https://youtu.be/-dQGtSsdJ2g?si=ZZEgojumnO7URuQV
“ရွေးကောက်ပွဲအတု၊ ငြိမ်းချမ်းရေးအတု မဟုတ်တဲ့၊ စစ်မှန်တဲ့ နိုင်ငံရေးလမ်းကြောင်းတခု ရှာဖွေဖို့ လိုပါတယ်” - ရဲဘော်သံခဲ (ဥက္ကဌ - ABSDF ) (၂၄ ဧပြီ ၂၀၂၆) “ရွေးကောက်ပွဲအတု၊ ငြိမ်းချမ်းရေးအတု မဟုတ်တဲ့၊ စစ်မှန်တဲ့ နိုင်ငံရေးလမ်းကြောင်းတခု ရှာဖွေဖို့ လိုတယ်၊ ၂၀၀၈ အောက်ကို ပြန်သွားရမယ့်လမ်းကို ဘယ်သူမှ လက်မခံနိုင်တော့ဘူး” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဌ ရဲဘော်သံခဲက ပြောပါတယ်။ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို ဘာကြောင့်ပယ်ချတာလဲ၊ ဘယ်လိုအခြေနေမျိုးရရင် ဆွေးနွေးမှာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ကို ဘာကြောင့် လက်မခံနိုင်တာလဲ... - ၂၀၂၁ မတိုင်ခင်က ERO အဓိကဖြစ်ပေမယ့် အခုချိန်မှာ PDF အဓိကဖြစ်နေပါရဲ့နဲ့ ဒါကို မအလ ဘာကြောင့် မသိချင်ယောင်ဆောင်နေတာလဲ... - SCEF မှာ အားလုံးပါဝင်ရေးနဲ့ ABSDF တပ်တွေရဲ့ လက်ရှိ လှုပ်ရှားနိုင်မှု အခြေအနေ ဘယ်လိုရှိသလဲ... - ရွေးကောက်ပွဲအတု၊ ငြိမ်းချမ်းရေးအတု မဟုတ်တဲ့၊ စစ်မှန်တဲ့ နိုင်ငံရေးလမ်းကြောင်းတခု ရှာဖွေဖို့ လိုတယ်...ဆိုတာ ဘာကိုဆိုလိုတာလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။






0 comments:
Post a Comment