Sunday, February 11, 2018

ပြည်ထောင်စုနေ့နှင့် လူနည်းစုသဘောထား လေးစားရေး

The Voice Daily, 10-02-2018.

၁၃၅ မျိုးရဲ့ ယဉ်ကျေးမှုကပွဲများကိုကျော်၍

ဖေဖော်ဝါရီ ၁၂ ရက်နေ့ဟာ ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပါတယ်။ ပြည်ထောင်စုနေ့ဆိုတာ ကိုလိုနီအင်္ဂလိပ်လက်အောက်ကနေ မြန်မာ့လွတ်လပ်ရေး ရယူနိုင်ဖို့အတွက် ဗမာအစိုးရခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်တွေ စုပေါင်းပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရှမ်းပြည်နယ် ပင်လုံမြို့မှာ ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာကနေ စတင်ဖြစ်ပေါ်လာတာပါ။


ဒါပေမဲ့ နှစ်တွေကြာလာလို့လားတော့ မသိပါ။ ပြည်ထောင်စုနေ့လို့ပြောလိုက်ရင် ပင်လုံစာချုပ်ပါ အချက်အလက်တွေ၊ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ပုံတွေကိုမမြင်ဘဲ တိုင်းရင်းသားရိုးရာဝတ်စုံ လှလှပပတွေဝတ်ပြီး ကပြဖျော်ဖြေနေတဲ့ ပြည်ထောင်စုကပွဲ ပုံရိပ်တွေကိုသာ စာရေးသူစိတ်ထဲ ပြေးမြင်လေ့ရှိပါတယ်။ စာဖတ်သူတွေ စိတ်ထဲမှာကော ဘာကို အရင်ဆုံး ပြေးမြင်လေ့ရှိပါသလဲ။ 

အမြင်ဆိုတာ ကိုယ်ဖြတ်သန်းခဲ့ဖူးတဲ့ ပတ်ဝန်းကျင်အခြေအနေ၊ ကိုယ်မွေးဖွားခဲ့တဲ့ ဒေသရဲ့ ပထဝီ အနေအထားနဲ့ သမိုင်းနောက်ခံပေါ်မူတည်ပြီး ကွာခြားလေ့ရှိတာကြောင့် တစ်ဦးနဲ့တစ်ဦး ထပ်တူမဖြစ်နိုင်ပါ။ ပင်လုံစာချုပ်ကိုပဲ ဥပမာကြည့်ပါ။ ဗမာလူများစုဘက်က အမြင်အရဆိုရင် တောင်တန်းသားတွေဟာ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဗမာအစိုးရနဲ့ပေါင်း ပြီးပင်လုံမှာ လက်မှတ်ထိုးနိုင်ခဲ့လို့သာ လွတ်လပ်ရေးရခဲ့တယ်။ နို့မို့ဆို ဗမာပြည်မပဲ လွတ်လပ်ရေးရပြီး တောင်တန်းဒေသက ကိုလိုနီဆက်ဖြစ်နေ ဦးမှာလို့ မြင်နေကြပါတယ်။ ဗမာအစ်ကိုကြီးက တိုင်းရင်းသားလူနည်းစု ညီငယ်တွေကို ကူညီကယ်တင် လိုက်တယ်ပေါ့။


ဒါပေမဲ့ တောင်တန်းသားတွေဘက်က အမြင်က အဲဒီလိုမဟုတ်ပါဘူး။ နယ်စပ်ဒေသမှာတွေ့ဖူးတဲ့ တိုင်းရင်း သား သူပုန်ခေါင်းဆောင်တွေ၊ ပြည်တွင်းမှာတွေ့ဖူး၊ ပြောဖူးသလောက် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အမြင်အရဆိုရင် ပင်လုံစာချုပ်ကြောင့် ကိုလိုနီ အင်္ဂလိပ်ကျွန်ဘဝက လွတ်သွားတာမှန်ပေမယ့် ဗမာကျွန် (ဗမာစစ်အစိုးရကျွန်) ဆက်ဖြစ်နေ တယ်လို့ သူတို့က ဆိုကြပါတယ်။ ဒီအမြင်ကို ပြည်မနေ ဗမာအများစု သိရှိနားလည်၊ လက်ခံဖို့ အဆင်သင့်ဖြစ်ပါ့ရဲ့လား။ 

ရှေ့ပိုင်းမှာ နိဒါန်းချီခဲ့တဲ့အတိုင်း အမြင်ဆိုတာ တစ်ဦးနဲ့တစ်ဦး မတူနိုင်တဲ့အတွက် ပြည်မက လူများစု အမြင်နဲ့ တောင်တန်းဒေသက လူနည်းစု အမြင်မတူတာ သဘာဝကျပါတယ်။ ဒါဖြင့် သဘာဝမကျတာက ဘာလဲ။ အဲဒီလို မတူကွဲပြားမှုတွေကို အသိအမှတ်မပြုဘဲ အားလုံးအတူတူဖြစ်ရမယ်ဆိုပြီး အတင်းအကျပ် ပုံစံသွင်းနေခြင်းလို့ ထင်ပါတယ်။



ဒီလို အတင်းအကျပ် ပုံစံသွင်းခြင်းကြောင့် ၇၁ နှစ်ကြာတဲ့အထိ ပြည်ထောင်စုနေ့ဆိုတာ အမည်ပဲရှိပြီး လက်တွေ့မှာတော့ ပြည်တွင်းစစ်မရပ်နိုင်သေးပါ။ ၂၀၁၀ ရွေးကောက်ပွဲအလွန် ဒီမိုကရေစီအသွင် ကူးပြောင်းမှုကာလမှာတော့ အရင်ကအမှားတွေကို သင်ခန်းစာယူပြီး ပြည်တွင်းစစ်ရပ်စဲရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွေ လုပ်နေတာတွေ့ရပါတယ်။ ဒါပေမဲ့ သေနတ်သံတွေက ကြားနေရဆဲပါ။ မြောက်ပိုင်းဒေသဘက်မှာဆို သေနတ်သံတွေက အရင် စစ်အစိုးရခေတ်ထက်တောင် ပိုအသံကျယ်သလို ဖြစ်လာနေပါတယ်။


တိုင်းရင်းသားဆိုတာကို ဘယ်လိုသဘောပေါက်ကြသလဲ

မြန်မာနိုင်ငံမှာ လူသုံးများနေတဲ့ တိုင်းရင်းသားဆိုတာ ဌာနေတိုင်းရင်းသား (Indigenous) ကို ဌာနေမပါဘဲ တိုင်းရင်းသားတစ်ခုတည်းကို ဆွဲယူသုံးစွဲနေတာလို့ ယူဆရပါတယ်။ အဓိပ္ပာယ်ကတော့ ရှေးနှစ်ပေါင်း များစွာကတည်းက မြန်မာနိုင်ငံအတွင်း အစဉ်အဆက် နေထိုင်လာခဲ့သူတွေပေါ့။ အရင်ခေတ်ကဆိုရင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဆိုပြီး လူမျိုးစုကြီး ၈ ခုကို ညွှန်းဆိုလေ့ရှိပါတယ်။ စစ်အစိုးရခေတ်မှာတော့ တိုင်းရင်းသား ၁၃၅ မျိုးရှိတယ်ဆိုပြီး အာဏာပိုင်တွေက ပြောပါတယ်။ 





