Showing posts with label Media. Show all posts
Showing posts with label Media. Show all posts

Monday, June 19, 2017

တိုင်းရင်းသား (ပြည်နယ်-တိုင်း) မီဒီယာများရဲ့ အနာဂတ်

ဧရာဝတီမဂ္ဂဇင်းမှ ဆောင်းပါးကို သတင်းလွတ်လပ်ခွင့်လှုပ်ရှားမှုအတွက် မှတ်တမ်းအဖြစ် ရှယ်ထားပါသည်။

By ကိုထွေး 19 June 2017

၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် အစိုးရ၏ ပြုပြင်ပြောင်းလဲရေးများကြောင့် ပင်မမီဒီယာတွင်ရော တိုင်းရင်းသား မီဒီ ယာတွင်ပါ ထူးခြားသိသာသော အပြောင်းအလဲများ ရှိလာသည်။ မီဒီယာဌာန အသစ်များလည်း အများအပြား ပေါ် ပေါက် လာသည်။စာပေစိစစ်ရေး အဖွဲ့ကို ဖျက်သိမ်းလိုက်ခြင်း နှင့် ပြည်ပရောက် မီဒီယာအဖွဲ့အစည်းများကို ပြည်တွင်းတွင် လုပ်ကိုင်ရန် ခွင့်ပြုပေးခြင်းတို့ အားဖြင့် ယခင်သမ္မတ ဦးသိန်းစိန်၏ အရပ်သားတပိုင်း အစိုးရက သတင်းလွတ်လပ်ခွင့်ကို ဦးတည်သော အဓိကကျသည့် အချက်များကို ဆက်လက်ဆောင်ရွက်ခဲ့သည်။


ယခုအခါ တိုင်းရင်းသား ဘာသာစကားများဖြင့် ထုတ်ဝေသည့် စာစောင် ၈၈၅ ခုကျော်ကို အစိုးရက ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် မှတ်ပုံတင်ထားသည့် စာစောင် ၃၀ဝ ရှိခဲ့ရာမှ တိုးလာခြင်း ဖြစ်ပါသည်။ အဆိုပါ ထုတ်ဝေမှုများထဲတွင် ချင်းတိုင်းရင်းသား ဘာသာဖြင့် ထုတ်ဝေ သော နေ့စဉ် သတင်းစာ ၃ စောင်၊ တိုင်းရင်းသား ဘာသာများဖြင့် ထုတ်ဝေသည့် ဂျာနယ် ၄၀ နှင့် တိုင်းရင်းသား ဘာသာ မဂ္ဂဇင်း ၇ ခုရှိသည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဖေမြင့်၏ အဆိုအရ သိရသည်။အထူးသဖြင့် တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေမှုများက တိုင်းရင်းသား မီဒီယာများ သတိပြုမိစရာ ဖြစ်လောက်အောင် ကျယ်ပြန့်လာခြင်းကို ဖော်ပြနေပါသည်။

တိုင်းရင်းသားမီဒီယာ ဆိုသည်မှာ မည်သည့်နေရာတွင်မဆို မြန်မာဘာသာကို အသုံးပြု၍ သို့မဟုတ် တိုင်းရင်းသား လူနည်းစု ဘာသာစကားကို အသုံးပြု၍ တိုင်းရင်းသား လူနည်းစုများ၏ အရေးကိစ္စ များကို အလေးပေးဖော်ပြ၍ တိုင်းရင်းသား လူနည်းစုများနှင့် တွဲဖက်ဆောင်ရွက်နေသော စာစောင်များ၊ အသံလွှင့်ဌာန များ သို့ မဟုတ် အင်တာနက် ဝက်ဘ်ဆိုက်များကို ကျနော်ဆိုလိုခြင်း ဖြစ်ပါသည်။ ထို့နည်းတူ ပြည်နယ်ကို အခြေပြု၍၊ ဒေသကို အခြေပြု မြန်မာနိုင်ငံမှ တိုင်းရင်းသား လူနည်းစုဒေသများတွင် တိုင်းရင်းသား လူနည်းစုအရေးကို အလေးပေးသော အခါအားလျှော်စွာ ထုတ်ဝေဖြန့်ချီသည့် စာစောင်များလည်း အပါအဝင် ဖြစ်ပါသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင် သော လက်ရှိ အစိုးရလက်ထက်တွင် မီဒီယာလုပ်ငန်းကဏ္ဍဍ နောက်ထပ်တိုးတက်မှုများ ဆက်လက်မြင်တွေ့ရမည်ဟု မီဒီ ယာ လေ့လာစောင့်ကြည့်သူအများအပြားက ယုံကြည်ခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) တွင် PEN Myanmar က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တခုအရ မြန်မာနိုင်ငံ၏ မီဒီယာ လွတ်လပ်ခွင့်အမှတ်က ရနိုင်သည့် အမှတ် ၆၀ တွင် ၈ မှတ်သာ ရကြောင်း သိရသည်။

သတင်းအချက်အလက်ရယူရေး၊ ဈေးကွက်နှင့် ဘဏ္ဍဍာရေးပိုင်းတွင် အကန့်အသတ်ရှိနေခြင်း၊ စာနယ်ဇင်းသမားများနှင့် အယ်ဒီတာများအား အနှောက် အယှက်ပေးမှုများ ရှိနေခြင်းတို့နှင့် အတူ ပင်မဖြစ်သည့် မြန်မာမီဒီယာများနှင့် တိုင်းရင်းသား မီဒီယာများ အပါအဝင် မီဒီယာအဖွဲ့အစည်းများအတွက် ရေရှည်ရပ်တည်နိုင်ရေးက အဓိကကျသော အတားအဆီး ဖြစ်နေသည်။ထို့ပြင် စာနယ်ဇင်းသမားများနှင့် အယ်ဒီတာများမှာ ဆက်သွယ်ရေး ဥပဒေမှ ပုဒ်မ ၆၆(ဃ) နှင့် ရင်ဆိုင်ရနိုင်သည့် အခြေ အနေနှင့် ကြုံနေကြရသည်။ အဆိုပါ ပုဒ်မမှာ ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြု၍ အသရေဖျက်မှုဖြင့် ထောင်ဒဏ် ၃ နှစ် အထိချမှတ်ခံရနိုင်သည့် ပုဒ်မ ဖြစ်ပါသည်။

ထိုပုဒ်မ ဖြင့် တရားစွဲဆိုခြင်း ခံရသူ ယခုချိန်အထိ အနည်းဆုံး ၅၄ ဦး ရှိခဲ့ပြီ ဖြစ်ပြီး ၈ ဦးက လူမှုကွန်ရက်မှ သူတို့၏ ရေးသားမှုများကြောင့် ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရကြောင်း လူ့အခွင့်အရေး စောင့် ကြည့်မှု အဖွဲ့(HRW) မှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင ရှေ့နေချုပ် ထံ ပေးပို့သည့် စာ တစောင်အရသိရသည်။

မကြာသေးမီက The Voice သတင်းစာ အယ်ဒီတာချုပ်နှင့် ပင်တိုင် သရော်စာရေးသားသည့် စာရေးဆရာတို့ကို တပ်မတော်က ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခဲ့သည်။ထိုကဲ့သို့ သောအခက်အခဲများ ရှိနေသော်လည်း မြန်မာနိုင်ငံတွင် သတင်း၊ အားကစား၊ ဖျော်ဖြေရေး နှင့် ဗေဒင် အကြောင်းများ ဖော်ပြသည့် နေ့စဉ်၊ အပါတ်စဉ်နှင့် လစဉ်ထုတ် စာစောင်များကို မြန်မာဘာသာနှင့်ရော တိုင်းရင်းသား ဘာသာများဖြင့်ပါ ထုတ်ဝေနေကြသည်။ အချို့က ဆက်လက်ရပ်တည် နိုင်ခဲ့ကြသော်လည်း အများအပြားမှာ ပျောက် ကွယ်သွားခဲ့ရသည်။တိုင်းရင်းသား မီဒီယာများ ရင်ဆိုင်နေရသည့် ပြဿနာများက ပြည်နယ်နှင့် ဒေသကို လိုက်၍ အမျိုးမျိုး ရှိပါသည်။ အချို့ တိုင်းရင်းသားမီဒီယာများ သို့မဟုတ် ဒေသအခြေစိုက်နှင့် ပြည်နယ်အခြေစိုက် စာစောင်များမှာ သူတို့၏ လုပ်ငန်းကို ရေရှည် ထိန်းသိမ်းမထားနိုင်ကြပါ။

အဘယ်ကြောင့် ဆိုသော် နိုင်ငံတကာ အလှူရှင်များ အပေါ်များစွာ မှီခိုနေရခြင်း၊ ဈေး ကွက်က အကန့်အသတ်ရှိနေခြင်းနှင့် လူသားအရင်းအမြစ် နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ကယားပြည် နယ် အခြေစိုက် ကန္တာရဝတီတိုင်းမ် သတင်းဌာနသည် နိုင်ငံတကာ အလှူရှင်များ၏ ထောက်ပံ့မှု အပေါ်တွင် အဓိက မှီခိုနေရသည်။ အင်အားကောင်းသည့် မြန်မာ စာစောင်များနှင့် ယှဉ်ပြိုင်ရာတွင် တိုင်းရင်းသား သတင်း အဖွဲ့အစည်း အများအပြား ရင်ဆိုင်ကြရသည့် ပြဿနာ တခုဖြစ်ပါသည်။တိုင်းရင်းသား မီဒီယာများမှာ လူသားအရင်းအမြစ် ပြဿနာနှင့်လည်း ရင်ဆိုင်ကြရသည်။ အကြောင်းမှာ သူတို့က နာမည် ကြီး မီဒီယာများကဲ့သို့ ကျွမ်းကျင်သည့် ပရော်ဖက်ရှင်နယ် စာနယ်ဇင်းသမားများ၊ အယ်ဒီတာများကို ဆွဲဆောင်နိုင်သည့် လစာ မပေးနိုင်သောကြောင့် ဖြစ်သည်။

ထိုကဲ့သို့ စိန်ခေါ်မှုများ ရှိနေသော်လည်း တိုင်းရင်းသား မီဒီယာ အဖွဲ့အစည်း အချို့ က နည်းပညာတိုးတက်လာခြင်းကြောင့် ပေါ်ပေါက်လာသည့် အခွင့်အရေးများကို အားသာချက်ယူပြီး ကြိုးစားနေကြသည်။ လူမှုကွန်ရက်ကို အသုံးပြု၍ သူတို့ ဒေသတွင် ဘာတွေ ဖြစ်နေသည်ဆိုသည့် သတင်းများကို ဝေမျှကြသည်။ဥပမာပြရလျှင် ရှမ်းပြည်နယ်မှ ဓနုတိုင်းရင်းသား အဖွဲ့တခုက Voice of Danu အမည်ရှိ Facebook စာမျက်နှာမှ တဆင့် သူတို့၏ အရေး ကိစ္စများကို ဝေမျှပေးနေသည်။ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုနိုင်မှု သိသိသာသာတိုးတက်လာခြင်း (Freedom House ၏ အဆိုအရ ၂၀၁၅ ခုနှစ် တွင် ၇၀ ရာခိုင်နှုန်း အထိ တိုးလာခဲ့သည်) နှင့် Facebook အသုံးပြုသူ အရေအတွက် တိုးတက်လာခြင်း (Internet World Stats ၏ အဆိုအရ ၂၀၁၆ ခုနှစ်တွင် ၁၁ သန်း အထိရောက်လာခဲ့သည်) တို့ကြောင့် အဖွဲ့အစည်း အများအပြားက အင်တာနက်ကို မြန်မာနိုင်ငံမှ တိုင်းရင်းသားမီဒီယာများ၏ အနာဂါတ်အတွက် ဗဟိုချက် အဖြစ် မြင်ကြသည်။

ゞင်းတို့ထဲမှ ထိုင်းနိုင်ငံ ချင်းမိုင် အခြေစိုက် တိုင်းရင်းသား မီဒီယာ အဖွဲ့အစည်းတခု ဖြစ်သည့် Tai TV Online က အခက်အခဲများကို ကျော်ဖြတ်နိုင်ရန် Facebook နှင့် YouTube တို့ကဲ့သို့သော လူမှုကွန်ရက်များတွင် သူတို့၏ သတင်းများကို တင်ပေးနေသည်။ နိုင်ငံတကာမှ အလှူရှင်များ၏ အထောက်အပံ့ မရရှိသလို တည်ငြိမ်သော ဈေးကွက် မရှိ သော်လည်း ကိုယ့်ဖာသာရပ်တည်နေပြီး လူသားအရင်း အမြစ်လည်း အများအပြားရှိနေသည်။၂၀၁၃ ခုနှစ်က စတင် တည်ထောင်ခဲ့သော Tai TV Online ကို အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းထားပြီး သူတို့မှာ ဆောက်လုပ်ရေး လုပ်သားများ၊ အိမ် အကူများ၊ အထည်ချုပ် လုပ်သားများ၊ ချင်းမိုင်နှင့် ရှမ်းပြည်နယ်မှ ကျောင်းသားများ ဖြစ်ကြသည်။ Tai TV Online ကို တည်ထောင်သူ တဦးဖြစ်သည့် နန်းခမ်းအင် (သူက စာနယ်ဇင်းပညာကို ယခင်က ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် မြန်မာ့ရေဒီယိုနှင့် ရုပ်မြင်သံကြား (MRTV) တို့တွင် ဆယ်စုနှစ် တခုကျော် အလုပ် လုပ်ရင်း သင်ယူခဲ့သူ) က သူတို့ အဖွဲ့အကြောင်း ရှင်းပြပါသည်။

