https://youtu.be/IDGFhHra4GU?si=hKwyLOQs4cRqqC5-
“ကပစ နဲ့ လေတပ်စခန်းတွေ တိုက်ခိုက်ရေးကို ဦးစားပေးဖို့ လိုတယ်” - ဆလိုင်းယောအောင် (စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ) (၃၀ ဧပြီ ၂၀၂၆) “ရန်သူရဲ့ အဓိက အားသာချက်က လက်နက်ခဲယမ်းလိုသလောက် ထုတ်နိုင်မှုနဲ့ လေကြောင်းပစ်ကူအလွန်အကျွံသုံးနိုင်မှုဖြစ်တဲ့အတွက် ကပစ နဲ့ လေတပ်စခန်းတွေကို တိုက်ခိုက်ရေးဟာ ဦးစားပေး ပစ်မှတ်ဖြစ်သင့်တယ်” လို့ စစ်ရေး - နိုင်ငံရေးလေ့လာသုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။ ဖလမ်းမြို့ကို စစ်တပ်က ပြန်သိမ်းတာအပါဝင် လက်ရှိ စစ်ဆင်ရေးတွေမှာ စစ်တပ်ဖက်က လက်နက်တိုက် ဖင်ခုထိုင်ပြီး လေယာဉ်ပစ်ကူ အလွန်အကျွံသုံးလာတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ချင်းပြည်နယ်က ဖလမ်းနဲ့ အညာဒေသက မြို့တွေကို တော်လှန်ရေးတပ်တွ ဘာကြောင့် လက်လွတ်လိုက်ရတာလဲ... - အာရှလမ်းမကြီးကို ပြန်ပေးလိုက်ရပေမယ့် နယ်စပ်က စခန်းတွေကို စစ်ရှိန်မြင့်သိမ်းပိုက်နေတဲ့ ကရင်စစ်မျက်ရဲ့ အခြေအနေ... - ရခိုင်ဒေသကလွဲရင် ကျန်နေရာအားလုံး ခံစစ်ဖြစ်နေပြီလို့ ဘာကြောင့်ပြောတာလဲ... ... စတဲ့ အကြောင်းအရာတွေအပါဝင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စစ်ရေးအရ တိုးတက်ဖြစ်ထွန်းမှုတွေအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။







0 comments:
Post a Comment