https://youtu.be/mw1_9SAhids?si=UQzTtJRYsa1goelb
“ဦးသိန်းစိန် ခေတ်မပြောနဲ့၊ ဦးသန်းရွှေရဲ့ နဝတ-နအဖ ခေတ်ထက်တောင် ပိုဆိုးနေတယ်” - ဦးအောင်မျိုးကျော် (AAPP) (၂၈ ဧပြီ ၂၀၂၆) “လက်ရှိ မင်းအောင်လှိုင် လုပ်ပုံကိုင်ပုံတွေက ဦးသိန်းစိန် ခေတ်မပြောနဲ့၊ ဦးသန်းရွှေရဲ့ နဝတ-နအဖ ခေတ်ထက်တောင် ပိုဆိုးနေတယ်” လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က ဦးအောင်မျိုးကျော်က ပြောပါတယ်။ အမည်ခံ အရပ်သား သမ္မတအသစ်တက်လာချိန်မှာ နိုင်-ကျဉ်းတွေကို နည်းနည်းလွတ်ပေးပြီး များများပြန်ဖမ်းနေတာ ဘာကြောင့်လဲ၊ နာမည်ကြီးစာရေးဆရာ ဦးတင်ညွန့်ကို ဘာကြောင့်ဖမ်းတာလဲ ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - စာရေးဆရာ ဦးတင်ညွန့်ကို ဘာကြောင့်ဖမ်းတာလဲ၊ ဘယ်နှစ်ဦး အဖမ်းခံနေရသလဲ... - တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့်ပေးမတွေ့တာလဲ၊ ဒေါ်အောင်ဆန်းစုကြည် အခြေနေ ဘယ်လိုရှိသလဲ... - အမည်ခံအရပ်သား အစိုးရချင်းအတူတူ ဦးသိန်းစိန်အစိုးရလို မင်းအောင်လှိုင်အစိုးရက ဘာကြောင့် မဆောင်ရွက်နိုင်တာလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။






0 comments:
Post a Comment