Monday, July 25, 2011

ငြိမ်းချမ်းရေးမြိုတော် ဗုံးခွဲခံရပီးနောက် ၃-ရက်အကြာအခြေနေ

ငြိမ်းချမ်းရေးမြိုတော် ဗုံးခွဲခံရပီးနောက် ၃-ရက်အကြာအခြေနေ
၂၅၀၇၁၁ (ထက်အောင်ကျော်)




သောကြာနေ့မှာဖြစ်ပွါးခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုကတည်းက ပိတ်ထားတဲ့လမ်းအတော်များများကို ဒီနေ့ပြန်ဖွင့်ပေးလိုက်ပါပီ။ အဲဒီနေ့က ကျနော်တင်ပြခဲ့တဲ့ Oslo City နဲ့ ဈေးစင်တာတချို့ကို ၂-ပါတ်ကြာ ဆက်ပိတ်ထားမယ်လို့ သိရပပေမဲ့ အော်စလိုရဲ့ အဓိပတိလမ်းဖြစ်တဲ့ Karl Johan လမ်းနဲ့ တခြားနေရာ အတော်များများကိုတော့ ပြန်ဖွင့်လိုက်ပါပီ။ ကားတွေ။ ရထား တွေလဲပုံမှန်နီးပါးပြေးဆွဲနေပီဖြစ်ပီး ၀န်ကြီးချုပ်ရုံးဝန်းလောက်ကိုသာ ဆက်ပိတ်ထားတာတွေ့ရပါတယ်။


ကွဲနေသောမှန်စများနဲ့ တအံ့တသြလာကြည့်နေသူများ







ဒီနေ့ ၁၂-နာရီလောက်မှာ ၀န်ကြီးချုပ်ရုံးဆီ ကျနော်သွားကြည့်ဖို့ကျီုးစားတော့ အယင်နေ့က ပိတ်ထားတဲ့ ဘုရားကျောင်းရှေ့ကလမ်းကိုပြန်ဖွင့်ထားတာတွေ့ရပိး ၀န်ကြီးချုပ်ရုံးဘေးနားက လမ်း ဘလောက် တခုစီကိုသာပိတ်ထားတာတွေ့ရပါတယ်။ ပေတရာခန့်အကွာကနေ အနီးကပ်ကြည့်ခွင့်ရ တော့မှ အပျက်စီးတွေက တီဗွီ-မှာမြင်ရတာထက် ပိုဆိုးနေပါတယ်။ ၁၇-ထပ်ရှိတဲ့ အစိုးရရုံးအဆာက်ဦ ရဲ့ မှန်ပြူတင်း ၃-ပုံ ၂-ပုံနီးပါး ကွဲရှပျက်စီးနေတာကိုတွေ့ရပီး လိုက်ကာအစုတ်တွေလဲ လေထဲမှာ လွင့်ပျံ နေပါတယ်။

အောက်ပိုင်းကိုကြည့်တဲ့အခါမှာတော့ မြေညီထပ်ကမှန်တွေအားလုံးကွဲနေပီး ဟိုဖက်-ဒီ ဖက် ဒိုးယိုးပေါက်မြင်နေရပါတယ်။ ပီးတော့ မှန်ကွဲစတွေ။ မီးကြိုးပြတ်တွေ။ တွဲလောင်းချိတ်နေတဲ့ မီး ကြိုးနဲ့ မီးသီးတချို့ကိုလဲ မြင်နေရပါတယ်။ ရုံးရှေ့တည့်တည့်က ဘတ်စကားမှတ်တိုင်ရှိတဲ့ ကားလမ်း ကိုကြည့်တဲ့အခါမှာတော့ မှန်ကွဲစအများအပြားကိုမြင်နေရဆဲဖြစ်ပီး ကားဂိတ်ဘေးက အလံတိုင်မှာ တ ၀က်လွင့်ထားတဲ့ ဧရာမအလံကြီးတခုကိုမြင်နေရပါတယ်။