ဒီအပြောကို ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေက အစောပိုင်းမှာ ကန့်ကွက်ကြပေမယ့် နောက်ပိုင်းမှာတော့ အဲဒီ ၁၃၅ မျိုးကို အတည်ယူပြီး နောက်တိုးလူမျိုးစုတွေဟာ ၁၃၅ မျိုးထဲမှာ စာရင်းမပါတဲ့အတွက် ဌာနေတိုင်းရင်းသား ဖြစ်ခွင့်မရှိဘူးလို့ ကိုးကားအသုံးပြုလာနေတာ တွေ့ရပါတယ်။ ထားတော့။ အဓိကဆွေးနွေးချင်တာက တိုင်းရင်းသားဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ကြသလဲ။ တိုင်းရင်းသားဆိုတာ (Indigenous) ဌာနေလူမျိုးကို ဆိုလိုမှန်း လူတိုင်းသိပေမယ့် တကယ့်လက်တွေ့မှာတော့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်နဲ့ ရှမ်းလူနည်းစုတွေပဲ တိုင်းရင်းသား စာရင်းပေါက်ပြီး လူများစု ဗမာက တိုင်းရင်းသားထဲ မပါဘူးလို့ အများက နားလည်ထားသလို ဖြစ်လာနေပါတယ်။

ဥပမာ စာရေးသူဆိုရင် ထားဝယ်သံဝဲတဲ့အတွက် “အသံဝဲတယ်နော်။ ဘာတိုင်းရင်းသားလဲမသိဘူး” ဒီလို အမေးခံရပါတယ်။ စာရေးသူရဲ့ မိတ်ဆွေ တောင်ပေါ်သားတွေဆိုရင် “အသံဝဲတယ်နော်။ တိုင်းရင်းသားတွေ ထင်တယ်”ဆိုပြီး မကြာခဏ အပြောခံရတာ သတိထားမိပါတယ်။ 

ဒီလောက်ဆိုရင် တိုင်းရင်းသားရဲ့ မူလအဓိပ္ပာယ်နဲ့ မြန်မာ့နည်း မြန်မာ့ဟန် ပုံဖော်ထားတဲ့ နောက်တိုး အဓိပ္ပာယ် မတူဘူးဆိုတာ သိလောက်ပါတယ်။ ဥပမာအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း အသစ်ပေါ်လာတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဆိုတာကို စာဖတ်ပရိသတ်တွေ ဘယ်လိုသဘောပေါက်ကြ ပါသလဲ။ ဗမာမှအပ ကျန်လူမျိုးစုတွေအတွက် တာဝန်ယူဆောင်ရွက်ရမယ့် ဝန်ကြီးမျိုးလား။ ဒါပေမဲ့ ရှေ့မှာတင်ပြခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းဒေသတွေမှာ ဗမာက လူနည်းစုဖြစ်သွား တဲ့အတွက် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဆိုတာ ပေါ်လာပြန်ပါတယ်။ ဒီအချက်ကတော့ မဆိုးဘူး။ တိုင်းရင်းသားထဲမှာ ဗမာလည်းပါတယ်ဆိုတာကို ပြန်ညွှန်းပြသလို ဖြစ်သွားစေခဲ့ပါတယ်။

ဒါပေမဲ့ မရှင်းမလင်းဖြစ်နေတာက အဲဒီ တိုင်းရင်းသားရေးရာဝန်ကြီးတွေက ဘာလုပ်ပိုင်ခွင့်ရှိသလဲ။ ဆောင်းပါးအစမှာ နိဒါန်းချီခဲ့သလို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ရိုးရာဝတ်စုံတွေ ဝတ်ပြီး ပြည်ထောင်စုနေ့ကပွဲ လုပ်တာတစ်မျိုးပဲ လုပ်ခွင့်ရှိသလား။ စာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းရေး လောက်ပဲ လုပ်ပိုင်ခွင့်ရှိသလား။ ဒါမှမဟုတ် တိုင်းရင်းသားလူနည်းစုတွေနဲ့ ဗမာလူများစုကြားဖြစ်နေတဲ့ အမြင်ကွဲလွဲမှုတွေ၊ တိုင်းရင်းသားတပ်တွေနဲ့ အစိုးရတပ်မတော်အကြားဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲ တွေ ရပ်စဲရေး၊ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအထိ လုပ်ပိုင်ခွင့်ရှိသလား။ ဒါကို ဒီနေ့လို ပြည်ထောင်စုနေ့မှာ မေးခွန်းထုတ်သင့်တယ် မဟုတ်ပါလား။


လူများစုဆန္ဒကိုလိုက်နာပြီး လူနည်းစုဆန္ဒကို လေးစားပါ

အများစုဆန္ဒကိုလိုက်နာပြီး အနည်းစုဆန္ဒကို လေးစားရေးဆိုတာ ဒီမိုကရေစီရဲ့ အခြေခံသဘောတရား တစ်ခုဖြစ်ပေမယ့် ဒီနေ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာတော့ အများစုဆန္ဒကို လိုက်နာရေးပဲ လွှမ်းမိုးနေပြီး အနည်းစုဆန္ဒကို လေးစားဖို့ပြောသူ အတော်နည်းနေတာ သတိထားမိပါတယ်။ လူနည်းစုဆိုတဲ့နေရာမှာ လွှတ်တော်အတွင်း နေရာအနည်းငယ်သာရတဲ့ အတိုက်အခံပါတီငယ်တွေနဲ့ တိုင်းရင်းသားပါတီတွေဆိုပြီး ၂ မျိုး ရှိနိုင်ပါတယ်။



ဒီဆောင်းပါးမှာ တိုင်းရင်းသားလူနည်းစုအခွင့်အရေးကိုသာ ဦးစားပေးဆွေးနွေးမှာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရခိုင်နဲ့ ရှမ်းပြည်နယ်မှာ ဒေသခံတိုင်းရင်းသားပါတီတွေက အများစု အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးမှာ အများစုအနိုင်ရထားတဲ့ NLD ပါတီက အဲဒီတိုင်းရင်း သားပါတီတွေကို ပြည်နယ်ဝန်ကြီးချုပ်နေရာ မပေးခဲ့ပါ။ ဘာကြောင့်လဲ။

၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ် - တိုင်းဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်အပ်တာမို့ သူတို့ပါတီက တာဝန်ခံနိုင်တဲ့ ပါတီဝင်တွေကိုသာ NLD ဘက်ကခန့်တာ သဘာဝကျတယ်လို့ဆိုကြပါတယ်။ လူများစုအမြင်အရ သဘာဝကျတယ်ဆိုပေမယ့် လူနည်းစုတိုင်းရင်းသားတွေအမြင်အရ ဒါဟာ သဘာဝမကျနိုင်ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စုဆီ ချီတက်မယ်ပြောထားသူတွေ၊ ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်းကတည်းက အတူတကွ လက်တွဲဆောင်ရွက်ခဲ့တဲ့ မဟာမိတ်ပါတီတွေချင်း ဘာကြောင့် ဒီလောက်လေးတောင် ခွဲတမ်းမပေးနိုင်တာလဲ၊ NLD ပါတီရဲ့ ဖက်ဒရယ်မူ၊ လူနည်းစု တိုင်းရင်းသားတွေအပေါ် မူက ဘယ်လိုလဲဆိုပြီး မေးခွန်းထုတ်မှုတွေ ရှိလာနေပါတယ်။

