Tuesday, September 20, 2022

“စာသင်ကျောင်းကို ပစ်တယ်ဆိုတာဟာ ဘယ်လိုမှ တောင်းပန်လို့မရတဲ့ အမှားပဲ”



“စာသင်ကျောင်းကို ပစ်တယ်ဆိုတာဟာ ဘယ်လိုမှ တောင်းပန်လို့မရတဲ့ အမှားပဲ”
(ဗိုလ်ကြီးဇေသူအောင်- CDM- လေတပ်အရာရှိ)
--------------------------------------
(၂၀-၉ -၂၀၂၂)

စစ်ကိုင်းတိုင်း ဒီပဲမြို့နယ်က လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို Mi 35 စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုဟာ ဘယ်လိုမှ ပြန်တောင်းပန်လို့မရနိုင်တဲ့ အမှားကို စစ်ကောင်စီက ကျုးလွန်လိုက်တာဖြစ်တယ်လို့ CDM လေတပ်အရာရှိ ဗိုလ်ကြီးဇေသူအောင်က ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုကြောင့် အသက် ၇ နှစ် ကလေးငယ်တွေအပါဝင် လူတဒါဇင်ကျော် သေဆုံးရမှုအပေါ် ကုလသမဂ္ဂအပါဝင် ပြည်တွင်း- ပြည်ပ ကန့်ကွက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- Mi 35 လေယာဉ်မောင်းခဲ့ဖူးသူတွေ အရှက်ရစရာဖြစ်ကုန်ပြီလား...
- စာသင်ကျောင်းမှန်းသိရဲ့နဲ့ ဘာလို့ပစ်တာလဲ...
- အမိန့်ပေးသူနဲ့ တကယ်ပစ်သူ ဘယ်သူ့မှာ တာဝန်ပိုရှိသလဲ...
- စကစ က စစ်လေယာဉ်တွေကို နင်းကန်သုံးလာတာ ဘာကြောင့်လဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စကစ ဖက်က လေကြောင်းအသာရနေမှုကို ဘယ်လိုတုန့်ပြန်သင့်သလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညပိုင်းမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More