ကျနော်ရပ်ကြည်နေတဲ့ဖက်ရဲ့ အခြားတဖက်မှာရှိတဲ့ VG သတင်းစာတိုက်ရဲ့အခြေနေကိုသိနိုင်ဖို့ တရားရုံးရှိရာအရပ်ဖက်ကနေလှည့်ပီးသွားရပါတယ်။ VG ရှေ့က ပိတ်ထားတဲ့လမ်းထိပ်ကနေ သတင်း စာဖတ်နေတဲ့ ကြေးရုပ်နဲ့ သူရှေ့မှာ ပြန့်ကျဲနေတဲ့ မှန်ကွဲစတွေ။ သံဇကာတွေကိုအနီးကပ်မြင်ခဲ့ရပါတယ်။ အပေါ်ကိုမော်ကြည့်တော့ အပေါ်ဆုံးထပ်အောက်က ၂-ထပ်မှာ မှန်တွေအတော်များများကွဲနေတာကို မြင်ရပါတယ်။ VG နဲ့မျက်နှာချင်းဆိုင်ရှိ ကျောက်တုံးကြီးတွေနဲ့ဆောက်ထားတဲ့ အစိုးရအဆောက်ဦးမှာ လဲ မှန်တချီု့ကွဲနေတာကိုမြင်ရပေမဲ့ VG နဲ့ ၀န်ကြီးချုပ်ရုံးလောက်တော့မဆိုး။ ကျနော်လိုဘဲ့ ဒီမြင်ကွင်း ကို တအံတသြလာရောက်ကြည့်ရှုနေတဲ့ လူအတော်များများကိုလဲ တွေ့ခဲ့ရပါတယ်။


တရားရုံးရှေ့မှာ မီဒီယာ...ထောင်နဲ့ချီပီးတောင်ရှိမလားဘဲ့

.




VG ကနေပြန်တဲ့အခါမှာတော့ ခုနက လူတွေတိုးဝှေ့နေတဲ့ တရားရုံးရှေ့ကို ကျနော်ပြန်လာခဲ့ပါ တယ်။ တရားရုံးရဲ့အနောက်ဖက် ကားဝင်ပေါက်ဖက်မှာ လူတွေထောင်နဲ့ချီတိုးဝှေ့နေတာကိုတွေ့ရပီး တီဗွီ-ကင်မရာ။ ရုပ်သေကင်မရာမျီုးစုံနဲ့ သတင်းထောက်တွေကလဲ ရာနဲ့ချီရှိနေပါတယ်။ အထဲကိုနဲနဲုတိုး ပီးဝင်စပ်စုကြည့်တော့ ဒီလမ်းဟာ (သံသရရှိသူလို့ တရားဝင်သုံး) တရားခံကိုကားနဲ့ခေါ်ပီး တရားရုံးထဲ သွင်းမဲ့လမ်း။ တရားရုံးထဲကို မြေအောက်ကနေ၀င်နိုင်တဲ့ တခုတည်းသောကားလမ်းဖြစ်တဲ့အတွက် ဒီမှာဝိုင်းအုံစောင့်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ နော်ဝေးသတင်းထောက်တွေကိုကျနော်တီး ခေါက် ကြည့်တော့ တရားခံဟာ အထဲမှာ ရောက်နေပီးသားဖြစ်မယ်လို့ သူတို့ထင်ပေမဲ့ အခုထိ ၀င်သွားတာလဲ မတွေ့ရ။ ပြန်ထွက်လာတာလဲ မတွေ့ရသေးဘူးလို့ပြောပါတယ်။

