Tuesday, July 21, 2015

Tour de France ဒုတိယ သတင်းပတ် စာစုများ။

Tour de France ၁၀ ရက်မြောက်နေ့ Froome အနိုင်ရ။

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၁ ရက်ကြာ ကမ္ဘာ့နာမည်အကြီးဆုံး ပရိုဖက် ရှင်နယ် စက်ဘီးပြိုင်ပွဲ Tour de France ၁၀ ရက်မြောက်နေ့ သို့မဟုတ် ပထမ ဆုံး တောင်တက်ပြိုင်ပွဲမှာ Christopher Froome (GBr) Team Sky က 4:22:07 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ အသင်းဖေါ် Richie Porte (Aus) Team Sky က 0:00:59 စက္ကန့်နောက်ကျပြီး ဒုတိယနဲ့ နာမည်ကြီး GC သမား Nairo Quintana (Col) Movistar Team က 0:01:04 မီနစ်နောက်ကျပြီး တတိယ ရပါတယ်။
arbes ကနေ La Pierre-Saint-Martin အထိ 167 km ကီလိုမီတာပြိုင်ပွဲ တ လျောက် ရှေ့ပိုင်းမှာ တောင်အမြင့်သိပ်မရှိပေမဲ့ ပန်းဝင်ဖို့ ၁၅ ကီလိုခန့်ဟာ လုံးဝ တောင်တက်သက်သက်ဖြစ်ပါတယ်။ နောက်ဆုံး ပန်းဝင်တောင်ကုန်း ဟာ ၁၆၁၀ မီတာ သို့မဟုတ် ပေ ၅၀၀၀ နီးပါးမြင့်ပါတယ်။
ကျနော် TV ရှေ့ရောက်တဲ့အချိန်မှာ ပန်းဝင်ဖို့ ၂၅ ကီလိုဝန်းကျင်ပဲကျန်ပြီး ၃ ဦးပါ Breakaway အဖွဲ့က ၄ မီနစ်ကျော်ကျော်အထိ ဖြတ်ထားပါတယ်။ ကီလို ၂၀ ကျော်မှာ ၄ မီနစ်တောင်ဖြတ်ထားတယ်ဆိုတော့ ပုံမှန်အနေအထားဆိုရင် ပြန်ဖမ်းမိဖို့ မလွယ်တော့ပါ။
ဒါပေမယ့် ပန်းအ၀င်မှာတောင်ကုန်ကြီးရှိနေတော့ တောင်တက်တာနဲ့ ရှေ့ပြေး အဖွဲ့အရှိန်ကျလာတာပါပဲ။ ပန်းမ၀င်မီ ၁၀ ကီလိုဝန်းကျင်မှာကတည်းက ရှေ့ ပြေး ၃ ဦးစလုံးကို Peloton က ဖမ်းမိသွားပါတယ်။ Peloton ဆိုပေမဲ့ အရင် နေ့ မြေပြန်ပွဲတွေမှာလုံး အားလုံး တပြုံလုံးပါလာတာမျီုးတော့မဟုတ်ပါ။
နာမည်ကြီး တာတိုဘုရာင်တွေဖြစ်တဲ့ အစိမ်းရောင်အကျီပိုင်ရှင် ပီတာ ဆာဂန်၊ မာ့မ်ကာ့ဗင်းဒစ် စသဖြင့် အားလုံး ၁၀ ကီလို ၀န်းကျင် တောင်စတက်ကတည်း က ပြတ်ကျန်ခဲ့ပါတယ်။ ဒါကြောင့် Peloton ဆိုတာဟာ နာမည်ကြီး GC သမားတွေနဲ့ သူတို့ရဲ့အသင်းဖေါ်တချို့ပါတဲ့ လူ ၂၀ ခန့်အုပ်စုကိုသာ ဆိုလိုခြင်း ဖြစ်ပါတယ်။
၁၀ ကီလိုဝန်းကျင်မှာ ရှေ့ပြေး ၃ ဦးကိုဖမ်းမိပြီးတဲ့နောက် နောက်ထပ်တဦးက ထပ်ထွက်ပြေးပါတယ်။ အဲဒီအချိန်မှာ စကိုင်းနဲ့ မူဗွီစတားအသင်းက တလှည့် စီ အသေလိုက်ပါတယ်။ အားလုံးကိုဖမ်းမိပြီးတဲ့နောက် အခု ပ-ဒု-တ ရသွားသူ ၃ ဦးတည်း တအုပ်ပြတ်ထွက်သွားပါတယ်။
တခြားနာမည်ကြီးတွေဖြစ်တဲ့ ကွန်ဒေတာ၊ နီဘာလီ၊ ဗင်တို့ အားလုံး ပြတ်ကျန် ခဲ့ပါတယ်။ အဲဒီထဲမှာမှ လက်ရှိချန်ပီယံ နီဘာလီက အခြေနေအဆိုးဆုံးနဲ့ ပထမ ဆုံးပြတ်ကျန်ခဲ့တာပါ။
ပန်းဝင်ဖို့ ၆ ကီလိုလောက်အလိုမှာ Froome က စပြေးပါတယ်။ အသင်းဖေါ် Porte နောက်ကနေ ကပ်ပြီးထွက်ပြေးသွားတာကို သူ့မျက်စီရှေ့မှာ မြင်ရဲ့သား နဲ့ Quintana မလိုက်နိုင်ခဲ့ပါဘူး။ ပထမ ပိုင်းမှာ စက္ကန့်ပိုင်းသာပြတ်တဲ့အတွက် ပြန်မိသွားမယ်ထင်ပေမဲ့ တဖြေးဖြေးနဲ့ တမီနစ်ကျော်တဲ့အထိ ပြတ်သွားခဲ့ပါ တယ်။
ဒီနေ့ပွဲဟာ Froome ရဲ့ခြေစွမ်းကို အားလုံးက ကောင်းကောင်းမြင်လိုက်ရတဲ့ ပွဲ သို့မဟုတ် ဒီနှစ် ဘယ်သူချန်ပီယံဖြစ်မလဲဆိုတာကို ၇၅ ရာခိုင်နှုံန်းလောက်အ ထိ ခန့်မှန်းနိုင်လိုက်တဲ့ပွဲလို့ပြောနိုင်မယ်ထင်ပါတယ်။
ဒါပေမယ့် ၂၁ ရက်တာပွဲမှာ ၁၀ ရက်ပဲရှိသေးတဲ့အတွက် နောက်ထပ် ၁၁ ရက် အတွင်း ဘာတွေအပြောင်းအလဲဖြစ်ဦးမလဲဆိုတာ ဘယ်သူကမှ ပုံသေတွက် လို့မရနိုင်သေးပါ။

၁၀ ရက်တာပွဲအပြီး ၁-၁၀ ရထားသူတွေကတော့...
General classification after stage 10# Rider Name (Country) Team Result
1 Christopher Froome (GBr) Team Sky 35:56:09 
2 Tejay Van Garderen (USA) BMC Racing Team 0:02:52 
3 Nairo Quintana (Col) Movistar Team 0:03:09 
4 Alejandro Valverde (Spa) Movistar Team 0:04:01 
5 Geraint Thomas (GBr) Team Sky 0:04:03 
6 Alberto Contador (Spa) Tinkoff-Saxo 0:04:04 
7 Tony Gallopin (Fra) Lotto Soudal 0:04:33 
8 Robert Gesink (Ned) Team LottoNL-Jumbo 0:04:35 
9 Warren Barguil (Fra) Team Giant-Alpecin 0:06:12 
10 Vincenzo Nibali (Ita) Astana Pro Team 0:06:57 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ ပေ ၄၀၀၀ ကျော်နဲ့ ပေ ၆၀၀၀ ကျော်ပါတဲ့ တောင်နှစ်လုံးကို ဖြတ်ကျော်ရမဲ့ Pau - Cauterets ကနေ Vallée de Saint-Savin အထိ 188 km ကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ။
...........

Tour de France ၁၁ ရက်မြောက်နေ့ Rafal Majka အနိုင်ရ။

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၁ ရက်ကြာ ကမ္ဘာ့နာမည်အကြီးဆုံး ပရိုဖက် ရှင်နယ် စက်ဘီးပြိုင်ပွဲ Tour de France ၁၁ ရက်မြောက်နေ့ တောင်တက်ပြိုင် ပွဲမှာ Rafal Majka (Pol) Tinkoff-Saxo က 5:02:01 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။

