Monday, July 20, 2015

Tour de France ပထမ သတင်းပတ်အတွက် စာစုများ။

Tour de France ပထမ နေ့ Rohan Dennis အနိုင်ရ။

နယ်သာလန်နိုင်ငံမှာ ဒီနေ့စတင်ကျင်းပတဲ့ ကမ္ဘာ့နာမည်အကြီးဆုံး စက်ဘီးပွဲ Tour de France ပထမနေ့ (time trial) တဦးချင်းစံချိန်ပြုပြိုင်ပွဲမှာ 13.8km ကီလိုမီတာကို ၁၄ မီနစ် ၅၆ စက္ကန့် (သို့မဟုတ်) တနာရီ ၅၅.၄ ကီလိုနှုန်းနဲ့စီးပြီး Rohan Dennis (Aus) BMC Racing Team က ပထမ ရသွားပါတယ်။

ဒါဟာ သူရဲ့အကောင်းဆုံးစံချိန်ဖြစ်သလို Tour de France သမိုင်းမှာလည်း အကောင်းဆုံးစံချိန်၊ ၁၉၉၄ က Chris Boardman တင်ထားတဲ့စံချိန်နဲ့ တန်း တူဖြစ်ပါတယ်။
(time trial) တဦးချင်းစံချိန်ပြုချန်ပီယံတွေဖြစ်တဲ့ ဂျာမဏီမှ နာမည်ကြီး Tony Martin (Ger) Etixx - Quick-Step က 0:00:05 စက္ကန့်နောက်ကျပြီး ဒုတိယ နဲ့ ဆွင်ဆလန်မှ နာမည်ကြီး Fabian Cancellara (Swi) Trek Factory Racing က 0:00:06 စက္ကန့်နောက်ကျပြီး တတိယ ဖြစ်သွားပါတယ်။
၂၁ ရက်ပေါင်း ပထမ GC ရမယ်လို့ ထင်ကြေးပေးခံထားရသူတွေထဲက လက် ရှိချန်ပီယံ Vincenzo Nibali (Astana) က ၂၂ နေရာကနေပန်းဝင်ပါတယ်။ ၂၀၁၃ ချန်ပီယံ Chris Froome (Team Sky) က Nibali ထက် ၇ စက္ကန့် နောက်ကျပြီး ၃၉ နေရာကနေပန်းဝင်ပါတယ်။ တခြား နာမည်ကြီးတွေဖြစ်တဲ့ Alberto Contador (Tinkoff-Saxo) နဲ့ Nairo Quintana (Movistar) တို့က တော့ ၁၅ နဲ့ ၁၈ စက္ကန့်စီနောက်ကျကြပါတယ်။ 
ဒီနေ့ ပထမ ရသွားတဲ့ Rohan Dennis (Aus) BMC Racing Team ဟာ အ၀ါရောင်အကျီအပြင် Point အမှတ်အများဆုံး အစိမ်းရောင်အကျီနဲ့ လူငယ် ခြေတက်အားကစားသမားသင်္ကေတဖြစ်တဲ့ အဖြူရောင်အကျီတို့ကိုပါ ရရှိခဲ့ပါ တယ်။
ပထမ နေ့ပွဲအပြီး ၁-၁၀ ဦး စာရင်းကတော့...
# Rider Name (Country) Team Result
1 Rohan Dennis (Aus) BMC Racing Team 0:14:56 
2 Tony Martin (Ger) Etixx - Quick-Step 0:00:05 
3 Fabian Cancellara (Swi) Trek Factory Racing 0:00:06 
4 Tom Dumoulin (Ned) Team Giant-Alpecin 0:00:08 
5 Jos Van Emden (Ned) Team LottoNL-Jumbo 0:00:15 
6 Jonathan Castroviejo (Spa) Movistar Team 0:00:23 
7 Matthias Brandle (Aut) IAM Cycling 
8 Adriano Malori (Ita) Movistar Team 0:00:29 
9 Wilco Kelderman (Ned) Team LottoNL-Jumbo 0:00:30 
10 Stephen Cummings (GBr) MTN - Qhubeka 0:00:32 တို့ဖြစ်ပါ တယ်။
မနက်ဖြန်မှာတော့ ဒီနေ့ပွဲကျင်းပတဲ့ Utrecht ကနေ Zelande အထိ 166 km ကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ မနက်ဖြန် ပွဲစဉ်တခုလုံးနီးပါးဟာ မြေပြန့်ဖြစ်တဲ့ အတွက် နာမည်ကြီး Sprinter တဦးဦး အနိုင်ရနိုင်တယ်လို့ အကဲခတ်တွေက ခန့်မှန်း ထားပါတယ်။ နော်ဝေးမီဒီယာတွေကတော့ နော်ဝေး Sprinter ၊ Alexander Kristoff (Nor) Team Katusha ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမယ့် Peter Sagan (Svk) Tinkoff-Saxo နဲ့ Mark Cavendish (GBr) Etixx - Quick-Step အပါဝင် တခြား နာမည်ကြီး Sprinter တွေလည်း မရဘူးလို့ မပြောနိုင်တဲ့အတွက် မနက်ဖြန်ပွဲကို အသေချာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ။
...........