“မိုဘိုင်းဖုန်း ရှိသူတိုင်း ဂျာနယ်လစ်တွေ ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်ကူးအပေါ်မှာ ကျမတို့ အခြေခံခဲ့ပါတယ်။ လူမှု အသိုင်းအဝိုင်းထဲမှာ မီဒီယာကို စိတ်ဝင်စားတဲ့ သူတွေရှိပါတယ်။ ဒါကြောင့် အဲဒါက သူတို့ စမ်းသပ်ဖို့နဲ့ လေ့ကျင့်ဖို့ နေရာ ဖြစ်လာပါတယ်” ဟု နန်းခမ်းအင်က ပြောသည်။ မီဒီယာကို စိတ်ဝင်စားသော မည်သည့် အလုပ်သမားမဆို သူတို့၏ အွန်လိုင်းမီဒီယာတွင် စေတနာ့ဝန်ထမ်း ဂျာနယ်လစ်များ၊ တင်ဆက်သူများ ဖြစ်လာနိုင်သည်ဟုလည်း သူက ထပ်ပြော သည်။ထိုင်း-မြန်မာ နယ်စပ် တလျှောက် တိုင်းရင်းသားမီဒီယာ အဖွဲ့ဝင်များက သတင်းများ၊ စိတ်ကူးများ၊ ယဉ်ကျေးမှုနှင့် ဘာသာစကားများကို မျှဝေရင်း လူမှုအသိုင်းအဝိုင်းကို ချိတ်ဆက်မှုများ မည်သို့ ဆောင်ရွက် ပေးနိုင်သည်ကို Tai TV Online က ဥပမာတခု အဖြစ် ပြသနေသည်။

 ရွှေ့ပြောင်းလုပ်သားများ၏ မီဒီယာ စွမ်းရည် ဖွံ့ဖြိုးလာနိုင်သည်ကိုလည်း သက်သေပြနေသည်။ အဖွဲ့ဝင် အားလုံးက စေတနာ့ဝန်ထမ်းများ ဖြစ်ကြသည်။ တပတ်လျှင် ရုပ်မြင်သံကြား အစီအစဉ်တခု ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားပြီး သူတို့ အလုပ်အားသည့် အချိန်များတွင် ဂျာနယ်လစ်များ၊ တင်ဆက်သူများ အဖြစ် လုပ်ကိုင်ကြသည်။ဗီဒီယို အများစုမှာ ၃ မိနစ်မှ ၁၀ မိနစ် အတွင်းကြာမြင့်ပြီး ပြည်တွင်း စစ်ရှောင်ဒုက္ခသည်များ၊ စစ်ပွဲများ၊ ရွှေ့ပြောင်း အခြေချမှုများ၊ မြေမြှုပ်မိုင်းများ၊ ရှမ်းစာပေနှင့် သဘာဝပတ်ဝန်းကျင် အစရှိသဖြင့် အကြောင်းအရာ ခေါင်းစဉ်များ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သည်။

ကွန်ပျူတာ အသုံးပြုခြင်းနှင့် တည်းဖြတ်ခြင်းများကို မီဒီယာမှ ဖြစ်ပြီး သူတို့၏ အသိပညာများကို အဖွဲ့အတွင်းတွင် ဝေမျှပေးသော ကျောင်းသား အဖွဲ့ဝင်များထံမှ သင်ယူကြသည်။ Tai TV Online နှင့် ပတ်သက်သည့် ပစ္စည်းများကို ချင်းမိုင်ရှိ Migrant Learning Centre (MLC) တွင် ထားရှိသည်။ ဘဏ္ဍဍာရေးနှင့် ပတ်သက်၍ အခက်အခဲများစွာ ရှိနေသေးသော်လည်း နိုင်ငံတကာ အလှူရှင်များ၏ ထောက်ပံ့မှု မပါဘဲ ရပ်တည် ခဲ့သည်မှာ ၄ နှစ်ရှိပြီ ဖြစ်သည်။တိုင်းရင်းသား မီဒီယာများ ရေရှည် ရှင်သန်ရပ်တည်ရေး အတွက် ဘဏ္ဍဍာရေးနှင့် ရံပုံငွေက ကြီးမားသော အတားအဆီး များ ဖြစ်နေပါသေးသည်။

 မြန်မာနိုင်ငံမှ တိုင်းရင်းသား မီဒီယာများ၏ ရံပုံငွေ ရရှိမှုက အမျိုးမျိုး ဖြစ်သည်။ အချို့က ကိုယ်ပိုင် ငွေကြေးပေါ်တွင် မှီခိုကြသည်။ ကျနော် မကြာသေးခင်က ပြုလုပ်ခဲ့သည့် လေ့လာမှု စာတမ်းတခု (The Role of Ethnic Media in the ‘New Myanmar) တွင် ရှမ်းဘာသာဖြင့် ထုတ်ဝေသည့် ဂျာနယ်တခု ဖြစ်သော Hsen Pai အနေ ဖြင့် နိုင်ငံတကာ အလှူရှင်များ၏ ဘဏ္ဍဍာရေး အထောက်အပံ့အပေါ်တွင် မှီခိုခြင်းကြောင့် အနုတ်သဘောဆောင်သည့် အတွေ့အကြုံများ ရခဲ့ကြောင်း တင်ပြထားပါသည်။ ယခုအခါ အဆိုပါဂျာနယ်သည် ကိုယ်ပိုင်ငွေကြေး၊ ပြည်တွင်း အလှူရှင်များ သို့မဟုတ် ရှမ်း တိုင်းရင်းသား အသိုင်းအဝိုင်းမှ ရှယ်ယာပိုင်ရှင်များနှင့် အရောင်း ကြော်ငြာထည့်သွင်းမှုများ စသည်တို့မှ ရရှိသည့် ငွေဖြင့် ရပ်တည်နိုင်ရန် ကြိုးစားနေပါသည်။

သို့သော်လည်း တိုင်းရင်းသား မီဒီယာ အချို့မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ခြင်း မရှိသည့် အတိုင်းအတာများကြောင့် နိုင်ငံတကာ အလှူရှင်များ အပေါ်တွင် အဓိက မှီခိုအားထားနေကြရဆဲ ဖြစ်သည်။ သူတို့ ကိုယ်တိုင် ရပ်တည်နိုင်ရန် ကြိုးစားသော်လည်း မီဒီယာ ထုတ်လုပ်မှုမှ ရရှိသည့်ဝင်ငွေ ထိထိရောက်ရောက် တိုးပွားလာအောင် မပြုနိုင်ခဲ့ကြပါ။ ယခင်က ပြည်ပ အခြေစိုက် မီဒီယာများ ဖြစ်သည့် Irrawaddy နှင့် DVB သတင်းဌာနများသည် သူတို့၏ ဝက်ဘ်ဆိုက်နှင့် အွန်လိုင်း ကြော်ငြာများမှ တဆင့် ဝင်ငွေများ ရရှိကြပြီး Tai TV Online ကဲ့သို့ တိုင်းရင်းသား မီဒီယာများက ထိုပုံစံအတိုင်း ကြိုးစားခဲ့ကြသော်လည်း သူတို့၏ ဝန်ထမ်းများမှာ ကြော်ငြာများ ရရှိရန် အခက်အခဲများ နှင့် ရင်ဆိုင်ရလေ့ ရှိသည်။

အစိုးရထံမှလည်း ငွေကြေး အထောက်အပံ့ မရရှိကြောင်းလည်း တိုင်းရင်းသား မီဒီယာများက မှတ်ချက်ပြုခဲ့ကြသည်။“ကျမတို့ရဲ့ အစီအစဉ်ကနေ ဝင်ငွေလိုချင်ပါတယ်။ YouTube ကို အသုံးပြုပြီး ဝင်ငွေရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင် ခဲ့ပါဘူး” ဟု Tai TV Online မှ နန်းခမ်းအင် ကပြောသည်။ သူတို့၏ လုပ်ငန်းက အွန်လိုင်းကြော်ငြာများမှတဆင့် ဝင်ငွေ ရရှိနိုင်ကြောင်း သိသော်လည်း ထိုနည်းလမ်းကို အကောင်အထည်ဖော်ရန် အတွက် အဖွဲ့ဝင်များတွင် လုံလောက်သော နည်းပညာ ကျွမ်းကျင်မှု မရှိကြပါ။

နိုင်ငံတကာ၏ ငွေကြေးထောက်ပံ့မှုအပေါ် ပိုမိုမှီခိုခြင်းက တိုင်းရင်းသား မီဒီယာများ ရေရှည်ရပ်တည်နိုင်ရေး အဖြေတခု မဟုတ်ပါ။ သို့သော်လည်း တိုင်းရင်းသား မီဒီယာများ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ခြင်းမရှိမီ နိုင်ငံတကာ ငွေကြေး အထောက်အပံ့များကို ဖြတ်တောက်လိုက်ခြင်းကလည်း အရင်းအမြစ်များကို ဖြုန်းတီးခြင်းသာ ဖြစ်စေပါလိမ့်မည်။ Hsen Pai ဂျာနယ်၏ ကိုယ်ပိုင်ရံပုံငွေရှာဖွေသည့် ပုံစံက ကောင်းပါသည်၊ သို့သော်လည်း အဖွဲ့အစည်း အသီးသီးတွင် ကွဲပြားခြားနားသော စိန်ခေါ်မှု အခက်အခဲများ ရှိနေပါသည်။

အလှူရှင်များ အနေဖြင့် ငွေကြေးထောက်ပံ့မှု ပေးသည့် အစား တိုင်းရင်သား မီဒီယာများ အွန်လိုင်း ကြော်ငြာများမှ တဆင့် ဝင်ငွေရရှိနိုင်ရေးအတွက် နည်းပညာဆိုင်ရာ လေ့ကျင့် သင်ကြားပေးမှုများ သို့မဟုတ် တိုင်းရင်းသားမီဒီယာများမှ သတင်းများကို မီဒီယာအဖွဲ့အစည်းကြီးများသို့ ရောင်းချနိုင်မည့် နည်းလမ်းတခု ဖန်တီးရေး တို့ကို ကူညီပေးရန် စဉ်းစားသင့်ပါသည်။မွန်-မြန်မာ ၂ဘာသာဖြင့် ထုတ်ဝေသည့် မွန်ပြည်နယ် အခြေစိုက် သံလွင်တိုင်းမ် ဂျာနယ်မှ အယ်ဒီတာ တဦး ဖြစ်သည့် နိုင်အာကာ က မွန်ပြည်နယ်တွင် ပြည်နယ် သို့မဟုတ် တိုင်းရင်းသား အခြေပြု ဂျာနယ်များ အနေဖြင့် ငွေကြေးအရ အကျိုး အမြတ် မရှိကြောင်း ပြောသည်သည်။

 ဈေးကွက် သေးငယ်သည့် မွန်ပြည်နယ်တွင် ပြည်နယ် အခြေစိုက် ဂျာနယ် ၄ ခုရှိပြီး ゞင်းတို့မှာ မွန်ဘာသာဖြင့် ထုတ်ဝေသည့် ဂျာနယ် ၂ ခု၊ မွန်-မြန်မာ ၂ ဘာသာဖြင့် ထုတ်ဝေသည့် ဂျာနယ် ၁ ခုနှင့် မြန်မာဘာသာဖြင့် ထုတ်ဝေသည့် ဂျာနယ် ၁ ခုဖြစ်ကြောင်း နိုင်အာကာ၏ အဆိုအရ သိရသည်။“အခုဆိုရင် လူမှုကွန်ရက် တွေကနေ သတင်းတွေ သိနိုင်နေပြီ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ လူငယ်မျိုးဆက်တွေက ဂျာနယ် ဝယ်မဖတ်တော့ဘူး” ဟု သူက ပြောသည်။ အချို့မီဒီယာများက သတင်း ဗီဒီယိုဖိုင်များ ထုတ်လုပ်သည့် ဗျူဟာကို အသုံးပြုခြင်းမှာ ゞင်းတို့ကို အခြားသော မီဒီယာလုပ်ငန်းကြီးများသို့ ရောင်းချခြင်းအားဖြင့် ရေရှည်ရပ်တည်နိုင်ရေးဟု သူက ထပ်ပြောသည်။Tai TV Online အဖွဲ့ဝင်များ အနေဖြင့် အွန်လိုင်း TV ကိုသာ ထုတ်လုပ်၍ YouTube နှင့် Facebook သို့ တင်ကြပြီး သူတို့ တွင် follower ၉၃၇၁၆ ဦးနှင့် Like လုပ်ထားသူ ၈၇၆၇၈ ကျော် ရှိသည်။

အဆိုပါ ကိန်းဂဏန်းများက ကာလကြာရှည်စွာ လုပ်ကိုင်ခဲ့ကြသည့် Karen Information Centre ( Like ၂၁ ၄၇၁)၊ Shan Herald News for Agency (Like ၁၅၂၀၅) နှင့် Mon News Agency (Like ၃၅၁၇၀) ကဲ့သို့သော တိုင်းရင်းသား မီဒီယာများထက် များပြားသော်လည်း လူကြိုက်များ သည့် မြန်မာ မီဒီယာများထက် များစွာ နည်းပါးနေဆဲ ဖြစ်သည်။လူသိများမှုရှိနေသော်လည်း Tai TV Online က ရှမ်းဘာသာနှင့် ထိုင်းဘာသာကိုသာ သုံးစွဲသည့်အတွက် အခြားသော တိုင်းရင်းသား လူနည်းစု အသိုင်းအဝိုင်းနှင့် ထိတွေ့နိုင်မည့် လမ်းကြောင်းများ ပြတ်တောက်နေသည်။ သို့သော်လည်း တည်ထောင်သူများက ထိုအချက်ကို ゞင်းတို့ အေဂျင်စီ၏ အင်အားတခု အဖြစ် မြင်ထားသည်။

“မိခင်ဘာသာစကားကို သုံးစွဲထားတဲ့အတွက် တခြားဘာသာစကားတွေ မပြောနိုင်တဲ့သူတွေ အတွက် သတင်းတွေ ပေးနိုင်ပါတယ်။ ကျမတို့နဲ့ ဘာသာစကား တူညီတဲ့ ကျမတို့ရဲ့ အရင်းအမြစ်တွေဆီက ယုံကြည်မှုတွေ ရပါတယ်။ စကားပြန်ကတဆင့် ဖြတ်သန်းစရာ မလိုဘဲနဲ့ ယုံကြည် အားထားရတဲ့ သတင်းအချက်အလက်တွေ ကျမတို့ တိုက်ရိုက် ရရှိပါတယ်။ တချို့ဒေသခံတွေက ဗမာလို သို့မဟုတ် အင်္ဂ္လိပ်လို မေးရင် စကားပြောဖို့ ကြောက်ကြတယ်။ ကျမတို့က သူတို့ရဲ့ ခံစားမှုကို တိုက်ရိုက် ရရှိနိုင်ပါတယ်” ဟု နန်းခမ်းအင်က ပြောသည်။