အ၀ါရောင်အကျီအုပ်စုကို ၆ မီနစ်ပါးအထိဖြတ်ပြီး ပန်းဝင်ခဲ့တာပါ။ သူ့နောက် မှာတော့ ဒီနေ့အတွက် အကောင်းဆုံး တိုက်ခိုက်ရေးသမားဆုရ Daniel Martin (Irl) Cannondale-Garmin Pro Cycling Team က 0:01:00 မီနစ် နောက်ကျပြီး ဒုတိယ ရပါတယ်။
ဒုတိယလိုက်နေရာကနေ မာတင်ရဲ့ ကျော်ဖြတ်ခြင်းကိုခံလိုက်ရတဲ့ Emanuel Buchmann (Ger) Bora-Argon 18 ကတော့ 0:01:23 မီနစ်နောက်ကျပြီး တတိယ ရသွားပါတယ်။ 
Rafal Majka ဟာ အ၀ါရောင်အကျီပိုင်ရှင် Christopher Froome ကို ၆ မီနစ် နီးပါး ဖြတ်နိုင်ခဲ့ပေမဲ့ အရင်နေ့တွေက မီနစ် ၅၀ ခန့်အထိနောက်ကျနေထားတဲ့အတွက် ၁-၁၀ စာရင်းထဲတောင် ရောက်မလာသေးပဲ နံပတ်စဉ် ၄၅ လောက်မှာရှိနေဆဲပါ။ ဆိုလိုတာက ၆ မီနစ် နီးပါးပြတ်ပြီး ပန်းဝင်ခဲ့ပေမဲ့ အ၀ါရောင်အုပ်စုကတော့ မနေ့ကအတိုင်း အပြောင်း အလဲမရှိသေးပါဘူး။
ဒါပေမယ့် Rafal Majka ကတော့ သူဟာ GC အတွက် ပြိုင်ပွဲဝင်ဖို့လာတာမဟုတ်ပဲ အသင်း ခေါင်းဆောင် Alberto Contador (Spa) Tinkoff-Saxo အ၀ါရောင်အကျီရရေး ကူညီဖို့လာ ခြင်းသာဖြစ်တယ်။ သူရဲ့အဓိကတာဝန်ဟာ Contador ကို ကူညီပေးရေးအတွက်သာဖြစ်တယ် လို့ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။
Pau - Cauterets ကနေ Vallée de Saint-Savin အထိ 188 km ကီလိုမီတာ ပြိုင်ပွဲရဲ့ အလယ်လောက်မှာ ပေ ၄၀၀၀ ကျော်နဲ့ ပေ ၆၀၀၀ မြင့် တဲ့ တောင်နှစ်လုံးပါတဲ့အပြင် ပန်းဝင်ရမဲ့တောင်ကလည်း ပေ ၃၀၀၀ နီးပါးမြင့်ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲဟာ တောင် ၃ လုံးကျော်ရတဲ့ပွဲဖြစ်ပါတယ်။
အခု ပထမ ရသွားသူဟာ ပထမတောင်နဲ့ ဒုတိယတောင်ကိုကျော်တဲ့အချိန်မှာ ၁၁ ဦးပါ Breakaway အဖွဲ့နဲ့ပါလာသူလို့သိရပပြီး နောက်ပိုင်းမှာတော့ တကိုယ်တော် အရှိန်တင် စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။
ကျနော် TV ရှေ့ရောက်တဲ့အချိန်မှာတော့ ပန်းဝင်ဖို့ ၂၅ ကီလိုခန့်ပဲလိုပြီး Rafal Majka က အ၀ါရောင်အုပ်စုကို ၆ မီနစ်နီးပါးဖြတ်ထားပါတယ်။ သူရဲ့ Speed ကိုကြည့်တော့ ကျနေတာ မျိုးမတွေ့မိ။ အဓိပါယ်က ပန်းဝင်တဲ့အထိ ဒီပုဂ္ဂိုလ်ကို Peloton က ဖမ်းမီဖို့ မလွယ်တော့ပါ။
သူ့နောက်မှာတော့ အခု တတိယ ရသွားသူက တမီနစ်ကျော်ကျော် အပြတ်နဲ့ အတိုင်းလိုက် နေပါတယ်။ နောက်ထပ် တမီနစ်အကွာမှာတော့ အခု ဒုတိယ ရသွားသူ မာတင်က အရှိန် တင်လိုက်နေပါတယ်။ အနောက်မှာတော့ အ၀ါရောင်အုပ်စုက ပုံမှန်အရှိန်နဲ့လိုက်နေပါတယ်။ ထုံးစံအတိုင်း မနေ့ကလိုပဲ လက်ရှိ ချန်ပီယံ နီဘာလီကတော့ အ၀ါရောင်နောက်မှာ ပြတ်ကျန် ခဲ့ပါတယ်။
အံ့သြဖို့ကောင်းတာကတော့ မာတင်ရဲ့ Speed ပါပဲ။ ပန်းဝင်ဖို့ ၇ ကီလိုလောက်အတွင်း အ သားကိုအရှိန်တင်လာတာ ဒုတိယလိုက်နေသူကိုကျော်ပြီး ပထမ ကိုပါ မှီလာတော့မလား အောက်မေ့ရပါတယ်။
၁၁ ရက်နေ့အပြီး ၁-၁၀ ရထားသူတွေကတော့..
General classification after stage 11# Rider Name (Country) Team Result
1 Christopher Froome (GBr) Team Sky 41:03:31 
2 Tejay Van Garderen (USA) BMC Racing Team 0:02:52 
3 Nairo Quintana (Col) Movistar Team 0:03:09 
4 Alejandro Valverde (Spa) Movistar Team 0:03:59 
5 Geraint Thomas (GBr) Team Sky 0:04:03 
6 Alberto Contador (Spa) Tinkoff-Saxo 0:04:04 
7 Tony Gallopin (Fra) Lotto Soudal 0:04:33 
8 Robert Gesink (Ned) Team LottoNL-Jumbo 0:04:35 
9 Warren Barguil (Fra) Team Giant-Alpecin 0:06:44 
10 Bauke Mollema (Ned) Trek Factory Racing 0:07:05
11 Vincenzo Nibali (Ita) Astana Pro Team 0:07:47 တို့ဖြစ်ပါတယ်။
အကျီအရောင်ပိုင်ရှင်တွေကိုပြောရမယ်ဆိုရင် ၁၁ ရက်အတွင်း အကောင်းဆုံး အ၀ါရောင် အဖြစ် Christopher Froome (GBr) Team Sky။ ၁၁ ရက်အတွင်း Point အများဆုံး အစိမ်းရောင် အကျီပိုင်ရှင်အဖြစ် Peter Sagan (Svk) Tinkoff-Saxo။ တောင်တက် အကောင်းဆုံး ဖြူ-နီ-ကျားပိုင်ရှင် Christopher Froome (GBr) Team Sky နဲ့ လူငယ်ခြေတက် အဖြူရောင်ပိုင်ရှင် Nairo Quintana (Col) Movistar Team တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ ပ ၃၀၀၀ ကနေ ၄၀၀၀ ကျော်အထိ အမြင့်ရှိတဲ့ တောင် ၄ လုံးကိုတက်ရမဲ့ Lannemezan ကနေ Plateau de Beille အထိ 195 km ကီလိုမီတာကို ဆက်လက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ။
..........

Tour de France ၁၂ ရက်မြောက်နေ့ Joaquim Rodriguez အနိုင်ရ။

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၁ ရက်ကြာ ကမ္ဘာ့နာမည်အကြီးဆုံး ပရိုဖက် ရှင်နယ် စက်ဘီးပြိုင်ပွဲ Tour de France ၁၂ ရက်မြောက်နေ့ တောင်တက်ပြိုင် ပွဲမှာ Joaquim Rodriguez (Spa) Team Katusha က 5:40:14 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Jakob Fuglsang (Den) Astana Pro Team က 0:01:12 မီနစ်နောက်ကျပြီး ဒုတိယနဲ့ Romain Bardet (Fra) AG2R La Mondiale က 0:01:49 နောက်ကျ တတိယ ရသွားပါတယ်။
Joaquim Rodriguez ဟာ အ၀ါရောင်အကျီပိုင်ရှင် Christopher Froome တို့အုပ်စုကို ၇ မီနစ်နီးပါးအထိဖြတ်ပြီး ပန်းဝင်နိုင်ခဲ့ပေမဲ့ မနေ့ကလိုပဲ အ၀ါ ရောင်ကိုတော့ အပြောင်းအလဲ မလုပ်နိုင်ခဲ့ပါဘူး။
(တာတိုဘုရင်နဲ့ Breakaway များ)
Lannemezan ကနေ Plateau de Beille အထိ 195 km ကီလိုမီတာပြိုင်ပွဲ အတွင်း ပေ ၃၀၀၀ ကနေ ၅၀၀၀ ကျော်အထိမြင့်တဲ့ တောင် ၄ လုံးပါဝင်ပါ တယ်။ ပထမ ပိုင်းမှာ ရာသီဥတုသာယာပြီးနေသာခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ မိုးသီးကျွေတဲ့အထိ မိုးသဲထန် လေပြင်းတိုက်ဖြစ်ပွါးခဲ့ပါတယ်။
ထူးထူးခြားခြား ဒီနေ့ပွဲ အစ-အဆုံး ၆ နာရီစလုံးကို TV ကနေ တိုက်ရိုက်ပြသခဲ့ ပါတယ်။ တာထွက်ပြီးသိပ်မကြာခင်မှာ Point (အကျီစိမ်းအတွက်) ပေးတဲ့ မျဉ်း ရှိတာကြောင့် တာတိုဘုရင်တွေ အကြိတ်အနယ်ယှဉ်ပြိုင်ရာကနေ ၂၂ ဦးပါတဲ့ Breakaway အုပ်စုတခု စတင်ပေါ်ထွက်လာပါတယ်။
ဒီအုပ်စုဟာ တဖြေးဖြေးနဲ့အရှိန်ရလာပြီး ပေ ၃၀၀၀ ကျော် (၁၀၆၉-မီတာ) မြင့် တဲ့ ပထမ တောင်ကို ဖြတ်ပြီးတဲ့နောက် ၆ မီနစ်အထိ Peloton ကို ဖြတ်ထား နိုင်ခဲ့ပါတယ်။ ပေ ၅၀၀၀ ကျော်မြင့်တဲ့ (၁၃၉၅-မီတာ) ဒုတိယ တောင်ကိုဖြတ် အပြီးမှာတော့ ၁၂ မီနစ်ကျော်အထိတောင် ဖြတ်ထားနိုင်ခဲ့ပါတယ်။
(Kwiatkowski ရမယ်လို့ ထင်ခဲ့ပေမဲ့...)
တချိန်တည်းမှာပဲ ပထမ အုပ်စုအတွင်း Breakaway အုပ်စုတွေ ထပ်ပေါ်ထွက် လာပါတယ်။ အဲဒီထဲက Michal Kwiatkowski (Etixx-Quickstep) နဲ့ အခြားတဦးတို့ဟာ ရှေ့ကိုရောက်လာပါတယ်။ နောက်ဆုံးတောင် (၁၇၈၀-မီတာ) ပေ ၅၀၀၀ ကျော်မြင့်တဲ့တောင်အတက်အထိ သူတို့ နှစ်ဦးဟာ နောက်လိုက်အဖွဲ့ကို ၂ မီနစ်နီးပါးအထိဖြတ်ထားနိုင်ဆဲဖြစ်တဲ့အတွက် Kwiatkowski ပထမ ရသွားလိမ့်မယ်လို့ ထင်ခဲ့မိပါတယ်။
ဒါပေမယ့် နောက်ကနေအရှိန်တင်လိုက်လာတဲ့ ပြတ်ကျန်အုပ်စုထဲက အခု ပ-ဒု-တ ရသွားသူ ၃ ဦးရဲ့ အရှိန်ဟာကောင်းလွန်းတဲ့အတွက် ပန်းဝင်ဖို့ ၇ ကီလို ၀န်းကျင်မှာ Kwiatkowski ကိုမိသွားခဲ့ပါတယ်။