Tour de France ဒုတိယနေ့ André Greipel အနိုင်ရ။

မနေ့က စတင်ကျင်းပတဲ့ ကမ္ဘာ့နာမည်အကြီးဆုံး စက်ဘီးပွဲ Tour de France ဒုတိယနေ့ ပွဲစဉ်မှာ André Greipel (Ger) Lotto Soudal က ကျန် ပြိုင်ဖက် တွေကို ဆံချည်မျှင်တခုစာအသာနဲ့ အနိုင်ရသွားပါတယ်။
သူ့နောက်မှာ ကပ်ရှုံးသွားသူတွေကတော့ ဒီနေ့ပွဲစဉ်မှာ ပထမ ရမယ်လို့ ထင် ကြေးပေးခံထားရတဲ့ နာမည်ကြီး Sprinter တွေဖြစ်တဲ့ Peter Sagan (Svk) Tinkoff-Saxo၊ Fabian Cancellara (Swi) Trek Factory Racing နဲ့ Mark Cavendish (GBr) Etixx - Quick-Step တို့ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံ Utrecht ကနေ Zelande အထိ 166 km ရဲ့ ပထမ ပိုင်းမှာ နေသာပြီး ရာသီဥတုသာယာနေပေမဲ့ ကမ်းရိုးတမ်းဖက်ရောက်တဲ့အခါမှာတော့ မိုးရွာပြီး လေပြင်းတိုက်တဲ့အတွက် စက်ဘီးသမားတချို့ လဲပြိုမှုဖြစ်ပွါးခဲ့ပါ တယ်။
တာလွှတ်တာနဲ့လွှတ်ခြင်း ၄ ဦးပါ Breakaway အဖွဲ့တခုက ထွက်ပြေးသွား တာ ၅ ကီလိုခန့်အတွင်းမှာတင် ၁ မီနစ်ကျော်ပြတ်သွားပါတယ်။ ကီလို ၅၀ လောက်သွားပြီးတဲ့အခါမှာတော့ ၂ မီနစ်ခွဲအထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။ Peloton က မလိုက်ပဲနဲ့ ဒီတိုင်း လွတ်ပေးထားတဲ့သဘောမျိုးတွေ့ရပါတယ်။
ကီလို ၁၀၀ ကျော်စီးပြီးတဲ့အခါမှတော့ Peloton က အရှိန်တင်လိုက်ပါတယ်။ အမှတ်ယူတဲ့မျဉ်းတခုအရောက်မှာ နာမည်ကြီး Sprinter ဆာဂင်တို့၊ မာ့တို့ အကြိတ်အနယ်ပြိုင်ရင်းနဲ့ ပထမ အုပ်စုက နောက်ချန်နှစ်ဦးကို မိသလိုလိုဖြစ် သွားပါတယ်။ ဒါပေမယ့် အမှတ်ကိုသာယူပြီး လူကိုအမိဖမ်းဖို့အစီစဉ်ရှိပုံမရ ပါဘူး။
အဲဒီ ၃ ဦး ပြန်ပေါင်း၊ ပြန်ပေးလိုက်တာ တမီနစ်ခန့်ထပ်ပြတ်သွားပြန်ပါတယ်။ ပန်းဝင်ဖို့ ကီလို ၆၀ ၀န်းကျင်အလိုမှာတော့ မိုးရွာပြီး လေပြင်းတိုက်လာပါ တယ်။ လမ်းကလဲ ရာတာဒန်မြို့အထွက်ကနေစပြီး ပင်လယ်ကမ်းစပ် တလျောက်ဖြစ်သွားတဲ့အတွက် လေတိုက်နှုန်းအတော်ပြင်းပါတယ်။
ရှေ့ပြေး ၃ ဦးအုပ်စုကိုလိုက်ရင်းနဲ့ Peloton ၂ စုကွဲသွားပါတယ်။ အခု ပထမ ရသွားတဲ့လူတွေအပါဝင် စက်ဘီးသမား ၂၆ ဦးလွတ်ထွက်လာပြီး ဒုတိယ အုပ်စုကို တမီနစ်ကျော်အထိဖြတ်ထားနိုင်ခဲ့ပါတယ်။ ဒီဒေသလမ်းတွေ ထူးခြား ချက်ကတော့ လမ်းဘေးဝဲယာမှ ပင်လယ်ပဲရှိပြီး ပင်လယ်ထဲမှာ ကားလမ်းတခု တည်းက တံတားထိုးထားသလိုဖြစ်နေပါတယ်။
ပန်းဝင်ဖို့ ၁၄ ကီလိုအလိုမှာ ပီတာဆာဂင် စက်ဘီး အသစ်လဲပါတယ်။ (ဒီလို စက်ဘီး အသစ်လဲစဉ် ကျန်ခဲ့တဲ့အချိန်ကို တကိုယ်တော် ပြန်ဖြည့်ရတဲ့အတွက် ပန်းဝင်စဉ် အသုံးပြု ရမဲ့ စွမ်းအင်တချို့ နစ်နာခဲ့ရတယ်ဆိုပြီး ဝေဖန်သူတွေကဆိုပါတယ်)။ အနောက်ကလိုက် လာတဲ့အုပ်စု မိုးရွာထဲလမ်းချော်ပြီး လဲပြိုမှုဖြစ်တဲ့အတွက် ပြတ်ကျန်မှုဟာ တနီစ် ၁၅ စက္ကန့်အထိဖြစ်သွားပါတယ်။
