https://youtu.be/u3SAmQFqvQY?si=m2tLZe5uLYoiZkPv
''မြန်မာမြန်မာချင်း ဗုံးကြဲခြင်းမှာ သွေးစွန်းငွေအဖြစ် အသုံးပြုမှာစိုးလို့ မလွဲချင်ကြတာဖြစ်တယ်’' - ဦးမိုးကြိုး - မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)
(၁၇ နိုဝင်ဘာ ၂၀၂၆) “ဝင်ငွေ ၃ လစာရဲ့ ၂၅% အိမ်ပြန်ဖို့ဖို့အရေးမှာ အခက်တွေ့နေတာက ဘဏ်စနစ်တွေ၊ ငွေလဲနှုန်းတွေကြောင့်မဟုတ်ဘူး။ အဲဒီငွေတွေကို မြန်မာမြန်မာချင်း ဗုံးကြဲခြင်းမှာ သွေးစွန်းငွေအဖြစ် အသုံးပြုမှာစိုးလို့ မလွဲချင်ကြတာဖြစ်တယ် လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌ ဦမိုးကြိုးက ပြောပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်အပြီး ထိုင်းရောက် မြန်မာအလုပ်မသားတွေအခြေနေ တစုံတရာ တိုးတက်လာနိုင်သလား...စသဖြင့် BNN သတင်းဌနာက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - အလုပ်သမားအရေးနဲ့ပတ်သက်ပြီး ထိုင်းဖက်က တင်ပြချက်ကို မြန်မာစစ်အာဏာပိုင်တွေက အလေးအနက်ထားပါရဲ့လား... - CI သက်တန်းတိုးရေး၊ အလုပ်သမားလက်မှတ် အသစ်လုပ်ရေးတွေက မြန်မာနိုင်ငံကူးစာအုပ်မရှိလည်း လုပ်လို့ရသလား... - အလုပ်သမားတွေ မြန်မာပြည်ကို ငွေပြန်မပို့ချင်တဲ့ကိစ္စက ငွေလဲနှုန်းပြသာနာ၊ ဘဏ်ပြသာနာတွေကြောင့်လား... လွဲကို မလွဲချင်တာလား... - မြန်မာအလုပ်သမားတွေ အခွင့်အရေးပိုရဖို့အတွက် အလုပ်သမားနိုင်ငံ မြန်မာဖက်က မတောင်းဆိုပဲ အလုပ်ရှင်နိုင်ငံ ထိုင်းဖက်က တောင်းဆိုနေရတာက ဘာကြောင့်လဲ... - အလုပ်သမားအခွင့်အရေးအတွက် ထိုင်းနဲ့ မြန်မာစစ်အစိုးရအပြင် NUG အစိုရပါ အရေးကြီးတဲ့နေရာမှာ ရှိနေတယ်လို့ ဘာကြောင့်ပြောတာလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။







0 comments:
Post a Comment