ဒါက Breakaway အုပ်စု ၂၂ ဦးထဲက လူတွေအကြောင်းပါ။ အ၀ါရောင်အုပ်စုကတော့ Breakaway အုပ်စုကိုအလေးအနက်ထားပုံမရပါဘူး။ သူ့နှုန်းနဲ့သူ ပုံမှန်လိုက်နေပြီး ၁၂ မီနစ် ကနေ ၇ မီနစ်လောက်အထိ Gap က ပြန်ဆင်းလာခဲ့ပါတယ်။ တာတိုဘုရင်တွေ အားလုံး နောက်မှာပြတ်ကျန်ခဲ့ပေမဲ့ လူ ၅၀ ကျော်အထိ အ၀ါရောင်အုပ်စုနဲ့အတူ ပါလာခဲ့ပါတယ်။
(အ၀ါရောင်အုပ်စုနဲ့ သူမသာ ကိုယ်မသာ...)
ဒါပေမယ့် နောက်ဆုံးတောင်အတက်မှာတော့ စကိုင်းနဲ့ ဆာဆိုတို့ တလှည့်စီအရှိန်တင်ခဲ့တဲ့ အတွက် ဆရာကြီးအုပ်စု (GC အတွက် ၁-၁၀ တွင်းရှိသူများ) မှအပ ကျန်အတော်များများ ပြတ်ကျန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ၉ ဦးပဲ လက်ရွေးစင်ကျန်ပါတယ်။
အ၀ါရောင်အကျီပိုင်ရှင် Froome ကံကောင်းတာကတော့ အဲဒီအချိန်အထိ အသင်းဖေါ် ၃ ဦး သူနဲ့အတူရှိနေပါတယ်။ တတိယ နေရာကလိုက်နေတဲ့ ကင်တားနားမှာလဲ အသင်းဖေါ်တဦး ရှိနေပါတယ်။ ဒါပေမယ့် Tejay Van Garderen၊ Alberto Contador နဲ့ Vincenzo Nibali တို့ မှာ အသင်းဖေါ်မရှိတော့ပါ။
ပန်းဝင်ဖို့ ၆ ကီလိုခွဲအလိုမှာ Contador က စတင်တိုက်ခိုက်ပါတယ်။ ၃ မီတာလောက်အထိ ပြတ်သွားပေမဲ့ ဒီထက်ပိုမဖြတ်နိုင်ခဲ့ပါဘူး။ တနည်းအားဖြင့် စကိုင်းအသင်းက သူ့ကို လွတ်မ ပေးပဲ ပြန်လိုက်တဲ့အတွက် မိသွားပါတယ်။ ဒုတိယ တိုက်ခိုက်သူကတော့ လက်ရှိချန်ပီယံ နီဘာလီပါ။ သူက ၁၀ မီတာလောက်အထိပြတ်ပြီး တမီနစ်လောက်အထိထိမ်းထားနိုင်ပေမဲ့ မူဗွီစတားအသင်းမှ Alejandro Valverde က အတင်းလိုက်ပြီး သူ့ကို ဖမ်းလိုက်ပါတယ်။
တကယ်လို့ သူသာ အဲဒီလိုမဖမ်းဘူးဆိုရင် လွတ်သွားလိမ့်မယ်လို့ ယူဆစရာရှိပါတယ်။ ဘာ ကြောင့်လဲဆိုရင် ကွန်ဒိန်တာထွက်ပြေးစဉ်က စကိုင်းကလိုက်ပေမဲ့ နီဘာလီကို မလိုက်ပါဘူး။ ဒီလိုအချိန်မှာ နောက်ဆုံးတိုက်ခိုက်သူကတော့ ကင်တားနားပါပဲ။ သူ့ကိုတော့ ခရစ်ဖရိုး ကိုယ် တိုင်လိုက်ပါတယ်။
ဒီလိုနဲ့ အ၀ါရောင်အုပ်စုဟာ သူမသာ၊ ကိုယ်မသာ အခြေအနေနဲ့ အားလုံးတပြိုင်တည်း ပန်း ၀င်သွားပါတယ်။ ဒါပေမယ့် ပန်းဝင်လိုင်းမှာ Alejandro Valverde က အသားကုန်တင်နိုင်ခဲ့ တဲ့အတွက် တစက္ကန့်အသာရသွားပါတယ်။ GC အုပ်စု အ၀ါရောင်လုနေသူတွေအကြား တစက္ကန့်အသာရဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ။
၁၂ ရက်တာပွဲအပြီး GC ၁-၁၀ ရထားသူတွေကတော့...
General classification after stage 12# Rider Name (Country) Team Result
1 Christopher Froome (GBr) Team Sky 46:50:32 
2 Tejay Van Garderen (USA) BMC Racing Team 0:02:52 
3 Nairo Quintana (Col) Movistar Team 0:03:09 
4 Alejandro Valverde (Spa) Movistar Team 0:03:58 
5 Geraint Thomas (GBr) Team Sky 0:04:03 
6 Alberto Contador (Spa) Tinkoff-Saxo 0:04:04 
7 Robert Gesink (Ned) Team LottoNL-Jumbo 0:05:32 
8 Tony Gallopin (Fra) Lotto Soudal 0:07:32 
9 Vincenzo Nibali (Ita) Astana Pro Team 0:07:47 
10 Bauke Mollema (Ned) Trek Factory Racing 0:08:02 တို့ဖြစ်ပါတယ်။
(မနက်ဖြန်မှာ တာတိုဘုရင်တွေ ပထမ ရနိုင်မလား...)
မနက်ဖြန်မှာတော့ Muret ကနေ Rodez အထိ 198.5 km ကို ဆက်လက် ယှဉ်ပြိုင်ကြမျာဖြစ်ပါတယ်။ မနက်ဖြန်ပွဲဟာ ဒီနေ့နဲ့ မနေ့ကလို ပေ ၅၀၀၀ ကျော်မြင့်တဲ့ တောင်တွေမရှိပဲ ပေ ၁၀၀၀ အောက် တောင်တန်းတွေသာ ပါတဲ့ အတွက် မနက်ဖြန်ပွဲမှာ တာတိုဘုရင် Sprinter တွေ အောင်ပွဲခံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ 
(အမ်းစထရွန်း Lance Armstrong ဘာလာလုပ်တာလဲ...)
ဒီနေ့ပွဲစဉ်နဲ့အတူ ဆက်စပ်တင်ပြချင်တဲ့ သတင်းတပုဒ်ကတော့ Tour de France မှာ ၇ နှစ် ဆက်တိုက် အ၀ါရောင်အကျီပိုင်ရှင်အဖြစ် စံချိန်သစ်တင်ဖူးခဲ့သူ၊ နောက်ပိုင်းမှာတော့ တား မြစ်ဆေးဝါးသုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆုတဆိပ်အားလုံးပြန်ရုတ်သိမ်းခံရပြီး အခုချိန်ထိ အမှုရင်ဆိုင်နေရဆဲဖြစ်သူ အမ်းစရွန်း ဒီပြိုင်ပွဲဆီ ပြန်ရောက်လာတဲ့သတင်းပါ။
ပြန်ရောက်လာတယ်ဆိုတာ ပြိုင်ပွဲဝင်ဖို့မဟုတ်ပါ။ ကင်ဆာရောဂါတိုက်ဖျက်ရေး ရံပုံငွေရှာ ရေးအတွက် (သူကိုယ်တိုင် ကင်ဆာဝေဒနာသည်ဘ၀ကနေ ကမ္ဘာကျော် စက်ဘီးသမားဖြစ် လာသူ) ပြိုင်ပွဲလမ်းကြောင်းပေါ်မှာ စက်ဘီးစီးပြဖို့ဖြစ်ပါတယ်။ ၀ါသနာရှင် စက်ဘီးသမားတွေ ကို သူက ဦးဆောင်စီးနင်းမှာဖြစ်ပါတယ်။
စီးမဲ့နေရာ (ဒီနေ့ ပထမ ပွဲစီးပြီးသွား) ကတော့ အခု ပြိုင်ပွဲဝင်စက်ဘီးသမားတွေ မနက်ဖြန် ရောက်လာမဲ့ ၁၃ ကြိမ်မြောက်ပွဲစဉ်စီးမဲ့ Muret ကနေ Rodez အထိ 198.5 km နဲ့ ၁၄ ရက်ပွဲ စဉ် Rodez - Mende 178.5 km တို့ဖြစ်ပါတယ်။
ဒီမနက် (ကြာသပတေးနေ့) ၈ နာရီလောက်ကတည်းက အမ်းစရွန်းနဲ့အဖွဲ့ အဲဒီနေရာတွေဆီ ရောက်လာပြီး စစီးကြတယ်လို့သိရပါတယ်။ သူ့ကိုစိတ်ဝင်စားတဲ့ (တားမြစ်ဆေး အကြောင်း မေးချင်တဲ့) သတင်းသမား ၅၀ ကျော်အထိရောက်နေတာကြောင့် စက်ဘီးသမားထက် သတင်းသမားများတဲ့ပွဲဆိုပြီးလည်း ရေးသားထားတာတွေ့ရပါတယ်။ 
သူ ဒီလိုပြန်လာတာကို တချို့ကကြိုဆိုပေမဲ့ ပြိုင်ပွဲဝင်နေတဲ့ အ၀ါရောင်အကျီပိုင်ရှင် ခရစ် ဖရိုး အပါဝင် အတော်များများက သဘောမတွေ့ဘူးလို့ သိရပါတယ်။ ။
...........

