NLD ပါတီရဲ့ မှတ်ပုံတင်ကို ရွေးကောက်ပွဲကော်မရှင်ကခွင့်ပြု။ ရုံးခန်းဖွင့်တာ။ စည်းရုံးရေးဆင်းတာတွေ မြင်ရတော့မလား?
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၄င်းတို့ ပါတီ၏ ဦးဆောင်မှုအဖွဲ့သစ် စာရင်းကို (၂၁) ဦးနှင့် စတင်ဖွဲ့ စည်းခဲ့ပါသည်။
အဖွဲ့အတွင်း ပါဝင်သူများမှာ-
၁။ ဦးတင်ဦး
၂။ ဒေါ်အောင်ဆန်းစုကြည်
၃။ ဦးဝင်းတင်
၎။ ဦးဟံသာမြင့်
၅။ ဦးဥာဏ်ဝင်း
၆။ ဒေါ်မေ၀င်းမြင့်
၇။ ဦးဝီလာရှီဆိုင်း (ကချင် ပြည်နယ်)
၈။ ဦးဇိုဂွမ်း (ချင်း ပြည်နယ်)
၉။ ဒေါ်ခင်စန်းလှိုင် (စစ်ကိုင်းတိုင်း ဒေသကြီး)
၁၀။ ဒေါ်အုန်းကြည် (မန္တလေးတိုင်း ဒေသကြီး)
၁၁။ ဒေါက်တာ ဒေါ်သန်းငွေ (ရှမ်း ပြည်နယ်)
၁၂။ ဒေါ်ခင်မိုးမိုး (ကယား ပြည်နယ်)
၁၃။ ဦးကျော်ခိုင် (ရခိုင် ပြည်နယ်)
၁၄။ ဒေါ်ခင်စောဌေး (မကွေးတိုင်း ဒေသကြီး)
၁၅။ ဒေါ်လှလှမိုး (ပဲခူးတိုင်း ဒေသကြီး)
၁၆။ ဒေါ်နန်းခင်ထွေးမြင့် (ကရင် ပြည်နယ်)
၁၇။ ဒေါ်ခင်ဌေးကြွယ် (မွန်ပြည်နယ်)
၁၈။ ဦးခင်ဇော်လင်း (ဧရာဝတီတိုင်း ဒေသကြီး)
၁၉။ ဒေါ်ခင်အေးမူ (တနင်္သာရီတိုင်း ဒေသကြီး)
၂၀။ ဦးစိုးဝင်း (ရန်ကုန်တိုင်း ဒေသကြီး) ညီနောင် ပါတီ
၂၁။ ကိုမျိုးညွန့် (လူငယ် အဖွဲ့)
ဤစာရင်းကိုကြည့်လျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ၁၉၈၈ ခုနှစ် စတင်ဖွဲ့စည်း စဉ်ကတည်းက ပါဝင်သူများ၊ စီအီးစီ တိုးချဲ့ အသစ်များနှင့် တိုင်းဒေသကြီး / ပြည်နယ် ကိုယ်စားပြုများ၊ လူငယ် ကိုယ်စားပြုများပါဝင်သည်။
(အသေးစိပ်တာဝန်ခွဲဝေမှုကိုတော့ ဒီညနေ အစည်းဝေးပီးမှ သိရမယ်လို့ ယူဆရပါတယ်)
"၁၉ ရက်နေ့မှာ ကျွန်တော်တို့ အစည်းအဝေးခေါ်ထားပါတယ်။ ဒီအစည်းအဝေးမှာ ပါတီ ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်တွေကို ရွေးမှာဖြစ်ပါတယ်။ "
ပါတီမှတ်ပုံတင်ရေးကိစ္စ၊ ပါတီဖွဲ့စည်းပုံနဲ့ ပါတီမူဝါဒ ကိစ္စတွေကိုလည်း အဲဒီအစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်ဖို့ရှိတယ်လို့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။
အင်န်အယ်လ်ဒီပါတီကို အခုလ ၁၂ ရက် တနင်္လာနေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြုခဲ့ပါတယ်။
....................................................................................................