အဲဒီနောက်ပိုင်း ဒုသမ္မတလိုနေရာမျိုး၊ တိုင်းရင်းသားရေးရာဝန်ကြီးလိုနေရာမျိုးတွေအတွက် ရှမ်းပါတီကို ကမ်းလှမ်းတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကမ်းလှမ်းချက်ဟာ ဝန်ကြီးနေရာအတွက် ခွဲတမ်းကမ်းလှမ်းခြင်းသာဖြစ်ပြီး ပါတီအချင်းချင်း ကြိုတင်ဆွေးနွေးမှု ဘာမှ ကြိုမလုပ်ခဲ့ဘူး။ ဒီလိုဆွေးနွေးခွင့်မရတဲ့အတွက် ပါတီအချင်းချင်း ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ၊ တိုင်းရင်းသားရေးရာဝန်ကြီးက ဘာတွေ လုပ်ပိုင်ခွင့်ရှိသလဲဆိုတာ ဘာမှ အတိအကျသိခွင့်မရဘူးလို့ ရှမ်းပါတီဘက်က ပြောတာတွေကို သတင်းတွေထဲ ဖတ်ရပါတယ်။

လတ်တလောဖြစ်နေတဲ့ ရခိုင်ပဋိပက္ခ၊ လူထုတွေကြုံနေရတဲ့ နေ့စဉ်စားဝတ်နေရင်းဒုက္ခနဲ့စာရင် ဒီကိစ္စဟာ အရေးပေါ်ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နှစ် ၇၀ နှစ် ကြာဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ရပ်စဲမယ်၊ ငြိမ်းချမ်းရေးဖော်ဆောင်မယ်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီ ချီတက်မယ်ဆိုရင်တော့ တိုင်းရင်းသား လူနည်းစုတွေရဲ့အသံကို အလေးအနက် နားထောင်ရေး၊ အလုပ်တာဝန်ခွဲဝေပေးရေး (အာဏာခွဲဝေရေး) တွေကိုလည်း အစိုးရဘက်က အလေးထားစဉ်းစားဖို့ လိုပါတယ်။ တိုင်းရင်းသားပါတီတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဖြစ်နေတဲ့ ပဋိပက္ခပြေလည်ရေးကို များစွာအထောက်အကူပြုနိုင်ပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်ကစခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစီအစဉ်အရဆိုရင် NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ (အစိုးရသစ်လက်ထက် ၂၁ ပင်လုံညီလာခံ) ကို တစ်နှစ် ၂ ကြိမ် ကျင်းပရမှာဖြစ်ပေမယ့် မနှစ်က တစ်ကြိမ်ပဲ ကျင်းပနိုင်ခဲ့ပါတယ်။ နိုဝင်ဘာမှာ ဒုတိယအကြိမ်လုပ်ဖို့ မှန်းထားပေမယ့် အခု ၂၀၁၈ ဖေဖော်ဝါရီလလယ်အထိ ကျင်းပနိုင်မယ့်လက္ခဏာ မတွေ့ရသေးပါ။ NCA မှာ လက်မှတ်ထိုးပြီးသား ရှမ်းလက်နက်ကိုင်အဖွဲ့က ဦးစီးကျင်းပတဲ့ လူထုဆွေးနွေးပွဲတွေကို တပ်မတော်က ဝင်ရောက်တားဆီးတဲ့အတွက် ရှမ်းပြည်တောင်ပိုင်းမှာ ပြဿနာတွေတက်ပြီး ဆွေးနွေးပွဲတွေ ရပ်ဆိုင်းထားရပါတယ်။

ဒီကြားထဲ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးရုပ်တုတစ်ခု ကရင်ပြည်နယ်အတွင်း စိုက်ထူဖို့ပြင် ဆင်နေစဉ် တပ်မတော်ကနေ လာရောက် တားဆီးပိတ်ပင်တာကလည်း အရုပ်ဆိုးလှပါတယ်။ တစ်နိုင်ငံလုံး အနှံ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေ စိုက်ထူနေပြီး ကရင်နယ်မြေမှာ ကရင်ခေါင်းဆောင် ရုပ်တုစိုက်တာကျ ခွင့်မပြုနိုင်တာ ဘာကြောင့်လဲ။ အရင်နှစ်ကလည်း မွန်ပြည်နယ် ဘီလူးချောင်းတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုပြီး အတင်းအကျပ်အမည်ပေးလို့ ပြဿနာတွေ တက်ခဲ့ဖူးပြီးပါပြီ။ အမည်တွေ၊ ရုပ်တုတွေကိစ္စမှာတောင် သဘောထားမကြီးနိုင်တဲ့ NLD အစိုးရနဲ့ မြန်မာ့တပ်မတော်က တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ တန်းတူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို နားလည် လက်ခံနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ကျင်းပမယ့် ပြည်ထောင်စုနေ့ ညစာစားပွဲမှာ၊ တိုင်းရင်းသားရိုးရာကပွဲတွေမှာ နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံရင်းနဲ့ ဒီကိစ္စတွေကို ဆွေးနွေးအဖြေရှာနိုင်လေမလား။ ပြည်ထောင်စုနေ့အလွန်မှာ ၂၁ ပင်လုံ ပြန်စနိုင်မလား။ ဒါမှမဟုတ် လူနည်းစု တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို NLD အစိုးရလူကြီးမင်းတွေနဲ့ တပ်မတော် ဗိုလ်ချုပ်တွေက ဆက်ပြီး လျစ်လျူရှုထားလို့ သေနတ်သံတွေ ပိုကျယ်လာပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေက အမတ်နေရာ ပိုအနိုင်ရလာလေမလား။



သေချာတာကတော့ လူနည်းစုအရေး၊ တိုင်းရင်းသားအရေးကို ပြေလည်အောင် မကိုင်တွယ်ဘဲနဲ့ တိုင်းပြည်တည်ဆောက်ရေးလုပ်ဖို့ မလွယ်ပါ။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားလူနည်းစုအရေး၊ (ဖက်ဒရယ်အရေး) ဟာ ခေါင်းနဲ့ပန်းလို တွဲနေတဲ့အတွက် ၂ ခုစလုံးကို တစ်ပြိုင်တည်း ဖြေရှင်းဖို့လိုပါတယ်။ တစ်ခုကိုချန်ထားပြီး အခြားတစ်ခုကိုပဲ ဦးစားပေးရှင်းနေရင် ချန်ထားခံရတဲ့အပိုင်းက ပြဿနာတွေဟာ ပိုမိုကြီးထွားလာပြီး ဖြေရှင်းဖို့ ပိုခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ကျရောက်တဲ့ ပြည်ထောင်စုနေ့မှာ ညစာစားပွဲ၊ ကပွဲခုန်ပွဲတွေကိုကျော်ပြီး ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးအထိ ထည့်သွင်းစဉ်းစားကြဖို့ လိုနေပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

Monday, January 8, 2018

ABSDF (တောင်ပိုင်းဒေသ) ကျဆုံး-သေဆုံး ရဲဘော်များအတွက် အာဇာနည်ဗိမာန် တည်ဆောက်ရေး စတင်