ကျနော် ဒီလိုစပ်စုနေတဲ့အချိန်မှာဘဲ့ ကားတစီးက တရားရုံး မြေအောက်လမ်းဆီ ဦးတည်ဝင် လာပါတယ်။ ကင်မရာမင်းတွေအားလုံး တရုန်းရုန်းနဲ့ကားဝင်ပေါက်ဆီတိုးဝှေ့ရာဆီ ကျနော်လဲပါသွားပါ တယ်။ ဒါပေမဲ့ အဲဒီကားထဲကိုဘာမှရှင်းရှင်းလင်းလင်းမမြင်ရ။ အဲဒီချိန်မှာ ကားမှန်ကိုလက်သီးနဲ့ထုသံကြားလိုက်ရပီး "Fuck you" ဆိုတဲ့ ၂-၃-ခွန်း အော် ဆဲတာကိုကြားလိုက်ရပါတယ်။ ဘာတွေဖြစ်မှန်းမသိသေးတဲ့ ကင်မရာသမားတွေဟာလဲ အဲဒီဆဲတဲ့လူဆီကို ကင်မရာအုပ်ကြီးကလိုက်သွားပြန်ပါတယ်။ ဘေးနား ကလူတွေကိုတီးခေါက်ကြည့်တော့ အဲဒါဟာ Utøya ကျွန်း လူငယ်စခန်းကနေ ပြန်လွတ်လာတဲ့ လူ ငယ်တဦးလို့သိရပါတယ်။ တရားခံကိုမတွေ့လိုသတင်းထောက်တွေ ဘာလုပ်ရမှန်းမသိတဲ့အချိန်မှာ အဲ ဒါကို ဘဲ့သတင်းလုပ်နေတဲ့လူတဦးကတော့ CNN မှ Nic Robinson ဖြစ်ပါတယ်။ ကြည့်ရတာ Back Story လုပ်နေပုံရပါတယ်။ (အခုနောက်ဆုံးဝင်လာတဲ့သတင်းတွေအရ ကျနော်မမြင်ရတဲ့ကားထဲမှာ တ ရားခံပါသွားတာကို ကင်မရာအကောင်းစားတွေက ဖေါ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်)

အနောက်ပေါက်ဖက်ကနေ တရားရုံးရဲ့ရှေ့ပေါက်ဖက်ကို ကျနော်ပြန်လှည့်သွားတော့ အဲဒီမှာ တကယ့် Back Story ဆရာကြီး Michal Holme ။ သူဘေးမှာတော့ နိုင်ငံတကာမီဒီယာမျီုးစုံက ကင် မရာတွေ။ တီဗွီ- Live လွင့်နိုင်တဲ့ကားတွေ။ စက်တွေ။ ရွက်ဖျင်တဲတွေ ၂-ဒါဇင်ကျော်ရှိမလားဘဲ့။ သူတို့ ရဲ့နောက်ကျော်ဖက်မှာတော့ ရပ်ကြည့်နေတဲ့လူအုပ်ကြီးက ၂၀၀-လောက်ရှိမယ်ထင်ပါတယ်။ သူတို့ရှေ့ တည့်တည့်က တရားရုံးမှာတော့ လုံခြုံရေးအစောင့် ၄-၅ ဦးကိုတွေ့ရပီး တရားရုံးထဲ ဘယ်သူမဆို ၀င် နိုင်-ထွက်နိုင်ဖို့ ဒီတိုင်းလွတ်ပေးထားပါတယ်။ ဒါပေမဲ့ တရားခံကိုတော့ ဘယ်သူနဲ့မှတွေ့ခွင့်မပေး။ တ ရားရုံးကလဲ အပြင်ကနေကြည့်ရင်သာ လမ်းဘေးမှာဖြစ်နေပေမဲ့ အထဲမှာအကျယ်ကြီးဆိုတော့ ဘယ်အ ခန်းမှာ တံခါးပိတ်စစ်ဆေးနေမှန်းမသိရ။

အဲဒီလို မီဒီယာတွေက စိတ်ဝင်တစား တိုးဝှေ့ သတင်းပို့နေချိန်မှာ ထွက်လာတဲ့အတွဲတတွဲ ကြောင့် ၀မ်းနဲနေတဲ့မျက်နှာတွေ ခနတာဝင်းလက်သွားပီး တချို့က တဟားဟားနဲ့ရည်ကြပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ရှေ့မှာကျနော်တင်ပြခဲ့တဲ့အတိုင်း ဘယ်သူမဆိုဝင်နိုင်-ထွက်နိုင်တဲ့အခြေနေခွင့်ပြု ထားတာကြောင့် ဒီနေ့မှာလဲ ပုံမှန်အတိုင်း မင်္ဂလာဆောင်ဖို့စာရင်းပေးထားတဲ့အတွဲတတွဲက မင်္ဂလာ ဆောင်ပီးလို့ တရားရုံးထဲကနေ ထွက်လာကြတာဖြစ်ပါတယ်။ သတင်းမရှိဖြစ်နေတဲ့ မီဒီယာ-သမားတွေ ကလဲ ဒီလိုနေ့မျီုးမှာမင်္ဂလာဆောင်တာ စိတ်ထဲဘယ်လိုနေလဲဆိုပီး မေးမလားမသိပါဘူး။ အဲဒီအတွဲ နောက် ကင်မရာတွေထမ်းပီး လိုက်နေကြပြန်ရော့။