..............................................................................................................
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က အာအက်ဖ်အေကို အခုလို ပြောပါတယ်။
“မြို့နယ်တိုင်းမှာ မြို့နယ်စည်းကော်မတီတွေ၊ ရုံးတွေ ရှိတယ်။ ဒါပေမယ့် အဲဒီ နောက်ပိုင်းကျတော့ အမျိုးမျိုး နှိပ်ကွပ်ခံရတာနဲ့၊ အချင်းချင်းထဲမှာ ဟိုဟာ မဖြစ်တာနဲ့၊ နောက် မြို့နယ်တချို့က ဆိုင်းဘုဒ်တွေဘာတွေ ပြုတ်ကျ ဆိုတာနဲ့ ရုံးတွေ မဖွင့်နိုင်တော့တာ။ အခု ပြန်ပြီး စည်းရုံးမယ်ဆိုရင် ရည်ရွယ်ထားတာတော့ မြို့နယ်တိုင်းမှာ မြို့နယ်စည်းကော်မတီတွေ ဖွဲ့နိုင်အောင် ကြိုးစားဖို့ ရည်ရွယ်ထားတယ်။ မြို့နယ်ပေါင်းက တပြည်လုံးမှာ ၃၁၄ မြို့နယ်၊ အခု ထပ်ပြီး ပြင်ဆင်တာနဲ့ဆိုရင် ၃၂ဝ ကျော်မယ် ထင်တယ်”
တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရတာနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေ အများအပြား ရှိနေတာကြောင့် အခုကတည်းက ကြိုတင်စီမံထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
NLD အနေနဲ့ ပါတီဝင်လျှောက်လွှာ ၁ သန်းကိုလည်း ရိုက်နှိပ်ပြီး တနိုင်ငံလုံးအနှံ့ ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အင်တာနက်အွန်လိုင်းက တဆင့်လည်း လျှောက်လွှာတင်နိုင်အောင် စီစဉ်နေတယ်လို့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ ထုတ်ဖော် ပြောဆိုသွားပါတယ်။
.........................................................................................................
ရန်ကုန်တိုင်း ကော့မှူးမဲဆန္ဒနယ်မှာ ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်မည်။
Monday, 05 December 2011 08:21
ဒေါ်အောင်ဆန်းစုကြည်သည်
လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို ကော့မှူးမဲ ဆန္ဒနယ်၌ ဝင်ရောက်
အရွေးချယ်ခံမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ
ဗဟိုအလုပ်မှုဆောင် တစ်ဦးက ပြောကြားသည်။ ဤမဲဆန္ဒနယ်သည် ၊ပြည်သူ့
လွှတ်တော်နေရာ၌ အနိုင်ရသွားသော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ်
ဦးစိုးတင့်နေရာဖြစ်ပြီး သူသည်ဆောက်လုပ် ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးရာထူး
ရရှိသည့်အတွက် လစ်လပ်သွားသည့်နေရာဖြစ်ပါသည်။
လစ်လပ်နေရာ ၄၈နေရာတွင် ပြည်သူ့လွှတ်တော်၌ ၄၀နေရာ၊ အမျိုးသားလွှတ်တော်၌ ၆နေ ရာနှင့် တိုင်းဒေသကြီး လွှတ်တော်တွင် ၂နေရာ ဖြစ်ပြီး နေရာ အားလုံးကို NLD က၀င်ပြိုင်မည်ဖြစ်သည်။NLD ပါတီသည် လာမည့်သတင်းအပတ်အတွင်း ပါတီမှတ်ပုံ တင်ခွင့်ရမည် ဖြစ် သည့်အတွက် လစ်လပ်မဲဆန္ဒနယ်များတွင် အောင်နိုင်ရေးအဖွဲ့များ ဖွဲ့စည်းတော့မည်ဖြစ်သည်။
.......................................................................................................................
