Tuesday, September 27, 2022

“မိုးဗြဲ တမြို့တည်းမှာတင် IDP တသောင်းကျော် ထပ်တိုးလာပါတယ်”



“မိုးဗြဲ တမြို့တည်းမှာတင် IDP တသောင်းကျော် ထပ်တိုးလာပါတယ်”
(ဗညားခွန်အောင်- ညွှန်ကြားရေးမှူး- KHRG)
-------------------------------------------------
(၂၇- ၉ -၂၀၂၂)

“စစ်ကောင်စီတပ်တွေက လူနေရပ်ကွက်တွေကိုပါ ပစ်ခတ်နေတဲ့အတွက် မိုးဗြဲမြို့ကနေ ထပ်မံထွက်ပြေးလာရတဲ့အရပ်သားဦးရေ တသောင်းကျော်အထိရှိနေပြီ” ဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KHRG ညွှန်ကြားရေးမှူး ဗညားခွန်အောင်ကပြောပါတယ်။

နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကပါဝင်နေတဲ့ ကရင်နီဒေသက တိုက်ပွဲအခြေအနေ၊ UNOCHA က ထုတ်ပြန်ထားတဲ့ IDP စာရင်း တသန်းခွဲနီးပါးရှိနေပြီဆိုတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- ကရင်နီဒေသမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်ဦးရေ ဘယ်လောက်အထိ ရှိနေပြီလဲ...

- ကရင်နီဒေသက တိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေ...

- ရှမ်းတောင်ပိုင်းရောက် ကရင်နီဒုက္ခသည်တွေ အောက်တိုဘာလအတွင်း အိမ်ပြန်ရမယ်ဆိုတာ ဖြစ်နိုင်ခြေရှိသလား...

- ကရင်နီဒုက္ခသည်တွေကို UN နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဘယ်လိုအကူအညီပေးနေသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒုက္ခသည်တွေကို နယ်စပ်ဖြတ်ကျော် ကူညီပေးခွင့်ရလာနိုင်ခြေရှိသလား- ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More