ဘုရားကျောင်းရှေ့မှာ ပန်းခင်းဖြာ ဆုတောင်းသူတွေ အလွန်များလာ

pic..div class="separator" style="clear: both; text-align: center;">




တရားခံကိုမြင်ရမလားဆိုပီး တရားရုံးရှေ့မှာ တနာရီကျော်ကြာစောင့်ဆိုင်းခဲ့ပေမဲ့ အခြေနေက ဘာမှထူးမလာတဲ့အတွက် ဆုတောင်းပွဲရှိရာ ဘုရားကျောင်းဆီကျနော်ထွက်လာခဲ့ပါတယ်။ Glass Magazine ရဲ့မျက်စောင်းထိုးက ဘုရားကျောင်းရှေ့ရောက်တဲ့အခါမှာတော့ ဘောလုံးကွင်း တ၀က်စာ လောက်ရှိတဲ့ လွမ်းသူပန်းခြင်းတွေ။ ဆီမီးတွေနဲ့ တိုးဝှေ့ပီး ပန်စည်းချ။ ဆီမီးထွန်းနေတဲ့ လူတွေကို ရာနဲ့ ချီတွေ့လိုက်ရပါတယ်။ နှင်းဆီနီတွေနဲ့ တခြားပန်းမျိုးစုံကိုမြင်နေရပီး ဒီနေရာမှာ စနေနေ့ကတည်းက စ တင်ပန်းစည်းချ ဆုတောင်းခဲ့တာလို့သိရပါတယ်။ အဲဒီပန်းခင်းဘေးက ဘုရားကျောင်းကတော့ မနေ့က နော်ဝေးဘုရင်နဲ့ ၀န်ကြီးချုပ်တို့ကိုယ်တိုင် တက်ရောက်ပီး ငိုကြွေးဆုတောင်းခဲ့တဲ့နေရာဖြစ်ပါတယ်။ (ညနေ ၇-နာရီမှာတော့ လူတသိန်းခွဲလောက်ဟာ အဲဒီဆုတောင်းတဲ့နေရာနဲ့ မြိုတော်ခန်းမရှေ့ ကမ်းနားက ဆုတောင်းပွဲတွေဆီ တက်ရောက်ခဲ့ပါတယ်)

ကျနော်လဲ အနီးနားက နှင်းဆီနီတပွင့်ကို ၀ယ်ယူပီး သူများတွေနည်းတူ လိုက်လုပ် ကာ အားလုံး ကောင်းရာသုကတိလားစေဖို့ဆုတောင်းခဲ့ပါတယ်။ နောက်တခါ ဒီလိုအဖြစ်ဆိုးမျိး နောက် ထပ်မကြုံရစေဖို့နဲ့ နော်ဝေးရဲ့ ဆိုရှယ်ဒီမိုကရေစီဆက်လက်ရှင်သန်နိုင်ဖို့လဲ ဆုတောင်းခဲ့ပါတယ်။



အနောက်ဖက်မျက်နှာစာက အခြေနေပိုဆိုး

pic...



ဘုရားကျောင်းရှေ့ကနေပြန်အထွက်မှာတော့ ၀န်ကြီးချုပ်ရုံးကို အနောက်ဖက်မျက်နှာစာကနေ မြင်နိုင်တဲ့လမ်းတွေဆီကျနော်လျောက်လာပီး လေ့လာခဲ့ပါတယ်။ တလမ်းကျော်က အဆောင်ဦ အ တော်များများရဲ့ အောက်ဆုံးထပ်နဲ့ အပေါ်ဆုံးထပ် မှန်တံခါးတွေကွဲကြေနေတာကိုတွေ့ရပီး တချီု့နေရာ တွေမှာတော့ သုံးထပ်သားတွေနဲ့ အရေးပေါ်ပြန်ကာထားတာကိုတွေ့ရပါတယ်။ အဲဒီနေရာတွေကိုကျော် ပီး ကွဲနေသော နာရီစင်ကြိးရှိရာ အလုပ်သမားရင်ပြင်ဆီရောက်တဲ့အခါမှာတော့ ဆိုးဝါးစွာပျက်စီးနေတဲ့ ၀န်ကြီးချုပ်ရုံးကို အနောက်ဖက်ကနေ မြင်ခွင့်ရခဲ့ပါတယ်။ တနေ့က မီးလောင်သွားတဲ့ ရေနံဝန်ကြီးဌာန ကိုလဲမြင်နေရပီး အဲဒီမှာတော့ မှန်ကွဲတာအပြင် အုတ်နံရံတွေတောင်မှ ကွဲကြေနေတာကို မြင်နေရပါ တယ်။

