောဌာနချုပ်မှာ တကယ်မြင်နေ။ တွေ့နေရတဲ့သူပုန်တွေဟာလည်း တခြားစီဖြစ်နေပြန်ပါတယ်။ ကြက်ပေါင်ကိုက်လိုက်၊ အရက်သောက်လိုက်၊ မိန်းမကိုဖက်လိုက်နဲ့ လုပ်နေတဲ့ ရုပ်ရှင်ထဲက သူပုန်မျိုး ဒီဒေသမှာ ကျနော်တော့ မတွေ့ဖူးပါဘူး။ ကျနော်တို့ ကျောင်းသားသူပုန်ဆိုရင် အခြေနေက ပိုတောင်ဆိုးပါသေးတယ်။ ကြက်ပေါင်ကိုက်ဖို့နေနေသာ ကြက်ဒူးခေါင်းရိုးကိုတောင် ကီလိုချိန်နဲ့ ဝယ်မစားနိုင်တဲ့ဘဝပါ။

ဒါတွေကို နဝတဝါဒဖြန့်ချိရေးဌာနက မြသန်းစံတို့၊ တင်သန်းဦးတို့ကိုယ်တိုင် ရိပ်မိသွားလို့လားတော့ မသိပါဘူး။ ၁၉၈၉-၉၀ ဝန်းကျင်မှာ ထွက်ပေါ်ခဲ့တဲ့ “ပါပီမ” အပါဝင် ဝါဒဖြန့်ချိရေး ရုပ်ရှင်ကား အတော်များများမှာတော့ သမားရိုးကျ ဇာတ်အိမ်ပုံစံတွေကို ချက်ချင်းပြောင်းပြီး ကျောင်းသားသူပုန်တွေကို ဇာတ်လိုက်နေရာမှာတင်ရိုက်တဲ့ ကားတွေထွက်လာပါတယ်။ အရင်ကဆိုရင် သူပုန်နေရာမှာ လူကြမ်းနဲ့သာ သရုပ်ဆောင်ရမယ်လို့ နားလည်ထားရာကနေ ကျောင်းသားသူပုန်နေရာမှာ နာမည်ကြီးမင်းသားတွေ၊ မင်းသမီးတွေကိုယ်တိုင် ဝင်သရုပ်ဆောင် ရိုက်ကူးပြသခဲ့တာကို ကျနော် သတိထားမိပါတယ်။

အဲဒီမာနယ်ပလောဌာနချုပ်က ပဒိုဘသင်အိမ်မှာတောင် နဝတ ဝါဒဖြန့်ဌာနရဲ့ ရုပ်ရှင်တွေကို ကျနော်တို့ သူပုန်တွေကိုယ်တိုင် ထိုင်ကြည့်ပြီး လက်ရှိဖြစ်စဉ်နဲ့ နဝတရုပ်ရှင် တခြားစီဖြစ်နေတာကို “ဟား” ခဲ့ ဖူးကြပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More