လွန်ခဲ့သော ၃ နှစ်က Thai Public Broadcasting Service ၏ citizen journalist အစီအစဉ်က သူတို့၏ ရုပ်သံလိုင်း များတွင် ရှမ်းဘာသာဖြင့်တင်ပြသည့် ၁၅ မိနစ်စာ အစီအစဉ်ကို ထိုင်းစာတမ်းထိုးဖြင့် နေ့စဉ် ထုတ်လွှင့်ရန် Tai TV Online ကို အခွင့်အရေးပေးလာခဲ့သည်။ သို့သော်လည်း သူတို့ ညင်းပယ်ခဲ့ရသည်။ အဘယ်ကြောင့် ဆိုသော် နေ့စဉ် အစီအစဉ်တခုအဖြစ် သူတို့ ထုတ်လုပ်မပေးနိုင်သောကြောင့် ဖြစ်သည်။“တချို့ စေတနာ့ဝန်ထမ်း (volunteer) တွေက ဂျာနယ်လစ် ဖြစ်ချင်ကြပါတယ်။ ဒါပေမယ့် သူတို့ စားဝတ်နေရေးအတွက် အလုပ်လုပ်နေရတော့ သတင်းလိုက်ဖို့ အတွက် အမြဲတမ်း အာရုံစိုက်ပြီး မနေနိုင်ကြပါဘူး။ သူတို့ ကမ်းလှမ်းလှမ်းတာက ကမ်းလှမ်းတာ သက်သက်ပါပဲ။ ဒါပေမယ့် ဒီအတွက် ဘယ်လိုပေးမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး မပါဘူးလေ” ဟု နန်းခမ်းအင်က ပြောသည်။

သို့သော်လည်း အခြား မီဒီယာများနှင့် ယှဉ်လျှင် Tai TV Online ၏ အားသာချက်က သူတို့ ကွဲပြားစုံလင်သော အဖွဲ့ဝင်များ၏ ကွန်ရက်က လူမှု အသိုင်းအဝိုင်း၏ အကြိုအကြားနေရာများမှ သတင်းများအထိ ရနိုင်သည်ဟု သူက ရှင်းပြသည်။လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လေ့လာနေသည့် သုတေသီတဦး ဖြစ်သော စိုင်းလိတ်ကလည်း ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ကိုးကန့် အဖွဲ့တို့၏ ပဋိပက္ခကို ပြန်ပြောရင်း အဆိုပါ အယူအဆကို ထောက်ခံသည်။ ထိုကဲ့သို့သော ကိစ္စများ၌ သတင်းရယူရန် အခက်အခဲဖြစ်လာချိန်တွင် တိုင်းရင်းသား မီဒီယာများက ပြတင်းပေါက် တခုသဖွယ် ဖြစ်လာသည်။

 “ကျနော့် အမြင်အရတော့ တိုင်းရင်းသား မီဒီယာ အဖွဲ့တွေက တိုင်းရင်းသား ဒေသတွေက စစ်ပွဲတွေနဲ့ ပတ်သက်လို့ တသမတ်တည်း သတင်းပို့နိုင်ကြတယ်။ ကိုးကန့် လက်နက်ကိုင်တွေနဲ့ မဆက်သွယ်ဖို့ တပ်မတော်က မီဒီယာတွေကို သတိပေးပြီးတဲ့ နောက်မှာ အဓိက မီဒီယာကြီးတွေ အားလုံးနီးပါး ကိုးကန့်တိုက်ပွဲ သတင်းတွေ ဖော်ပြတာ ရပ်တန့်သွားခဲ့တယ်။ ဒါပေမယ့် တိုင်းရင်းသား မီဒီယာတွေကတော့ ဒီအကြောင်းကို ဆက်ပြီး သတင်းပို့နိုင်ခဲ့ကြတယ်။ ဒါပေမယ့် တချို့တိုင်းရင်းသား မီဒီယာတွေကတော့ တပ်မတော်ရဲ့ တရားဝင်ပြောရေးဆိုခွင့် ရှိသူတွေဆီက တုန့်ပြန်မှုရဖို့ မဆက်သွယ်နိုင်ခဲ့ကြဘူး” ဟု သူက ပြောသည်။

သေတွင်း အခြေပြု တနင်္သ࿿ာရီ အပတ်စဉ်ထုတ် ဂျာနယ်တွင် ပုံမှန်ပါဝင်ရေးသား နေသူတဦး ဖြစ်ပြီး တနင်္သ࿿ာရီတိုင်း အတွင်းမှ ချောင်းတခု ပျက်စီးနေသည်ကို ထောက်ပြသည့် “ငါးရံ့တကောင်၏ ရင်ဖွင့်သံ” အမည်ရှိ ဆောင်းပါးကြောင့် အသရေဖျက်မှုဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသူလည်း ဖြစ်သည့် ဦးအောင်လွင်က ဒေသတွင်း ဂျာနယ်ဆိုသည်မှာ အစိုးရသစ် ၏ လက်အောက်တွင် ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်ရန် ဒေသဆိုင်ရာ အစိုးရ အတွက် မောင်းနှင်အား တခုဖြစ် သည်ဟု ရှင်းပြသည်။

ရန်ကုန် အခြေစိုက် မီဒီယာများက ဒေသနှင့် ပတ်သက်၍ သတင်းရေးသားဖော်ပြရန် အခက်အခဲများ ရှိနေချိန်တွင် တနင်္သ࿿ာရီ အခြေစိုက်ဂျာနယ်က ထိုကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်သည် ဟု သူက မှတ်ချက်ပြု သည်။ “တနင်္သ࿿ာရီ ဂျာနယ်ကို ဖတ်ရတာက အိမ်မှာချက်တဲ့ အစားအစာကို စားရသလိုပဲ။ ဒါပေမယ့် တခြား စာစောင်တွေဖတ် ရတာက အပြင်မှာ စားရတာနဲ့တူတယ်။ အဲဒါကအသိသာဆုံးပဲ” ဟု ဦးအောင်လွင်က ပြောသည်။ ထို့ကြောင့် မြန်မာ လူမှု အသိုင်းအဝိုင်းတွင် တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ္ဍဍက အရေးပါသော်လည်း လူအနည်းငယ်ကသာ အသိအမှတ် ပြုကြသည်။ နားလည် သဘောပေါက်ကြသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ က ပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ်မြောက် တိုင်းရင်းသား မီဒီယာကွန်ဖရင့် တွင် တိုင်းရင်းသား မီဒီယာများက ゞင်းတို့ကို အင်အားကြီး မီဒီယာများနှင့် ထပ်တူ အသိအမှတ်ပြုရန် အစိုးရထံ တောင်းဆို ခဲ့ကြသည်။ ပြည်နယ်နှင့် တိုင်းလွှတ်တော်များသို့ ဝင်ရောက်၍ သတင်းရယူနိုင်ရေးနှင့် အစိုးရက ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ တိုင်းရင်းသား မီဒီယာ အဖွဲ့အစည်း အများအပြားမှာ တိုးတက်မှု နှောင့်နှေးနေကြဆဲ ဖြစ်သည်။

“ဘာတိုးတက်မှုမှ မရှိဘူး။ သူတို့က ကျနော်တို့ကို မယုံကြည်ဘူး။ စိတ်တိုင်းမကျဘူး။ သူတို့က သူတို့ကိုယ်ပိုင် ဂျာနယ် ထုတ်မယ်လို့ ပြန်ပြောတယ်” ဟု ကန္တာရဝတီတိုင်းမ် သတင်းဌာန၏ အယ်ဒီတာ ဆေရာစိုး(Say Reh Soe) က ပြောသည်။ NLD ပြည်နယ် အစိုးရသစ်နှင့် ဆက်ဆံရေးက ယခင်အစိုးရနှင့် နှိုင်းစာလျှင် အဆင်မပြေကြောင်းလည်း သူက ထပ်ပြောသည်။ခက်ခဲမှုများရှိသော်လည်း Tai TV Online ၏ အနာဂါတ် ရည်ရွယ်ချက်က Tai National Channel ကို ထုတ်လွှင့်ရန် ဖြစ် သည်။

အလှူရှင်များ၏ အထောက်အပံ့မရှိသော်လည်း ပြိုင်ဘက်မရှိသော ဈေးကွက်တွင် ဧပြီလအတွင်းက သူတို့ ပထမဆုံး ခြေလှမ်းကို စနိုင်ခဲ့သည်။ Tai TV Online ကို တည်ထောင်သူများက သူတို့၏ ရည်ရွယ်ချက် အကောင်အထည် ဖော်နိုင်ရန် မြန်မာနိုင်ငံမှ အခြား ရှမ်း မီဒီယာ အဖွဲ့အစည်း ၇ ခုနှင့် ဆွေးနွေးခဲ့သည်။အဆိုပါ မီဒီယာအဖွဲ့များက နည်းပညာဆိုင်ရာ အသုံးအနှုံးသစ်များအတွက် တူညီသော ရှမ်းဘာသာစကားကို အသုံးပြုရန် နှင့် ကွဲပြားသော တိုင်းရင်းသား လူမျိုးစုများကြားတွင် လူမျိုးရေးခွဲခြားမှုနှင့် ပဋိပက္ခကို ဖြစ်စေနိုင်သော သတင်းများကို ရှောင်ရှားရန် သဘောတူညီခဲ့ကြသည်။ ထို့နောက် မြန်မာပြည်တွင်းမှာရော ပြည်ပမှာပါ အခြေစိုက်သည့် Tai မီဒီယာ ( ရှမ်း မီဒီယာ)များ အချင်းချင်း သတင်း အချက်အလက်နှင့် အကူအညီများ ဝေမျှနိုင်မည့် အဖွဲ့(group) တခုကို အခမဲ့ ဖုန်းခေါ်ဆို နိုင်ပြီး message လည်းပို့နိုင်သည့် Line (အွန်လိုင်း ဆက်သွယ်ရေး အပလီကေးရှင်း)တွင် ဖွင့်ခဲ့ကြသည်။

အများအပြားပေါ်ပေါက်လာနေသည့် တိုင်းရင်းသား မီဒီယာအဖွဲ့များမှာ ကြာရှည်ရပ်တည်နိုင်ရန်၊ ငွေကြေး အကန့်အသတ် ရှိခြင်းနှင့် လူသား အရင်းအမြစ်ဆိုင်ရာ အတားအဆီးများကြောင့် အလျှင်အမြန် ပျောက်ကွယ်သွားရမည့် အန္တရာယ်မှ ကာကွယ်နိုင်ရန် ထိုကဲ့သို့သော တီထွင်ဖန်တီးမှု ရှိသည့် အဖြေများကို ရှာဖွေနိုင်ရမည် ဖြစ်သည်။ DVB မှ ဂျာနယ်လစ် တဦး ဖြစ်သည့် ကဗျာဆရာ သားကြီးမောင်ဇေယျက တိုင်းရင်းသား မီဒီယာသည် ဆူးများ ဝိုင်းရံနေသော ပန်းတပွင့် ဖြစ် သည်ဟု ပြောသည်။

“တိုင်းရင်းသား မီဒီယာတွေက မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာ အသက်ပြင်းပြင်းတောင် မရှူနိုင်ဘဲ နေနေကြရတာပါ။ တိုင်းရင်းသား မီဒီယာတွေ အတွက် နိုင်ငံတကာရဲ့ အကူအညီဆိုတာက သေခါနီး လူတ ယောက် အတွက် ရေတစက်လိုပါပဲ” ဟု သူကဆိုသည်။

(ကိုထွေးသည် Cardiff တက္ကသိုလ် မှ စာနယ်ဇင်းပညာရပ်ဆိုင်ရာ ဘွဲ့လွန် ကျောင်းသားတဦး ဖြစ်ပြီး စာနယ်ဇင်း၊ မီဒီယာ နှင့် ဆက်သွယ်ရေး တို့ကို လေ့လာနေသည်။ ယခုဆောင်းပါးသည် Oxford တက္ကသိုလ်၏ မြန်မာ့ရေးရာ ဖိုရမ်တခုဖြစ်သော Tea Circle တွင် ဖော်ပြခဲ့သည့် “Ethnic Media in Burma”  ကို ဘာသာပြန်ဆို ထားခြင်း ဖြစ်ပါသည်။)

Tuesday, April 11, 2017

FTA လုပ်ကိုင်ခွင့်ရ ရုပ်သံလိုင်း ၅ခု

FTA လုပ်ကိုင်ခွင့်ရ ရုပ်သံလိုင်း ၅ခု


ရုပ်သံလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံရာတွင် Kaung Myanmar Aung ကုမ္ပဏီလီမိတက်မှ ကျပ်သန်း ၁၇၀၀၀ ဖြင့်အများဆုံးမြှုပ်နှံရန် စီစဉ်ထားကာ Life Channel အမည်ဖြင့် ရုပ်သံထုတ်လွှင့်မည်ဖြစ်သည်။ အဆိုပါ ဦးခင်မောင်အေးပိုင် Kaung Myanmar Aung ကုမ္ပဏီလီမိတက်၏ တွဲဖက်ပါတနာအဖြစ် ဒါရိုက်တာ မောင်မျိုးမင်းနှင့် သရုပ်ဆောင် ရဲအောင်တို့ ပါဝင်နေကြောင်း သိရသည်။
Mizzima Media ကုမ္ပဏီလီမိတက်မှ ဦးစိုးမြင့်ဦးဆောင်ကာ ဒေါ်လာ ၅ ဒသမ ၃ သန်းမြှုပ်နှံ၍ နောက်ကွယ်မှ တွဲဖက်ပါတနာအဖြစ် ဦးသိမ်းဝေ၏ SPA Myanmar နှင့် 21 st Century Fox တို့ပါဝင်ကြောင်း သိရသည်။
ဦးမြဟန်၏ Fortune International လီမိတက်မှ Fortune Channel ထူထောင်ကာ တွဲဖက်ပါတနာအဖြစ် MCN News မှပါဝင်မည်ဖြစ်ပြီး ကျပ်သန်း ၅၁၀၀ မြှုပ်နှံမည်ဖြစ်သည်။
ဦးသီဟအောင်နှင့် သရုပ်ဆောင်ဇာဂနာ ဦးဆောင်မည့် Young Investment Group ကုမ္ပဏီလီမိတက်မှ My Channel ထူထောင်ကာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်း မြှုပ်နှံမည်ဖြစ်သည်။
DVB Muti Media Group ကုမ္ပဏီလီမိတက် အနေဖြင့် DVB Channel ထူထောင်ကာ ဒေါ်လာ ၂ ဒသမ ၁ သန်းဖြင့် အနည်းဆုံး မြှုပ်နှံထားကြောင်း သိရသည်။