ဒီဇင်ဘာလ ၆-ရက်။ ၂၀၁၁။
ရှေ့နှစ်မှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြိုင်မယ်လို့ ကြေငြာထားတဲ့ NLD ပါတီ ဟာ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ကို ဗဟိုမှာအပြင် ပြည်နယ်-တိုင်း-မြိုနယ်အဆင့်ထိ
ဖွဲ့စည်းနေပီလို့သိရပါတယ်။ လစ်လပ်အမတ်နေရာ အနဲဆုံး ၂-ခုရှိတဲ့ တနသာင်္ရီတိုင်းအတွက်
အောင်နိုင်ရေကော်မီတီကို မကြာသေးခင်ကဖွဲ့စည်းလိုက်ပီး ဒီနေ့မှာတော့ လောင်းလုံးမြို နယ် အောင်နိုင်ရေးကော်မီတီကို အဖွဲ့ဝင် ၂၁-ဦးနဲ့ဖွဲ့စည်းလိုက်ကြောင်း ပါတီဝင်တဦးက ပြောပါတယ်။
တနသာင်္ရီတိုင်း လောင်းလုံမြိုနယ်မှာ ဒီဇင်ဘာလ ၆-ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မီတီအစည်းဝေး
(ဓါတ်ပုံနဲ့အချက်လက် ...NLD-လောင်းလုံး)
လောင်းလုံးမြိုနယ် NLD ယာယီ-ရုံးခန်းမှာပြုလုပ်တဲ့ အဲဒီအစည်းဝေးဆီ
ရပ်ကွက်ကျေးရွာအသီးသီးက ကိုယ်စားလှယ် ၁၀၀-နီးပါး တက်ရောက်ပီး
အခုလိုဖွဲ့စည်းလိုက်တာလို့ အဲဒီပါတီဝင်ကပြောပါတယ်။
ဒါဟာ ယာယီ-ကော်မီတီသာဖြစ်ပီး ဗဟိုကအတည်ပြုချက်ရပီးမှ။ နောက်တခါ
နေပြည်တော်မှာ တင် ထားတဲ့ ပါတီမှတ်ပုံတင်ကျလာပီးမှ တရားဝင်ထုတ်ပြန်
မယ်လို့သိရပါတယ်။ ဒါအပြင် လောင်းလုံးမြိုနယ် လွတ်လပ် အမတ်နေရာတခု
အတွက် ၀င်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်းကိုလဲ ဗဟိုဆီ တင်ပြထား
ဆဲဖြစ်တယ်လို့ သိရပါတယ်။
အလားတူအစည်းဝေးတခုကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထားဝယ်မြိုမှာကျင်းပခဲ့ပြီး ထားဝယ်။ လောင်းလုံ။ ရေဖြူ။ သရက်ချောင်း ၄-မြိုနယ်က ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းဝေးကနေ ခရိုင်အောင်နိုင်ရေးကော်မီတီကို ဖွဲ့စည်းခဲ့ပါယ်။ အမတ်နေရာ တနေရာလွတ်နေတဲ့ ကျွန်းစုမြိုနယ်နဲ့ မြိတ်ခရိုင် အောင်နိုင်ရေးကော်မီတီ ကို တော့ မကြာခင်မှာ ဆက်လက်ဖွဲ့စည်းသွားမယ်လို့ ပါတီဝင်တွေကပြောပါတယ်။
တနသာင်္ရီတိုင်းမှ ပြည်သူ့လွတ်တော်အတွက် လောင်းလုံနဲ့ ကျွန်းစုမြိုနယ် ၂-နေရမှာလွတ်လပ်နေပီး တိုင်းဒေသကြီးအတွက် တနေရာကိုတော့ အတိအကျမသိရသေးပါဘူး။ အဲဒီ နေရာဟာ လက်ရှိ တိုင်းအစိုးရ၀န်ကြီးချုပ် ဦးခင်ဇော်-နေရာဖြစ်ပီး သူကိုရာထူးကဖြုတ်လိုက်ပီ လို့သတင်းတွေ ထွက်နေပေမဲ့ အခုချိန်ထိ တရားဝင်ပြန်တန်းထုတ်ပြန်တာမရှိသေးဘူး လို့ ဒေသခံတွေက ပြောပါတယ်။
တနသာင်္ရီတိုင်းရှိ အောင်နိုင်ရေး ကော်မီတီတွေအတွက် အဓိကတာဝန်ယူဆောင်ရွက်နေသူကတော့ တနသာင်္ရီတိုင်း NLD အတွင်းရေးမှုး ဦးအောင်စိုးဖြစ်ပါတယ်။ လက်ရှိတနသာင်္ရီတိုင်း ဥက္ကဌကတော့ ဦးလှမင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကော်မီတီကိုလဲ ပြန်လည်တိုးချဲ့ဖွဲ့စည်းမယ်လို့သိရပီး တိုင်းအောင်နိုင်ရေး ဦးစီးကော်မီတီ ၁၅-ဦးကို ယာယီ ရွေးချယ်ထားတယ်လို့ ပါတီသတင်းရပ်ကွက်တခုကပြောပါတယ်။
