https://youtu.be/7c4Nt0wDq2M?si=KZdElsyGJt0wElNc
“AA နဲ့ KIA တို့လို လုပ်စရာရှိတာ တစိုက်မတ်မတ် ဆက်လုပ်နေဖို့လိုတယ်” - ဆလိုင်းယောအောင် (စစ်ရေးသတင်း လေ့လာသုံးသပ်သူ)
(၅ နိုဝင်ဘာ ၂၀၂၆) “နိုင်ငံတကာတွေ၊ နယ်စပ်နိုင်ငံတွေဆိုတာက မြေပြင်အနေအထားကို ဘယ်သူ ထိန်းချုပ်ထားသလဲဆိုတဲ့အချက်ပေါ်မူတည်ပြီး ဆက်ဆံရေးပြောင်းကြတာပဲ၊ ဒီတော့ AA နဲ့ KIA တို့လို လုပ်စရာရှိတာ တစိုက်မတ်မတ် ဆက်လုပ်နေဖို့လိုတယ်” လို့ စစ်ရေးသတင်းလေ့လာသုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။ စစ်တွေမှာတိုက်ပွဲပြင်းထန်လာချိန် အိန္ဒီိယနယ်စပ်ကုန်သွယ်ရေးလမ်းပွင့်လာတာ၊ တရုတ်ဖက်က နယ်စပ်ဂိတ်တွေဖွင့်ပေးလိုက်တာ၊ ထိုင်းနယ်စပ်ကိုကျ မြန်မာစစ်တပ်က ဗုံးကြဲနေတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - AA ရဲ့ ရေပြင်တိုက်ပွဲနဲ့ စစ်တွေမြို့သိမ်းတိုက်ပွဲ အလားအလာ... - မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာ ဘာကြောင့်လဲ... - စစ်ကိုင်းအထက်ပိုင်း၊ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်ထဲက ကျယ်ပြန့်တဲ့ စစ်ရေးလှုပ်ရှားမှုတွေကို KIA ဘယ်လိုစီမံဆောင်ရွက်နေသလဲ... - ၁၀၂၇ စစ်ဆင်ရေးဖြစ်ကတည်းက ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်ဖက်က ပြန်ဖွင့်ပေးလိုက်တာ ဘာကြောင့်လဲ... - တရုတ်နယ်စပ်ကို မထိရဲတဲ့ မြန်မာစစ်တပ်က ထိုင်းနယ်စပ်ကို နင်းကန်ဗုံးကြဲနေတာ ဘာကြောင့်လဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။







0 comments:
Post a Comment