Crd - 11
...
(မဏာမရွေးချယ်စဉ်က သတင်းဟောင်း)
ဒေါက်တာရန်မျိုးသိန်းဆီကယူထားတာ။ မူရင်းဆိုစ်ရရင် ထပ်တင်ပေးပါမ့ယ်။

ရုပ်သံလွှင့်လုပ်ငန်း Content Provider ငါးခုအတွက် ပဏာမ ၁၀ ဦးတွင် KMA Group က ကျပ်သန်း ၁၇၀၀၀ ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး Eleven Media Group ကဒေါ်လာ ခြောက်သန်းဖြင့် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံရန် အဆိုပြုထား
**********************************
MRTV ၏ Digital Free-to-Air Channel ငါးခုအတွက် ပဏာမ အရွေးချယ်ခံရသည့် ကုမ္ပဏီ ၁၀ ခုတွင် Kaung Myanmar Aung ကုမ္ပဏီလီမိတက်က ကျပ်သန်း ၁၇၀၀၀ ဖြင့် အများဆုံး မြှုပ်နှံသွားရန် တင်ပြထားပြီး Eleven Media Group ကုမ္ပဏီလီမိတက်က အမေရိကန်ဒေါ်လာ ခြောက်သန်းဖြင့် ဒုတိယအများဆုံး မြှုပ်နှံသွားရန် စီစဉ်ထားကြောင်း ရုပ်သံလိုင်း ငါးခုအတွက် ရွေးချယ်မှုဆိုင်ရာ အဆင့်များကို အဆင့်ဆင့် စိစစ်ခဲ့သည့် Tun Group Asia လီမိတက်မှ သိရသည်။

အဆိုပါ MRTV ၏ Digital Free-to-Air Channel ငါးခုအတွက် Content Provider အဖြစ်လုပ်ကိုင်လိုသူများအား Request For Proposal (RFP) အဆင့်လျှောက်ထားရန် Expression Of Interest (EOI) အဆင့်အောင်မြင်သူ ၄၂ ဦးကို ဖိတ်ကြားခဲ့ပြီး EOI အဆင့်အောင်မြင်သူ ကုမ္ပဏီ/အဖွဲ့အစည်း ၄၂ ဦးတွင် ၂၉ ဦးက RFP တင်သွင်းလျှောက်ထားရာ ရွေးချယ်မှုဆိုင်ရာ အဆင့်များကို Tun Group Asia Limited မှအဆင့်ဆင့် စိစစ်ရွေးချယ်ခဲ့ပြီး ကုမ္ပဏီနှင့် အဖွဲ့အစည်း ၁၀ ခုကို ပဏာမ စိစစ်ရွေးချယ်ထားသူများအဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ပဏာမ အရွေးချယ်ခံရသည့် ကုမ္ပဏီ ၁၀ ခုမှာ Eleven Media Group ကုမ္ပဏီလီမိတက်၊ Mizzima Media ကုမ္ပဏီလီမိတက်၊ DVB Muti Media Group ကုမ္ပဏီလီမိတက်၊ Bo Bo Entertainment Myanmar Group ကုမ္ပဏီလီမိတက်၊ Tikhina ကုမ္ပဏီလီမိတက်၊ VOIP Myanmar Group (VMG) ကုမ္ပဏီလီမိတက်၊ Global Technology ကုမ္ပဏီလီမိတက်၊ Fortune International လီမိတက်၊ Kaung Myanmar Aung ကုမ္ပဏီလီမိတက်နှင့် Young Investment Group ကုမ္ပဏီလီမိတက်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ ပဏာမ အရွေးချယ်ခံရသည့် ကုမ္ပဏီ ၁၀ ခုအနေဖြင့် ရုပ်သံလိုင်းငါးခုတွင် အရွေးချယ်ခံရရန် ကုမ္ပဏီမှ အဓိကတွဲဖက် အဖြစ်ပါဝင်သူ၊ နောက်ကွယ်မှ ပံ့ပိုးပေးမည့် အဖွဲ့အစည်း၊ မြှုပ်နှံမည့်ပမာဏ စသည်ဖြင့် တင်ပြခဲ့ခြင်းဖြစ်သည်။

ရုပ်သံလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံရာတွင် Kaung Myanmar Aung ကုမ္ပဏီလီမိတက်မှ ကျပ်သန်း ၁၇၀၀၀ ဖြင့်အများဆုံးမြှုပ်နှံရန် စီစဉ်ထားကာ Life Channel အမည်ဖြင့် ရုပ်သံထုတ်လွှင့်မည်ဖြစ်သည်။ အဆိုပါ ဦးခင်မောင်အေးပိုင် Kaung Myanmar Aung ကုမ္ပဏီလီမိတက်၏ တွဲဖက်ပါတနာအဖြစ် ဒါရိုက်တာ မောင်မျိုးမင်းနှင့် သရုပ်ဆောင် ရဲအောင်တို့ ပါဝင်နေကြောင်း သိရသည်။

ဒုတိယအများဆုံး မြှုပ်နှံမည့် Eleven Media Group ကုမ္ပဏီလီမိတက်သည် Eleven Channel အမည်ဖြင့် ရုပ်သံလိုင်း ထုတ်လွှင့်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ခြောက်သန်း မြှုပ်နှံမည်ဖြစ်ကာ တွဲဖက်ပါတနာ ပါဝင်မှုမရှိဘဲ ဒေါက်တာသန်းထွဋ်အောင်နှင့် ဒေါက်တာသိန်းမြင့်တို့ ဦးဆောင်မည်ဖြစ်သည်။

တတိယအများဆုံး မြှုပ်နှံမည့် Bo Bo Entertainment Myanmar Group ကုမ္ပဏီလီမိတက် အနေဖြင့် ကျပ်သန်း ၈၀၀၀ မြှုပ်နှံမည်ဖြစ်ကာ ဦးဘိုဆန်းက ဦးဆောင်ပြီး BTV အမည်ဖြင့် ရုပ်သံလိုင်း ထူထောင်မည်ဖြစ်သည်။
Mizzima Media ကုမ္ပဏီလီမိတက်မှ ဦးစိုးမြင့်ဦးဆောင်ကာ ဒေါ်လာ ၅ ဒသမ ၃ သန်းမြှုပ်နှံ၍ နောက်ကွယ်မှ တွဲဖက်ပါတနာအဖြစ် ဦးသိမ်းဝေ၏ SPA Myanmar နှင့် 21 st Century Fox တို့ပါဝင်ကြောင်း သိရသည်။

VOIP Myanmar Group (VMG) ကုမ္ပဏီလီမိတက်မှ Smile TV အဖြစ် ကျပ်သန်း ၆၀၀၀ ဖြင့်ရုပ်သံ ထူထောင်မည်ဖြစ်ကာ ဦးဆောင်သူများအဖြစ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး၏ သားဖြစ်သူ ဦးဇော်မင်းအေး (မိုးဆမ်းပန်း မီဒီယာဂရုပ်) နှင့် သရုပ်ဆောင် စမိုင်းလ်၊ စာရေးဆရာ မင်းခိုက်စိုးစန် စသူတို့ပါဝင်ကြောင်း သိရသည်။

ဦးမြဟန်၏ Fortune International လီမိတက်မှ Fortune Channel ထူထောင်ကာ တွဲဖက်ပါတနာအဖြစ် MCN News မှပါဝင်မည်ဖြစ်ပြီး ကျပ်သန်း ၅၁၀၀ မြှုပ်နှံမည်ဖြစ်သည်။
ဦးသီဟအောင်နှင့် သရုပ်ဆောင်ဇာဂနာ ဦးဆောင်မည့် Young Investment Group ကုမ္ပဏီလီမိတက်မှ My Channel ထူထောင်ကာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်း မြှုပ်နှံမည်ဖြစ်သည်။
ကျပ်သန်းလေးထောင် မြှုပ်နှံမည်ဆိုသည့် Tikhina ကုမ္ပဏီလီမိတက်သည် IBTV (Industrial Business) Channel ထူထောင်ကာ ဦးကျော်ညွန့်ဦးနှင့် သခင်သန်းတင်တို့က ဦးဆောင်၍ တွဲဖက်ပါတနာအဖြစ် Tikhina နှင့် Aung Naing Thu Cooperative စသူများပါဝင်ကြောင်း သိရသည်။

ဦးရှိန်းသူအောင်နှင့် ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဆွေ၏ သားဖြစ်သူ ဦးဆန်နီဆွေ ဦးဆောင်မည့် Global Technology ကုမ္ပဏီလီမိတက်သည် Channel A အမည်ဖြင့် ရုပ်သံထူထောင်ကာ ဒေါ်လာ ၂ ဒသမ ၃ သန်းမြှုပ်နှံ၍ တွဲဖက်ပါတနာများအဖြစ် Frontier Myanmar နှင့် Nam Ei Ki စသူတို့ပါဝင်သည်။
ဦးခင်မောင်စိုး ဦးဆောင်မည့် DVB Muti Media Group ကုမ္ပဏီလီမိတက် အနေဖြင့် DVB Channel ထူထောင်ကာ ဒေါ်လာ ၂ ဒသမ ၁ သန်းဖြင့် အနည်းဆုံး မြှုပ်နှံထားကြောင်း သိရသည်။

MRTV ၏ Digital Free-to-Air Channel ငါးခုအတွက် အထက်ဖော်ပြပါ ၁၀ ဦးကို ထပ်ဆင့်တွေ့ဆုံကာ နောက်ဆုံးငါးဦးကို အပြီးသတ် ရွေးချယ်သွားမည်ဖြစ်ကြောင်း Tun Group Asia လီမိတက်မှသိရသည်။

“ကျွန်တော် နားလည်သလောက်ပေါ့။ ဒီ ၁၀ ဦးထဲမှာ ငွေကြေးပိုင်းနဲ့ ပတ်သက်တာ ပြန်စိစစ်မယ်။ စာထဲမှာတော့ ရေးထားတာပေါ့။ တကယ် လုပ်နိုင်မလုပ်နိုင် အဲဒါတွေကိုလည်းစစ်မယ်။ ကုမ္ပဏီဖွဲ့စည်းပုံ ဘာညာ အဲဒါတွေကြည့်မယ်။ တစ်ခါ MRTV ရဲ့မူဝါဒတွေနဲ့ ဒါတွေကို လိုက်နိုင်မလိုက်နိုင် ကြည့်မယ်။ ကျွန်တော်နားလည်တာက အဲဒီမှာ ၀န်ကြီးဌာနရဲ့ Board အဖွဲ့ကလည်း ထိုင်တယ်။ ကျွန်တော်တို့ကလည်းမေးမယ်။ အသေးစိတ်စစ်ပြီးရင်တော့ နောက်ဆုံးငါးဦး ထွက်လာမှာပဲ။ အခုနောက်တစ်ဆင့် ထပ်ထည့်လိုက်တာက အဲဒါအဓိကပေါ့။ စနစ်က ပြောင်းသွားပြီဆိုတော့ ကျွန်တော်တို့က ကုမ္ပဏီတိုင်းဆိုတာထက် ကိုယ့်ငွေနဲ့ တကယ်လုပ်မယ့်သူ။ အခွန်တွေဘာတွေ ဆောင်ထားတဲ့သူ။ ဥပဒေလမ်းကြောင်းက လိုင်စင်တွေ ဘာတွေ အဲဒါတွေကို ပြန်စိစစ်တဲ့သဘော ဖြစ်သွားတယ်။ ငွေဖြူငွေမည်း ပြဿနာတွေလည်း ထိုက်သင့်သလောက်ပါလိမ့်မယ်။ 
အခွန်ဆောင်ထားသလား။ အခုမှစလုပ်မယ့်သူဆိုရင် အဲဒီငွေဘယ်ကရသလဲ။ သူ့ပိုင်ဆိုင်မှုတွေ ပြနိုင်လားစသည်ဖြင့် စိစစ်တဲ့ အပိုင်းတွေပါလာမယ်။ အဲဒါကြောင့် ဒီအဆင့်က ပိုလာတာ။ ပုံမှန်အားဖြင့်ဆို ကျွန်တော်တို့က ငွေဘယ်လောက်ထည့်နိုင်လဲ၊ သူရဲ့ စီးပွားရေး စီမံကိန်းလောက် ကြည့်လိုက်တာပေါ့။ ဒါပေမဲ့ ၀န်ကြီးဌာနက ကျတော့လည်း အဲဒီလောက်တင် မဟုတ်ဘဲ အဲဒီငွေ ဘယ်ကရသလဲ။ နိုင်ငံခြားက ငွေတွေပါလာခဲ့ရင် လက်ရှိမြန်မာနိုင်ငံ ဥပဒေတွေနဲ့ ငြိစွန်းမှုတွေ ရှိသလား။ ရှိတယ်ဆိုရင် သူတို့အခက်အခဲ။ အဲဒီလိုသဘောတွေအတွက် ကျွန်တော်တို့ နောက်တစ်ဆင့် ထည့်ခဲ့တာပေါ့။ လက်ရှိရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေနဲ့ ကိုက်ညီသလား။ ဒါတွေကို ထည့်သွင်း စဉ်းစားခဲ့တာပေါ့။ အဲဒါတွေ ပြန်စိစစ်ဖို့ဆိုတဲ့ အဆင့်လောက်ပါပဲ” ဟု Tun Group Asia လီမိတက်မှ အကြံပေးအရာရှိချုပ် ဦးချစ်ထွန်းဖေက ပြောကြားသည်။

