Thursday, September 29, 2022

“သူတို့ပြေးရတာ ကိစ္စမရှိဘူး၊ တော်လှန်ရေးကိုသာ နိုင်အောင်တိုက်ပါလို့ ဒုက္...



“သူတို့ပြေးရတာ ကိစ္စမရှိဘူး၊ တော်လှန်ရေးကိုသာ နိုင်အောင်တိုက်ပါလို့ ဒုက္ခသည်တွေကပြောပါတယ်”
(ဗညားခွန်အောင်- ညွှန်ကြားရေးမှူး- KHRG)
-------------------------------------------------
(၂၉ - ၉ -၂၀၂၂)

“တိုက်ပွဲဖြစ်လို့ ကျမတို့အိမ်ကနေထွက်ပြေးရတာ ကိစ္စမရှိဘူူး။ တော်လှန်ရေးကိုသာ နိုင်အောင်တိုက်ပါ” လို့ စစ်ပြေးဒုက္ခသည်တွေက သူ့ကို ပြောတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KHRG ညွှန်ကြားရေးမှူး ဗညားခွန်အောင်ကပြောပါတယ်။

နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကပါဝင်နေတဲ့ ကရင်နီဒေသက တိုက်ပွဲအခြေအနေ၊ စစ်ပြေးဒုက္ခသည်အခြေအနေ၊ ကူညီကယ်ဆယ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- UN ကယ်ဆယ်ရေးအဖွဲ့တွေက စကစ ခွင့်ပြုချက်ပေးတဲ့နေရာလောက်ပဲ ကူညီခွင့်ရှိတာလား...

- နယ်စပ်ဖြတ်ကျော် ကူညီပေးနိုင်မယ့်အလားအလာ ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ...

- ပြည်ပရောက် မြန်မာတွေက IDP တွေကို ကိုယ်တိုင်ကူညီတာအပြင် သက်ဆိုင်ရာနိုင်ငံက အစိုးရတွေကိုပါ ဖိအားပေးတောင်းဆိုဖို့လိုအပ်နေသလား...

- ကရင်နီတွေတိုက်ပွဲဝင်နေသလို အခြားဒေသတွေအားလုံး တိုက်ပွဲထဲပါမလာသေးတဲ့အပေါ် ဘယ်လိုမြင်သလဲ...

- တနှစ်ခွဲကြာ နွေဦးတော်လှန်ရေးက ဘယ်လောက်အထိ ရှေ့ကို တိုးတက်လာနေပြီလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More