ထူးခြားတာကတော့ အဲဒီ ၁၅-ဦးထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိသားစု
ဆရာဝန် ဒေါက်တာတင်မျိုးဝင်း ပါဝင်နေပါတယ်။ ဒါအပြင် မြိတ်သားတဦးဖြစ်တဲ့
ဒေါက်တာတင်မျိုးဝင်းဟာ လစ်လပ်နေတဲ့ ကျွန်းစုမြိုနယ် အမတ်နေရာအတွက် ၀င်ပြိုင်မယ်လို့သတင်းတွေထွက်နေပါတယ်။ ဒါပေမဲ့ အခုပြင်ဆင်မှုတွေအားလုံးဟာ
ယာယီ-ကြိုတင်ပြင်ဆင်မှုတွေသာဖြစ်သေးတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်က
မှတ်ပုံတင်ကျပီးမှ။ သူတို့ရဲ့တင်ပြချက်တွေကို ဗဟိုကအတည်ပြုပီးမှ အတိအကျ သတင်းထုတ်ပြန်နိုင်မယ်လို့ ထားဝယ် နဲ့ လောင်းလုံးဒေသရှိ NLD-ပါတီဝင်တွေ
ရဲ့ပြောကြားချက်အရ သိရပါတယ်။
(ဒီဇယားကို မဇျိမ သတင်းဌာနမှ တဆင့်ယူထားပါသည်)
ဒီနေ့ထုတ် သတင်းစာပါ NLD ပါတီ မှတ်ပုံတင်ခွင့်ရတဲ့သတင်းဖြစ်ပါတယ်။
.......................................................................................................
Sunday, 18 December 2011 14:46
အဖွဲ့အတွင်း ပါဝင်သူများမှာ-
၁။ ဦးတင်ဦး
၂။ ဒေါ်အောင်ဆန်းစုကြည်
၃။ ဦးဝင်းတင်
၎။ ဦးဟံသာမြင့်
၅။ ဦးဥာဏ်ဝင်း
၆။ ဒေါ်မေ၀င်းမြင့်
၇။ ဦးဝီလာရှီဆိုင်း (ကချင် ပြည်နယ်)
၈။ ဦးဇိုဂွမ်း (ချင်း ပြည်နယ်)
၉။ ဒေါ်ခင်စန်းလှိုင် (စစ်ကိုင်းတိုင်း ဒေသကြီး)
၁၀။ ဒေါ်အုန်းကြည် (မန္တလေးတိုင်း ဒေသကြီး)
၁၁။ ဒေါက်တာ ဒေါ်သန်းငွေ (ရှမ်း ပြည်နယ်)
၁၂။ ဒေါ်ခင်မိုးမိုး (ကယား ပြည်နယ်)
၁၃။ ဦးကျော်ခိုင် (ရခိုင် ပြည်နယ်)
၁၄။ ဒေါ်ခင်စောဌေး (မကွေးတိုင်း ဒေသကြီး)
၁၅။ ဒေါ်လှလှမိုး (ပဲခူးတိုင်း ဒေသကြီး)
၁၆။ ဒေါ်နန်းခင်ထွေးမြင့် (ကရင် ပြည်နယ်)
၁၇။ ဒေါ်ခင်ဌေးကြွယ် (မွန်ပြည်နယ်)
၁၈။ ဦးခင်ဇော်လင်း (ဧရာဝတီတိုင်း ဒေသကြီး)
၁၉။ ဒေါ်ခင်အေးမူ (တနင်္သာရီတိုင်း ဒေသကြီး)
၂၀။ ဦးစိုးဝင်း (ရန်ကုန်တိုင်း ဒေသကြီး) ညီနောင် ပါတီ
၂၁။ ကိုမျိုးညွန့် (လူငယ် အဖွဲ့)
ဤစာရင်းကိုကြည့်လျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ၁၉၈၈ ခုနှစ် စတင်ဖွဲ့စည်း စဉ်ကတည်းက ပါဝင်သူများ၊ စီအီးစီ တိုးချဲ့ အသစ်များနှင့် တိုင်းဒေသကြီး / ပြည်နယ် ကိုယ်စားပြုများ၊ လူငယ် ကိုယ်စားပြုများပါဝင်သည်။
(အသေးစိပ်တာဝန်ခွဲဝေမှုကိုတော့ ဒီညနေ အစည်းဝေးပီးမှ သိရမယ်လို့ ယူဆရပါတယ်)
...........................................................................................................................
