Sunday, September 18, 2022

“စစ်ကောင်စီဖက်က အင်အားကျဆင်းနေပြီး တော်လှန်ရေးဖက်က အင်အားပိုကောင်းလာနေပါ...



“စစ်ကောင်စီဖက်က အင်အားကျဆင်းနေပြီး တော်လှန်ရေးဖက်က အင်အားပိုကောင်းလာနေပါတယ်”
(ဒေါက်တာတင့်ဆွေ- နိုင်ငံရေး လေ့လာသုံးသပ်သူ)
------------------------------------------
(၁၈/ ၉ / ၂၀၂၂)

“နွေဦးတော်လှန်ရေး တနှစ်ခွဲကာလအတွင်း စစ်ကောင်စီဟာ ဘက်ပေါင်းစုံမှာ အင်အားကျဆင်းနေပြီး တော်လှန်ရေးအင်အားစုတွေဖက်ကတော့ တဖြေးဖြေးချင်း အင်အား ပိုကောင်းလာနေတယ်။ ဒီနှုန်းအတိုင်း ဆက်သွားနိုင်ရင် မကြာခင်မှာ စစ်ကောင်စီကို ဖြုတ်ချနိုင်လိမ့်မယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

တကမ္ဘာလုံးစိတ်ဝင်စားနေတဲ့ ယူကရိန်းစစ်ပွဲ ၆ လကျော်အခြေအနေနဲ့ ကမ္ဘာ့အာရုံစိုက်မှု အနည်းအကျဉ်းသာရတဲ့ မြန်မာ့နွေဦးတော်လှန်ရေး တနှစ်ခွဲကျော် အခြေအနေပေါ် နှိုင်းယှဉ်သုံးသပ်ချက်ပေးဖို့ BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားသွားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
- ယူကရိန်းတော်လှန်ရေးသမားတွေနဲ့ မြန်မာ့နွေဦးတော်လှန်ရေးသမားတွေကြားမှာ တွေ့ဆုံဆက်စပ်မှု ရှိလာအောင် ဘယ်လိုလုပ်သင့်သလဲ ...
- ယူကရိန်းတော်လှန်ရေးသမားတွေက နိုင်ငံတကာစစ်ရေးအကူအညီရပြီး မြန်မာတော်လှန်ရေးသမားတွေက မရသေးတာ ဘာကြောင့်လဲ...
- စစ်ရေးနဲ့တိုက်ရိုက်မဆိုင်တဲ့ နည်းပညာအကူအညီကော ရနိုင်ခြေရှိသလား...
- နွေဦးတော်လှန်ရေးတနှစ်ခွဲကာလအတွင်း စစ်ကောင်စီ ဘယ်လောက်အထိ အင်အားကျဆင်းသွားသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More