ပန်းဝင်ဖို့နောက်ဆုံး ကီလိုမီတာအရောက်မှာ မာ့ခ် တို့ရဲ့ Etixx - Quick-Step အသင်းက ထိပ်ဆုံးရောက်လာပါတယ်။ ပန်းဝင်ဖို့ မီတာ ၃၀၀ ခန့်အလိုမှာ မာ့ခ် အရင်ဆုံး Sprint တင်ပါတယ်။ ပ-ဒု-တ ရသူ ၃ ဦးစလုံး သူနောက်မှာ ကပ်ပါ လာပါတယ်။ 
အရင်ကဆိုရင် ဒီလိုမျိုးအခြေအနေဟာ မာ့ခ် ပထမ ရတာချည်းပါပဲ။ ဒီနေ့ပွဲမှာ ဘာအချိန်အဆမှားမှန်းမသိပဲ မာ့ခ် တယောက် ပန်းမ၀င်ခင် အရှိန်ကုန်သွားပါ တယ်။ သူ့နောက်မှာ ကပ်လိုက်လာတဲ့ André Greipel (Ger) Lotto Soudal နဲ့ Peter Sagan (Svk) Tinkoff-Saxo တို့အကြိတ်အနယ်တင်ရင်း Greipel က Sagan ကို တကယ့်ကို ဆံချည်မှင်တခုစာနဲ့ နိုင်သွားတာဖြစ်ပါတယ်။
ဒီပွဲမှာ ကံကောင်းသူကတော့ တတိယ ရသွားတဲ့ Fabian Cancellara (Swi) Trek Factory Racing ပါပဲ။ ဘာကြောင့်လဲဆိုရင် တကယ်လို့သာ မာခ်က တတိယ ရသွားမယ်ဆိုရင် ကာ့ဆီးလာလား အပိုဆု Time bonus ရဖို့မဖြစ်နိုင် ပါဘူး။ ဒီလိုမရရင် အ၀ါရောင်အကျီရမဲ့သူဟာ မနေ့က ဒုတိယ ရထားတဲ့ Tony Martin (Ger) Etixx - Quick-Step ဖြစ်ပါတယ်။
ဘာကြောင့်လဲဆို မာတင်က လာလားထက် တစက္ကန့်အသာရထားလို့ဖြစ်ပါတယ်။ ဒါပေမယ့် လာလားက တတိယ ရသွားတော့ အပိုဆုအဖြစ် ၃ စက္ကန့် ခန့်ထပ်ရတဲ့အတွက် အချိန်တူပန်းဝင်တဲ့ တိုနီဆီက အ၀ါရောင်ကို လာလားက ရသွားတဲ့သဘောဖြစ်ပါတယ်။
၂ ရက်တာပွဲအပြီး GC ၁-၁၀ ရထားသူတွေကတော့...
General classification after stage 2
# Rider Name (Country) Team Result
1 Fabian Cancellara (Swi) Trek Factory Racing 3:44:01 
2 Tony Martin (Ger) Etixx - Quick-Step 0:00:03 
3 Tom Dumoulin (Ned) Team Giant-Alpecin 0:00:06 
4 Peter Sagan (Svk) Tinkoff-Saxo 0:00:33 
5 Geraint Thomas (GBr) Team Sky 0:00:35 
6 Daniel Oss (Ita) BMC Racing Team 0:00:42 
7 Rigoberto Uran (Col) Etixx - Quick-Step 
8 Tejay Van Garderen (USA) BMC Racing Team 0:00:44 
9 Greg Van Avermaet (Bel) BMC Racing Team 0:00:48 
10 Christopher Froome (GBr) Team Sky 
11 Michael Rogers (Aus) Tinkoff-Saxo 0:00:53 
12 Zdenek Stybar (Cze) Etixx - Quick-Step 0:00:54 
13 André Greipel (Ger) Lotto Soudal 0:00:59 
14 Alberto Contador (Spa) Tinkoff-Saxo 0:01:00 တို့ဖြစ်ပါတယ်။
GC အဓိကပြိုင်ဖက် ၄ ဦးထဲက Christopher Froome (GBr) Team Sky နဲ့ Alberto Contador (Spa) Tinkoff-Saxo တို့ နှစ်ဦးပဲ ပထမ အုပ်ထဲပါလာပြီး Quintana (Movistar), Vincenzo Nibali (Astana) နဲ့ Thibaut Pinot (FDJ) တို့က ဒုတိယ အုပ်စုမှာပါတဲ့အတွက် ၁ မိနစ်ခွဲခန့် ပြတ်ကျန်ခဲ့ပါတယ်။
မနက်ဖြန်မှာတော့ Anvers ကနေ Huy အထိ (နယ်သာလန်ကနေ ဘလဂျီယံ ထဲ) 159.5 km ကီလိုမီတာကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ။
.........