လက်ရှိ ပဏာမ အရွေးချယ်ခံရသည့် ကုမ္ပဏီ ၁၀ ခု၏ အခွန်ထမ်းဆောင်မှုကို လတ်တလော ထုတ်ပြန်ပေးထားသည့် ၂၀၁၅ - ၂၀၁၆ စည်းကြပ်နှစ်၏ ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်း၌ Mizzima Media ကုမ္ပဏီလီမိတက်၊ DVB Muti Media Group ကုမ္ပဏီလီမိတက်၊ Young Investment Group ကုမ္ပဏီလီမိတက်၊ Kaung Myanmar Aung ကုမ္ပဏီလီမိတက်နှင့် ကုမ္ပဏီအသစ်ဖြစ်သည့် Tikhina ကုမ္ပဏီလီမိတက်နှင့် VOIP Myanmar Group (VMG) ကုမ္ပဏီလီမိတက်၊ Bo Bo Entertainment Myanmar Group ကုမ္ပဏီလီမိတက်တို့ ပါဝင်နေမှု မရှိသော်လည်း Global Technology ကုမ္ပဏီမှ ကုန်သွယ် လုပ်ငန်းခွန်တွင် အဆင့် ၇၁၆ နှင့် ကျပ် ၆၁၈၄၃၆၉၁ ပေးဆောင်ထားပြီး Fortune International လီမိတက်မှလည်း ကုန်သွယ်လုပ်ငန်းခွန်တွင် ကျပ် ၈၅၅၂၂၂၃၂ ပေးဆောင်ထားကာ အဆင့် ၆၅၆ မှာရပ်တည်နေသည့်အပြင် ၀င်ငွေခွန်တွင်လည်း ကျပ် ၁၆၃၃၂၆၉၇၂ ပေးဆောင်၍ အဆင့် ၃၅၆ တွင်ရပ်တည်နေကာ Eleven Media Group သည် ကျပ်သန်း ၃၀၀ အောက် အခွန်ထမ်းဆောင်သူများ စာရင်းတွင် အဆင့် ၂၂၇ နေရာမှ ပါဝင်ပြီး အခွန်ထမ်းဆောင်မှု ကျပ် ၂၇၁၆၆၇၂၃၄ နှင့်ကုန်သွယ် လုပ်ငန်းခွန်တွင် ကျပ် ၂၈၀၆၅၇၄၄၅ နှင့်အဆင့် ၂၈၉ တွင်ရပ်တည်နေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။
MRTV ၏ Digiral Free-to-Air Channel ငါးခုအတွက် အထက်ဖော်ပြပါ ၁၀ ဦးကို ထပ်ဆင့်တွေ့ဆုံထားပြီး ယခုလအတွင်းပင် ငါးဦးရွေးချယ်ရန် တင်ပြမည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဦးချစ်ထွန်းဖေက ပြောကြားသည်။

လက်ရှိ ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းနေသည့် ရုပ်သံလွှင့် ဥပဒေမပေါ်ပေါက်မီ ရုပ်သံဖွံ့ဖြိုးရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များကို MRTV ၏လိုင်း ၁၆ ခုအနက်မှ ငါးခုကို New Content Provider များကို လုပ်ကိုင်ခွင့်ပြုရန် ပြန်ကြားရေး ၀န်ကြီးဌာနမှ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထုတ်လွှင့်ခအဖြစ် ရုပ်သံလိုင်းတစ်ခုလျှင် လစဉ်ကြေး တစ်လကျပ်သိန်း ၂၀၀ ကို ရုပ်သံလိုင်း ထုတ်လွှင့်ခွင့် ရရှိသူငါးဦးက ပေးသွင်းရမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောကြားထားသည်။ 

Writer:
ဖြိုးဝေ
....
Nay Htun NaingFollow
14 hrs
■ မှန်တယ်ထင်ရင် ဆက်လုပ်ကြပေါ့ 
ကျနော် Eleven မှာ လုပ်စဉ်အခါက အခု ပြောနေကြတဲ့ ရုပ်သံလိုင်းသစ် ခွင့်ပြုမှုနဲ့ ဆက်စပ်ပြီး နေပြည်တော်မှာ လုပ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲ နှစ်ကြိမ် တက်ခဲ့ဖူးတယ်။ ပထမ တကြိမ်မှာ ပြန်ဝန် ဒေါက်တာ ဖေမြင့် တက်တယ်။ အခု မရှိတော့တဲ့ အတွင်းဝန် ဦးတင့်ဆွေက ဦးဆောင်ရှင်းတယ်။ ဒုတိယ တကြိမ်မှာ ဦးတင့်ဆွေ မရှိတော့ဘူး။ ဦးမြင့်ထွေး ဦးဆောင်ပြီး ရှင်းတယ်။ အခု အောက်မှာ ပြောမယ့် စကားတွေဟာ အဲဒီ အလုပ်ရုံဆွေးနွေးပွဲ နှစ်ကြိမ်လုံးအပြင် မီဒီယာတချို့မှာလည်း
တရားဝင် ပြောခဲ့ပြီး ဖြစ်တယ်။ အခု ထပ်ပြောပါမယ်။
၁) အစောပိုင်းမှာ ကတည်းက လက်ရှိ ရေးဆွဲထားတဲ့ ရုပ်သံ ဥပဒေဟာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ပုဂ္ဂလိက ရုပ်သံ မီဒီယာတွေ ပေါ်ထွက်မှာကို အားပေးခြင်း မရှိဘူး။ ခရိုနီ၊ အစိုးရနဲ့ တပ်ပိုင် မီဒီယာတွေ ပိုပြီး ရှင်သန် ကြီးထွားစေဖို့၊ သူတို့ကပဲ ဦးဆောင်ထားတဲ့ ဈေးကွက် လက်ဝါးကြီး အုပ်မှုကို ဆက်ပြီး ဖြစ်စေမယ်။ ဒါကြောင့် ဥပဒေကို ပြင်ရမယ်။ 
၂) ရုပ်သံဥပဒေကို ပြင်ဖို့ အများကြီး မလိုဘူး။ အဓိက အချက်လေးချက်ပဲ ရှိတယ်။ ပထမ တစ်ချက်က အုပ်ချုပ်မှုပိုင်းနဲ့ စီမံခန့်ခွဲမှု လုပ်ပိုင်ခွင့်ဆိုင်ရာ Body နှစ်ခု ဖြစ်နေတာကို (ကောင်စီတစ်ခုတည်းက ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့) Body တစ်ခုတည်း ဖြစ်အောင် ပြင်ရမယ်။ ဒုတိယ တစ်ချက်က လေလှိုင်း ကန့်သတ်ချက်ကို ပြင်ရမယ်။ လက်ရှိ အခြေအနေအရ လေလှိုင်း ၇၅ ရာခိုင်နှုန်းလောက်ကို လုပ်ပိုင်ခွင့် ရထားပြီးသား လူတွေက ယူထားတယ်။ အသစ် ၀င်လာမယ့် သူတွေအတွက် နေရာမရှိဘူး။ ဒီကြားထဲမှာပဲ ၀န်ကြီးဌာန တစ်ခုချင်းစီကလည်း စိတ်ပါရင် ရုပ်သံလိုင်း ထောင်လို့ ရနေသေးတယ်။ တစ်ဖက်မှာကလည်း ပြန်ကြားရေး ၀န်ကြီးဌာနက ပြည်သူ့ ဘဏ္ဍာသုံးပြီး သတင်းစာနဲ့ ရုပ်သံအင်ပါယာကို ချုပ်ကိုင်ထားတယ်။ တတိယအချက်က လိုင်စင်ချထားပေးမှုမှာ categories ခွဲရမယ်။ တစ်ဦးတယောက်ထဲကို အကုန် လုပ်ပိုင်ခွင့် ပေးထားတာမျိုး ရှောင်ရှားရမယ်။ နောက်ဆုံးအချက်က သတင်းကို ကျွမ်းကျင်တဲ့ ပုဂ္ဂလိက သတင်းစာတွေ ရုပ်သံနယ်ထဲ ၀င်မလာနိုင်အောင် တားဆီးထားတဲ့ Cross Ownership ကို သင့်တင့်ပြီး အများ လက်ခံနိုင်တဲ့ ပုံစံ ဖြစ်အောင် လုပ်ပေးရမယ်။ ဒါလုပ်မှ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ပုဂ္ဂလိက မီဒီယာတွေ အားကောင်စေဖို့ ဖန်တီးပေးရာ ရောက်မယ်။ 
၃) အလုပ်ရုံ ဆွေးနွေးပွဲ နှစ်ရပ်မှာ ဥပဒေပြင်ဖို့ ဆွေးနွေးတဲ့အခါ ဖော်ပြပါ လေးချက်အပြင် နောက်ထပ် နှစ်ချက်၊ သုံးချက်။ ပေါင်းလိုက်ရင် ပြင်ဖို့အတွက် ဘုံသဘောတူတဲ့ အချက် ခြောက်ချက်၊ ခုနစ်ချက် ထွက်လာတယ်။ ဒါကို ပြင်မယ် ဆိုရင် အချိန် သိပ်ယူစရာမလိုဘူး။ သုံးလေးလအတွင်း ပြီးတယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ် မေက စပြီး အခုချိန်ထိ ဥပဒေပြင်ဆင်ရေး ဘယ် အဆင့်ရောက်နေပြီလဲ ဆိုတာ မသိရသေးဘူး။ နောက်ဆုံးတကြိမ် တွေ့ချိန်မှာ မေးတော့ ရှေ့နေချုပ်ရုံး ရောက်နေပြီ ပြောတယ်။ လွှတ်တော်ကို ဘယ်အချိန် ရောက်မလဲ၊ ဘယ်တော့ ပြင်ပြီးမလဲ၊ နည်းဥပဒေ ရေးဆွဲပြီးမလဲ ဆိုတာလည်း ဘယ်သူကမှ တာဝန်ခံပြီး သေသေချာချာ ရေရေရာရာ အတိအကျ ရှင်းပြတာမျိုး မတွေ့ရသေးဘူး။ 
၎) အဲဒီကြားကာလမှာပဲ ပုဂ္ဂလိက ရုပ်သံလိုင်းငါးလိုင်း ကိစ္စ ဖြစ်လာတယ်။ (ဘာကြောင့် ဒါကို လုပ်သလဲ စဉ်းစား မရခဲ့ဘူး။ အငြင်းပွားမှုကင်းပြီး တန်းတူယှဉ်ပြိုင်ခွင့် အရ ဥပဒေနဲ့ အညီ လုပ်နိုင်ဖို့ ရုပ်သံ ဥပဒေကို ပြင်ဆင်၊ နည်းဥပ​ဒေကို တချိန်​တည်း​ရေး၊ ​တပြိုင်​တည်း လုပ်​ရင်​ အချိန်ခြောက်လ လောက်ပဲ ကြာနိုင်ချိန်မှာ အချိန် ဆယ်လကျော် တစ်နှစ်နီးပါး ကြာနိုင်တဲ့ ကြားကာလ ရုပ်သံလိုင်း ငါးလိုင်း စိစစ်ခွင့်ပြုမယ့် အစီအစဉ် လုပ်တာကို နားမလည် နိုင်ခဲ့ဘူး။ ကြားကာလ အစီအစဉ်အတိုင်း လုပ်ရင် အငြင်းပွားမှု ဖြစ်မယ် ဆိုတာလည်း ကြို သိတယ်) ကြားကာလ အစီအစဉ်အတွက် စည်းမျဉ်းတွေ ကလည်း အငြင်းပွားစရာတွေ ချည်းပဲ။ ဒီထဲကမှ ဒါကို စီစဉ်တဲ့ အခါ ဘာကြောင့် သတင်းမီဒီယာ လုပ်ကိုင်နေသူတွေကို ဦးစားမပေးသလဲ ဆိုတဲ့ မေးခွန်း မေးဖူးတယ်။ အားလုံးကို တန်းတူ ယှဉ်ပြိုင်ခွင့် ပြုတာပါတဲ့။ တကျပ် ရှိသူလည်း ၀င်လျှောက်၊ တသိန်းရှိသူလည်း ၀င်လျှောက် စည်းမျဉ်းနဲ့ ကိုက်ညီရင် ပေးမယ်ဆိုတဲ့ ပုံစံ ဖြစ်တယ်။ (ဒီနေရာမှာ ဆိုက္ကားနင်းသူလည်း ဖုန်းဘီလ် အခွန် ငါးရာခိုင်နှုန်းဆောင်၊ ဒေါ်လာသန်းချီ ၀င်ငွေရှိတဲ့ သူဌေးကြီးလည်း ဖုန်းဘီလ် အခွန် ငါးရာခိုင်နှုန်းဆောင်ဆိုတဲ့ သာတူညီမျှ ပုံစံမျိုးကို တန်းတူရေးလို့ ကျနော် လက်မခံဘူး) ဘာကြောင့် ဒါကို မေးရသလဲဆိုရင် နဂိုကမှ ခရိုနီ၊ အစိုးရနဲ့ တပ်ပိုင် မီဒီယာတွေ လက်ဝါးကြီး အုပ်ထားတဲ့ ရုပ်သံဈေးကွက်ထဲကို နောက်ထပ် ခရိုနီတွေ ထပ် မ၀င်စေဖို့ရာ ပြင်ဆင်သင့်တယ် ထင်လို့ ပြောခဲ့တာ ဖြစ်တယ်။ အဲဒီအချိန်ထဲက ငွေကြေး တတ်နိုင်သူတွေ၊ သတင်း မီဒီယာနဲ့ စိမ်းတဲ့ သူတွေ ရုပ်သံလောကထဲ ၀င်လာတော့မယ် ဆိုတာ ကြိုသိနှင့်ခဲ့တယ်။ ဒါကြောင့် ဒါကို ဆင်ခြင်ဖို့ရာ ပြောပေတဲ့ မပြင်ဘဲ ဆက်သွားတဲ့အခါ ကနေ့ထွက်လာတဲ့ ဆုံးဖြတ်ချက်လို ငါးဦးမှာ နှစ်ဦးကပဲ သတင်းကျွမ်းကျင်တဲ့ မီဒီယာ ဖြစ်တယ်ဆိုတဲ့ အငြင်းပွားမှု ထွက်လာခဲ့တာပဲ။ 
၅) မျှတတဲ့ဈေးကွက် ဖြစ်ဖို့ဆိုရင် ရုပ်သံဥပဒေကို အမြန်ပြင်၊ အခွင့်ထူးခံလို ဖြစ်နေသူတွေကို လုပ်ပိုင်ခွင့် လျော့ချပေးဖို့ပဲ ဖြစ်တယ်။ မဟုတ်ဘဲ ဒီအတိုင်း ဆက်သွားနေသရွေ့ တန်းတူညီမျှမှု ရှိပြီး မျှတတဲ့ ယှဉ်ပြိုင်မှု ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီကိစ္စမှ မဟုတ်ဘူး။ ဘယ်ကိစ္စမဆို ဒေဝေါကြီးနဲ့ ခြိမ်းခြောက်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်နိုင်သမျှ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး ဆိုသလို အကြောသေ အရိုးကျနေတဲ့ အကျင့်ဟောင်းတွေကို မပြင်နိုင်ရင်လည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ တကယ်တော့ မပြင်နိုင်တာတွေ အသာထားပြီး ပြင်စရာ ရှိတာ ပြင်ရမယ်။ ဒီလို ပြင်တဲ့အထဲ ရုပ်သံဥပဒေ ထိပ်တန်းမှာ ရှိနေရမယ်။ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးခါမှ ဆေးကြောင့် ပိုလေးရတယ်ဆိုတဲ့ ပုံစံ မဖြစ်သင့်ဘူး။ ပြင်ကိုပြင်ရမယ့်၊ ပြင်ဖို့လည်း သဘောတူထားတဲ့ ရုပ်သံဥပဒေကို အမြန်ဆုံး မပြင်ဘဲ အခု ကြားခံ အစီအစဉ် ထပ်ရသူ ငါးဦး အပါအ၀င် အရင် လူတွေနဲ့ပဲ နောက်နှစ်တွေမှာ ဆက်လုပ်နေမယ် ဆိုရင် သံသယ အကျိုးခံစားခွင့်ဟာ စွပ်စွဲသူတွေဘက်မှာပဲ ရှိနေပါလိမ့်မယ်။ 
၆) အရေးကြီးဆုံးနဲ့ နောက်ဆုံးအချက်က အခုဖြစ်စဉ်ဟာ အများ မျှော်လင့် ထားသလို မဖြစ်ခဲ့ဘူးဆိုရင် အစိုးရက ချုပ်ကိုင်တဲ့ လုပ်ငန်းတွေမှာ Third Party သုံးပြီး မျှမျှတတ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေနဲ့ လုပ်ပါတယ်ဆိုတဲ့ ပြယုဂ် ပျက်စီးသွားမှာပဲ ဖြစ်တယ်။ Third Party သုံးပြီး လုပ်လည်း ဘာ ထူးမှာလဲ၊ ထူးမခြားနားပဲ ဖြစ်နေတယ်ဆိုတဲ့ အများအမြင်က အုပ်စိုးသူတွေရဲ့ ပုံရိပ်ကို ထိခိုက်စေမှာပဲ ဖြစ်တယ်။ 
ဘာပဲ ဖြစ်ဖြစ်၊ မှန်တယ် ထင်ရင် ဆက်လုပ်ကြပေါ့။ လူထုက ဆုံးဖြတ်ပါလိမ့်မယ်။ အုပ်စိုးသူများအတွက် စေတနာစကား ပြောစရာ အကြောင်းလည်း မရှိပါ။
(အောက်က ဇယားက စနစ်တကျ မဟုတ်ဘဲ မြင်သာထင်သာ ရှိအောင် ဖော်ပြ ထားတဲ့ မြန်မာမီဒီယာ အင်ပါယာ အကြောင်း ဖော်ညွှန်းချက် ဖြစ်တယ်။ အဲဒါကို ၂၀၁၅ ခုနှစ် မေလတုန်းက Weekly Eleven မှာ ရေးခဲ့တဲ့ " စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် ပေးတဲ့ မေတ္တာစာ" ဆောင်းပါးမှာ ဖော်ပြခဲ့တယ်။ အဲဒီဆောင်းပါးကို ဒီမှာ https://web.facebook.com/ElevenMediaGroup/posts/1029178487119774 ဖတ်နိုင်တယ်)




