NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လာမဲ့ ဖေဖေါ်ဝါရီလအတွင်း ထားဝယ်ခရိုင် လောင်းလုံးမြိုဆီ စည်းရုံးရေးခရီး လာဖို့ရှိတယ်လို့သိရပါတယ်။ ဒီနေ့ ထားဝယ်နဲ့လောင်းလုံးမြိုတွေမှာကျင်းပတဲ့ ရွေးကောက် ပွဲအောင်နိုင်ရေးရုံးခန်းဖွင့်ပွဲအတွင်း တနသာင်္ရီတိုင်း NLD ဥက္ကဌ ဦးလှမင်းက အခုလိုပြောသွား တာဖြစ်တယ် လို့ လောင်းလုံးမြိုနယ် ရုံးဖွင့်ပွဲအခန်းနားကို တက်ရောက်ခဲ့တဲ့ ပါတီဝင်လူငယ်တဦး ကပြောပါတယ်။

အဆိုပါ လူငယ်ပြောတဲ့အတိုင်းသာအမှန်ဆိုရင် ဒါဟာ ၁၉၉၀-ရွေးကောက်ပွဲ
အကြို မဲဆွယ်ကာလနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
နှစ် ၂၀-ကျော်အတွင်း ပထမ-ဆုံး ထားဝယ်ခရီးစဉ်ဖြစ် လာနိုင်ပါတယ်။
ရွေးကောက်ပွဲအောင်နိုင်ရေး NLD ပါတီ တနသာင်္ရီတိုင်း တိုင်းရုံးကို ထားဝယ်မြိုမှာ ဒီမနက် ၈-နာရီခွဲက ကျင်းပခဲ့ပြီး ပါတီဝင်တွေအပါဝင် ပရိတ်သတ် ၃၀၀-ကျော်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ အလား တူ လောင်းလုံးမြိုနယ် အောင်နိုင်ရေးရုံးခန်းကို မနက် ၁၁-နာရီမှာ ဆက်တိုက်ဖွင့်လှစ်ပီး ပရိသတ် ၅၀၀-ကျော်အထိတက်ရောက်တာတွေ့ရတယ်လို့ ပါတီလူငယ်တွေကပြောပါတယ်။
(ရေဖြူ။ သရက်ချောင်းရုံးများကိုလဲ ၁၆-နဲ့ ၁၅-ရက်နေ့တွေမှာဖွင့်ပေးခဲ့။ ပုံကို အောက်ဆုံးမှာကြည့်နိုင်)
လောင်းလုံးမြိုနယ် အောင်နိုင်ရေးရုံးဖွင့်ပွဲ
(ဓါတ်ပုံ...NLD-လောင်းလုံး)
ဒီသတင်းနဲ့ပါတ်သက်ပီး ပါတီဗဟိုကတော့ အခုချိန်ထိ ဘာမှထုတ်ပြောခြင်းမရှိသေးပါဘူး။အဆိုပါ လူငယ်ပြောတဲ့အတိုင်းသာအမှန်ဆိုရင် ဒါဟာ ၁၉၉၀-ရွေးကောက်ပွဲ