(၈-၀၁-၂၀၁၈)ထုတ် တနသာင်္ရီဂျာနယ်ပါ သတင်းကို ပြန်လည်မျှဝေထားခြင်းဖြစ်ပါတယ်။

ဒါဟာ ABSDF တခုလုံးအတွက် မဟုတ်ပဲ မင်းသမီးအခြေစိုက် တောင်ပိုင်းဒေသအတွက်သာဖြစ်ပါတယ်။ တပ်နံပတ်တွေနဲ့ပြောရမယ်ဆိုရင် ၂၀၁၊ ၂၀၃၊ ၁၀၁၊ ၁၀၂ တပ်ရင်းတွေကနေ မင်းသမီးဒေသမှာ ကျဆုံး- သေဆုံးသွားသူတွေအတွက်ဖြစ်ပါတယ်။




Thursday, January 4, 2018

နော်ဝေ၊ ဒိန်းမတ်၊ ဂျာမဏီ ၃ နိုင်ငံသို့ သဘောင်္စီးခြင်း

Oslo မှ Frederikshavn သို့
ဆောင်းရာသီဆိုတာ တကယ်တော့ သဘောင်္မစီးပဲ စကီး (နှင်းလျော်စီးခြင်း) စီးရမဲ့ရာသီပါ။ နော်ဝေ အတော်များများက ခရစ်စမတ်နဲ့ နှစ်သစ်ကူးဟောလီးဒေးအဖြစ် တောတောင်တွေထဲရှိ နှင်းတောထဲက Hytte တဲတွေဆီမှာ သွားရောက်အနားယူလေ့ရှိပါတယ်။ တချို့ကတော့ မြောက်ပိုင်းဖက်သွားပြီး Northing light (မြောက်ပိုင်းရောင်ချည် တန်း) ကို ကြည့်ကြပေါ့။

(ဓာတ်ပုံ- ထက်အောင်ကျော်)

တကယ်ဆို အခုလိုဆောင်းတွင်းမှာ စာရေးသူ တကယ်သွားချင်တဲ့နေရာက Northing light ရှိတဲ့နေရာ။ လွန်ခဲ့တဲ့ ဆယ်နှစ်နီးပါးက နွေလယ်ရာသီတခုမှာ အဲဒီမြောက်ပိုင်းက ထရိုဆွန်း (Tromsø) မြို့ဆီသွားပြီး သန်းခေါင်ယံ နေ ဆိုတာကို ကြည့်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဆောင်းရာသီမှာ အဲဒီမြို့ဆီသွားပြီး မြောက်ပိုင်း ရောင်ချည်မြင်ခွင့်ရဖို့အရေး စိတ်ကူးယဉ်မှုက အခုထိ အထမမြောက်သေး။ အဓိကအချက်ကတော့ လေယဉ်ခ၊ ဟိုတယ်ခ ဈေးကြီးလွန်းလို့ အဲဒီကိုသွားမဲ့အစား မြန်မာပြည်တခေါက်ပြန်တာကမှ ပိုကောင်းပါ တယ်ဆိုပြီး စိတ်ကူးကပြောင်းသွားလေ့ရှိလို့ပါ။

ဒီနှစ်မှာလည်း ဘတ်ဂျက်ကမလောက်တော့ မြောက်ပိုင်းရောင်ချည် စိတ်ကူးယဉ်ခရီးစဉ်ကို စွန့်လွတ်ပြီး နီးနီးနားနား အခမဲ့နီးပါးရတဲ့ အပျော်စီးသဘောင်္ကိုစီးဖို့ရွေးလိုက်ပါတယ်။ တကယ်စီးချင်တဲ့သဘောင်္က အော်စလိုကနေ Kiel (ဂျာမဏီတောင်ပိုင်းက ဆိပ်ကမ်းမြို့) ဆီသွားတဲ့သဘောင်္။ ဒါပေမဲ့ အဲဒီကောင်က ဒီလိုခရစ်စမတ်ရာသီ၊ နှစ်သစ်ကူးရာသီမျိုးမှာ ခရိုနာ ၁၀၀၀ ကျော် (ဒေါ်လာ ၁၅၀ ၀န်းကျင်) နေတတ်ပါ တယ်။ ဒီတော့ ဈေးသက်သာတယ်ဆိုပြီး တနှစ်မှာ - ခေါက်မက စီးဖြစ်လေ့ရှိတဲ့ Frederikshavn (ဒိန်းမတ်တောင်ပိုင်းက ဆိပ်ကမ်းမြို့ငယ်) ဆီ သွားတဲ့ Stena Line ကိုပဲ ထပ်ရွေးလိုက်ပြန်ပါတယ်။

နော်ဝေမှာ (အထူးသဖြင့် အော်စလိုဝန်းကျင်မှာ) ရှိတဲ့ မြန်မာအတော်များများ ဒီသဘောင်္ကိုစီးဖူးပြီးသားမို့ အထူးရှင်းပြနေဖို့လိုမယ်မထင်ပါ။ အပျော်စီးသဘောင်္ စီးထဲက အဆင့်အနိမ့်ဆုံးခရီးစဉ်ဆိုပါစို့။ ဒါပေမဲ့ သူက ဈေးသက်သာတဲ့အပြင် အချိန်လည်းသက်သာပါတယ်။ ဒီညနေ နာရီထွက်ရင် မနက်ဖန်မနက် နာရီမှာ ဒိန်းမတ်မြို့ငယ်လေး Frederikshavn ဆီဆိုက်ပါတယ်။ အဲဒီမြို့မှာ တနာရီကျော်ကြာ ဈေးဝယ်ပြီး (ခပ်သွက်သွက်လျောက်၊ ခပ်သွက်သွက်ဝယ်ရပါတယ်) မနက် ၁၀ နာရီမှာပြန်ထွက်။ ညနေ နာရီမှာ (၂၄ နာရီအတွင်း) အော်စလိုကိုပြန် ရောက်ပါတယ်။ 

ဆိုးတာက ကမ်းမကပ်မီ ညနေ နာရီလောက်ကတည်းက အခန်းထဲကနေ ထွက်ပေးရခြင်းပါပဲ။ မထွက်လို့မဖြစ်။ သူက နာရီခွဲပြန်ထွက်မှာဆိုတော့ အခန်းသန့်ရှင်းရေးလုပ်ဖို့၊ အိပ်ယာအသစ်လဲဖို့ မီနစ် ၃၀ နဲ့ ဘယ်လိုမှ အချိန်မလောက်နိုင်။ (အခုနောက်ပိုင်းတော့ အထုပ်အပိုးတွေကို ပက်ကေ့စ်လုပ်ပြီး ရေချိုးခန်းနား ထားခဲ့လို့ရပါတယ်) ဒါပေမဲ့ ဘာဖြစ်ဖြစ် ဈေးသက်သာတဲ့အပြင် တခြားခရီးစဉ်တွေလို ညအိပ် ရက်အချိန်ပေးစရာမလိုလို့ စီးတဲ့သူ များနေဆဲပါ

