https://youtu.be/2ar-eCezmIc?si=0rXgwASTYQeGknry
“သမ္မတဦးဝင်းမြင့် ပြန်လွတ်လာတာကို ကြိုဆိုပါတယ်၊ ဒါပေမယ့်...” - ဦးအောင်မျိုးကျော် (AAPP) (၁၈ ဧပြီ ၂၀၂၆) “သမ္မတကြီးဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွတ်လာတာကို ကြိုဆိုပါတယ်၊ ဒါပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေး အကျဉ်းသား တဦးမကျန် ပြန်လွတ်ပေးဖို့လိုတယ်၊ ဗုံးကြဲတာတွေ၊ ရွာမီးရှို့တာတွေ ချက်ခြင်းရပ်ဖို့လိုတယ်” လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဦးအောင်မျိုးကျော်က ပြောပါတယ်။ မြန်မာ့နှစ်သစ်ကူးမှာ လူထုကရွေးချယ်ထားတဲ့ သမ္မတဦးဝင်းမြင့်အပါဝင် နိုင်-ကျဉ်း ၁၀၀ နီးပါးကို အာဏာသိမ်း သမ္မတအတုက လွတ်ပေးလိုက်တဲ့အပေါ် BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ... - အကျဉ်းသား ၄၀၀၀ ကျော်လွတ်ပေးတဲ့အထဲမှာ နိုင်-ကျဉ်းက ၁၀၀ လောက်ပဲ ပါတာလား... - သမ္မတဦးဝင်းမြင့်ကို ပြန်လွတ်ပေးပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွတ်သေးတာ ဘာကြောင့်လဲ... - နိုင်-ကျဉ်း လွတ်ပေးရေး၊ ဗုံးကြဲမှုရပ်တန့်ရေးတွေက အနာဂတ် မျှော်လင့်ချက်ဆီ ခရီးဆက်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။






0 comments:
Post a Comment