Friday, January 20, 2017

ဒီမိုကရက်တစ်မြန်မာ့​အသံ ​ငွေ​ကြေး​အလွဲသုံး​စား​မှုနှင့်​ စပ်လျဉ်း​၍ သတင်း​ထုတ်ပြန်ချက်။

(Facebook မီမိုရီမှာပြန်ပေါ်လာလို့ မှတ်တမ်းအဖြစ် ပြန်ရှယ်ထားတာဖြစ်ပါတယ်)။



၁။ ဒီမိုကရက်တစ်မြန်မာ့​အသံ ပြည်တွင်း​သတင်း​လုပ်ငန်း​ကို ဦး​ဆောင်သူများ​က လုပ်ငန်း​အတွက် သတ်မှတ်​ပေး​ထား​သော အဖွဲ့​အစည်း​ပိုင် ​ငွေများ​ကို အလွဲသုံး​စား​ပြုလုပ်​နေ​ကြောင်း​ ဒီမိုကရက်တစ်မြန်မာ့​အသံ အုပ်ချုပ်​ရေး​ တာဝန်ရှိသူများ​ဖြစ်သည့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​နှင့်​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​တို့​က အ​ထောက်အထား​အခိုင်အမာ ​တွေ့​ရှိခဲ့​သည်။ ​ငွေ​ကြေး​စီမံခန့်​ခွဲ​ရေး​ အပါအဝင် မြန်မာပြည်တွင်း​သတင်း​လုပ်ငန်း​ကို ဦး​ဆောင်တာဝန်ယူသူ ဦးမျိုး​မင်း​နိုင် (အမည်ခွဲများ​- ကို​နေထွန်း​၊​ ကိုနန္ဒ၊​ ကိုမျိုး​ကြီး​) နှင့်​ ဦး​အောင်မျိုး​ကျော် (အမည်ခွဲများ​- ပွကြီး​၊​ အရှည်​လေး​) တို့​နှစ်ဦး​သည် မမှန်ကန်​သော ​ငွေစာရင်း​များ​တင်ပြကာ ပုဂ္ဂိုလ်​ရေး​ အကျိုး​စီး​ပွား​အတွက် အဖွဲ့​ပိုင်​ငွေ​ကြေး​များ​ကို မတရား​ရယူ​နေ​ကြောင်း​ သက်​သေ အ​ထောက်အထား​များ​အရ သိရသည်။ ထို့​ကြောင့်​ ယမန်နှစ် စက်တင်ဘာလက ထို​ငွေ​ကြေး​အလွဲသုံး​စား​မှုကို အုပ်ချုပ်​ရေး​ တာဝန်ရှိသူများ​က ဘုတ်အဖွဲ့​သို့​တင်ပြခဲ့​သည်။ ထိုအချိန်မှစ၍ ဘုတ်အဖွဲ့​က အဆိုပါ ​ငွေ​ကြေး​အလွဲသုံး​စား​မှုကို တာဝန်ယူ စုံစမ်း​ဖော်ထုတ်ခဲ့​သည်။
ငွေကြေးအလွဲသုံးစားလုပ်ပြီး ၂၀၀၈ ခုနှစ်တွင် ဝယ်ယူခဲ့သည့် ဘန်ကောက်မြို့ နေအိမ်
၂။ လွတ်လပ်၍ သမာသမတ်ကျ​သော စုံစမ်း​စစ်​ဆေး​မှုကို ဦး​တည်​သောအား​ဖြင့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ဦး​အေး​ချမ်း​နိုင်နှင့်​ လက်​ထောက် ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ဦး​ခင်​မောင်ဝင်း​တို့​သည် စုံစမ်း​စစ်​ဆေး​မှု ပြီး​သည်အထိ စီမံခန့်​ခွဲ​ရေး​တာဝန်မှ ယာယီရပ်နား​ပြီး​ အသံလွှင့်​လုပ်ငန်း​ပိုင်း​ကိုသာ တာဝန်ယူခဲ့​သည်။ ထိုကာလအတွင်း​ ဒီဗွီဘီ စီမံခန့်​ခွဲ​ရေး​ကို တာဝန်ယူရန် ယာယီ ဦး​ဆောင်ညွှန်ကြား​မှူး​အဖြစ် ဦး​ဟန်​ညောင်​ရွှေနှင့်​ ယာယီရုံး​အုပ်ချုပ်​ရေး​မှူး​အဖြစ် Ms. Vibeke Hermanrud တို့​ကို ခန့်​အပ်တာဝန်​ပေး​ခဲ့​သည်။
၃။ စုံစမ်း​စစ်​ဆေး​မှုပြုလုပ်ရန် Price waterhouse Coopers (PwC) ကို ငှား​ရမ်း​ခဲ့​သည်။ ​နော်​ဝေး​ နိုင်ငံနှင့်​ ထိုင်း​နိုင်ငံတို့​တွင် အ​ခြေစိုက်​သော PwC ရုံး​ခွဲများ​မှ စုံစမ်း​စစ်​ဆေး​ရေး​မှူး​ ​ခြောက်ဦး​သည် ယမန်နှစ် နိုဝင်ဘာလဆန်း​မှစ၍ စုံစမ်း​စစ်​ဆေး​ခဲ့​သည်။ ​အော်စလိုမြို့​ ဒီမိုကရက်တစ်မြန်မာ့​အသံ ရုံး​ချုပ်ရှိ ဝန်ထမ်း​များ​ကို ပထမ​မေး​မြန်း​ပြီး​ ​ငွေစာရင်း​များ​၊​ သက်​သေ အ​ထောက်အထား​များ​ကို စစ်​ဆေး​ခဲ့​သည်။ ​နော်​ဝေး​ PwC ရုံး​မှ စစ်​ဆေး​ရေး​မှူး​နှစ်ဦး​နှင့်​ ထိုင်း​နိုင်ငံ PwC ရုံး​မှ စစ်​ဆေး​ရေး​မှူး​ တဦး​တို့​က နိုဝင်ဘာလလယ်ပိုင်း​တွင် ထိုင်း​နိုင်ငံအတွင်း​ စုံစမ်း​စစ်​ဆေး​ခဲ့​သည်။
၎။ ယခုအခါ PwC က ၎င်းတို့​စုံစမ်း​စစ်​ဆေး​ ​တွေ့​ရှိချက်များ​ကို အစီရင်ခံစာ ​ရေး​သား​ထုတ်ပြန်လိုက်ပြီဖြစ်သည်။ အဓိက ​တွေ့​ရှိချက်များ​ထဲတွင် ​အောက်ပါအချက်များ​ ပါဝင်သည်။
(က) ဒီမိုကရက်တစ်မြန်မာ့​အသံ၏ ပြည်တွင်း​ သတင်း​လုပ်ငန်း​ ကွန်ရက်ကို ၂၀၀၆ ခုနှစ် တည်​ထောင်ချိန်မှစ၍ အခုအချိန်ထိ တာဝန်ယူကြီး​ကြပ်​နေ​သော ​အော်စလိုအ​ခြေစိုက် တာဝန်ခံ ဦးမျိုး​မင်း​နိုင် (အမည်ခွဲများ​- ကို​နေထွန်း​၊​ ကိုနန္ဒ၊​ ကိုမျိုး​ကြီး​) နှင့်​ ပြည်တွင်း​သတင်း​လုပ်ငန်း​အတွက် ​ငွေ​ကြေး​ကို မဲ​ဆောက်မှ ကြီး​ကြပ်သူ ​ဦးအောင်မျိုး​ကျော် (အမည်ခွဲများ​- ပွကြီး​၊​ အရှည်​လေး​) တို့​ နှစ်ဦး​မှာ အလွဲသုံး​စား​လုပ်သူများ​ ဖြစ်​ကြောင်း​ PwC အစီရင်ခံစာ က ​ထောက်ပြထား​သည်။
(ခ) အလွဲသုံး​စား​လုပ်ခဲ့​သည်ဟု PwC က အတည်ပြု​သော ​ငွေပမာဏမှာ ​နော်​ဝေး​ငွေ က​ရောင်း​ ၂,၂၁၈,၁၄၁၊​ (အ​မေရိကန်​ဒေါ်လာ ၃၆၉,၀၇၅၊​ မြန်မာကျပ် ၃၁၀,၀၀၀,၀၀၀) ဖြစ်သည်။ အလွဲသုံး​စား​ ပြုလုပ်ခံရ​သော ​ငွေများ​မှာ ပြည်တွင်း​နှင့်​ မဲ​ဆောက်ရုံး​တာဝန်ကျ သတင်း​ထောက်နှင့်​ ဝန်ထမ်း​များ​၏ လစာ​ငွေများ​၊​ ဖမ်း​ဆီး​ခံထား​ရ​သော ဒီမိုကရက်တစ် မြန်မာ့​အသံ သတင်း​ထောက်များ​၏ မိသား​စုများ​အတွက် ​ပေး​သော ​ထောက်ပံ့​ငွေများ​၊​ ရုံး​ခန်း​ငှား​ခများ​နှင့်​ လုပ်ငန်း​ လည်ပတ်စရိတ်အတွက် သတ်မှတ်​ပေး​ထား​သော ​ငွေများ​ဖြစ်သည်။
(ဂ) အလွဲသုံး​စား​လုပ်၍ စု​ဆောင်း​ရရှိ​သော ​ငွေများ​ဖြင့်​ ထိုင်း​နိုင်ငံနှင့်​ မြန်မာနိုင်ငံတွင် အိမ်များ​၊​ တိုက်ခန်း​များ​၊​ ​မော်​တော်ယာဉ်များ​၊​ ​မြေကွက်များ​ ဝယ်ယူထား​သည့်​အပြင် ​လောင်း​ကစား​နှင့်​ အခြား​ စီး​ပွား​ရေး​လုပ်ငန်း​များ​ကိုလည်း​ လုပ်​ဆောင်​နေသည်။
(ဃ) အကျဉ်း​ထောင်အသီး​သီး​တွင် ​ထောင်ချခံခဲ့​ရသည့်​ ဒီဗွီဘီ သတင်း​ထောက်များ​နှင့်​ မိသား​ဝင်များ​အတွက် ​ထောက်ပံ့​ငွေများ​ကိုအလည်း​ အလွဲသုံး​စား​ လုပ်ခဲ့​ကြသည်။
၅။ အလွဲသုံး​စား​ငွေများ​ထဲမှ ဘတ်​ငွေ နှစ်သန်း​ခုနစ်သိန်း​ဖြင့်​ ၂၀၀၈ ခုနှစ်တွင် ဝယ်ယူထား​သော ဘန်​ကောက်မြို့​ရှိ အိမ်တလုံး​ကို ဒီမိုကရက်တစ်မြန်မာ့​အသံက ပြန်လည်သိမ်း​ယူထား​ပြီး​ဖြစ်သည်။ ကျန်​နေ​သေး​သော အထက်​ဖော်ပြပါ ပစ္စည်း​များ​ကို သိမ်း​ယူနိုင်ရန် ဆက်လက်​ဆောင်ရွက်သွား​မည်။
၆။ စုံစမ်း​စစ်​ဆေး​မှု စတင်ကတည်း​က ​ဖော်ပြပါ အလွဲသုံး​စား​ လုပ်သူများ​သည် သူတို့​အ​ပေါ် နိုင်ငံ​ရေး​ လုပ်ကြံမှုဖြစ်​ကြောင်း​ ​ကောလာဟလသတင်း​များ​ လွှင့်​ခဲ့​သည်။ ပြည်တွင်း​သတင်း​ ကွန်ရက်တွင် တာဝန်ထမ်း​ဆောင်​နေ​သော သတင်း​ထောက်များ​နှင့်​ နိုင်ငံ​ရေး​အဖွဲ့​များ​အကြား​ သတင်း​မှား​များ​ ဖြန့်​ချိကာ ဒီမိုကရက်တစ်မြန်မာ့​အသံ အကွဲအပြဲဖြစ်သ​ယောင် လုပ်​ဆောင်​နေသည်။ ၂၀၀၇ ​ရွှေဝါ​ရောင် ​တော်လှန်​ရေး​အတွင်း​ ဒီမိုကရက်တစ်မြန်မာ့​အသံ သတင်း​ထောက်များ​၏ စွန့်​စား​လုပ်​ဆောင်ချက်များ​ကို မှတ်တမ်း​တင်ထား​သည့်​ “Burma VJ” မှတ်တမ်း​တင် ရုပ်ရှင်ကား​ အမည်ကို အသုံး​ပြုပြီး​ Burma VJ Media Network ဟု ​ခေါ်​သော အဖွဲ့​ကို တည်​ထောင်ထား​သည်။ ထို့​အပြင် ဒီမိုကရက်တစ်မြန်မာ့​အသံက ထုတ်​ပေး​ထား​သော ပစ္စည်း​ကိရိယာများ​၊​ ဒီမိုကရက်တစ်မြန်မာ့​အသံ မူပိုင်ဖြစ်​သော archive ဗွီဒီယို၊​ ဓာတ်ပုံနှင့်​ အခြား​ အ​ရေး​ကြီး​ သတင်း​အချက်အလက်များ​ကိုလည်း​ ပြန်လည်အပ်နှံခြင်း​မရှိဘဲ သိမ်း​ယူထား​ဆဲဖြစ်သည်။ ဒီဗွီဘီပိုင် ပစ္စည်း​များ​အား​ အလွဲသုံး​စား​ လုပ်ထား​ခြင်း​အ​ပေါ် ဆက်လက် အ​ရေး​ယူ​ဆောင်ရွက်သွား​မည်။
၇။ အခက်အခဲများ​စွာကို ရင်ဆိုင်ကာ ဒီမိုကရက်တစ်မြန်မာ့​အသံတွင် ဆက်လက် တာဝန်ထမ်း​ဆောင်​နေ​သော ပြည်တွင်း​သတင်း​ကွန်ရက်မှ သတင်း​ထောက်များ​အား​လုံး​ကို ချီး​ကျူး​ဂုဏ်ပြုပါသည်။ အဖြစ်မှန်ကိုသိ၍ ဒီမိုကရက်တစ် မြန်မာ့​အသံနှင့်​ ပြန်လည်လက်တွဲလုပ်ကိုင်လို​သော ဒီဗွီဘီ သတင်း​ထောက်များ​အား​လုံး​ကို ဖိတ်​ခေါ်ပါသည်။
၈။ ဘုတ်အဖွဲ့​က ဦး​အေး​ချမ်း​နိုင်နှင့်​ ဦး​ခင်​မောင်ဝင်း​တို့​ကို ၎င်းတို့​ယာယီနုတ်ထွက်ထား​သော ရာထူး​များ​ဖြစ်သည့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​နှင့်​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ရာထူး​များ​တွင် ၂၀၁၂ ဇန်နဝါရီ ၁ ရက်​နေ့​ကတည်း​က အသီး​သီး​ ပြန်လည်ခန့်​အပ်ထား​ပြီး​ ဖြစ်သည်။
ဆက်သွယ်ရန်
1. Mr. Harald Lars Bøckman, ဘုတ်အဖွဲ့​ဥက္ကဋ္ဌ၊​ harald.bockman@sum.uio.no, +47 94143838
2. Mr. Eirik Vinje, Attorney-at-law, ဒီမိုကရက်တစ်မြန်မာ့​အသံ​ရှေ့​နေ၊​ ev@gmco.no, +47 92 88 67 79
3. ဦး​အေး​ချမ်း​နိုင်၊​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​၊​ acn@dvb.no, +47 91107743
4. ဦး​ခင်​မောင်ဝင်း​၊​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​၊​ kmw@dvb.no, +47 45276649
ဇန်နဝါရီလ (၂၀) ရက်​နေ့​၊​ ၂၀၁၂ ခုနှစ်။ ​အော်စလိုမြို့