ဝန်ကြီးချုပ်ရုံးရဲ့အနောက်ဖက်မျက်နှာစာမှာတော့ ၁၇-ထပ်အထိမှီတဲ့ အ၀ါရောင် ကလိန်းကြီး ၂ -ခုထောင်ထားတာကိုတွေ့ရပီး သန့်ရှင်းရေးလုပ်သားတွေက အဲဒီကလိန်းကနေချပေးထားတဲ့ ကြိုးတွဲက နေတဆင့် ၀န်ကြီးချုပ်ရုံးက ကွဲနေတဲ့မှန်ပြူတင်းတွေကို ရှင်းလင်းနေတာမြင်ရပါတယ်။ အနောက်ဖက် မျက်နှာစာအခြေနေဟာ အရှေ့ဖက်ထက်ပိုဆိုးတာတွေ့ရလို့ ကားဗုံးဟာ ၀န်ကြီးချုပ်ရုံးအနောက်ဖက် ကားလမ်းပေါ်မှာ ပေါက်ကွဲတာဖြစ်ပုံရပါတယ်။



အကြမ်းဖက်မှုမြောက်ရင် ထောင်ဒဏ် ၂၁-နှစ်ကျော်နိုင်ဟုဆို




အော်စလိုမြိုလယ်တခွင်ကို လေ့လာပီး အိမ်ပြန်ရောက်လို့ တီဗွီ-ဖွင့်ကြည့်တဲ့အခါမှာတော့ တ ရားရုံးကနေ တရားခံကပြန်သွားပီလို့သိရပါတယ်။ တရားသူကြီးကနေ သတင်းထောက်တွေကို ရှင်းပြ နေတာကိုသာမြင်ရပီး တံရားခံကို မီဒီယာနဲ့တွေ့ခွင့်ပေးဖို့မရှိတဲ့အကြောင်း။ ဖမ်းဆီးစစ်ဆေးနေစဉ်ကာ (ပထမ-သတင်း ၄-ပါတ်မှာ) လမှာလဲ တရားခံကို အင်တာနက်သုံးခွင့်။ သတင်းစာဖတ်ခွင့်။ ဧည့်သည်နဲ့တွေ့ခွင့်တွေပေးမှာမဟုတ် ဘူးလို့ တရားသူကြီးကပြောပါတယ်။

တံခါးပိတ်စစ်ဆေးစဉ်အတွင်း စွပ်စွဲခံထားရသူ (မြန်မာအခေါ် တရားခံ) Anders Behring Breivik ပြောသွားတယ်ဆိုတဲ့ စကားလုံးတွေထဲက တချို့ကို အနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင် နော်ဝေးရဲ့ အာဏာရ အလုပ်သမားပါတီဟာ တိုင်းပြည်နဲ့လူမျီုးကိုသစ္စာ ဖေါက်နေတဲ့အတွက် အခုလိုလုပ်ကြံရတာ လို့ပါဝင်ပါတယ်။ နောက်တခါ ဒါဟာ နော်ဝေးနဲ့ အနောက်ဥရောပနိုင်ငံသားတွေကို မူဆလင်လွမ်းမိုးမှု ဒဏ်ကနေ ကာကွယ်လိုက်တာလို့လဲဆိုပါတယ်။