နော်ဝေမှာ အရက်၊ ဆေးလိပ်နဲ့ အသားတွေကဈေးကြီးတော့ အဲဒီသဘောင်္စီးပြီး Tax free မှာ ဈေးဝယ်ကြ တာက အဓိကလုပ်ငန်းစဉ်ပါ။ ဥပမာ မြန်မာအကြိုက် Jack Daniel ၀ီစကီ တလီတာပုလင်းကို အော်စလိုမှာ ၅၀၀ ခရိုနာပေးရပြီး အဲဒီသဘောင်္ပေါ်မှာတော့ ၃၀၀ ခရိုနာပဲပေးရပါတယ်။ ဆေးလိပ်လည်း အဲဒီနှုန်းအတိုင်း တ၀က်နီးနီးဈေး သက်သာပါတယ်။ တခါ ခရိုနာတထောင်ဖိုးလောက် အဲဒီ Tax free ဆိုင်မှာဈေးဝယ်ရင် အခမဲ့နီးပါးရတဲ့ သဘောင်္လက်မှတ်တစောင် လက်ဆောင်ပေးတတ်ပါသေးတယ်။ အခမဲ့ဆိုတာ သောကြာ၊ စနေမဟုတ်တဲ့ ကြားရက်တွေမှာ သွားမှ၊ ပြူတင်းပေါက်မပါတဲ့ အတွင်းခန်းကိုယူမှ ရတာပါ။ လူစည်ကားတဲ့ သောကြာ၊ စနေတွေမှာသွားချင်တယ်။ ပြူတင်ပေါက်လဲပါချင်တယ်။ တီဗွီ တွေ၊ ရေခဲသေတ္တာတွေလဲပါချင် တယ်ဆိုရင်တော့ နဲနဲဈေးပိုပေးရပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလအတွင်း ဒီသဘောင်္ကို တနှစ် - ခေါက်စီးခဲ့ဖူးပေမဲ့ သဘောင်္ဦးခန်းဖက်မှာရှိ တဲ့ Spa အခန်းတွေဆီတခါမှ မ၀င်ဖြစ်ပါ။ အရက်ဝယ်ပြီး ၀ိုင်းစုသောက်ဖို့၊ ညဖက် ဒင်စကိုကပွဲသွားဖို့၊ ကာစီနိုစက်တွေနဲ့ ဆော့်ဖို့သာသိပြီး Spa ထဲသွား အနားယူဖို့ တခါမှ မစဉ်းစားမိခဲ့ပါ။ မစဉ်းစားဆို Spa ထဲ တခါမှမ၀င်ဖူးတော့ အဲဒါကြီးကို အလှပြင်တဲ့အခန်း၊ အနှိပ်ခန်းလို့ပဲ ကိုယ်ကထင်ထားမိတယ်ဆိုပါတော့။ တကယ်က အဲဒီလိုမဟုတ်။ ဖင်လန်နိုင်ငံခရီးစဉ်တုန်းက ကြုံခဲ့ဖူးတဲ့ ချွေးထုတ်ခန်း sauna နဲ့ ရေခဲရေစိမ်တဲ့ အခန်းတွေ အဲဒီထဲမှာရှိပါတယ်။



(ဓာတ်ပုံ- Stena line)

ဒီလောက်အေးတဲ့ရာသီမှာ ရေခဲရေစိမ်ရသလားဆိုပြီး အံ့သြနေသလား။ အပူချိန် ၇၀ ကနေ ၁၀၀ ဒီဂရီ စင်တီဂရိတ် အထိအပူပေးထားတဲ့ အခန်းထဲမှာ ၁၅ မီနစ်လောက်ထိုင်ပြီး ချွေးထုတ်၊ အဲဒီအခန်းထဲကနေ ထွက်လာတာနဲ့ ရေခဲကန်ထဲ ခုန်ဆင်းပြီး shock ရိုက်တာက လူကိုအတော်လန်းဆန်းစေပါတယ်။ ပြီးရင် ရေနွေးကန်ထဲမှာ နဲနဲစိမ်ပြီး ကျာအချင်တွေကို နှိပ်လိုက်ရင် တလတာအမောတွေပြေသွားသလို စိတ်ထဲ ထင်မိပါတယ်။ အဲသဘောင်္ခထဲမှာ Spa ဖိုးမပါတဲ့အတွက် ၁၅၀ ခရိုနာ (အသင်းဝင်ဆိုရင် ၉၉ ခရိုနာ) လောက်တော့ ထပ်ပေးရပါတယ်။ ဒီတခေါက်ခရီးစဉ်အတွင်း Spa ရဲ့ အရေးပါမှုနဲ့ jacuzzi (ရေနွေးစိမ်ကန် ငယ်) ထဲ ရေစိမ်နည်းတွေကို လေ့လာတွေ့ရှိခဲ့တယ်ဆိုပါတော့။


Oslo မှ Kiel သို့ 

လျော့ဈေးနဲ့ရလို့ တလအတွင်း သဘောင်္ စီးစလုံး စီးမိသွားတယ်ပြောရမလားပါပဲ။ ဒီဇင်ဘာ ပထမ သတင်းပတ်မှာ ဈေးပေါတဲ့ တောသဘောင်္ကိုစီးပြီးအပြန် နှစ်သစ်ကူးရာသီအတွက် အော်စလို-ကိုပင်ဟေဂင် (ဒိန်းမတ်မြို့တော်) DFDS သဘောင်္လိုင်းကို ၁၀၀ ခရိုနာလောက်နဲ့ရမယ်ဆိုပြီး မိတ်ဆွေတဦးက လက်တို့ လာပါတယ်။ နှစ်သစ်ကူးမှာ ဒီဈေနဲ့ရရင် လိုက်မယ်လို့ စာရင်းပေးလိုက်တာပေါ့။ အဲဒီလိုစာရင်းပေးပြီး ၃ ရက် လောက်မှာ အခြားမိတ်ဆွေတဦးက ဖုန်းခေါ်လာပါတယ်။ စာရေးသူ သိပ်စီးချင်နေတဲ့ အော်စလိုမှ Kiel (ဂျာမဏီတောင်ပိုင်း ဆိပ်ကမ်းမြို့) မြို့ဆီပြေးတဲ့ Color Line သဘောင်္လိုင်းက ၈၀ ရာနှုန်းလျော့ဈေးနဲ့ရ မယ် တဲ့ 

(ဓာတ်ပုံ- Colour Line)

ဒီလို ခရစ်စမတ်ရာသီမှာ ၁၀၀၀ တန်ကို ၂၀၀ နဲ့ရမယ်ဆိုတော့ လက်လွှတ်ခံလို့ဘယ်ဖြစ်မလဲ၊ ရှေ့မှာတင်ပြ ခဲ့ဖူးတဲ့အတိုင်း ဈေးပေါတဲ့ စတီနာလိုင်းကို တနှစ်မှာ - ခေါက်စီးဖူးပေမဲ့ အခု ဂျာမဏီသဘောင်္ ကာလာလိုင်းကိုတော့ လွန်ခဲ့တဲ့  နှစ်ခန့်က တခါပဲစီးဖူးပါသေးတယ်။ သူက နေ့လည် နာရီထွက်မှာ ဆိုတော့ သောကြာနေ့မှာ နေ့ တ၀က် ရုံးပြေး၊ ကျောင်းပြေးလုပ်ပြီး ၁၂ နာရီအရောက် ဘတ်စ်ကား ဂိတ်ကြီးဆီသွားရပါတယ်။ ၃၃ ဘတ်စ်လိုင်းက သဘောင်္ဆိပ်အထိပြေးတယ်ဆိုပေမဲ့ မနက်ရုံးတက်ချိန်နဲ့ ညနေ ရုံးဆင်းချိန်လောက်သာဆွဲပေးတာမို့ အခုလို နာရီအမီ ဘတ်စ်ကားမရှိပါ။ ဒီတော့ ကာလာလိုင်း သဘောင်္ကစီစဉ်ပေးတဲ့ ကားဂိတ်ကြီးကနေ သဘောင်္ဆိပ်ဆီဆွဲပေးတဲ့ ဖယ်ရီကားကိုမီဖို့ ၁၂ နာရီအတိမှာ ကားဂိတ်ကြီးဆီလာရပါတယ်။ (မလာနိုင်ရင် တက္ကစီငှားပြီးဖြစ်စေ၊ မြို့တော်ခန်းမရှေ့ကနေ မီနစ် ၃၀ နီးပါး လမ်းလျောက်ပြီးဖြစ်စေ လာနိုင်ပါတယ်)။