Friday, January 13, 2017

၂၀၁၇ မှာ သတင်းလွတ်လပ်ခွင့်အခြေအနေ ပိုကောင်းလာနိုင်သလား

The Voice Daily, 13-Jan-2017

၂၀၁၆ ကို စာရင်းချုပ်တဲ့အခါ

ကုန်လွန်သွားပြီဖြစ်တဲ့ ၂၀၁၆ ကို စာရင်းချုပ်တဲ့အခါ သတင်းသမား ၄၈ ဦးအသတ်ခံရပြီး ၂၅၉ ဖမ်းဆီးခံ ခဲ့ရလို့ တင်းသမားကာကွယ်ရေးအဖွဲ့ CPJ ကပြောပါတယ်။ အသတ်ခံရမှုနှုန်းက မနှစ်ကထက် နည်း လာပေမဲ့ ဖမ်းဆီးမှုနှုန်းက မနှစ်ကထက်ပိုများလာပါတယ်။ ဒါက တကမ္ဘာလုံးကို ခြုံပြောတာပါ။

မြန်မာနိုင်ငံအခြေအနေကိုပဲရွေးပြီးပြောမယ်ဆိုရင် အသတ်ခံရသူ ၄၈ ဦးထဲမှာ မြန်မာသတင်းသမားတဦး ပါပြီး အဖမ်းဆီးခံရသူ ၂၅၉ ဦးထဲမှာ မြန်မာသတင်းသမား ဦး ပါ ပါတယ်။ အသတ်ခံရတဲ့သတင်း ထောက်က ကိုစိုးမိုးထွန်းဖြစ်ပြီး မုံရွာအခြေစို Daily Eleven သတင်းထောက်ပါ။ 

ဖမ်းဆီးခံနေရသူသတင်းသမား ဦးကလည်း Eleven Media ကပါပဲ။ အယ်ဒီတာချုပ် ကိုဝေဖြိုးနဲ့ CEO ဒေါက်တာသန်းထွဋ်အောင်တို့ဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာဖမ်းဆီးခံရပြီး ပုဒ်မ ၆၆ (ဆက်သွယ်ရေးပုဒ်မ) နဲ့ တရားစွဲဆိုခြင်းခံနေရပါတယ်။ စွဲချက်တင်သူကတော့ ရန်ကုန်တိုင်းအစိုးရ ၀န်ကြီးချုပ်ဖြစ်ပြီး တန်ဖိုးကြီးလက်ပတ်နာရီတလုံး လက်ဆောင်ယူတယ်ဆိုတဲ့ မမှန်သတင်းရေးမှုကြောင့်လို့ ဆိုပါတယ်။ (ဇန်နာဝါရီ ရက်နေ့ကတော့  သူတို့ ဦးကို အာမခံနဲ့ ပြန်လွတ်ထားပါတယ်)

Eleven Media က ပုဒ်မ ၆၆(ဃ)အပါအဝင် အခြားပုဒ်မအမျိုးမျိုးနဲ့ တရားစွဲထားတဲ့ သတင်းသမား (၆)ဦးနဲ့ အခြားပုဂ္ဂိုလ်တချို့ဦးရှိနေပြီး Eleven Media နဲ့ စီအီးအိုဖြစ်သူ ဒေါက်တာသန်းထွဋ်အောင်ကို ဝေဖန်ရေး သားတဲ့ သတင်းသမား စည်သူအောင်မြင့်ဆိုရင် Eleven Media က ပုဒ်မပေါင်း ၁၁ခုနဲ့ တရားစွဲ ခံထားရတဲ့ သတင်းမျိုးတွေတော့ နိုင်ငံတကာအစီရင်ခံစာတွေမှာ မတွေ့ရသေးပါဘူး။ ဒီအချက်က ပုဂ္ဂလိက သတင်း မီဒီယာသမားတွေကိုယ်တိုင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ပြန်ပြီး ခြိမ်းခြောက်တဲ့ အဓိပ္ပါယ်မျိုး သက်ရောက်နေတဲ့သဘောပါ။ 

တခြားသတင်းလွတ်လပ်ခွင့်အဖွဲ့တခုဖြစ်တဲ့ RSF နယ်ခြားမဲ့သတင်း သမားများအဖွဲ့ရဲ့ အစီရင်ခံစာကို ဆက်ပြောရမယ်ဆိုရင် နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာ့သတင်းလွတ်လပ်ခွင့်အဆင့် အတန်းက နံပတ်စဉ် ၁၄၃ မှာရှိပါတယ်။ ၂၀၁၅ တုန်းကနံပတ်စဉ် ၁၄၄ မှာရှိပြီး ၂၀၁၄ တုန်းက ၁၄၅ မှာရှိတာ ကြောင့် တနှစ်ကို တဆင့်လောက်တော့ မြန်မာ့သတင်းလွတ်လပ်ခွင့်အခြေအနေ တိုးတက်လာတယ်လို့ ဆိုရမှာပါ။

ဒါပေမဲ့ စစ်အစိုးရကနေ စစ်တပိုင်းအစိုးရ (ဦးသိန်းစိန်အစိုးရ) ဆီပြောင်းကာစ အခြေအနေကို ပြန်ကြည့် မယ်ဆိုရင် ၂၀၁၃ မှာ အဆင့် ၁၅၁၊ ၂၀၁၂ မှာ အဆင့် ၁၆၉ အထိရှိခဲ့ဖူးပါတယ်။ ဆိုလိုတာက ၂၀၁၂ ကနေ ၂၀၁၃ ကြားမှာ ၁၈ ဆင့်အထိ တဟုန်ထိုးခုန်တက်လာပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ တနှစ်မှာ တဆင့်သာ တက်နိုင်ပါတော့တယ်။ တိုးတက်မှုနှုန်းထား အတော်နှေးသွားတဲ့သဘောပါ။

၂၀၁၃ မှာ ၁၈ ဆင့်အထိ တဟုန်ထိုးတိုးတက်လာတဲ့အကြောင်းတွေထဲမှာ စာပေစီစစ်ရေး ဆင်ဆာအဖွဲ့ကို ၂၀၁၂ အတွင်း ဖျက်သိမ်းလိုက်ခြင်း၊ ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ပြုခြင်း၊ ပြည်ပအခြေစိုက် သတင်းဌာနတွေကို ပြည်တွင်းဝင်ခွင့်ပေးခြင်း၊ သတင်းသမားတွေအပါဝင် နိုင်ငံရေးအကျဉ်းသားတွေကို ရာနဲ့ချီလွတ်ပေးခြင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီအား ၀င်ပြိုင်ခွင့်ပေးလိုက်ခြင်းတွေ ပါဝင်ပါတယ်။ 

ဒါပေမဲ့ NLD ရွေးကောက်ပွဲစ၀င်စဉ်မှာ သတင်းလွတ်လပ်ခွင့် ၁၈ ဆင့်အထိ တဟုန်ထိုးတက်လာပြီး NLD ပါတီ အာဏာရတဲ့ ၂၀၁၆ ကျမှ တိုးတက်မှုနှုန်းက ဆင့်ပဲတက်လာတာ ဘာကြောင့်လဲဆိုတာကတော့ မေးခွန်းထုတ် ချင်စရာပါ။


သေဆုံး၊ ဖမ်းဆီးအပြင် တခြားစာရင်းတွေကော ဘယ်လိုရှိသလဲ

နိုင်ငံတကာ သတင်းသမားကာကွယ်ရေးအဖွဲ့၊ သတင်းလွတ်လပ်ခွင့်အဖွဲ့တွေရဲ့ အစီရင်ခံစာအရ အခုလို အချက်အလက်တွေကိုသိရပေမဲ့ ပြည်တွင်းသတင်းသမားကာကွယ်ရေးအဖွဲ့တွေက အလားတူနှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။ (စာရေးသူ မတွေ့တာလည်းဖြစ်နိုင်ပါတယ်) သတင်း သမားတွေဆီက ရရှိတဲ့စာရင်းတခုအရ ၂၀၁၆ အတွင်း ရိုက်နက် ခြိမ်းခြောက်ခံရတဲ့ သတင်းသမား ဦး ရှိပြီး နေအိမ်ခြံဝင်းအတွင်း ဗုံးဖောက်သ တိပေးခံရသူ ဦး ရှိပါတယ်။



ဒါဟာ ရသမျှစာရင်းကို ပြုစုထားတာသာဖြစ်ပြီး တနိုင်ငံကစာရင်းချုပ် ဟုတ်ပုံမရသေးပါ။ ဘာကြောင့်လဲဆို စာရေးသူရဲ့ဇာတိမြို့ ထားဝယ်အခြေစိုက် တနသာင်္ရီဂျာနယ်ကဆောင်းပါးရှင် ဦးအောင်လွင်ကို သတ္တုတွင်း ကုပဏီတခုအား အသရေဖျက်တယ်ဆိုပြီး ရေဖြူမြို့နယ်တရားရုံးကနေ စက်တင်ဘာလအတွင်း ထောင် ဒဏ် သို့မဟုတ် ဒဏ်ငွေ သောင်းကျခံရမယ်လို့ အမိန့်ချတဲ့သတင်း မပါသေးလို့ဖြစ်ပါတယ်။ အလားတူ တခြားနယ်မြို့တွေ၊ တိုင်းရင်းသားဒေသတွေက သတင်းထောက်တွေ၊ စီတဇင်ဂျာနယ်လစ်တွေ၊ လူ့အခွင့်အရေးသတင်း Facebook မှာ တင် သူတွေ တရားစွဲခံရ၊ ခြိမ်းခြောက်ခံရတာတွေ လူမသိသူမသိ ရှိနေနိုင်ပါသေးတယ်။

