Thursday, September 29, 2022

လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း ပစ်ခတ်ခံရမှု ... မျက်မြင်သက်သေ ကျောင်းဆရ...



လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း ပစ်ခတ်ခံရမှု ... မျက်မြင်သက်သေ ကျောင်းဆရာမ၏ ပြောကြားချက် ---------------------------------- (၂၇- ၉ -၂၀၂၂) စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၁၆ ရက်မှာ စစ်သုံးရဟတ်ယာဉ်နဲ့ပစ်ခတ်ခဲ့ပြီး မြေပြင်တပ်တွေကလည်း ဒဏ်ရာရထားသူတွေကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ဒီပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ်ကလေးငယ်တွေအပါဝင် အနည်းဆုံး ၁၃ ဦးသေဆုံးပြီး ၂၀ ကျော်ဖမ်းဆီးခံထားရတယ်လို့ မနေ့ကပြုလုပ်တဲ့ အွန်လိုင်း သတင်းစာရှင်းပွဲအတွင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေကပြောပါတယ်။ အဲဒီသတင်းစာရှင်းပွဲမှာ မျက်မြင်သက်သေအဖြစ် တက်ရောက်ရှင်းပြတဲ့ လက်ယက်ကုန်းကျေးရွာက ဆရာမ ဒေါ်အေးမာရဲ့ ပြောကြားချက်တွေကို အခု မူရင်းအတိုင်း ထုတ်လွှင့်ပေးလိုက်ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More