အမှုနဲ့ပါတ်သက်ပီးနောက်ထပ်ထူးခြားချက်ကတော့ ဒီ လုပ်ကြံမှုမှာ တခြားအဖွဲ့စည်း ၂-ခုလဲ ပါဝင်နေတယ်လို့ စွပ်စွဲခံထားရသူဖက်ကပြောပေမဲ့ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ နော်ဝေးသတင်းတွေမှာ ဖေါ်ပြထားပါတယ်။
အခုချိန်မှာတော့ သူကို ရဲအချုပ်ခန်းဆီပြန်ခေါ်သွားပီဖြစ်ပိး နောက်ထပ် သတင်း ၈-ပါတ်ကြာ စစ်ဆေးဦးမယ်။ စက်တင်ဘာမတိုင်မှီ တရားရုံးထပ်ထုတ်ဘွယ်မရှိသေးဘူးလို့နားလည်ရပါတယ်။ တ ကယ်လို့သူကို အကြမ်းဖက်တိုက်ခိုက်မှုနဲ့စွဲချက်တင်မယ်ဆိုရင် ထောင်ဒဏ် ၂၁-နှစ်အထိချနိုင်တယ်လို့ ဆိုပါတယ်။ နောက်ထပ် ဘာစွဲချက်တွေရှိဦးမလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

အခုညနေ ၅-နာရီမှာလုပ်တဲ့ ရဲ-သတင်းစားရှင်းပွဲအရဆိုရင် သေဆုံးသူဦးရေကို ၉၃-ကနေ ၇၆-ကိုပြန်လျော့ချလိုက်ပါတယ်။ အဲဒီထဲမှာ အော်စလိုတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၈-ဦး ပါဝင်ပီး ကျန်အားလုံး Utøya-ကျွန်းကဖြစ်တယ်လို့ဆိုပါတယ်။ နောက်တချက်ကတော့ လုံခြုံရေးအခြေနေ အရ Oslo City ဈေးစင်တာကို သတင်း ၂-ပါတ်ကြာထပ်ပိတ်ထားဦးမယ်လို့ပြောပါတယ်။ အမှုနဲ့ပါတ် သက်ပီး ဆက်လက်စစ်ဆေးနေဆဲလို့ပြောသွားပါတယ်။
(ဒေသစံတော်ချိန် ညနေ ၅-နာရီခွဲအထိမျှသာ)


ထင်မြင်ယူဆချက်...


အော်စလိုမြိုတော် ဗုံးခွဲတိုက်ခိုက်မှုနဲ့ Utøya-ကျွန်းလူသတ်မှုတွေကို ကျုးလွန်သူလို့စွပ်စွဲခံထားရတဲ့ Anders Behring Breivik-ရဲ့ စာမျက်နှာ ၁၅၀၀-ပါ စာတန်းကိုအသေချာမဖတ်ရသေးပါဘူး။ ဒါပေမဲ့ သတင်းတွေမှာ ဖေါ်ပြချက်တွေ အပေါ် အခြေခံပီး နော်ဝေးနိုင်ငံမှာ ခိုလှုံနေတဲ့ အော်စလိုအခြေစိုက် မြန်မာနိုင်ငံသား သတင်းသမားတဦးအနေနဲ့ တခုခု ထုတ် ပြောသင့်တယ်လို့ယူဆမိပါတယ်။

သတင်းတွေမှာပါတဲ့ ဖေါ်ပြချက်အတိုင်းဆိုရင် ဒီပုဂိုလ်ဟာ လက်ယာစွန်းရောက် အမျိးသားရေးဝါဒီတဦး။ မူဆလင်ဆန့်ကျင်ရေးသမားတဦး။ အလွယ် ပြောမယ်ဆိုရင်တော့ မူလကတည်းက ရှိနေတဲ့ နော်ဝေးနဲ့ အနောက်ဥရောပဆီ ပြင်ပကမ္ဘာကလူတွေ ၀င်လာ တာကိုမလိုလားသူ။ ဆန့်ကျင်သူလို့ပြောနိုင်ပါတယ်။ နဲနဲချဲ့ထွင်ပီး တွေးမယ်ဆိုရင်တော့ နော်ဝေးနဲ့ အနောက်ဥရောပဆီ အခြေချဖို့ရောက်လာတဲ့ အရှေ့ဥရောပကလူတွေ။ နိုင်ငံရေးအခြေနေအရရောက်လာတဲ့ တတိယ-ကမ္ဘာက ဒုက္ခသည်တွေကိုပါ မလိုလားတဲ့သဘောလို့ယူဆနိုင်ပါတယ်။