ဒါက သတင်းသမားတွေအပေါ် တိုက်ရိုက် သတ်ဖြတ်၊ ဖမ်းဆီး၊ ရိုက်နှက်၊ တရားစွဲ၊ ငြိမ်းခြောက်တဲ့ ဖြစ်စဉ် တွေပါ။ တကယ်တော့ သတင်းလွတ်လပ်ခွင့်ကိုတိုင်းတဲ့နေရာမှာ သတင်းသမားတွေတင်မက သူတို့ကို သတင်းပေးသူ၊ ကူညီသူ သတင်းအရင်းအမြစ် ကာကွယ်ရေးနဲ့ လွတ်လပ်စွာသတင်းရယူခွင့်ရရှိရေး ကလည်း အရေးကြီးလှပါတယ်။ 

၂၀၁၆ အကုန်မှာ ထွက်ပေါ်လာတဲ့သတင်းတွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလီ (ရိုဟင်ဂျာ) ပတိပက္ခ အကြောင်း သတင်းသွားယူတဲ့ သတင်းထောက်အဖွဲ့ကို သတင်းဖြစ်စဉ်ဖြေဆိုပေးတဲ့ ဒေသခံအရပ်သား ဦး သတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။ တခါ ရှမ်းပြည်မြောက်ပိုင်း ပတိပက္ခအတွင်း သတင်းသွားယူတဲ့ သတင်းထောက်တွေကို ကူညီဖြေကြားပေးသူ မိုးကိုးမြို့ခံ တရားဟောဆရာ ဦး အခုချိန်ထိ ပျောက်ဆုံးနေ ဆဲလို့ သိရပါတယ်။

ဒါက အသက်အန္တရယ်အထိ ခြိမ်းခြောက်ခံနေရတဲ့ ပရိုဖက်ရှင်နယ်သတင်းသမားတွေ၊ သတင်းသမားတွေ ကို ကူညီပေးသူတွေရဲ့အခြေအနေပါ။ သတင်းသမားမဟုတ်ပေမဲ့ ကိုယ့်အမြင်ကို Facebook ပေါ်မှာ ရေးမိ လို့ ပုဒ်မ ၆၆ (ဆက်သွယ်ရေးပုဒ်မ) နဲ့ ဖမ်းဆီးခံလိုက်ရသူဦးရေကလည်း မနည်းလှပါဘူး။ NLD ပါတီ သုတေသနဌာနမှုး ကိုမျိုးရန်နောင်သိန်း၊ လူ့အခွင့်အရေးတက်ကြွသူ ကိုထင်ကျော်အပါဝင် လူ ၂၀ နီးပါး ဒီပုဒ်မနဲ့ ၂၀၁၆ အတွင်း ဖမ်းဆီးခံထားရပါတယ်။


၂၀၁၇ မှာ အခြေအနေ ပိုကောင်းလာမလား

၂၀၁၇ ရဲ့ ပထမ သတင်းပတ်ထဲမှာတင် Eleven Media မှ ဒေါက်တာသန်းထွဋ်အောင်နဲ့ ကိုဝေဖြိုးတို့ကို အာမခံ ပေးလိုက်တာကြောင့် အခြေအနေ ပိုကောင်းလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ ဒါဟာ မျှော်လင့်ချက်သာ ဖြစ်ပြီး လက်တွေဖြစ်လာစေဖို့အတွက်ကတော့ ပုဒ်မ ၆၆ ကို လွှတ်တော်ကနေ ဖျက်သိမ်းပေးဖို့ လိုနေဆဲဖြစ်ပါ တယ်။ ဒါအပြင် တခြားဖမ်းဆီးခံ ၆၆ သမားအားလုံးကိုလဲ အမြန်ဆုံး လွတ်ပေးဖို့လိုနေပါတယ်။ Eleven Media ကတော့ အာမခံမရခင်က ပုဒ်မ ၆၆(ဃ)နဲ့ သူတို့စွဲဆိုထားတဲ့ အမှုအားလုံးကို ရုပ်သိမ်းပေးပြီး သူတို့ကိုလည်း အဲလို ရုပ်သိမ်းပေးစေလိုတဲ့သဘောမျိုး သတင်းစကား ပါးခဲ့ပါတယ်။ 


ဒီပုဒ်မကို ချက်ချင်းမဖျက်နိုင်သေးရင်တောင် မီဒီယာဆိုင်ရာအငြင်းပွားမှုကို ပုဒ်မ ၆၆ နဲ့ တရားမစွဲပဲ မီဒီယာ ဥပဒေတွေအတိုင်းတရာစွဲ၊ ခုံရုံးတက် တဆင့်ခြင်းသွားသင့်ပါတယ်။ သတ်ဖြတ်ခံ၊  ရိုက်နှက်ခံရတဲ့ ကိစ္စတွေကတော့ လုံးဝမရှိသင့်ပါ။ 

တခြားနိုင်ငံတွေမှာ သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းထောက်အများစုဟာ စစ်ပွဲသတင်းယူရင်းနဲ့ မတော် တဆကျဉ်မှန်ပြီး အသက်ပေးခဲ့ရသူတွေပါ။ မြန်မာနိုင်ငံမှာ အများစုတော့ အာဏာပိုင်တွေ၊ ခရိုနီတွေ၊ မတရားအနိုင်ကျင့်နေသူတွေရဲ့ အမှုကိုဖေါ်ထုတ်ဖို့ကြိုးစားရင်း အသတ်ခံရတာမျီုးဖြစ်နေပါတယ်။ ဒီအတွက် သတင်းသမားကာကွယ်ရေး၊ သတင်း သမားလုံခြုံရေးကို အစိုးရဖက်က အသေအချာလုပ်ပေးဖို့လိုပါတယ်။

လွတ်လပ်စွာသတင်းရယူခွင့် Freedom of Information နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် လောလော ဆယ်သတင်းယူခွင့် ပိတ်ထားတဲ့ ရခိုင်မြောက်ပိုင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းဆီ နိုင်ငံတကာ သတင်း ထောက်တွေအပါဝင် သတင်းသမားတွေကို လွတ်လပ်စွာသတင်းယူခွင့်ပေးသင့်ပါတယ်။ အစိုးရနဲ့ တပ်မတော်ဖက်က ဘယ်လိုပဲ သတင်းထုတ်ပြန် နေပါစေ၊ ဒါဟာ အစိုးရအာဘော်သာဖြစ်ပြီး လွတ်လပ်စွာ အတည်ပြုချက်ယူထားတဲ့ သတင်းမဟုတ်ပါ။ နိုင်ငံတကာ သတင်းသမားတွေက အစိုးရပြောတာကို ယုံကြည်လေ့မရှိပါ။

တခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ သမ္မတရုံး၊ ပြန်ကြားရေးဝန်ကြီးရုံးအပါဝင် ၀န်ကြီးဌာနအသီးသီးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တွေနေရာမှာ ပရိုဖက်ရှင်နယ် မီဒီယာသမားတွေကို တာဝန်ပေးသင့်ပါတယ်။ ဘာကြောင့် လဲဆို အခု ဒေါ်အောင်ဆန်းစုကြည်အစိုးရ သက်တန်းတနှစ်ပြည့်ခါနီးအချိန်အထိ အစိုးရပြောခွင့်ရပုဂ္ဂိုလ်၊ ပါတီပြောခွင့်ရပုဂ္ဂိုလ်တွေရဲ့ လေသံထဲမှာ သူတို့ပြောတာသာအမှန်၊ တခြားလူပြောတာ တရားမ၀င်ဘူး၊ ကောလဟာလသဖြစ်တယ်ဆိုတဲ့ သဘောထားမျိုး တွေ့နေရဆဲမို့ ဖြစ်ပါတယ်။ မီဒီယာဟာ စတုတ္တမဏ္ဍိုင် ဖြစ်တယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေလိုပဲ တန်းတူအရေးပါတယ်ဆိုတာကို ပြောခွင့်ရ ပုဂ္ဂိုလ်တွေ သတိထားမိပုံမပေါ်သေးပါ။

ဒီလိုလေသံပေါက်နေတာ အာဏာရှင်ခေတ်လက်ကျန် စစ်ဗိုလ်လူထွက်တွေချည်းမဟုတ်ပါ။ ဒီမိုကရေစီ နည်းအရ ရွေးချယ်လိုက်တဲ့ NLD ၀န်ကြီးတွေ၊ အမတ်တွေထဲမှာလည်း ရှိနေတာတွေ့ရပါတယ်။ ဥပမာ အားဖြင့် ရန်ကုန်တိုင်း ၀န်ကြီးချုပ်က Eleven Media ပေါ် တရားစွဲတဲ့ကိစ္စဟာ (ပုဒ်မ ၆၆ နဲ့စွဲပြီး ချက်ချင်းထောင်ထဲထည့်တာ) မဖြစ်သင့်ဘူးလို့ လွတ်လပ်စွာပြောဆိုခွင့်ကိုယုံကြည်သူတချို့နဲ့ ဒီနေ့ အစိုးရအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ်တချို့ကိုယ်တိုင် အရင်အတိုက်အခံဘဝက ဒီပုဒ်မနဲ့ဘဲ အရေးယူ တာခံခဲ့ရဖူးတဲ့အတွက် ကိုယ်တိုင်အစိုးရဖြစ်လာတဲ့အခါမှာ ဒီပုဒ်မနဲ့ဘဲ မီဒီယာကို တရားစွဲတာ လူကြား မကောင်းဘူးလို့လည်း  တချို့က ယူဆကြပါတယ်။ ဒါပေမဲ့ NLD ထိပ်ပိုင်း ခေါင်းဆောင် ဦးဝင်းထိန်အပါ အဝင် အစိုးရ၀န်ကြီးတချို့က ဒီလိုဖမ်းဆီးတရားစွဲတာကို ထောက်ခံနေတယ်လို့ ကြားရပါတယ်။

အဲဒီလိုထောက်ခံသူတွေထဲမှာ တနသာင်္ရီတိုင်း အစိုးရအဖွဲ့ထဲက ၀န်ကြီးတချို့ပါနေတယ်လို့ သိရတဲ့အခါ အတော် စိတ်ပျက်သွားမိပါတယ်။ ‘’သတင်းမှားရင် ချက်ချင်းတရားစွဲမယ်’’ လို့ တနသာင်္ရီတိုင်း ၀န်ကြီး တပါးက ဒေသခံသတင်းသမားတွေကို ဒီဇင်လာလအတွင်းက ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါဟာ အာဏာရလာ လို့ သဘောထားတင်းမာသွားတာလား။ လူထုထောက်ခံမှုနဲ့ တက်လာတဲ့အစိုးရအပေါ် မီဒီယာက ဝေဖန်ခွင့် မရှိဆိုပြီး နားလည်မှုလွဲနေခြင်းလား။ မီဒီယာတွေနဲ့ ဘယ်လိုဆက်ဆံရမယ်ဆိုတာကို ၀န်ကြီးကိုယ်တိုင် နားမလည်သေးခြင်းလား။ ပါတီဗဟိုဖက် က အလေးထားပြင်ဆင်ဖို့လိုနေပါတယ်။

သတင်းသမားတွေဖက်ကလည်း အာဏာပိုင်တွေက မီဒီယာအပေါ် အားကိုးယုံကြည်လာအောင် ကြိုးစား ဖို့လိုနေပါတယ်။ စတုတ္တမဏ္ဍိုင်မှာ တာဝန်ထမ်းနေသူတွေဟာလည်း လွှတ်တော်ထဲမှာထိုင်နေသူတွေထက် မညံ့ဘူးဆိုတာကို ပြသဖို့လိုနေပါတယ်။ ဒီလိုဖြစ်လာစေဖို့အတွက် ရက်တိုမီဒီယာသင်တန်းတွေ၊ ပုဂ္ဂလိက မီဒီယာကျောင်းတွေအပြင် တက္ကသိုလ်တွေမှာပါ မီဒီယာပညာကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးဖို့ လိုနေ ပါတယ်။ တချိန်တည်းမှာပဲ သတင်းသမားတဦးဦး ခြိမ်းခြောက်ခံရပြီဆိုရင် သတင်းသမားကာကွယ်ရေး အဖွဲ့တွေက ချက်ချင်းအရေးယူ ဆောင်ရွက်ပေးဖို့လိုပါတယ်။


အနှစ်ချုပ်ရရင်တော့ လူအများစုထောက်ခံတဲ့ NLD အစိုးရ တက်လာရုံသက်သက်နဲ့ မီဒီယာ လွတ်လပ်ခွင့်၊ သတင်း လွတ်လပ်ခွင့်တွေ သူ့အလိုလို ရလာမှာမဟုတ်ပါ။ မီဒီယာဟာ စတုတ္တမဏ္ဍိုင်ဖြစ်တယ်ဆိုတာကို အဲဒီဝန်ကြီးတွေ အပါဝင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင် ခုက ပုဂ္ဂိုလ်တွေအားလုံး လက်ခံနိုင်တဲ့နေ့ရောက်မှ၊ မီဒီယာကို ရန်သူလို၊ ဖော်ကောင်လို သဘောမထားပဲ အစိုးရလမ်းကြောင်းမှန် အောင် တည်မတ်ပေးတဲ့ ယန္တယားတခုအဖြစ်မြင်လာမှ၊ အစိုးရနဲ့ မီဒီယာအကြား သူ့တာဝန်၊ ကိုယ့်တာဝန် လွတ်လပ်စွာဆောင်ရွက်ခွင့်ရမှသာ ၂၀၁၇ အတွင်း မြန်မာ့သတင်းလွတ်လပ်ခွင့်အခြေအနေ တိုးတက်လာ ဘွယ်ရှိပါတယ်။       

Share

Twitter Delicious Facebook Digg Stumbleupon Favorites More