Tour de France တတိယနေ့ C Froome အ၀ါရောင်အကျီရ။

နယ်သာလန်ကနေ ဘလဂျီယံကိုဖြတ်ပြီး ပြင်သစ်နိုင်ငံတပတ် စီးနင်းမဲ့ ကမ္ဘာ့ နာမည်အကြီးဆုံး စက်ဘီးပြိုင်ပွဲ Tour de France တတိယနေ့မှာ Joaquim Rodriguez (Spa) Team Katusha က 3:26:54 နာရီနဲ့ ပထမ ရသွားပါ တယ်။

သူ့နောက်မှာတော့ GC ကြီး ၄ ကြီးထဲက နာမည်ကြီးတဦးဖြစ်သူ Christopher Froome (GBr) Team Sky က ကပ်ပြီး ပန်းဝင်ပါတယ်။ ဒါပေမယ့် သူဟာ တခြား ကြီး ၄ ကြီးကို ဖြတ်ထားနိုင်ခဲ့တဲ့အတွက် ၃ ရက် ပေါင်း ပထမ သို့မဟုတ် အ၀ါရောင်အကျီရသွားပါတယ်။
တတိယနေရာကနေ ပန်းဝင်သူကတော့ Alexis Vuillermoz (Fra) AG2R La Mondiale ဖြစ်ပြီး 0:00:04 စက္ကန့်နောက်ကျပါတယ်။ ကြီး ၄ ကြီးထဲက တဦးဖြစ်သူ Nairo Quintana (Col) Movistar Team က ၁၁ စက္ကန့်နောက်ကျပြီး ပန်းဝင်ပေမဲ့ မနေ့က ၁ မီနစ်ခွဲ အထိပြတ်ကျန်ခဲ့တဲ့အတွက် ၁-၁၀ စာရင်းထဲ ရောက်မလာသေးပါဘူး။
ဒါကြောင့် ပုံမှန်အနေအထားနဲ့ လိုက်နေသူ GC သမားကတော့ Alberto Contador (Spa) Tinkoff-Saxo လို့ဆိုနိုင်ပါတယ်။ တခြား ကြီး ၄ ကြီးထဲက တဦးဖြစ်သူ လက်ရှိချန်ပီယံ Vincenzo Nibali (Astana) ကတော့ ၄ ဦးထဲ မှာ နောက်ဆုံးရောက်နေပါတယ်။
မနေ့ကရော ဒီနေ့အတွက်ပါ ကံဆိုးပြီး အ၀ါရောင်အကျီကပ်လွဲခဲ့ရသူကတော့ Tony Martin (Ger) Etixx - Quick-Step ပါပဲ။ မနေ့က ကာဆီလာလားက တတိယ ရတဲ့အတွက် ၃ စက္ကန့်အပိုဆုနဲ့ အ၀ါရောင်ရသွားသလို ဒီနေ့လဲ ခရစ် ဖရုန်းက ဒုတိယရပြီး ၆ စက္ကန့်အပိုဆုနဲ့ အ၀ါရောင်ရသွားပြန်ပါတယ်။ ဒါကြောင့် မောင်တိုနီဟာ ၁ စက္ကန့်တည်းနဲ့ ထပ်ခံ လိုက်ရပြန်ပါ တယ်။
ဒါက အ၀ါရောင်အကျီကိစ္စ။ ဒါပေမယ့် ဒီနေ့ လူစိတ်ဝင်စားမှုအများဆုံးကတော့ ပန်းဝင်ဖို့ ၅၈ ကီလိုမီတာအလိုမှာဖြစ်ပွါးခဲ့တဲ့ High Speed အုပ်စုလိုက် ပြိုလဲမှု ကြီးပါပဲ။ ဒီလဲပြိုမှုကြောင့် ဒီနေ့ပွဲမှာ အ၀ါရောင်အကျီရနိုင်တယ်လို့ မှန်းထား ခြင်းခံရသူ နယ်သာလန်စက်ဘီးသမား Tom Dumoulin ပွဲကနေ ချက်ချင်း ထွက်သွားရပါတယ်။ သူ့နောက်မှာတော့ Simon Gerrans နဲ့ Dmitriy Kozonchuk တို့လည်း နောက်ပိုင်းမှာ ဆက်မစီးနိုင်ပဲ ထွက်လိုက်ရ ပါတယ်။