ဒီဇင်ဘာ ၁၉ ရက် အင်န်အယ်လ်ဒီ ပါတီခေါင်းဆောင်သစ် ရွေးမယ်

2011-12-14 (RFA)
၁၉ ရက်နေ့မှာ ကျင်းပမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်လိုသူ ၂၁ ဦး အစည်းအဝေးကနေ ပါတီအကြီးအကဲတွေကို ရွေးချယ်မယ်လို့ အင်န်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။"၁၉ ရက်နေ့မှာ ကျွန်တော်တို့ အစည်းအဝေးခေါ်ထားပါတယ်။ ဒီအစည်းအဝေးမှာ ပါတီ ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်တွေကို ရွေးမှာဖြစ်ပါတယ်။ "
ပါတီမှတ်ပုံတင်ရေးကိစ္စ၊ ပါတီဖွဲ့စည်းပုံနဲ့ ပါတီမူဝါဒ ကိစ္စတွေကိုလည်း အဲဒီအစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်ဖို့ရှိတယ်လို့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။
အင်န်အယ်လ်ဒီပါတီကို အခုလ ၁၂ ရက် တနင်္လာနေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြုခဲ့ပါတယ်။
....................................................................................................
NLD ပါတီ ထူထောင်ခွင့်ရပြီ
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနိုင်ငံ
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေ NLD
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ် တည်ထောင်ဖို့
ခွင့်ပြုလိုက်ပါပြီ။ ဒီလိုခွင့်ပြုလိုက်တဲ့အတွက် ပါတီမှတ်ပုံတင်ဖို့
လိုအပ်တာတွေကို စလုပ်နေပြီလို့ NLD ကပြောပါတယ်။
ပါတီကို အသစ် ပြန်လည် ဖွဲ့စည်းသွားမှာဖြစ်ပြီး ရွေးကောက်ပွဲအတွက်လည်း ပြင်ဆင်မှုတွေလုပ်နေတဲ့အကြောင်း နောက်ဆုံးအခြေအနေကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က တင်ပြထားပါတယ်။
လက်ရှိ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဌဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်နယ်နဲ့တိုင်းအစုံက အဖွဲ့ဝင် ၂၁ ယောက် နာမည်နဲ့ ပါတီတည်ထောင်ခွင့်လျှောက်ထားတာကို ခွင့်ပြုလိုက်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က တရားဝင် အသိပေး အကြောင်းပြန်ခဲ့တာပါ။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ ပထမအဆင့် ကျော်သွားပြီဖြစ်လို့ နောက်တဆင့် ဘာတွေလုပ်ရမယ် ဆိုတာကို NLD သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ခုလိုရှင်းပြပါတယ်။