သူလိုသဘောထားရှိသူ လူဦးရေဘယ်လောက်များများရှိသလဲဆိုတာကို စစ်တန်းကောက်ထားတာအတိအကျမရှိသေးပေမဲ့ ဥရောပ သမဂထဲကိုတောင်မ၀င်ဘဲ တကိုယ်တော် ရပ်တည်နေတဲ့ နော်ဝေးလိုနိုင်ငံမှာ ဒီလိုသဘောထားရှိတဲ့လူ (စဉ်းစား ချက်ကိုသာဆိုလို) သူ တဦး တည်းမက ရှိကောင်းရှိနေနိုင်တယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်ရဲ့နော်ဝေး သူငယ်ချင်းတဦးကဆိုရင် အီးယူ-ကို တိုးချဲ့ပီး အရှေ့ဥရောပ ကလူတွေကို နော်ဝေးထဲဝင်ခွင့်ပြုလိုက်ကတည်းက ရာဇ၀တ်မှုတွေတိုးလာတယ်။ လုံခြုံမှုမရှိသလိုခံစားလာရတယ်လို့ပြောဖူး ပါတယ်။ ဒါတောင် ကျနော်က ဒုက္ခသည်ဖြစ်နေလို့ အာဖရိက။ အရှေ့အလယ်ပိုင်းနဲ့ အာရှက ဒုက္ခသည်တွေကို စာရင်း ထည့်မသွားတာလားလို့ စဉ်းစားမိပါတယ်။

ဒီစဉ်းစားချက်တွေဟာ လက်ယာစွန်းရောက်တယ်လို့ဆိုနိုင်ပေမဲ့ သူတို့ထောက်ပြနေတဲ့ တချီု့အချက်တွေကလဲ အမှန်တွေ ဖြစ်ပါတယ်။ ခိုးမှု-လုမှုတွေ။ ရာဇ၀တ်မှုတိုးလာတာ။ အလုပ်မလုပ်ဘဲ ခံစားခွင့်ရသမျှယူတာတွေအပေါ် လစာရဲ့ ၃၀-ရာနှုံးကျော်ကို အခွန်ဆောင်နေရတဲ့ (အဲဒီအခွန်တွေနဲ့ ဒုက္ခသည်တွေကိုပေး ထား) နော်ဝေးပြည်သူတချီု့က ငြီးတွား နေတာကိုလဲ ကျနော်ကြားခဲ့ဖူးပါတယ်။

ဆိုတော့ ဒီပြသာနာဟာ Anders Behring Breivik-လို အစွန်းရောက်ပုဂိုလ်တဦးတည်းမှာသာ ရှိနေတဲ့ စဥင်္းစားချက် မျီုးမဟုတ်ဘဲ (စဉ်းစားချက်ရှိတာကတခြား အကြမ်းဖက်ဖြေရှင်းတာက တခြား-ဖြစ်ပါတယ်)တခြားလူတွေမှာပါ ရှိကောင်းရှိနေနိုင်တဲ့အတွက် ဒါကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပီး အားလုံး ပူးပေါင်းဆွေးနွေးအဖြေရှာသင့်တယ်လို့ထင်ပါတယ်။ လွတ်လပ်ပွင့်လင်းတဲ့ဆွေးနွေးမှုတွေ လုပ်သင့်ပါတယ်။ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အပြည့်အ၀ပေး ထားတဲ့နိုင်ငံတခုမှာ အခုလို အကြမ်းဖက်တိုက်ခိုက်မှုပေါ်လာတာကတော့ ဘယ်လိုမှကို နားမလည်နိုင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

လာလောဆယ်မှာတော့ မူလနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တတိယ-မှာ အခြေချနေရသူ ကျနော်တို့လို ပုဂိုလ်တွေအပေါ် ဒီဖြစ်စဉ်ကရိုက်ခတ်လာနိုင်တယ်လို့ယူဆမိပါတယ်။ လွတ်လပ်ပွင့်လင်းပီး လူမျီုးစုံ။ ဘာသာစုံ။ ယဉ်ကျေးမှုစုံ ၂၁-ရာစု ကမ္ဘာကြီးကို ဦးတည်ချီတက် နေချိန်မှာ ဒီလမ်းကြောင်းကိုလက်မခံနိုင်တဲ့ အတွေးအခေါ်အယူဆတွေကို ပွင့်ပွင့်လင်းလင်းနဲ့ အကြေလည် အမြန်ဆုံးဆွေးနွေးအဖြေရှာဖို့ အချိန်ရောက် နေပီလိုထင်မြင်မိပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More