ထူးခြားတာကတော့ လူ ၂၀ လောက်ပါတဲ့ ပြင်းထန်တဲ့ပြိုလဲမှု (တနာရီ ၇၀ ကီလိုမီတာနဲ့ သွားနေစဉ်) ဖြစ်ပွါးပြီးချိန်မှာ ပွဲစီစဉ်သူတွေက ပွဲကို ခေတ္တရပ် နားလိုက်ပါတယ်။ အရင်က ဒါမျိုးရပ်တာ တခါမှမတွေ့ဖူးပါဘူး။ သတင်းသမားတွေရဲ့ရေးသားချက်အရတော့ ဒဏ်ရာရသူများလွန်းတဲ့အတွက် ဆေးဝန်းထမ်းတွေ မလုံလောက်ခြင်း၊ စက်ဘီးသမားတွေရဲ့ အသက်လုံခြုံမှုကို ဦးစားပေးခြင်း စည်းမျဉ်းတွေအရ အခုလို ရပ်နားခွင့်ရှိတယ်လို့ဆိုပါတယ်။
မနေ့က မထင်မှတ်ပဲ အ၀ါရောင်ရလိုက်သူ ကာစီးလာလားဟာ ဒီနေ့ပြိုလဲမှု အတွင်း ဒဏ်ရာအတော်ပြင်းတဲ့အတွက် ၆ မီနစ်လောက်အထိ ပန်းအ၀င် နောက်ကျခဲ့ပါတယ်။
(နောက်ဆုံးသတင်းတွေအရတော့ ဒဏ်ရာပြင်းတဲ့အတွက် မနက်ဖြန် ဆက်မပြိုင်တော့ ဘူးလို့သိရပါတယ်)။
ရှေ့ပိုင်းမှာတင်ပြဖို့ကျန်ခဲ့တာက Anvers ကနေ Huy အထိ 159.5 km ကီလိုမီတာပြိုင်ပွဲ တလျောက် ရာသီဥတု သာယာခဲ့ပါတယ်။ မနေ့ကလို့ပဲ တာလွှတ်တာနဲ့လွှတ်ခြင်း ၄ ဦးပါ Breakaway တခု ထွက်ပြေးသွားတာ ၃ မီနစ် ခွဲအထိ လွတ်သွားပါတယ်။ အခု မဟာပြိုလဲမှု မဖြစ်ခင်လေး ပန်းဝင်ဖို့ ၇၀ ကီလို ၀န်းကျင်ကမှ သူတို့ ၄ ဦးကို Peloton က ပြန်ဖမ်းမိခဲ့ တာပါ။
၃ ရက်တာအပြီး ၁-၁၀ ရထားသူတွေကတော့...
General classification after stage 3
# Rider Name (Country) Team Result
1 Christopher Froome (GBr) Team Sky 7:11:37 
2 Tony Martin (Ger) Etixx - Quick-Step 0:00:01 
3 Tejay Van Garderen (USA) BMC Racing Team 0:00:13 
4 Tony Gallopin (Fra) Lotto Soudal 0:00:26 
5 Greg Van Avermaet (Bel) BMC Racing Team 0:00:28 
6 Peter Sagan (Svk) Tinkoff-Saxo 0:00:31 
7 Rigoberto Uran (Col) Etixx - Quick-Step 0:00:34 
8 Alberto Contador (Spa) Tinkoff-Saxo 0:00:36 
9 Geraint Thomas (GBr) Team Sky 0:01:03 
10 Zdenek Stybar (Cze) Etixx - Quick-Step 0:01:04 တို့ ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Seraing ကနေ Cambrai အထိ 223.5 km ကီလိုမီတာ ကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ရှေ့ပိုင်းမှာတခုကျန်ခဲ့တာက ဒီနေ့ ပထမ ရသွားသူ Joaquim Rodriguez (Spa) Team Katusha ဟာ မဟာလဲ ပြိုင်မှုအတွင်း ပါခဲ့သူတဦးဖြစ်ပေမဲ့ ပထမ ရအောင်ယူသွားနိုင်ခဲ့ခြင်းပါ။ ။
............