အရင်တခေါက်သွားတုန်းက နွေရာသီဆိုတော့ အေးဆေး လမ်းလျောက်သွားလို့ရပေမဲ့ အခုက ဆောင်း တွင်းကြီး။ အအေးချိန်က အနှုတ် လောက်ရှိတဲ့အပြင် နှင်းတွေကလည်းလမ်းပေါ်မှာအများကြီး။ ဒီတော့ အခမဲ့ဆွဲပေးတဲ့ ဘတ်စ်ကားမီအောင် ကားကြီးဝင်းဆီ ၁၁ ခွဲကတည်းက ရောက်အောင်လာရပါတယ်။ လျော့ဈေးချထားလို့လား မသိပါ။ ဂိတ်မှာတွေ့မိတဲ့ လူ ၂၀၀ လောက်မှာ လူဖြူအတော်နည်းပြီး အရှေ့ တောင်အာရှနဲ့ တောင်အာရှသားတွေ အတော်များနေပါတယ်။

လူက ၂၀၀ လောက်ရှိပေမဲ့ ဘတ်စ်ကားက တစီးတည်း။ ဒီတော့ အာရှသားတွေထုံးစံအတိုင်း နောက်ကား ကို စောင့်ဖို့ စိတ်ကူးသူမရှိ။ ရပ်ထားတဲ့ကားပေါ် အလုအယက်တိုးတက်ကြတာ ကားသမားစိတ်ပျက် တောင်းပန်ရတဲ့အထိပါပဲ။ သဘောင်္ပေါ်တက်ဖို့ တန်းစီတော့လည်း အနောက်တိုင်းသားတွေလို စနစ်တကျ မစီပဲ ရှေ့လူကိုကျော်တက်ပြီး စီနေကြလို့ လုံခြုံရေးက တားယူရတဲ့အထိ။ ဒီသဘောင်္လိုင်းရဲ့ လုံခြုံရေးက လည်း တမျိုး။ နိုင်ငံကူးလက်မှတ်ကို အဓိကမစစ်ပဲ ခရီးဆောင်အိတ်ထဲက အ၀တ်တွေကို တစစီဆွဲထုတ်ပြီး စစ်နေပါတယ်။ 

Warm food ပါလားဆိုပြီး လုံခြုံရေးကမေးတော့ပါတယ်လေ၊ ခေါက်ဆွဲကြော်တွေ၊ ကြက်ကြော်တွေ၊ ထမင်းဖြူတွေ အခုလေးတင် ပူပူနွေးနွေးချက်ပြီးယူလာတာလို့ အထုတ်တွေ ဆွဲထုတ်ပြရပါတယ်။ အဲဒါ မဟုတ်ဘူး။ သဘောင်္ပေါ်မှာစားဖို့ Warm food ချက်တဲ့ စက်တွေပါလားဆိုပြီး စစ်နေတာ၊ ဟိုမှာတွေ့လား- အဲဒီလို ရေနွေခရားတွေ၊ လျှပ်စစ်အိုးတွေပါလား တဲ့။ ဟိုက်ဟိုဖက်နားမှာ သိမ်းယူထားတဲ့ ရေနွေးခရား အိုးတွေ ၅၀ လောက်ရှိတယ်။ ဒါကြောင့် အာရှသားတွေကို အဓိကထားစစ်နေတာဖြစ်မှာပေါ့။ အာရှသား တွေရဲ့ထုံးစံအတိုင်း သဘောင်္ပေါ်မှာရောင်းတဲ့ နောက်တိုင်း အစာနဲ့မတင်းတိမ်၊ ထမင်းနဲ့ခေါက်ဆွဲစားရမှ ကျေနပ်လေ့ရှိတော့ အဲဒါတွေချက်ဖို့ ရေနွေခရားတွေ၊ ထမင်းအိုးသေးသေးလေးတွေကို ခရီးဆောင်အဖြစ် ယူသွားလေ့ရှိတယ်ဆိုပါတယ်။

ခက်တော့ ခက်သား။ ဇိမ်ခံသဘောင်္စီးပါတယ်ဆိုမှ လူသူမရှိတဲ့ တောကြီးမျက်မဲထဲခရီးသွားသလိုမျိုး ထမင်း ထုတ် ယူလာသူ၊ ထမင်းအိုးယူလာသူတွေနဲ့ဆိုတော့ အနောက်တိုင်းသားတွေအတွက် အထူးအဆန်းဖြစ်နေ နိုင်ပါတယ်။ ဒီသဘော်က ၁၅ ထပ်အထိရှိပြီး ခရီးသည် ၂၀၀၀ ကျော်၊ ကားအစီးရေ ၇၀၀ ကျော်အထိ တင်နိုင်တယ်ဆိုပါတယ်။ ခရီးသည် ၂၀၀၀ ကျော်ဆိုတာ ရန်ကုန်-ထားဝယ်ပြေးတဲ့ သဘောင်္တွေလို ဖြစ်သလိုတင်တဲ့စာရင်းမဟုတ်ပါဘူး။ နှစ်ယောက်အိပ်ခန်း၊ ယောက်အိပ်အခန်း၊ မိသားစုအခန်း စသဖြင့် လူအားလုံးအတွက် ကြယ်ငါးပွင့်ဟိုတယ်နီးပါးကောင်းတဲ့ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာ အကုန်ပါ ပါတယ်။ ရေပေါ်ဟိုတယ်ကြီးလို့ အလွယ်ပြောနိုင်မလားပါပဲ။




(ဓာတ်ပုံ- Color Line)

ရှေ့မှာပြောခဲ့တဲ့ ဒိန်းမတ်သွားသဘောင်္တွေမှာလဲ အလားတူ အိပ်ခန်းတွေပါ ပါတယ်။ ဒါပေမဲ့ ဒီသဘောင်္က သဘောင်္ဝမ်းလည်ခေါင်မှာ အခန်းတွေမထားပဲ ဟောခန်းလိုလုပ်ပြီး ဈေးဆိုင်တွေဖွင့်ထားတာမို့ သဘောင်္ထဲ ရောက်နေသလိုမခံစားရပဲ မြို့လည်ခေါင်က ဈေးတန်းထဲရောက်နေလို ထင်ရပါတယ်။ ကစီနိုစက်တွေက လည်း အတော်ကောင်းပြီး အနိုင်ရရင် ငွေထုတ်နိုင်တဲ့ကတ်ပြား စက်ထဲကနေ တခါတည်း တန်းထွက်လာပါ တယ်။ နောက်ထပ် ထူးခြားချက်ကတာ့ နာရီမှပြတဲ့ ဖျော်ဖြေရေးအစီစဉ်က တခြားသဘောင်္ စီးနဲ့ ဘာမှမဆိုင်အောင် သာပါတယ်။

