Monday, September 5, 2022

Interview with Saw Taw Ne of KNU on 18-months of Revolution. Part 1.



“ကျနော်တို့ကို လာတိုက်ဖို့ထက် သူ့တပ်ပြိုကျမသွားရေးဖက်ကို ဦးစားပေးနေပုံရတယ်”

(ပဒိုစောတောနီး- KNU ပြောခွင့်ရပုဂ္ဂိုလ်)
------------------------------------------------------
(၅/ ၉ /၂၀၂၂)

စစ်ကောင်စီတပ်ရဲ့ လက်ရှိအနေအထားဟာ နွေဦးတော်လှန်ရေးအင်အားစုတွေကို သွားရောက်တိုက်ခိုက်ဖို့ထက် သူ့တပ်ပြိုကျမသွားအောင်၊ CDM တွေ၊ တပ်ပြေးတွေ ပိုများမသွားအောင်အရေးကို အဓိကထား ဆောင်ရွက်နေရတဲ့အနေအထားကိုရောက်ပြီဖြစ်တယ်လို့ KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးကပြောပါတယ်။

လက်ရှိ ကရင်ပြည်နယ်က တိုက်ပွဲအခြေအနေ၊ နွေဦးတော်လှန်ရေး တနှစ်ခွဲကာလ တိုးတက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ....
- EAO တွေ လက်နက်ဆက်ကိုင်ချင်တယ်ဆိုရင် နယ်ခြားစောင့်တပ်လုပ်ရမယ်ဆိုတဲ့ အပေါ် KNU က ဘယ်လိုသဘောထားသလဲ...
- အချုပ်အခြာ အာဏာဟာ ပြည်သူဆီက ဆင်းသက်ရမယ်ဆိုတာကို UN တာဝန်ရှိသူတွေ မေ့နေပြီလား...
- သန်းနဲ့ချီရှိလာတဲ့ IDP တွေကို နယ်စပ်ဖြတ် အကူအညီပေးနိုင်မယ့်အလားအလာ တိုးတက်လာနေပြီလား...
- တနှစ်ခွဲကာလအတွင်း ကရင်နယ်မှာတင် တိုက်ပွဲ ၆၀၀၀ ကျော်ဖြစ်ခဲ့တာ ဘာကြောင့်လဲ...
- CDM တွေ၊ တပ်ပြေးတွေကို သူတို့မိသားစုနဲ့တွေ့ခွင့်ရအောင် စီစဉ်ပေးနိုင်ခြင်းဟာ စည်းရုံးရေး ဗျုဟာအသစ်လား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒရုန်းစစ်ဆင်ရေးအတွက် နိုင်ငံတကာဖက်က နည်းပညာကူညီပေးဖို့လိုနေကြောင်း-ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ ဗုဒ္ဓဟူးနေ့ညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More