“ပါတီတည်ထောင်ခွင့်ပြုလိုက်ပြီလို့ အကြောင်းကြားစာရပြီဆိုရင် ကျနော်တို့လုပ်ရမှာက စတင်တည်ထောင်ဖို့ သွားပြီးတင်တဲ့ ၂၁ ယောက် ထဲက ပထမခေါင်းဆောင်၊ ဒုတိယခေါင်းဆောင် ရွေးရမယ်။ ရွေးပြီးတဲ့အခါကျ ကျနော်တို့ပါတီရဲ့နာမည်၊ ပါတီရဲ့အလံတော်၊ ပါတီရဲ့တံဆိပ်၊ ပါတီရဲ့သင်္ကေတ၊ ပါတီရဲ့မူဝါဒလမ်းစဉ်၊ ပါတီရဲ့ဘယ်လို ဖွဲ့စည်းမယ်ဆိုတဲ့ ဖွဲ့စည်းပုံ၊ အဲဒါတွေကို ပြုစုပြီးတော့ အဲဒီ ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်တွေက နေပြည်တော် ကော်မရှင်ကို သွားတွေ့ပြီးတော့ မှတ်ပုံတင်ရမှာ။ အဲဒီအဆင့်ကိုလုပ်ဖို့ ဦးဉာဏ်ဝင်းတို့ ပြင်ဆင်နေကြတယ်”
ခေါင်းဆောင်တွေကို သဘောတူ ရွေးချယ်မယ့် အစည်းအဝေးမှတ်တမ်း မိတ္တူကိုလည်း ပါတီမှတ်ပုံတင်ခွင့်လျှောက်တဲ့အခါ ပေးဖို့ လိုတဲ့အတွက် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ကြတဲ့ ၂၁ ယောက်လုံး ပြန်ဆုံပြီး ဆုံးဖြတ်ရွေးချယ်ကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ၂၁ ယောက်ထဲမှာ ဝေးလံတဲ့ဒေသတွေမှာ နေထိုင်ကြတဲ့ အဖွဲ့ဝင်တွေလည်း ပါတာမို့ ဘယ်တော့ အချိန်အတိအကျဖြစ်နိုင်မလဲဆိုတာ မပြောနိုင်ပေမဲ့ အမြန်ဆုံး ကြိုးစားမယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
တကယ်လို့ ပါတီမှတ်ပုံတင်ခွင့် ရသွားပြီဆိုရင်တော့ ပါတီအဖွဲ့ဝင်အင်အား စည်းရုံးခွင့်ပါရမှာ ဖြစ်ပါတယ်။ ဒီတော့ အဲဒီအခါကျရင် ၁၉၈၈ ခုနှစ်က တည်ထောင်ခဲ့တဲ့ NLD ပါတီဆိုတာ ရှိတော့မှာ မဟုတ်တဲ့အတွက် လက်ရှိ ပါတီဝင်တွေက ဘယ်လို ဖြစ်သွားမှာပါလဲ၊ ဦးအုန်းကြိုင်ကတော့ NLD ကို အသစ်ပြုပြင်ပြောင်းလဲ ဖွဲ့စည်းမှာဖြစ်လို့ လူဟောင်း လူသစ် အားလုံးအဖွဲ့ဝင်သစ် ပြန်လျှောက်ကြရမယ်လို့ ပြောပါတယ်။
“အဲဒီနေရာမှာ လူကြီးတွေရဲ့သဘောထားကတော့လေ လက်ရှိပါတီဝင်တွေလည်း အသစ်ပြန်ပြီးတော့ လျှောက်ထားကြမယ်၊ အဲလို လုပ်မယ်လို့ စိတ်ကူးရှိပါတယ်။ အဲဒီလို ညွှန်ကြားထားတာ ရှိတယ်။ အဲဒီတော့ ကျနော်တို့သည်ပင်လျှင်ကို ပါတီဝင်အဖြစ်နဲ့ ပြန်ပြီးတော့ လျှောက်ကြရမှာပေါ့”
နောင်ကျင်းပမဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်နိုင်ဖို့ NLD ပါတီက နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်တယ်လို့ အသိပေး ကြေညာ ခဲ့ပြီးကတည်းက ရွေးကောက်ပွဲ အောင်နိင်ရေးအတွက်ကိုလည်း လှုပ်ရှားဆောင်ရွက်နေကြပါတယ်။ အဖွဲ့ဝင် ၂၁ ယောက်ပါဝင်တဲ့ ဗဟို အောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် နေရာ လစ်လပ်နေတဲ့ မြို့နယ်တွေ၊ ခရိုင်၊ ပြည်နယ်နဲ့တိုင်းတွေမှာလည်း ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့တွေဖွဲ့ကြဖို့ ဆောင်ရွက်နေတယ်လို့ NLD သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။ အဲဒီလိုဖွဲ့ကြတဲ့ထဲမှာ အလွှာစုံကသူတွေ ပါဝင်နိုင်ဖို့ အဆိုပြုစာရင်းတွေကို သက်ဆိုင်ရာ ပါတီရုံးတွေဆီက တောင်းခံထားပါတယ်။