ဒိန်းမတ်သွား သဘောင်္တွေပေါ်က ဖျော်ဖြေရေးဟာ သာမန် သီချင်းဆိုမှုသာဖြစ်ပေမဲ့ ဒီသဘောင်္ပေါ်က ဖျော်ဖြေရေးကတော့ အတော်ဆွဲဆောင်မှုရှိပါတယ်။ နိုင်ငံတကာ အနုပညာကျောင်းဆင်း လူငယ်လေးတွေ ရဲ့ သရုပ်ဖေါ်ကပြမှု၊ အထူးသဖြင့် မီးဆလိုက်နဲ့ သရုပ်ဖေါ်မှုက ရင်သပ်ရှုမောဘွယ်ပါ။ ဇတ်စင်ကလည်း လန်ဒန်ကအော်ပလာစင်တွေလို အနိမ့်အမြင့်လုပ်နိုင်တဲ့အပြင် ပရိသတ်တွေထိုင်ဖို့နေရာကိုလည်း ရုပ်ရှင်ရုံ လို အသေချာပြင်ပေးထားပါတယ်။ ဒီတော့ နောက်ကျရင် နေရာမရတော့လောက်အောင်ကို လူတိုးပါတယ်။

စာရေးသူကြိုက်မိတဲ့ နောက်ထပ်နေရာတခုကတော့ ၁၅ ထပ်က Observation Bar ပါပဲ။ သဘောင်္ဦးရှိ အဲဒီဆိုင်ကနေ ပင်လယ်ပြင်ကိုကြည့်ရတဲ့အရသာက အတော်ထူးပါတယ်။ အဲ Spa လဲ ဒီသဘောင်္မှာပါပေမဲ့ ရေလွှာလျောစီးတာ၊ တခြားဟာတွေနဲ့တွဲထားလို့ ဈေးနဲနဲကြီးတဲ့အတွက် မ၀င်ဖြစ်ခဲ့ပါဘူး။ ဒီသဘောင်္က နေလည် နာရီ အော်စလိုကနေထွက်ပြီး မနက် ၁၀ နာရီမှာမှာ (ကီလို ၇၀၀ နီးပါးကို နာရီ ၂၀ မောင်း) Kiel မြို့ဆီ ဆိုက်ပါတယ်။ နေ့လည် နာရီပြန်ထွက်မှာဆိုတော့ နာရီကျော်ကြာ ဈေးဝယ်ခွင့်၊ လည်ပတ်ခွင့်ရပါ တယ်။

အရင်တခေါက်လာတုန်းက တနင်္ဂနွေဖြစ်နေလို့ ကုန်တိုက်ကြီးတွေပိတ်ပြီး ဆိုင်သေးသေးလေးတွေမှာပဲ ဈေးဝယ်ခဲ့ရပါတယ်။ ဒီတခေါက်တော့ ကံကောင်းထောက်မစွာနဲ့ စနေ ဆိုတော့ ဂျာမဏီမှာဈေးဝယ်ခွင့်ရခဲ့ ပါတယ်။ သဘောင်္ပေါ်ကဆင်းလာတဲ့ လူ ၁၀၀၀ ကျော်စလုံး အနီးဆုံးကုန်တိုက်ဆီပဲ တန်းဝင်သွားတာတွေ့ရ ပါတယ်။ ကုန်တိုက်က ထပ်သာရှိပေမဲ့ အထဲမှာ အကျယ်ကြီး။ ပစ္စည်းတွေကလည်း စုံသလားမမေးနဲ့၊ ဥရောပရဲ့ ဦးဆောင်နိုင်ငံဆိုတော့ ဈေးကလည်း (အော်စလိုနဲ့စာရင်) ပေါ်သလားမမေးနဲ့။ ဒါပေမဲ့ အရှေ့တောင်အာရှသားတွေရဲ့ ထုံးစံအတိုင်း ဈေးဝယ်ရေးက နောက်မှ။ အာရှစားသောက်ဆိုင်ကို မတွေ့ တွေ့အောင်ရှာပြီး ထမင်း သို့မဟုတ် ခေါက်ဆွဲကျော်မှာစားရေးက ပထမ ဦးစားပေးပါ။


Oslo မှ Copenhagen သို့

အကောင်းဆုံးသဘောင်္လိုင်းကို ခရစ်စမတ်ရာသီမှာ စီးထားပြီးဖြစ်ပေမဲ့ ကိုပင်ဟေဂင်ဆီသွားတဲ့ သဘောင်္ လက်မှတ်ကလည်း ၀ယ်ထားပြီးသားဆိုတော့ အရှုံးခံလို့မဖြစ်။ ဒီဘောင်္လိုင်း DFDS ကတော့ ရှေ့က လိုင်းရဲ့ ကြား အဆင့်မှာရှိတယ်လို့ဆိုနိုင်ပါတယ်။ အော်စလိုကနေ ညနေ နာရီခွဲမှာထွက်ပြီး နောက် တရက် မနက် ၁၀ နာရီမှာ ကိုပင်ဟေဂင်ဆီ ဆိုက်ပါတယ်။ နာရီနီးပါး ဈေးဝယ်ချိန်၊ လည်ပတ်ချိန်ရပြီး ညနေ နာရီခွဲမှာ ပြန်ထွက်ပါတယ်။ 

(ဓာတ်ပုံ- ထက်အောင်ကျော်)

ဒီသဘောင်္ကို - ခါ စီးဖူးပြီးဖြစ်ပေမဲ့ အစည်းဝေးတက် သတင်းယူတာ၊ မိတ်ဆွေတွေက ကားနဲ့ခေါ်ပြီး တခြားမြို့ တွေဆီလျောက်လည်တာဆိုတော့ ကိုပင်ဟေဂင်မြို့ထဲ တခါမှ အသေချာမလည်ဖြစ်သေးပါ။ ဥရောပရဲ့မြို့ကြီးဖြစ်တဲ့အပြင် တခြားသဘောင်္ လိုင်းနှစ်ခုထက် လည်ပတ်ချိန်လည်းပိုရတာမို့ အေးဆေး လျောက်လည်ခွင့်ရခဲ့ပါတယ်။ ပထမဆုံး သတိထားမိတာက ဒီလိုဆောင်းတွင်းမှာတောင် စက်ဘီးစီးနေ သူတွေအများကြီး။ အော်စလိုမှာ အပူချိန်က အနှုတ် ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး နှင်းတွေကျနေပေမဲ့ ဒီမှာက အပေါင်း ဖြစ်တဲ့အပြင် နှင်းလဲမကျဘူးဆိုတော့ စီးနိုင်တာပေါ့။