Tour de France ၁၃ ရက်မြောက်နေ့ Greg Van Avermaet အနိုင်ရ။

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၁ ရက်ကြာ ကမ္ဘာ့နာမည်အကြီးဆုံး ပရိုဖက် ရှင်နယ် စက်ဘီးပြိုင်ပွဲ Tour de France ၁၃ ရက်မြောက်နေ့မှာ Greg Van Avermaet (Bel) BMC Racing Team က 4:43:42 နာရီနဲ့ ပထမ ရသွားပါ တယ်။

သူ့နောက်မှာတော့ ဒုတိယ သမားလို့အမည်ပေးရတော့မဲ့ Peter Sagan (Svk) Tinkoff-Saxo က နှာတဖျားနောက်ကျပြီး ဒုတိယ ရပြန်ပါတယ်။ ဒါဟာ ဒီနှစ်အတွက် ၄ ကြိမ်မြောက် ဒုတိယရခြင်းဖြစ်ပြီး ၄ နှစ်စာပြိုင်ပွဲရာဇ၀င်ကို ပေါင်းမယ်ဆိုရင် ၁၅ ကြိမ်မြောက် ဒုတိယ ရခြင်းဖြစ်တယ်လို့ မှတ်တမ်းတွေ အရသိရပါတယ်။
သူတို့ ၂ ဦးနောက်မှ ၃ စက္ကန့်ပြတ်ပြီး ဆက်တိုက်ဝင်လာသူတွေကတော့ Jan Bakelants (Bel) AG2R La Mondiale 0:00:03၊ John Degenkolb (Ger) Team Giant-Alpecin 0:00:07၊ Paul Martens (Ger) Team LottoNL-Jumbo နဲ့ အ၀ါရောင်အုပ်စုတခုလုံး ဖြစ်ပါတယ်။
တာထွက်ကတည်းကနေ ပန်းဝင်ဖို့ မီတာ ၃၀၀ အလိုအထိ ကီလိုမီတာ ၁၈၅.၅ ကို ဦးဆောင် စီးနင်းခဲ့သူ ၃ ဦးဖြစ်တဲ့ Thomas De Gendt (Lotto-Soudal), Cyril Gautier (Europcar), နဲ့ Wilco Kelderman (LottoNL-Jumbo) တို့ကတော့ ၂၄ စက္ကန့်နောက်ကျပြီး ၂၀ ကျော် နေရာကသာ ပန်းဝင်နိုင်ခဲ့ပါတယ်။
Muret ကနေ Rodez အထိ 198.5 km ကီလိုမီတာပြိုင်ပွဲတလျောက် ရာသီဥတုဟာ မနေ့က နဲ့ တခြားစီပါ။ နေသာလွန်းပြီး အပူချိန် ၃၅ ကျော်တဲ့အတွက် စက်ဘီးသမားအတော်များများ အပူဒဏ်သက်သာအောင် ကျောပေါ်ရေခဲတုံးတင်တာ၊ ရေဗူးတင်တာတွေလုပ်တာတွေ့ရပါ တယ်။
တာထွက်ပြီးသိပ်မကြာခင်ကတည်းက ၆ ဦးပါ Breakaway တခု ထွက်ပြေးလွတ်မြောက်သွား ခဲ့ပါတယ်။ သူတို့ဟာ ၄ မီနစ်ကျော်အထိ Peloton ကိုဖြတ်ထားနိုင်ခဲ့ပေမဲ့ ပန်းဝင်ဖို့ ကီလို ၅၀ နောက်ပိုင်းမှာတော့ အဝေးပြေးအဖွဲ့ရဲ့အရှိန် တဖြေးဖြေးကျလာပါတယ်။ တနည်းအားဖြင့် Peloton က အရှိန်တင်ပြီး လိုက်လာခဲ့ပါတယ်။
ဒီလိုမလိုက်ခင် ၉၅ ကီလိုမီတာဝန်းကျင်အခြေနေကိုပြောရမယ်ဆိုရင် အဲဒီမှာ Point (အစိမ်းရောင်အကျီအတွက်) ပေးတဲ့ မျဉ်းတခုရှိပါတယ်။ ပထမ ၆ ဦးဖြတ်သွားပြီးလို့ အမှတ် နည်းသွားပြီဖြစ်ပေမဲ့ အဲဒီအမှတ်ကို Sprinter တွေအကြိတ်အနယ်လုကြပါတယ်။ လက်ရှိ အစိမ်းရောင်အကျီပိုင်ရှင် ပီတာ နံပတ် ၄ သာရပြီး ပြိုင်ဖက် Andre Greipel၊ Degenkolb နဲ့ Cavendish တို့က ပ-ဒု-တ ရသွားပါတယ်။ 

