https://youtu.be/l2XmA0BjKE4?si=XSPKStAN3fDJ4Y_q
“စစ်ယူနီဖောင်းကနေ အရပ်ဝတ်ပြောင်းရင် ဗုံးကြဲတာရပ်သွားနိုင်သလား... ဆိုတာကတော့...”
- ဆလိုင်းယောအောင် (စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ)
(၃ ဧပြီ ၂၀၂၆) “စစ်ယူနီဖောင်းကနေ အရပ်ဝတ်ပြောင်းရင် ဗုံးကြဲတာရပ်သွားနိုင်သလား... ဆိုတာကတော့ သိပ်မဆိုင်ဘူးထင်တယ်၊ လောင်စာပြတ်လို့ ဗုံးကြဲမှု လျော့သွားတာမျိုုးတော့ ဖြစ်နိုင်တယ်။ လက်ရှိအပြောင်းအလဲဆိုတာတွေပေါ် လူထုအနေနဲ့ ဘာမှ မျော်လင့်လို့ မရသေးဘူး” လို့ စစ်ရေး-နိုင်ငံရေး လေ့လာသုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။ စစ်ကောင်စီဖက်က စစ်ဗိုလ်ချုပ်တွေ စစ်ယူနီဖောင်းချွတ်ပြီး အရပ်ဝတ်ပြောင်းလိုက်တာ၊ တော်လှန်ရေးဖက်က SCEF - ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့လိုက်တာတွေကြောင့် ဆွေးနွေးပွဲတွေဖြစ်ပေါ်လာပြီး လူထု အခြေအနေ တစုံတရာ သက်သာလာနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...
- အသစ်ဖွဲ့လိုက်တဲ့ SCEF နဲ့ အရင် NUCC ဘာကွာသလဲ၊ ဘာတွေထူးခြား ဆောင်ရွက်နိုင်မလဲ...
- စစ်ကောင်စီနဲ့ တော်လှန်ရေးဖက်က အစုအဖွဲ့အသစ်တွေ ဖွဲ့စည်းလိုက်ခြင်းက စစ်ရေးအစား နိုင်ငံရေးဆွေးနွေးမှုဖက်ကို သွားတော့မယ့် လက္ခဏာတွေလား...
- စစ်ဗိုလ်ချုပ်တွေ စစ်ယူနီဖောင်းချွတ်ပြီး အရပ်ဝတ် စွပ်လိုက်တဲ့အတွက် အရပ်သားလို စဉ်းစားပြီး ဗုံးကြဲတာတွေ ရပ်သွားနိုင်သလား...
- နေပြည်တော်က အပြောင်းအလဲဆိုတာတွေဟာ ဆီတန်းစီးတိုးနေရတဲ့ လူထုအတွက် ဘာမှ ရင်ခုန်စရာမရှိလာနိုင်တော့ဘူးလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။






0 comments:
Post a Comment