https://youtu.be/ZtX5uQvJ78g?si=xhcn4OUsIVpeIfTo
“ဖလမ်း ပြန်ပါသွားတာတခုတည်းကိုကြည့်ပြီး တော်လှန်ရေးက ခံစစ်ဖြစ်နေပြီလို့ ပြောလို့မရဘူး” - ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းညီနောင် - CB) (၂၉ ဧပြီ ၂၀၂၆) “ဖလမ်းမြို့ ပြန်ပါသွားတာတခုတည်းကိုကြည့်ပြီး တော်လှန်ရေးက ခံစစ်ဖြစ်နေပြီလို့ ပြောလို့မရဘူး၊ အတက်- အဆုတ်ဆိုတာရှိမယ်၊ ရေရှည်မှာ ဘယ်သူက ပိုတောင့်ခံနိုင်သလဲ၊ ဘယ်သူက ပိုစွမ်းဆောင်ရည်မြင့်သလဲဆိုတာက ပိုအရေးကြီးတယ်” လို့ ချင်းညီနောင် -CB- အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) အထွေထွအတွင်းရေးမှူးလည်းဖြစ်တဲ့ ဆလိုင်းယောမာန်ကပြောပါတယ်။ ဖလမ်းမြို့ကို စစ်တပ်က ပြန်သိမ်းသွားတာ၊ အညာဒေသမှာ စစ်တပ်က ထိုးစစ်အရှိန်မြှင့်နေတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ဖလမ်းမြို့ကို ဘာကြောင့် တော်လှန်ရေးတပ်တွေ လက်လွှတ်လိုက်ရတာလဲ... - ချင်းပြည်နယ်မြောက်ပိုင်းအပြင် တောင်ပိုင်းကိုပါ စစ်တပ်က ထိုးစစ်ဆင်လာနိုင်ခြေရှိသလား... - ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/ CPA) နဲ့ ULA/AA ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် တွေ့ဆုံမှုက ဘယ်လောက်အရေးကြီးသလဲ... - လက်ရှိ စစ်ရေးအခြေနေအပေါ် မြေပြင်မှာ တိုက်ပွဲဝင်နေသူတွေက ဘယ်လိုရှုမြင်ထားသလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။







0 comments:
Post a Comment