“အဆိုပြုစာရင်းထဲမှာတော့ လက်ရှိဆောင်ရွက်နေတဲ့ အဖွဲ့ဝင်ဟောင်းတွေ၊ စည်းရုံးရေးမှူး အဟောင်းတွေလည်း ပါဖို့လိုသလို ရပ်မိရပ်ဖတွေ၊ မြို့မိမြို့ဖတွေ ပြီးတော့ လယ်သမားတွေ၊ အလုပ်သမားတွေ၊ NLD အောင်နိုင်ရေးအတွက် ပါဝင်ကူညီနိုင်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေ၊ တတ်/သိ ပညာရှင်တွေ၊ နိုင်ငံရေးသမားဟောင်းတွေ- အဲဒါတွေပါ အကုန်လုံး ပါဝင်အောင်စည်းရုံးပြီးတော့ အောင်နိုင်ရေးကော်မတီဖွဲ့ဖို့ ပြင်ဆင်ပါ၊ စည်းရုံးညှိနှိုင်း ဆွေးနွေးပြီးပြီဆိုရင်လည်း လျာထားစာရင်းပေါ့ဗျာ-အောင်နိုင်ရေးကော်မတီကိုတော့ အောက်ပါပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းသင့်ပါတယ်ဆိုတဲ့ လျာထားစာရင်း၊ ကျနော်တို့ဆီကို တင်ပါ ဆိုပြီးတော့ ဗဟိုအောင်နိုင်ရေးကော်မတီက ညွှန်ကြားထားတယ်၊ အဲဒီညွှန်ကြားစာအရ ပြည်နယ်၊ တိုင်း တော်တော်များများကတော့ စာရင်းတွေပို့နေတယ်။ ကျနော်တို့ဆီ တချို့ရောက်တာတွေ ရောက်နေပြီ”
ရွေးကောက်ပွဲ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲက အချက်တချို့ကို ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ခဲ့ပြီးနောက် NLD က ပါတီမှတ်ပုံ ပြန်တင်ပြီး ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ကြေညာခဲ့တာပါ။ ကိုယ်စားလှယ် လစ်လပ်နေတဲ့ မဲဆန္ဒနယ်အားလုံးမှာ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဝင်ရောက် အရွေးခံသွားမှာ ဖြစ်တယ်လို့ NLD က ပြောထားပါတယ်။
နောင်ရွေးကောက်ပွဲတွေစည်းရုံးမဲဆွယ်တဲ့အခါ အနီရောင်အောက်ခံမှာ ခွပ်ဒေါင်းနဲ့ ကြယ်ပုံပါပြီး အောက်ဖက်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတဲ့ စာတန်းပါတဲ့ အလံနဲ့အမှတ်တံဆိပ် သင်္ကေတကို အသုံးပြုသွားမယ်လို့ အသိပေးခဲ့သလို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ပါတီ အမှတ်တံဆိပ်အဖြစ် အသုံးပြုခဲ့တဲ့ ခမောက်တံဆိပ်ကို လုံးဝ အသုံးပြုတော့မှာ မဟုတ်ဘူးဆိုတာကို တနင်္ဂနွေနေ့ကပဲ အစိုးရထုတ် သတင်းစာတွေကနေ ကြေညာခဲ့ပါတယ်။ သက်ဆိုင်ရာကတော့ ကြားဖြတ် ရွေးကောက်ပွဲ ဘယ်တော့လုပ်မယ်ဆိုတာကို အသိပေး ကြေညာခြင်း မရှိသေးပါဘူးရှင်။

မြို့နယ် ၃ ရာကျော်မှာ NLD ရုံးတွေ ပြန်ဖွင့်မည်
2011-12-04 (RFA)