အဲဒီနောက်ပိုင်း ကီလို ၆၀ ၀န်းကျင်မှာ AG2R အသင်းမှ Jean-Christophe Peraud ပြိုလဲ ခဲ့ပါတယ်။ တနာရီ မိုင် ၆၀ နှုန်းလောက်သွားနေချိန်မှာ ချော်လဲတဲ့အတွက် ဒဏ်ရာအတော် ပြင်းပါတယ်။ ဒါပေမဲ့ ကံကောင်းတာကတော့ တကို်ယ်တော်လဲပြီး တခြားသူတွေနဲ့ ချိတ်မိ ခြင်းမရှိပါ။ ဆေးကားအကူအညီနဲ့ ပတ်တီးစည်းပြိးတဲ့နောက် ပြတ်ကျန်ခဲ့တဲ့ ၂ မီနစ်ကျော်ကို တကိုယ်တော်စီးပြိး Peloton ကို အမီလိုက်လာနိုင်ခဲ့ပါတယ်။
Peloton အရှိန်တင်စီးရင်းနဲ့ Sprinter တချို့ပြတ်ကျန်ခဲ့ပါတယ်။ အဲဒီထဲမှာ ခုနက ၄ ဦးပြိုင်ပွဲ အတွင်း ပထမရသူ Andre Greipel ပါသွားတဲ့အတွက် ပီတာဆာဂင် အစိမ်းရောင်ပြန်ရရေး လမ်းပွင့်လာပါတယ်။ ဒါကြောင့် Tinkoff-Saxo အသင်းက အရှိန်တင်ပြီး ရှေ့ပြေးအုပ်စုကို အမှီလိုက်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။
ပန်းဝင်ဖို့ ၂၄ ကီလိုမီတာအရောက်မှာ Breakaway နဲ့ Peloton အကြား Gap တမီနစ်ခွဲပဲ ကျန်ပါတယ်။ အဲဒီအချိန်မှာ Breakaway ထဲကတဦး (Haas)တကိုယ်တော် ထွက်ပြေး လွတ်မြောက်သွားပါတယ်။ ဒါပေမယ့် ၁၅ ကီလိုအလိုမှာ ၆ ဦးစလုံးပြန်ပေါင်းမိသွားပါတယ်။ အဲဒီအချိန်ကျမှ တခြား ၃ ဦး (De Gendt, Kelderman နဲ့ Gautier)က ထပ်ထွက်ပြေးပါ တယ်။
Peloton က အရှိန်တင်လိုက်ပေမဲ့ ပန်းဝင်ဖို့ ၁၀ ကီလိုဝန်းကျင် နောက်ဆုံးတောင် အတက် ရောက်တဲ့အထိ ၅၈ စက္ကန့် ပြတ်နေဆဲပါ။ ပန်းဝင်ဖို့ ၅ ကီလိုအလိုမှာတော့ စက္ကန့် ၃၀ ကျန်ပါ တယ်။ ဒါပေမယ့် ရှေ့ပြေးအဖွဲ့အရှိန်မကျပဲဆက်ပြေးနိုင်တဲ့အတွက် နောက်ဆုံးကီလိုမီတာ ရောက်တဲ့အထိ ၁၀ စက္ကန့်ပြတ်နေဆဲပါ။
ပန်းဝင်ဖို့ မီတာ ၅၀၀ အလိုအထိ မမီသေးတဲ့အတွက် ဒီပုဂ္ဂိုလ် ၃ ဦးပဲ ပ-ဒု-တ ရမယ်လို့ ထင် ခဲ့ပါတယ်။ ဒါပေမယ့် မီတာ ၃၀၀ အလိုမှာ အနောက်ကအုပ်စုမီလာပြီး တာတိုဘုရင်တွေ အသားကုန် အရှိန်တင်ပါတယ်။ 
ရှေ့ဆုံးရောက်လာတဲ့ Greg Van Avermaet နဲ့ Peter Sagan တို့ အပြိုင်အဆိုင် Sprint တင် ရင်း Van က နှာတဖျားအသာနဲ့ ပထမ ရသွားတာပါ။ (မှတ်ချက်- မနေ့ကအထိ ကျနော်တဦး တည်းရဲ့ မှန်းဆချက်အရဆိုရင် ဒီနေ့ ပီတာဆာဂင် ရမယ်လို့ထင်ထားခဲ့တာပါ)။ ဒါပေမယ့် ဒုတိယရပြီး Point တချို့ပြန်ရတဲ့အတွက် အစိမ်းရောင် အကျိကိုတော့ သူ ဆက်ထိမ်းထား နိုင်ခဲ့ပါတယ်။
ဒါပေမယ့် အ၀ါရောင်အကျီကတော့ အရင်နေ့တွေကအတိုင်း အပြောင်းအလဲမရှိသေးပါဘူး။
၁၃ ရက်တာအပြီး GC ၁-၁၀ ရထားသူတွေကတော့...
General classification after stage 13
# Rider Name (Country) Team Result
1 Christopher Froome (GBr) Team Sky 51:34:21 
2 Tejay Van Garderen (USA) BMC Racing Team 0:02:52 
3 Nairo Quintana (Col) Movistar Team 0:03:09 
4 Alejandro Valverde (Spa) Movistar Team 0:03:58 
5 Geraint Thomas (GBr) Team Sky 0:04:03 
6 Alberto Contador (Spa) Tinkoff-Saxo 0:04:04 
7 Robert Gesink (Ned) Team LottoNL-Jumbo 0:05:32 
8 Tony Gallopin (Fra) Lotto Soudal 0:07:32 
9 Vincenzo Nibali (Ita) Astana Pro Team 0:07:47 
10 Bauke Mollema (Ned) Trek Factory Racing 0:08:02 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Rodez ကနေ Mende အထိ 178.5 km ကီလိုမီတာကို ဆက်လက်ယှဉ် ပြိုင်ကြမှာဖြစ်ပါတယ်။ မီတာ ၁၀၀၀ ကျော် (ပေ ၃၀၀၀ ကျော်) စီမြင့်တဲ့ တောင်နှစ်လုံးကိုသာ Peloton နဲ့အတူ Sprinter တွေ ကျော်ဖြတ်နိုင်မယ်ဆိုရင် မနက်ဖြန်ပွဲဟာလည်း တာတို ဘုရင်တွေအတွက်ပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးပန်းဝင်တောင်ကလည်း ပေ ၃၀၀၀ မြင့်တာကြောင့် GC သမား ဆရာကြီးတွေ ခြေစွမ်းပြရမဲ့ ပွဲလည်းဖြစ်ကောင်းဖြစ်သွားနိုင် ပါ တယ်။ ။
.........

Tour de France ၁၄ ရက်မြောက်နေ့ Stephen Cummings အနိုင်ရ။

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၁ ရက်ကြာ ကမ္ဘာ့နာမည်အကြီးဆုံး ပရိုဖက် ရှင်နယ် စက်ဘီးပြိုင်ပွဲ Tour de France ၁၄ ရက်မြောက်နေ့မှာ Stephen Cummings (GBr) MTN - Qhubeka က 4:23:43 နာရီနဲ့ ပထမ ရသွားပါ တယ်။

သူ့နောက်မှာတော့ Thibaut Pinot (Fra) FDJ.fr က 0:00:02 စက္ကန့် နောက် ကျပြီး ဒုတိယနဲ့ Romain Bardet (Fra) AG2R La Mondiale က 0:00:03 စက္ကန့်နောက်ကျပြီး တတိယ ရသွားပါတယ်။
တကယ်တော့ အများက ပထမ ရမယ်လို့ထင်ထားသူဟာ အ၀ါရောင်အကျီကို မှန်းထားတယ်လို့ပြောခဲ့ဖူးသူ၊ နောက်ဆုံးကီလိုမီတာအထိ အခြေနေ အကောင်း ဆုံးဖြစ်နေသူ Pinot ဖြစ်ပါတယ်။
ဒါပေမယ့် အားလုံးကို ၅ စက္ကန့်လောက်ဖြတ်ပြီး ရှေ့မှာရောက်နေတဲ့ ပြင်သစ် ၂ ဦးဖြစ်တဲ့ Thibaut Pinot (Fra) FDJ.fr နဲ့ Romain Bardet (Fra) AG2R La Mondiale တို့ ဘယ်လိုအတွက်အချက်မှားလဲမသိပါ။ တောင်ထိပ်မှာ ပြတ် ကျန်ခဲ့ပြီးမှ တရှိန်ထိုးတက်လာတဲ့ Cummings ကို မဖမ်းနိုင်ပဲနဲ့ ဒုတိယ၊ တတိယတွေနဲ့ ကျေနပ်လိုက်ရပါတယ်။
အခု ပ-ဒု-တ ရသူ ၃ ဦးစလုံးဟာ တာထွက်ကတည်းက လွတ်မြောက်ထွက် ပြေးလာတဲ့ ၁၉ ဦးပါ Breakaway အဖွဲ့ထဲကဖြစ်ပါတယ်။ သူတို့ ၃ ဦး နောက် မှာတော့ အရင်က GC နာမည်ကြီးတဦးဖြစ်သူ Rigoberto Uran (Col) Etixx - Quick-Step က 0:00:20၊ အစိမ်းရောင်အကျီပိုင်ရှင် Peter Sagan (Svk) Tinkoff-Saxo က 29 စက္ကန့်နဲ့ ၁၉ ဦးစလုံး ဆက်တိုက်ဝင်လာပါတယ်။
သူတို့ ၁၉ ဦးပန်းဝင်တဲ့အချိန်မှာ နောက်မှာပြတ်ကျန်နေတဲ့ ဒုတိယ အုပ်စု သို့မဟုတ် အ၀ါရောင်အုပ်စုလည်း နောက်ဆုံး တောင်အတက်ကို အကြိတ်အ နယ်ပြိုင်ကြပြီး ကင်တာနားက အရင်ဆုံးတိုက်ခိုက်ပါတယ်။ ဖရိုးကို ၂ မီတာ လောက်အထိဖြတ်ထားနိုင်လိုက်တဲ့အတွက် ကင်တားနားလွတ်ပြီလို့ ထင် လိုက်မိပါတယ်။
ဒါပေမယ့် ဖရိုးဟာ တဖြေးဖြေးနဲ့အရှိန်တင်ပြီး ကင်တားနားကို ပြန်ဖမ်းနိုင်ခဲ့ ပါတယ်။ တကယ်တန်း ပြတ်ကျန်ခဲ့သူတွေကတော့ ဒုတိယ နေရာမှာရှိနေသူ တီဂျေ၊ နံပတ် ၅ နေရာက ကွန်တယ်ဒါနဲ့ မနှစ်ကချန်ပီယံ နီဘာလီတို့ဖြစ်ပါ တယ်။

