Sunday, September 25, 2022

“NUG ကို နိုင်ငံတကာခေါင်းဆောင်တွေက တွေ့ဆုံတယ်ဆိုတာဟာ တရားဝင်အသိအမှတ်ပြုခ...



“NUG ကို နိုင်ငံတကာခေါင်းဆောင်တွေက တွေ့ဆုံတယ်ဆိုတာဟာ တရားဝင်အသိအမှတ်ပြုခြင်း တမျိုးပါပဲ” (ဦးကျော်ဇော - NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်) -------------------------------- (၂၃- ၉ -၂၀၂၂) အာဆီယံဒေသက မလေးရှားနိုင်ငံခြားရေးဝန်ကြီးအပါဝင် နိုင်ငံတကာခေါင်းဆောင်တွေက အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တွေ့ဆုံဆွေးနွေးမှုတွေဟာ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတဲ့သဘောဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော ကပြောပါတယ်။ နယူးယောက်မှာကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံသို့ ရောက်နေကြတဲ့ နိုင်ငံတကာခေါင်းဆောင်အချို့နဲ့ NUG, NUCC, CRPH ကိုယ်စားလှယ်တွေ ခပ်စိပ်စိပ် တွေ့ဆုံဆွေးနွေးမှုအခြေအနေ၊ ဦးကျော်မိုးထွန်းအား UN သံအမတ်ကြီးအဖြစ် ဆက်လက်တာဝန်ပေးအပ်ရေးအလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။ အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ... - မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးမှုက နိုင်ငံရေးအရ ဘယ်လိုအရေးပါသလဲ... - NUG ကို တရားဝင်အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုလာနေပြီလား... - ဦးကျော်မိုးထွန်းကို UN ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက်တာဝန်ပေးနိုင်ခြေ ဘယ်လောက်ရှိသလဲ... - ပြည်တွင်း-ပြည်ပ ဆန္ဒပြပွဲတွေက UN တာဝန်ရှိသူတွေကို ဘယ်လောက်အထိ ဖိအားပေးနိုင်သလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (ယူကရိန်းတော်လှန်ရေးက နိုင်ငံတကာအကူအညီရပြီး မြန်မာ့နွေဦးတော်လှန်ရေးက နိုင်ငံတကာအကူအညီ ဘာကြောင့်မရသေးတာလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ တနင်္ဂနွေညပိုင်းမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More