ရွေးကောက်ပွဲကော်မရှင်က ပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်ပြီဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ ၁၉၈၈- ၈၉ ခုနှစ် ပါတီ တည်ထောင်ခဲ့စဉ် ကာလအတိုင်း မြို့နယ်တိုင်းမှာ စည်းကော်မတီ နဲ့ ရုံးခွဲတွေ ပြန်ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။“မြို့နယ်တိုင်းမှာ မြို့နယ်စည်းကော်မတီတွေ၊ ရုံးတွေ ရှိတယ်။ ဒါပေမယ့် အဲဒီ နောက်ပိုင်းကျတော့ အမျိုးမျိုး နှိပ်ကွပ်ခံရတာနဲ့၊ အချင်းချင်းထဲမှာ ဟိုဟာ မဖြစ်တာနဲ့၊ နောက် မြို့နယ်တချို့က ဆိုင်းဘုဒ်တွေဘာတွေ ပြုတ်ကျ ဆိုတာနဲ့ ရုံးတွေ မဖွင့်နိုင်တော့တာ။ အခု ပြန်ပြီး စည်းရုံးမယ်ဆိုရင် ရည်ရွယ်ထားတာတော့ မြို့နယ်တိုင်းမှာ မြို့နယ်စည်းကော်မတီတွေ ဖွဲ့နိုင်အောင် ကြိုးစားဖို့ ရည်ရွယ်ထားတယ်။ မြို့နယ်ပေါင်းက တပြည်လုံးမှာ ၃၁၄ မြို့နယ်၊ အခု ထပ်ပြီး ပြင်ဆင်တာနဲ့ဆိုရင် ၃၂ဝ ကျော်မယ် ထင်တယ်”
တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရတာနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေ အများအပြား ရှိနေတာကြောင့် အခုကတည်းက ကြိုတင်စီမံထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
NLD အနေနဲ့ ပါတီဝင်လျှောက်လွှာ ၁ သန်းကိုလည်း ရိုက်နှိပ်ပြီး တနိုင်ငံလုံးအနှံ့ ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အင်တာနက်အွန်လိုင်းက တဆင့်လည်း လျှောက်လွှာတင်နိုင်အောင် စီစဉ်နေတယ်လို့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ ထုတ်ဖော် ပြောဆိုသွားပါတယ်။
.........................................................................................................
ရန်ကုန်တိုင်း ကော့မှူးမဲဆန္ဒနယ်မှာ ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်မည်။
Monday, 05 December 2011 08:21
0 Comments
လစ်လပ်နေရာ ၄၈နေရာတွင် ပြည်သူ့လွှတ်တော်၌ ၄၀နေရာ၊ အမျိုးသားလွှတ်တော်၌ ၆နေ ရာနှင့် တိုင်းဒေသကြီး လွှတ်တော်တွင် ၂နေရာ ဖြစ်ပြီး နေရာ အားလုံးကို NLD က၀င်ပြိုင်မည်ဖြစ်သည်။NLD ပါတီသည် လာမည့်သတင်းအပတ်အတွင်း ပါတီမှတ်ပုံ တင်ခွင့်ရမည် ဖြစ် သည့်အတွက် လစ်လပ်မဲဆန္ဒနယ်များတွင် အောင်နိုင်ရေးအဖွဲ့များ ဖွဲ့စည်းတော့မည်ဖြစ်သည်။
.......................................................................................................................
NLD ပါတီ တနသာင်္ရီတိုင်းအတွက်ပြင်ဆင်။ ဒေါက်တာတင်မျိုးဝင်း ကျွန်းစုမှာဝင်ပြိုင်မယ်လို့သတင်းထွက်နေ