Rodez ကနေ Mende အထိ 178.5 km ကီလိုမီတာပြိုင်ပွဲတလျောက် ရာသီ ဥတုနေသာပြီး ၃၅ ဒီဂရီအထိအပူချိန်ရှိပါတယ်။ တာထွက်ပြီးသိပ်မကြာခင် Point (အစိမ်းရောင်အကျီ အတွက်) မျဉ်းတခုကိုဖြတ်ပြီးကတည်းက ရှေ့မှာတင်ပြခဲ့တဲ့ ၁၉ ဦးပါ Breakaway ပေါ်လာ တယ်လို့ ယူဆရပါတယ်။ TV က နေ လိုက်ဖ် စပြကတည်းက ဒီ ၁၉ ဦးက Peloton ကို ၅ မီနစ်ခန့်အထိဖြတ် ထားခဲ့ပြီးဖြစ်ပါတယ်။
ပေ ၃၀၀၀ ကျော်စီမြင့်တဲ့ ပထမ တောင်နဲ့ ဒုတိယ တောင်အကြား မြေပြန့် တလျောက် အရှိန်တင်စီးရင်းနဲ့ ၁၃ မီနစ်နီးပါးအထိတောင် Breakaway က Peloton ကိုဖြတ်ထား နိုင်ခဲ့ပါတယ်။ ထူးခြားတာကတော့ အဲဒီ Breakaway ထဲမှာ နာမည်ကြီး Sprinter ဆိုလို့ ပီတာဆာဂန်တဦးတည်းသာပါလာတဲ့အတွက် Point အားလုံး သူရသွားတဲ့သဘော၊ တနည်းအားဖြင့် ဒီနှစ်မှာလဲ အရင် ၃ နှစ်လိုပဲ သူဟာ အစိမ်းရောင်အကျီကို ရဖို့သေချာ သလောက်ဖြစ်သွားတဲ့ သဘောပါ။
ပေ ၃၀၀၀ ကျော်စီမြင့်တဲ့ ပထမတောင်ကျောနဲ့ ဒုတိယ တောင်ကျော်အကြား ကီလို ၁၀၀ ၀န်းကျင်လမ်းတလျောက်ဟာ တဖက်မှာ မြင့်မားတဲ့ကျောက်နံရံ၊ တဖက်မှာ စိမ်းမြနေတဲ့ စမ်းချောင်းလေးနဲ့ အတော်လှပနေပါတယ်။ အထူးသဖြင့် ကျောက်ဆောင်တွေကိုမဖြိချပဲ လမ်းဖောက်ထားတဲ့အတွက် ကားလမ်းတွေက ကျောက်ဆောင်အောင်ရောက်နေတာကို က စိတ်ဝင်စားဖွယ်ဖြစ်နေပါတယ်။
ပန်းဝင်ဖို့ နောက်ဆုံးတောင်အတက်မှာတော့ ထူးထူးခြားခြား ပရိတ်တွေထဲမှာ ပြင်သစ် သမ္မ တ Francois Hollande ကိုမြင်လိုက်ရပါတယ်။ ရဟတ်ယဉ်နဲ့ရောက်ပြီး ခဏရပ်အားပေးတာ ဖြစ်မယ်လို့ထင်လိုက်ပေမဲ့ တကယ်တော့ အဲဒီလိုဟုတ်ပုံမရပါဘူး။ Tour de France ပွဲစီစဉ် သူ ဒိုင်လူကြီးကားထဲ ၀င်ထိုင်ပြီးလိုက်သွားတာ ပန်းဝင်စည်းအထိပါပဲ။ ပြီးတော့ ပန်းအ၀င်မှာ တခါ ပရိသတ်တွေနဲ့အတူ စက်ဘီးသမားတွေကို အားပေးကြိုဆိုတာ တွေ့လိုက်ရပါတယ်။ အ ရင်နှစ်တွေက ဒါမျိုး မတွေ့မိပါဘူး။
၁၄ ရက်တာအပြီး GC ၁-၁၀ ရထားသူတွေကတော့...
# Rider Name (Country) Team Result
1 Christopher Froome (GBr) Team Sky 56:02:19 
2 Nairo Quintana (Col) Movistar Team 0:03:10 
3 Tejay Van Garderen (USA) BMC Racing Team 0:03:32 
4 Alejandro Valverde (Spa) Movistar Team 0:04:02 
5 Alberto Contador (Spa) Tinkoff-Saxo 0:04:23 
6 Geraint Thomas (GBr) Team Sky 0:04:54 
7 Robert Gesink (Ned) Team LottoNL-Jumbo 0:06:23 
8 Vincenzo Nibali (Ita) Astana Pro Team 0:08:17 
9 Tony Gallopin (Fra) Lotto Soudal 0:08:23 
10 Bauke Mollema (Ned) Trek Factory Racing 0:08:53 တို့ဖြစ်ပါတယ်။
အကျီအရောင်တွေကိုပြောရမယ်ဆိုရင် ၁၄ တာအကောင်းဆုံး အ၀ါရောင်ပိုင်ရှင်အဖြစ် Christopher Froome (GBr) Team Sky။ Point အများဆုံး အစိမ်းရောင်ပိုင်ရှင်အဖြစ် Peter Sagan (Svk) Tinkoff-Saxo။ တောင်တက်ဘုရင် ပျောက်ကျားအကျီပိုင်ရှင်အဖြစ် Christopher Froome (အ၀ါရော၊ ပျောက်ကျားရောရထားသူ)နဲ့ လူငယ်ခြေတက် အဖြူ ရောင်ပိုင်ရှင်အဖြစ် Nairo Quintana (Col) Movistar Team တို့ရထားပါတယ်။
မနက်ဖြန်မှာတော့ Mende ကနေ Valence အထိ 183 km ကီလိုမီတာကို ဆက်လက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ပထမ ကီလို ၁၀၀ အတွင်းမှာ ပေ ၃၀၀၀ ကျော်စီမြင့်တဲ့ တောင် ၂ လုံးပါပေမဲ့ တာထွက်တဲ့နေရာကိုယ်တိုင်က တောင်ပေါ်မှာဖြစ်နေတာကြောင့် Sprinter တွေ အတွက် သိပ်ပြသာနာမရှိဘူးလို့ထင်ရပါတယ်။
၁၂၆ မိုင်ဝန်းကျင်ရှိ ပေ ၂၀၀၀ ကျော်မြင့်တဲ့ တောင်ကိုသာ အုပ်စုနဲ့အတူ Sprinter တွေ မျောလိုက်လာနိုင်ပြီဆိုရင် ပန်းအ၀င်မှာ ဒီနေ့နဲ့ မနေ့ကလို တောင်မရှိတော့တဲ့အတွက် မနက်ဖြန်ပွဲမှာ Peter Sagan ရနိုင်တယ်လို့ ကြိုတင် ဟောကိန်းထုတ်လိုက်ချင်ပါတယ်။ 
..........

Tour de France ၁၅ ရက်မြောက်နေ့ André Greipel တတိယ အကြိမ်နိုင်။

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၁ ရက်ကြာ ကမ္ဘာ့နာမည်အကြီးဆုံး ပရိုဖက် ရှင်နယ် စက်ဘီးပြိုင်ပွဲ Tour de France ၁၅ ရက်မြောက်နေ့မှာ André Greipel (Ger) Lotto Soudal က အသားကုန် Sprint တင်ပြီး 3:56:35 နာရီနဲ့ ပထမ ရသွားပါတယ်။ ဒါဟာ သတင်း ၂ ပတ်အတွင်း သူရဲ့ တတိယ အကြိမ် အောင်ပွဲဖြစ်ပါတယ်။

သူ့နောက်မှာတော့ John Degenkolb (Ger) Team Giant-Alpecin၊ Alexander Kristoff (Nor) Team Katusha နဲ့ Peter Sagan (Svk) Tinkoff-Saxo တို့က ဒု-တ-စ အသီးသီး ရပါတယ်။
(ပီတာဆာဂန် မှန်းချက်လွဲခြင်း...)
ဒီနေ့ပီတာဆာဂန် ပထမ ရမယ်လို့ဟောကိန်းထုတ်ခဲ့တဲ့ ကျနော့်ရဲ့ ထင်မြင် ချက်မှားသွားပါ တယ်။ တကယ်တော့ တာထွက်ချိန်ကနေ ပန်းဝင်ဖို့ ကီလို ၂၀ ၀န်းကျင်အထိ ပီတာဆာဂန်ဟာ Breakaway အုပ်စုထဲမှာပါ။ Point အမှတ် အားလုံးကိုယူလာတဲ့အပြင် Peloton ကသာ မီမလာဘူးဆိုရင် ပန်းအ၀င်မှာလဲ သူပဲ ပထမ ရမယ်လို့ထင်ထားခဲ့တာပါ။
ဒါပေမယ့် ကီလို ၄၀ လောက်အလိုမှာ တာယာပေါက်တဲ့အတွက် ဆာဂန် စက် ဘီးအသစ်လဲပါတယ်။ အဲဒီနောက် ပထမ အုပ်စုကိုမီအောင် သူ့အသင်းဖေါ် ၂ ဦးအကူညီအညီနဲ့ဆက်လိုက်ပါတယ်။ အဲဒီလိုမီပြီးသိပ်မကြာခင်မှာ Peloton က သူတို့အားလုံးကို မိသွားပါတယ်။
ဒီလိုနဲ့ နောက်ဆုံးတော့ Sprint တင်ပြီး အနိုင်ယူတဲ့နည်းပဲကျန်ပါတယ်။ အဲဒီ လိုယူနိုင်ဖို့အတွက် သူ့ရဲ့အဓိကပြိုင်ဖက် (အစိမ်းရောင်အကျီအတွက်) Greipel ကို ဆာဂန်အသေကပ်ထားတာတွေ့ရပါတယ်။ ဒါပေမဲ့ ပန်းဝင်ဖို့ မီ ၂၀၀ လောက်အလို နောက်ဆုံးအကွေ့မှာ လမ်းယူမှားပြီး Greipel နဲ့ သူ့ကြားမှာ တခြားသူတွေ နေရာဝင်ယူလိုက်ပါတယ်။ ဒီလိုနဲ့ နောက်ဆုံး ပန်းဝင်တော့ ရှေ့က လူတေတွကိုရှောင်နေရင်းနဲ့ အရင်ရနေကျ ဒုတိယ တောင်မရတော့ပဲ စတုတ္တဖြစ်သွားခဲ့ပါတယ်။
(အ၀ါ-အစိမ်း-အဖြူ-အကျား အပြောင်းအလဲမရှိပါ...)
ဒါက တာတိုဘုရင်တွေကိစ္စ။ GC အ၀ါရောင်အုပ်စုကတော့ မနေ့ကအတိုင်း အပြောင်းအလဲမရှိပါဘူး။ တခါ အကျီအရောင်ပိုင်ရှင်တွေကလဲ မနေ့ကအ တိုင်း အပြောင်းအလဲမရှိခဲ့ပါဘူး။
Mende ကနေ Valence အထိ 183 km ကီလိုမီ တာတလျောက် ပထမ ပိုင်းမှာမိုးရွာခဲ့ပါတယ်။ ဒါပေမယ့် ကုန်းအဆင်းမှာ ချော မောစွာပဲ စက်ဘီးသမားတွေ ဆင်းနိုင်ခဲ့ပါတယ်။

