၁၉၀၅၁၁ (ထက်အောင်ကျော်)
လူ့စွမ်းအင်သုံး ခေါတ်သစ်ရေယဉ်ထွန်းကားရာ မြ၀တီ-မဲဆောက်ဂိတ်
ပြီးခဲ့တဲ့လ ထိုင်းခရီးစဉ်အတွင်း ကျနော်ပထမ-ဆုံး သွားရောက်လေ့လာဖြစ်ခဲ့တဲ့နယ်စပ်ဂိတ်ကတော့ မဲဆောက်-မြ၀တီ- ချစ်ကြည်ရေးတံတားဂိတ်ဖြစ်ပါတယ်။ မဲဆောက်ဖက်ရောက်တိုင်း ဒီတံတားဆီ သွား။ မြ၀တီဖက်ကိုငေးကြည့်- အဲ...အတိအကျပြောရမယ်ဆိုရင်တောီ့ မြ၀တီကိုစိတ်ကူးနဲကျော်ဖြတ်ပီး မော်လမြိုင်-ရန်ကုန်-မန္တလေးအထိ မျော်ကြည့်မိတယ်ဆိုပါတော့။ ထူးခြားတာကတော့ အယင်ခေါက် တွေသွားစဉ်က ချစ်ကြည်ရေးတံတားလဲ ဖွင့်။ တံတားအောက်က မှောင်ခိုလမ်းတွေလဲဖွင့်။ ၂-လမ်းသွား နည်းနဲ့ ကုန်သွယ်နေတာကိုတွေ့ရပေမဲ့ ဒီတခေါက်ခရီးစဉ်မှာတော့ ချစ်ကြည်ရေးတံတားကြီးကိုပိတ် ထားတာနဲ့ တိုးနေခဲ့ပါတယ်။
ထုံးစံအတိုင်း တံတားရဲ့ ညာဖက်အောက်နားမှာစိုက်ထားတဲ့ "The Moei River, the westernmost point" ဆိုတဲ့ ဆိုင်းဘုတ်ရှေ့မှာဓါတ်ပုံရိုက်။ အဲဒီဆိုင်းဘုတ်အနီးက ကမ်းနားလမ်း ဘေးတလျောက်မှာရောင်းချနေတဲ့
မြန်မာဖက်လာတဲ့ မှောင်ခိုပစ္စည်းမျိုးစုံကိုကြည့်။ ဒါပေမဲ့ ဓါတ်ပုံရိုက် တာကိုတော့ အဲဒီဈေးသည်တွေက သိပ်ကြိုက်ပုံမရပါဘူး။ မကြိုက်ဆို... ရောင်းနေတဲ့ပစ္စည်းတွေကလဲ ကြည့်ပါဦး။ ဈေးပေါတဲ့အရက်မျိုးစုံ။ ဆေးလိပ်မျီုးစုံ။ ဆေးဝါးမျိုးစုံအပြင် အပြာကားမျိုးစုံ ဗွီဒီယို-အခွေတွေ။ နို့သီးခေါင်းအတု။ လိင်တံအတုတွေ။ လိင်ပိုင်းဆိုင်ရာ လိမ်းဆေးတွေ စသဖြင့်...စသဖြင့် စုံနေတာပါဘဲ့။
မှောင်ခိုရောင်းနေတယ်ဆိုပေမဲ့ လျှို့လျို့ဝှက်ဝှက်မဟုတ်တော့မဟုတ်- ပူလီ-ပူလီ (ဆေး လိပ်) လို့မနားတန်းအော်နေ တဲ့အပြင် "ဒါယူမလား အကိုး- ဈေးလဲပေါတယ်- ကောင်းလဲကောင်းတယ်။ ဟောဒီလို-ဟောဒီလို လုပ်လို့ရတယ်လေအကိုး" ဆိုပီး ရော်ဘာလိင်တန် အတုကို အမျီုးမျီုးလှုပ်ပြ- အော်ဟစ်ရောင်းချနေသူတဦးကိုလဲ တွေ့ခဲ့ရပါသေးတယ်။
