https://youtu.be/2O8ue6IUEEQ?si=_vTZfWrhwxnvR5Qb
“ပေါ်လစီပြောင်းဖို့မလွယ်သေးပေမယ့် နည်းမှန်လမ်းမှန်ဖြစ်အောင်တော့ ထိန်းကျောင်းနိုင်မယ်ထင်ပါတယ်” - ဦးဇော်မိုးကျော် (နိုင်ငံရေးလေ့လာသုံးသပ်သူ)
(၁၀ နိုဝင်ဘာ ၂၀၂၆) “သမ္မတထရမ့် အစိုးရကချမှတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို အသစ်တက်လာတဲ့ ဒီမိုကရက်လွှတ်တော်အမတ်အများစုက ပြောင်းဖို့မလွယ်သေးပေမယ့် နည်းမှန်လမ်းမှန်ဖြစ်အောင်တော့ ထိန်းကျောင်းနိုင်မယ်ထင်ပါတယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။ နိုဝင်ဘာ ၃ ရက်၊ Midterm ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက အမတ်ဦးရေအသာစီးရလာတဲ့အတွက် သမ္မတထရမ့်ရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို အပြောင်းအလဲလုပ်နိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ... - Midterm ရွေးကောက်ပွဲရဲ့ ရွေးကောက်ခံစာရင်း နောက်ဆုံးအခြေအနေ... - ဒီမိုကရက်ပါတီ ဘာကြောင့် ဒီလောက်အထိ အနိုင်ရသွားတာလဲ... - ကာကွယ်ရေးဝန်ကြီး တကယ်ပဲ အရေးယူခံရနိုင်သလား... - အမေရိကန်လွှတ်တော်မှာ ဒီမိုကရက်အမတ်ဦးရေ အသာစီးရလာတဲ့အတွက် သမ္မတထရမ့်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အပြောင်းအလဲ ဖြစ်လာနိုင်သလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (ဒီမေးမြန်းချက်ကို ပြီးခဲ့တဲ့ စနေမနက်က ပြုလုပ်ထားတာဖြစ်တဲ့အတွက် ဒီကြားထဲ လွတ်တော်အမတ်စာရင်း အာ့ဒိတ် အပြောင်းအလဲရှိနိုင်ပါတယ်။ ... ဒီမိုကရက်အမတ်ဦးရေပိုများလာတဲ့ အမေရိကန်လွတ်တော်သစ်ကို NUG, SCEF တို့က ဘယ်လို ချည်းကပ်သင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)







0 comments:
Post a Comment