ပန်းဝင်ဖို့ ကီလို ၁၀၀ ၀န်းကျင်အလိုမှာရှိတဲ့ ပေ ၂၀၀၀ ကျော်မြင့်တောင်ကို တက်တဲ့အခါ ပထမ အုပ်စုကို ပရာတွန်က ဖမ်းမိသွားလိမ့်မယ်လို့ထင်ခဲ့ပေမဲ့ မ မိလိုက်ပါဘူး။ ၉ ဦးပါ Breakaway အဖွဲ့ဟာ ၃ မီနစ်အထိ ဖြတ်ထားခဲ့နိုင်ပေမဲ့ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ပန်းဝင်ဖို့ ၁၅ ကီလိုခန့်မှာတော့ အားလုံးတစုတည်း ဖြစ်သွားခဲ့ပါတယ်။
(၁-၁၀ ဘယ်သူတွေလဲ...)
၁၅ ရက်တာအပြီး ၁-၁၀ ရထားသူတွေကတော့..
General classification after stage 15# Rider Name (Country) Team Result
1 Christopher Froome (GBr) Team Sky 59:58:54 
2 Nairo Quintana (Col) Movistar Team 0:03:10 
3 Tejay Van Garderen (USA) BMC Racing Team 0:03:32 
4 Alejandro Valverde (Spa) Movistar Team 0:04:02 
5 Alberto Contador (Spa) Tinkoff-Saxo 0:04:23 
6 Geraint Thomas (GBr) Team Sky 0:04:54 
7 Robert Gesink (Ned) Team LottoNL-Jumbo 0:06:23 
8 Vincenzo Nibali (Ita) Astana Pro Team 0:08:17 
9 Tony Gallopin (Fra) Lotto Soudal 0:08:23 
10 Bauke Mollema (Ned) Trek Factory Racing 0:08:53 တို့ဖြစ်ပါ တယ်။
(စက်ဘီးသမားနဲ့ ကင်မရာသမား ဘယ်သူ့ကို ဦးစားပေးသင့်သလဲ...)
ပီတာဆာဂန်နဲ့ပတ်သက်ပြီး နောက်ထပ်ဖြစ်ခဲ့တဲ့ အငြင်းပွါးဘွယ်ကိစ္စတခုက ဗီဒီယို သမားကို ရေဗူးနဲ့ ပေါက်မှုပါ။ ပန်းဝင်ဖို့ ကီလို ၄၀ အလိုမှာ ဆာဂန်တာယာပေါက်တဲ့အတွက် စက်ဘီး အသစ်လဲဖို့ပြင်ပါတယ်။ အားလုံးကိုရှေ့တက်ခိုင်းပြီး သူတဦးတည်းနောက်ဆုတ်ချိန်မှာ ဗီဒီယို ကင်မရာသမားက နေရာဖယ်မပေးပဲ ဓာတ်ပုံပဲအတင်းရိုက်နေပါတယ်။
ဒီတော့ သူရပ်တဲ့နေရာနဲ့ သူ့အသင်းကား (စက်ဘီးအပိုတင်လာတဲ့ကား) ကြားမှာ ဒီဗွီယို သမားရဲ့ ဆိုင်ကယ်က ကြားခံနေတဲ့အတွက် တသင်းလုံးက အဲဒီကင်မရာသမားကို စိတ် ဆိုးခဲ့ပါတယ်။ အဓိက စိတ်ဆိုးသူကတော့ စက်ဘီးကို အချိန်မှီအမြန်ဆုံး လဲလှယ်ပေးရမဲ့ မက်ကင်းနစ်ပါပဲ။ 
ဒီတော့ စိတ်ဆိုးဆိုးနဲ့ အဲဒီကင်မရာသမားကို စက်ဘီးမှာပါတဲ့ သောက်ရေဗူးနဲ့ ကောက်ပေါက် မိပါတယ်။ ဒီအတွက် ဆာဂင်ရဲ့အသင်း Tinkoff-Saxo ရဲ့ sport ဒါရိုက်တာ Sean Yates ကို တရက်တာ ပွဲပယ် အပြစ်ပေးလိုက်ပါတယ်။
(မနက်ဖြန်မှာ ဘယ်သူအနိုင်ရမလဲ...)
မနက်ဖြန်မှာတော့ Bourg-de-Péage ကနေ Gap အထိ 201 km ကီလိုမီတာ ကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ပေ ၃၀၀၀ ကျော်နဲ့ ၄၀၀၀ နီးပါးရှိ တောင်နှစ်လုံး ကိုကျော်ဖြတ်ရမှာဖြစ်တဲ့အတွက် Sprinter တာတိုဘုရင်တွေ ရ နိုင် မနိုင် ခန့်မှန်းဖို့ခက်နေ ပါတယ်။ 
သဖက်ခါမှာတော့ ဒုတိယ သတင်းပတ်အတွက် နားရက်ဖြစ်ပါတယ်။ ။
..........

Tour de France ၁၆ ရက်မြောက်နေ့ Ruben Plaza Molina အနိုင်ရ။
ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၁ ရက်ကြာ ကမ္ဘာ့နာမည်အကြီးဆုံး ပရိုဖက် ရှင်နယ် စက်ဘီးပြိုင်ပွဲ Tour de France ၁၆ ရက်မြောက်နေ့မှာ Ruben Plaza Molina (Spa) Lampre-Merida က 4:30:10 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ ၅ ကြိမ်မြောက် ဒုတိယ ရသူ သို့မဟုတ် အများဆုံး ဒုတိယ ရသူအဖြစ်စံချိန်တင်ထားသူ အစိမ်းရောင်အကျီပိုင်ရှင် Peter Sagan (Svk) Tinkoff-Saxo က 0:00:30 စက္ကန့်နောက်ကျပြီး ပန်းဝင်ပါတယ်။ Jarlinson Pantano (Col) IAM Cycling က 0:00:36 နောက်ကျပြီး တတိယ ရပါတယ်။
ပ-ဒု-တ ရသူ အားလုံးဟာ လူ ၂၀ ကျော်ပါ Breakaway အဖွဲ့ထဲကဖြစ်ပါတယ် ။ ထူးခြားတာကတော့ ဒီနေ့ Breakaway ဟာ ပွဲစဉ်တလျောက် လူအများဆုံး ပါတဲ့အုပ်စုဖြစ်ပြီး Peloton ကိုဖြတ်ထားနိုင်ခဲ့တဲ့ Gap ကလည်း မီနစ် ၂၀ ကျော်အထိ စံချိန်တင်ခဲ့ပါတယ်။ ရှေ့ပိုင်း ၁၅ ရက်စလုံးပွဲတွေမှာတွေ့ရ သလောက်က Breakaway တွေဟာ ပထမ ပိုင်းမှာအချိန်များများဖြတ်နိုင်ပေမဲ့ တဖြေးဖြေးနဲ့ Gap က ကျလေ့ရှိပြီး ပန်းမ၀င်ခင်လေးမှာ Peloton က ပြန်ဖမ်းမိလေ့ရှိပါတယ်။ အခုတော့ တဖြေးဖြေးနဲ့ Gap က တက်သွား လိုက်တာ ၂၁ မီနစ်အထိ ပြတ်သွားပါတယ်။
(Geraint Thomas ဂျိုင့်ထဲ ပြုတ်ကျ...)
ဘယ်လိုပဲပြတ်ပြတ် အ၀ါရောင်အကျီကတော့ အပြောင်းအလဲမရှိခဲ့ပါဘူး။ အရင်နေ့တွေကအတိုင်း Christopher Froome (GBr) Team Sky က ပထမ၊ Nairo Quintana (Col) Movistar Team က (0:03:10) ဒုတိယနဲ့ Tejay Van Garderen (USA) BMC Racing Team က (0:03:32) တတိယ ရှိနေဆဲပါ။
ဒါပေမဲ့ နံပတ် ၆ နေရာမှာ ၄ မီနစ်ကျော်ပြတ်ပြီး လိုက်နေသူ။ အ၀ါရောင်အကျီ ပိုင်ရှင် Christopher Froome ရဲ့ အဓိကအသင်းဖေါ် Geraint Thomas (GBr) Team Sky ကတော့ ပန်းဝင်ဖို့ ၁၀ ကီလိုလောက်အလိုမှာ လမ်းဘေး လျှိုမျှောင်ထဲ ပြုတ်ကျသွားခဲ့ပါတယ်။ 
ဖြစ်ပုံကတော့ အ၀ါရောင်ပြိုင်ဖက်တွေထဲက အဓိကပြိုင်ဖက်တဦးဖြစ်သူ မနှစ် ကချန်ပီယံ Vincenzo Nibali (Ita) Astana Pro Team က တောင်တက်မှာ အသားကုန်တင်ပြီး ထွက်ပြေးတဲ့အတွက် အ၀ါရောင်အုပ်စုတခုလုံးနဲ့ ၁၀ စက္ကန့် ခန့်ပြတ်သွားပါတယ်။ တောင်ထိပ်ရောက်တဲ့အခါမှာလည်း အရှိန်ကို ဆက်တင်ပြေးတဲ့အတွက် အ၀ါရောင်ပြိုင်ဖက်တွေကလည်း အသဲအသန် လိုက်ပါတယ်။
အဲဒီအချိန်မှာ အ၀ါရောင်အုပ်စုနဲ့ကပ်လိုက်လာသူ Giant-Alpecin အသင်းမှ Warren Barguil ဟာ ကုန်းအဆင်းမှာ အရှိန်မထိမ်းနိုင်ပဲ ဟန်ချက်ပျက်သွား ပါတယ်။ ဒါပေမယ့် ကံကဆိုးချင်တော့ သူဟန်ချက်ပျက်တာ သူ့ဟာသူမလဲပဲ လမ်းကြောင်းမှန်ပေါ်သွားနေတဲ့ Geraint Thomas ကို ဖင်နဲ့ဝင်တိုက်သလိုဖြစ် သွားပါတယ်။
ရုတ်တရက်အငိုက်မိသွားတဲ့ Geraint Thomas ဟာ ဘယ်လိုမှအရှိန်ထိမ်းဖို့ အချိန်မရလိုက်ပဲ လမ်းဘေးကအားပေးနေတဲ့လူအုပ်ကိုကျော်၊ တားထားတဲ့ ကြိုးတန်းကိုကျော်ပြီး ဂျိုင့်ထဲပြုတ်ကျသွားပါတယ်။ TV ပြကွက်အရဆို နည်း တဲ့အရှိန်မဟုတ်ဘူး။ ပြီးတော့ ခေါင်းနဲ့ လမ်းဘေးဓာတ်မီးတိုင် အရှိန်နဲ့ ၀င်တိုက်မိသလိုပါပဲ။ ဦးထုပ်ကောင်းလို့လားမသိဘူး။ ပြန်တက်လာတော့ ဘာ မှ ဆိုးဆိုးဝါးဝါးထိခိုက်ဒဏ်ရာရတာမတွေ့ရပါဘူး။ ဒါပေမယ့် GC အတွက် အချိန်ကတော့ ၄၄ စက္ကန့် ဆုံးရှုံးသွားပါတယ်။
(လမ်းတလျောက် ဘာတွေဖြစ်ခဲ့သလဲ...)
Bourg-de-Péage ကနေ Gap အထိ 201 km ကီလိုမီတာပြိုင်ပွဲတလျောက် ရာသီဥတုပူပြိး နေသာခဲ့ပါတယ်။ တာထွက်ပြီး သိပ်မကြာခင်မှာကတည်းက အစိမ်းရောင်အကျီပိုင်ရှင် Peter Sagan ဦးဆောင်တဲ့ ၁၅ ဦးပါ Breakaway တခု လွတ်မြောက်သွားခဲ့ပါတယ်။ ၈၆.၅ ကီလို မီတာမှာရှိတဲ့ Point မျဉ်းကို ဆာဂန်တို့အုပ်စုဖြတ်ချိန်မှာ Peloton ကို ၆ မီနစ်လောက် ဖြတ် ထားနိုင်ခဲ့ပါပြီ။
အဲဒီမျဉ်းမှာ Point အားလုံးကို Sagan က အေးဆေးစွာရယူပြီးတဲ့နောက် အနောက်ကနေ လိုက်လာတဲ့ ၁၂ ဦးပါ chasers (အမီလိုက်အုပ်စု) က ရှေ့ပြေးအဖွဲ့ဆီမီလာပါတယ်။ ဒီလိုနဲ့ Breakaway အားလုံးပေါင်း ၂၇ ဦးအထိရှိလာပြီး ဒီနှစ်ပွဲစဉ်အတွင်း အကြီးမားဆုံး ရှေ့ပြေး အုပ်စုအဖြစ်စံချိန်တင်သွားခဲ့ပါတယ်။ 