အဲဒီဈေးတန်းကိုကျော်ပီး ရှေ့နဲနဲ ဆက်လျောက်မယ်ဆိုရင် မကြာခန ပြသာနာတက်လေ့ရှိတဲ့ ရေ လည်ကျွန်းဆိုတာ ကို ရောက်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးစိတ်မချရဘူးဆိုပီး ကျနော်ကိုလိုက်ပိုတဲ့ သူငယ်ချင်းကပြောလို့ အဲဒီကျွန်းထဲအထိတော့ မ၀င်ဖြစ်လိုက်ပါဘူး။
တံတားဖက်ကိုပြန်လျောက်ပီး ဗီဒီယို-ရိုက်ဖို့ပြင်တော့ ထိုင်းစစ်သား ၃-ဦးနဲ့တိုးပါတယ်။ မြန်မာ စစ်သားတွေလို ဗီဒီယို-ရိုက်ခွင့်တား မြစ်မယ်လို့ထင်ထားပေမဲ့ -"မဲပင်လိုင်-ထန်လုကောဒိုင်း။ ဗီဒီအို-ကောဒိုင်း" ဆိုပီး M16- မောင်းပြန် သေ နပ်ကိုင်ထားတဲ့ အသက် ၂၀-ကျော်အရွယ် ထိုင်းစစ်သားက ကျနော် ကိုပြောပါတယ်။ ကျနော် တကယ် ရိုက်တော့ ကင်မရာကိုသူကကျော်ပေးပီး တယ်လီဖုန်းပြောနေတဲ့အတွက် အင်တာဗျုး-တော့ မလုပ်နိုင် ခဲ့။ ဒါပေမဲ့ ဓါတ်ပုံလုံးဝရိုက်ခွင့်မပေး။ သတင်းထောက်လုံးဝ လက်မခံဘူးဆိုပီး အမိန့်ထုတ်ထားတဲ့ ဒီ နယ်စပ်ရဲ့သောင်ရင်းမြစ် ဟိုဖက်ကမ်းကနေ အခြေနေကိုချောင်းကြည့်နေတဲ့ မြန်မာစစ်သားတွေနဲ့စာရင်တော့ ထိုင်းစစ်သားတွေရဲ့ မီဒီယာနဲ့ဆက်ဆံရေး အခြေနေက အများကြီးကောင်းပါတယ်။
သောင်းရင်းမြစ် ဟိုဖက်ကမ်းနေ ချောင်းကြည့်နေတဲ့ မြန်မာစစ်သားတွေ ဘာတွေလုပ်နေသလဲ ဆိုပီး ကျနော်သိချင်လာတဲ့အတွက် အဲဒီဂိတ်နား နီးနိုင်သမျှ နီးအောင်သွားဖို့ ကျနော်ကျိုးစားပေမဲ့ ကျ နော်သူငယ်ချင်းက ခွင့်မပြု။ သူစိုးရိမ်မယ်ဆိုလဲ စိုးရိမ်စရာပါဘဲ့။ ထိုင်းစစ်သား ၄-၅-ဦးက တံတား အောက်မှာဘဲ့ ထိုင်စောင့်နေတာဖြစ်ပြီး မြန်မာနိုင်ငံဖက်ကနေ တဖွဲဖွဲတက်လာနေသူတွေဟာ ထိုင်းစစ် သားတွေထိုင်နေတဲ့နေရာကနေ လှမ်းမမြင်နိုင်တဲ့ ချစ်ကြည်ရေးတံတားရဲ့ အောက်ဖက်နားကနေ လူသွား လမ်းလေးတလျောက်တက်လာနေတာဖြစ်ပါတယ်။ ကျနော်သိပ်သွားချင်နေမှန်းသိတော့ ကျနော်သူငယ်ချင်းကလမ်းကြောင်းရှာပီး တောလမ်းကနေပါတ်ပီး အဲဒီရေဆိပ်အနီးထိ ကားမောင်း သွားပါတယ်။