ပြီးတော့ ဂျာမဏီတို့၊ ဒိန်းမတ်တို့က နော်ဝေလို တောင်တွေရှိတာမဟုတ်။ မြေပြန့်ချည်းသက်သက်ဆိုတော့ စက်ဘီးတွေက ဂီယာပါစရာမလို၊ ဈေးသိပ်ကြီးစရာမလို၊ သဘောင်္ဆိပ်ကနေလာတဲ့ ဘတ်စ်ကားဂိတ်နေက မြို့လယ်ဆီလျာက်တဲ့လမ်းဘေး ၀ဲ-ယာမှာ စက်ဘီးရပ်တဲ့နေရာ (Bike park) တွေအများကြီး၊ ရပ်ထားတဲ့ စက်ဘီးတွေ ထောင်နဲ့ချီရှိမယ်ထင်ပါတယ်။ ဒါတောင် ဆောင်းတွင်းကြီးမို့လို။ နွေဆိုရင် သောင်းနဲ့ချီရှိနိုင်ပါ တယ်။ ကိုပင်ဟေဂင်ဟာ စက်ဘီးမြို့တော်ဖြစ်ပြီး လူ ယောက်မှာ စက်ဘီး စီးရှိတယ်ဆိုပါတယ်။ မြို့ လူဦးရေက သိန်းဆိုတော့ စက်ဘီးအစီးရေ သိန်းကျော်ရှိတယ်လို့မှန်းနိုင်ပါတယ်။ စက်မပါတဲ့ ကားကို စက်ဘီးသမား ၂၀ လောက်ကနင်းပြီး မြို့လယ်မှာသွားနေတဲ့ ထူးဆန်းထွေလာ ကားတွေကိုတောင် မြင်ခဲ့ရပါ တယ်။

ဒီနိုင်ငံက လူအားအပြင် လေအားလဲအတော်ကောင်းတဲ့နိုင်ငံ။ လေအားဆိုလို့ ရန်ကုန်ကလူတွေလို လက်ဖက်ရည်ဆိုင်ထိုင်ပြီး (အခုခေတ်မှာတော့ ဘီယာဆိုင်ပေါ့) လေကန်နေတယ်လို့ မထင်လိုက်ပါနဲ့၊ အလကားရတဲ့လေကို လေရဟတ်တွေနဲ့ဖမ်းတားပြီး လေစွမ်းအင်ထုတ်တာကို ဆိုလိုတာပါ။ ဒိန်းမတ်ဟာ လေရဟတ်ဆရာကြီးဖြစ်ပြီး လေစွမ်းအင် နည်းပညာကို ကမ္ဘာတလွှားဆီ ဖြန့်ဖြူးနေပါတယ်။ အခု သဘောင်္ ဆိုက်တဲ့ ပင်လယ်ကမ်းစပ်မှာတောင် လေရဟတ်တိုင်တွေအများကြီး။ 

နော်ဝေကတော့ တောင်တွေပေါ်တဲ့အတွက် ရေအားလျှပ်စစ်ကို အဓိကထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ရေရော၊ လေပါ ကောင်းပေမဲ့ နည်းပညာမရှိသေးလို့ ကျောက်မီးသွေးခေတ်ဆီ ပြန်သွားမယ်လို့ဆိုနေပါ တယ်။ ထားတော့။ ပြောရင်းနဲ့ နိုင်ငံရေးက ပါလာပြန်ပြီ။ 

ကိုပင်ဟေဂင်မှာ လူအစည်ကားဆုံးလမ်းကတော့ “Strøget” ဖြစ်ပါတယ်။ အရင်နှစ်တွေက ဘူတာကြီးဝန်း ကျင်နဲ့ ပါလီမန်ဖက်သာရောက်ဖူးပြီး ဒီလမ်းပေါ် တခါမှမလျောက်ဖူးသေးပါ။ အော်စလိုက Karl Johans လမ်းထက်  မက ရှည်မယ်ထင်ပါတယ်။ ကျောက်တုံးခင်းလမ်းကို အသေချာပြင်ထားပြီး ကမ္ဘာတလွှား က နာမည်ကြီးဆိုင်မျိုးစုံရှိပါတယ်။ ဈေးကလည်းကောင်းပါတယ်။ ဒီတော့ ထုံးစံအတိုင်း လမ်း အစ-အဆုံး ခြေညောင်းတဲ့အထိ လျောက်ကြည့်ပြီးတဲ့နောက် အာရှဆိုင်မှာ ခေါက်ဆွဲမှာစားတာနဲ့ပဲ ကျေနပ်ခဲ့ရပြန်ပေါ့။



အနှစ်ပြန်ချုပ်ရမယ်ဆိုရင် ဘတ်ဂျက် ဘယ်လောက်ရှိသလဲ၊ အချိန်ဘယ်လောက်ပေးနိုင်သလဲ၊ သဘောင်္စီး ပြီး ဘာတွေလုပ်ချင်သလဲဆိုတဲ့အပေါ်မူတည်ပြီး ဒီ လိုင်းထဲက တလိုင်းကိုရွေးပါ။ ဘတ်ဂျက်လဲတောင့် မယ်၊ အချိန်လဲပေးနိုင်မယ်ဆိုရင်တော့ ဂျာမဏီသဘောင်္ Color Line ကိုသာရွေးပါ။ ဒါမှမဟုတ် ဥရောပရဲ့ မြို့တော်ကြီးတခုဖြစ်တဲ့ ကိုပင်ဟေဂင်ကို လည်ချင်တဲ့ဆိုရင် DFDS ကိုရွေးပါ။ ဘတ်ဂျက်လဲနည်း၊ အချိန် လည်းနည်းတယ်ဆိုရင်တော့ Stena Line ပေါ့။

ဒါက နော်ဝေ၊ ဒိန်းမတ်နဲ့ ဂျာမဏီက မြန်မာတွေအတွက်ချည်း ညွှန်နေခြင်းမဟုတ်ပါ။ အခုလို ပွင့်လင်း ကာလမှာ မြန်မာနိုင်ငံကနေ ဥရောပဆီ လာလည်နေသူတွေကလည်း အများကြီးမဟုတ်ပါလား။ ခရီး သည်အများစုဟာ ပြင်သစ်၊ အီတလီနဲ့ ဂျာမဏီ (အဂ်လန်က Schengen zone စာရင်းထဲမပါတဲ့အတွက် ဗီဇာ ခက်တယ်ဆို) ကိုသာ သိကြပေမဲ့ အခုနောက်ပိုင်းမှာတော့ နော်ဝေး-ဆွီဒင်-ဒိန်းမတ်ဖက်ကိုလဲ ဦးလှည့် စပြုလာနေပြီဆိုပါတယ်။



ဈေးတွက် တွက်မယ်ဆိုရင် အော်စလို-ဘာဂင် ရထားစီးရင် (ဥရောပရဲ့ အလှပဆုံးမြင်ကွင်း) တခြမ်းကို ခရိုနာ ၁၀၀၀ လောက်ပေးရနိုင်ပါတယ်။ အသွားအပြန်ဆို ၂၀၀၀ ပေးရတဲ့အပြင် ဟိုတယ်ခလည်း တည ၁၀၀၀ လောက်ထပ်ကုန်ပါဦးမယ်။ ရှေ့မှာတင်ပြခဲ့တဲ့ သဘောင်္လိုင်းတခုခုကိုစီးမယ်ဆိုရင် အသွား-အပြန် ၁၀၀၀ အောက်ပဲကုန်ပြီး ဟိုတယ်ခလည်း ညစာ သက်သာမှာဖြစ်ပါတယ်။ နော်ဝေးအပြင် တခြားနိုင်ငံ တခုကိုလဲ ထပ်ရောက်တာမို့ ဘယ်နှစ်နိုင်ငံရောက်ဖူးတယ်ဆိုပြီးပြောချင်သူတွေအတွက် သဘောင်္ခရီးစဉ် တွေက လေယျဉ်၊ ရထား ခရီးစဉ်တွေထက် ပိုတွက်ခြေကိုက်ပါကြောင်း လမ်းညွှန်လိုက်ရပါတယ်။       
...


...
..

Share

Twitter Delicious Facebook Digg Stumbleupon Favorites More