ဒီအုပ်စုအတွင်း တလှည့်စီဦးဆောင်စီးရင်းနဲ့ အရှိန်တဖြေးဖြေးတက်လာပြီး ပန်းဝင်ဖို့ ကီလို ၅၀ ၀န်းကျင်အလိုမှာ မီနစ် ၂၀ နီးပါးအထိ Peloton ကိုဖြတ်ထားနိုင်ခဲ့ပါတယ်။ ကီလို ၁၃၀ မှာရှိတဲ့ ပေ ၃၀၀၀ ကျော်မြင့်တဲ့တောင်အတက်မှာ ရှေ့ပြေးအုပ်စုအတွင်း အချင်းချင်း ဖြတ်နိုင် ဖို့အကြိတ်အနယ်ကြိုးစားခဲ့ပေမဲ့ တဦးမှ လွတ်အောင် ထွက်မပြေးနိုင်ခဲ့ပါဘူး။
ဒီလိုနဲ့ ပန်းဝင်ဖို့ ကီလို ၂၀ ၀န်းကျင်အလို တနည်းအားဖြင့် ပေ ၃၆၀၀ ကျော်မြင့်တဲ့ နောက် ဆုံးတောင်မတက်ခင်လေးမှာ အခု ပထမ ရသွားတဲ့ Ruben Plaza Molina က စတင်အရှိန် တင်ထွက်ပြေးပါတယ်။ ထွက်ပြေးသမျှလူတွေကို လိုက်ဖမ်းနေကြ ပီတာဆာဂန်ဟာ ဒီတကြိမ် မှာဖမ်းဖို့မေ့သွားတာလား။ မလွတ်လောက်ဘူးဆိုပြီး လွတ်ပေးလိုက်တာလားမသိပါ။ တဖြေး ဖြေးအရှိန်တင်ရင်းနဲ့ တမီနစ်နိးပါးအထိ Plaza လွတ်မြောက်သွားခဲ့ပါတယ်။
တောင်အတက်ရောက်မှာ အုပ်စုအတွင်း အသဲအသန်တိုက်ခိုက်ကြပြိး ၃ ဦးအုပ်၊ ၄ ဦး အုပ် လေးတွေအဖြစ်ကွဲပြဲသွားကြပါတယ်။ အုပ်စုကိုမှီပြီး ပန်းဝင်ခါနီးမှ အသားကုန် Sprint တင် စီးတဲ့နည်းဗျုဟာကိုကျင့်သုံးလေ့ရှိတဲ့ ပီတာဆာဂန်ဟာ ဒီတကြိမ်မှာတော့ ကျန်တဲ့လူတွေကို တောင်အတက်မှာ ဖြတ်ထားခဲ့ပြီး ရှေ့ပြေး Plaza ကိုအမီလိုက်နိုင်ဖို့ တကိုယ်တော်ကြိုးစားခဲ့ ပါတယ်။
ဒါပေမယ့် သိပ်နောက်ကျသွားပါပြီ။ ၃၀ စက္ကန်အလိုမှာ Plaza က ပန်းဝင်သွားခဲ့ပါပြီ။ ဒါပေမဲ့ သူရဲ့ အဓိကရည်ရွယ်ချက်ဖြစ်ပုံရတဲ့ အစိမ်းရောင်အကျိအတွက် အမှတ်တွေ အများကြီးတော့ ဒီနေ့ပွဲတလျောက် ပီတာဆာဂန် ရလိုက်ပါတယ်။
ပ-ဒု-တ တွေ ဒီလိုပန်းဝင်သွားပြီဖြစ်ပေမဲ့ အ၀ါရောင် GC အုပ်စုက ၁၂ ကီလို သို့မဟုတ် မီနစ် ၂၀ နီးပါးနောက်မှာကျန်နေဆဲပါ။ အဲဒီအချိန်မှာ ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့အတိုင် နီဘာလီအရှိန် တင်ပြေးရာကနေ သောမတ်စ် ဂျိုင့်ထဲပြုတ်ကျတဲ့အထိဖြစ်သွားခဲ့ပါတယ်။
(၁၆ ရက်အပြီး ၁-၁၀ ရထားသူများ...)
General classification after stage 16# Rider Name (Country) Team Result
1 Christopher Froome (GBr) Team Sky 64:47:16 
2 Nairo Quintana (Col) Movistar Team 0:03:10 
3 Tejay Van Garderen (USA) BMC Racing Team 0:03:32 
4 Alejandro Valverde (Spa) Movistar Team 0:04:02 
5 Alberto Contador (Spa) Tinkoff-Saxo 0:04:23 
6 Geraint Thomas (GBr) Team Sky 0:05:32 
7 Robert Gesink (Ned) Team LottoNL-Jumbo 0:06:23 
8 Vincenzo Nibali (Ita) Astana Pro Team 0:07:49 
9 Bauke Mollema (Ned) Trek Factory Racing 0:08:53 
10 Warren Barguil (Fra) Team Giant-Alpecin 0:11:03 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ ဒုတိယ သတင်းပတ်အတွက် နားရက်ဖြစ်ပါတယ်။ သဖက်ခါ ၂၂ ရက်နေ့ မှာတော့ တတိယ သတင်းပတ်အစအဖြစ် Digne-les-Bains ကနေ Pra-Loup အထိ 161 km ကီလိုမီတာကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
ပေ ၆၀၀၀ ကျော်မြင့်တဲ့တောင်အပါဝင် တောင် ၅ လုံးလောက်တက်ရမဲ့ ပွဲဖြစ်တဲ့အတွက် တောင်တက်ဘုရင် ဘယ်သူဖြစ်လာမလဲ။ GC သမားတွေထဲက ဘယ်သူ ဖောက်ထွက်ပြေး နိုင်မလဲ။ Nairo Quintana လား၊ Alejandro Valverde လား၊ Alberto Contador လား၊ Vincenzo Nibali လား။ ဒါမှမဟုတ် အ၀ါရောင်ပိုင်ရှင် Christopher Froome ကိုယ်တိုင် ဖြစ်နေလေမလားဆိုတာကတော့ စိတ်ဝင်စားဘွယ်ဖြစ်နေပါတယ်။ ။
..........။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More