Wednesday, September 7, 2022

“စစ်ရေးအရ တိုက်ရိုက်မကူညီနိုင်သေးရင် နည်းပညာအရ ဒရုန်းတွေ ကူပေးပါ”



“စစ်ရေးအရ တိုက်ရိုက်မကူညီနိုင်သေးရင် နည်းပညာအရ ဒရုန်းတွေ ကူပေးပါ”

(ပဒိုစောတောနီး- KNU ပြောခွင့်ရပုဂ္ဂိုလ်)
-----------------------------------------
(၇/ ၉ /၂၀၂၂)

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နွေဦးတော်လှန်ရေးအင်အားစုကို စစ်ရေးအရ တိုက်ရိုက်အကူအညီပေးဖို့ အခက်အခဲဖြစ်နေရင် နည်းပညာနဲ့ဆိုင်တဲ့ ဒရုန်းတွေ ကူညီပေးရေးကို အလေးထားစဉ်းစားစေချင်တယ်” လို့ KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။

နွေဦးတော်လှန်ရေး တနှစ်ခွဲကာလအတွင်း စစ်ကောင်စီဖက်က လေယာဉ်တွေသုံးပြီး တော်လှန်ရေးအင်အားစုတွေအပေါ် တိုက်ခိုက်နေမှုကို ဘယ်လိုခုခံတော်လှန်နေသလဲ၊ နိုင်ငံတကာဖက်က ဘာတွေအကူအညီပေးနေသလဲဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားသွားတာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
- KNU နဲ့ PDF တပ်တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ...
- တော်လှန်ရေးအင်အားစုတွေဖက်က ခုခံစစ်ကနေ ထိုးစစ်ကို တက်နိုင်မယ့်အလား အလာ ဘယ်လိုရှိသလဲ...
- နိုင်ငံတကာရဲ့အကူအညီက -စိုးရိမ်ပါသည်- အဆင့်ထက် ကျော်မလာသေးဘူးလား...
- ဒရုန်းစစ်ဆင်ရေးက စစ်ရေးချိန်ခွင်လျှာကို ပြောင်းနိုင်တဲ့အထိ အရေးပါနိုင်သလား...
- ပြည်တွင်း-ပြည်ပ အလှူရှင်တွေက အဓိက ဖြစ်နေဆဲလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More