https://youtu.be/Oqejd3_LyaE?si=JpPBoUw06nPbT_uP
“အရပ်သားအစိုးရ အမည်ခံပြီးရင်တော့ လူထုဘ၀ သာယာဝပြောရေးဘက်ကို ဦးစားပေးဖို့ လိုပါတယ်”
- ဦးအောင်သူငြိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ)
(၂၂ ဧပြီ ၂၀၂၆) “နေပြည်တော် အာဏာပိုင်တွေအနေနဲ့ အရပ်သားအစိုးရ အမည်ခံပြီးရင်တော့ အရပ်သားလိုစဉ်းစားပြီး လူထုဘ၀ သာယာဝပြောရေးဘက်ကို ဦးစားပေးဖို့ လိုပါတယ်၊ နိုင်ငံတကာနဲ့ အဆင်ပြေအောင် ဆက်ဆံဖို့လိုတယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက ပြောပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ရဲ့ နေပြည်တော်ခရီးစဉ်အတွင်း ဘာတွေထူးနိုင်သလဲ၊ အာဆီယံက တောင်းဆိုထားတဲ့အတိုင်း နေပြည်တော်က လိုက်ပါဆောင်ရွက်ပေးနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- ထိုင်းနိုင်ငံခြားရေးဝန်ကြီးခရီးစဉ်အတွင်း ဘာသတင်းထူးတွေ ကြားရနိုင်သလဲ...
- အာဆီယံက တောင်းဆိုထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးနိုင်သလား...
- အစိုးရသစ်ရဲ့ ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးကမ်းလှမ်းချက်က အလုပ်ဖြစ်ပါ့မလား...
- အရပ်သားအစိုးရအမည်ခံပြီးရင် အရပ်သား-လူထုဘ၀ သာယာဝပြောရေးကို ဘာကြောင့် ဆောင်ရွက်ဖို့ နှေးနေရတာလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။






0 comments:
Post a Comment