Tour de France ၄ ရက်မြောက်နေ့ Tony Martin တကယ်နိုင်ပြီ။

ကမ္ဘာ့နာမည်အကြီးဆုံး ပရိုဖက်ရှင်နယ် စက်ဘီးပြိုင်ပွဲ Tour de France ၄ ရက်မြောက်နေ့မှာ Tony Martin (Ger) Etixx - Quick-Step က 5:28:58 နာရီနဲ့ တကို်ယ်တော် ပထမ ရသွားပါတယ်။
သူ့နောက်မှာတော့ Peloton ထဲကနေ အမှီလိုက်တဲ့ John Degenkolb (Ger) Team Giant-Alpecin နဲ့ Peter Sagan (Svk) Tinkoff-Saxo တို့က ၃ စက္ကန့်စီနောက်ကျပြီး ဒုတိယနဲ့ တတိယ ရပါတယ်။
ပွဲစကတည်းက အ၀ါရောင်အကျီနဲ့ကပ်ပြီးလွဲနေတဲ့ Tony Martin ဟာ ဒီနေ့မှာ တော့ ပွဲစဉ် ၄ မှာ ပထမ ရတဲ့အပြင် ၄ ရက်ပေါင်းအမှတ်အများဆုံးနဲ့ အ၀ါရောင် အကျီကိုပါ ရသွားပါတယ်။
သူဟာ ပြိုင်ပွဲ ပထမနေ့ တဦးချင်းစံချိန်ပြုပွဲတုန်းက ၄ စက္ကန့်နောက်ကျပြီး ဒုတိ ယ နဲ့ကျေနပ်လိုက်ရပါတယ်။ တခါ ဒုတိယ နေ့မှာတော့ သူရဲ့အသင်းဖေါ် မာ့ခ် က ပထမ ရဖို့ကြိုးစားခဲ့ပေမဲ့ တတိယ တောင်မရပဲဖြစ်သွားတဲ့အတွက် သူ့ နောက်မှာ တစက္ကန့်ပြတ်နေတဲ့ ကာစီးလာလားက တတိယ ရပြီး ၃ စက္ကန့် အပိုဆုနဲ့ အ၀ါရောင်ယူသွားတဲ့အတွက် မောင်တိုနီ ကပ်လွဲသွားပြန်ပါတယ်။
မနေ့ကလည်း ဒီလိုပါပဲ။ ပြိုင်ဖက် ခရစ် ဖရိုးက ဒုတိယ ရတဲ့အတွက် အပိုဆု ၆ စက္ကန့်ရပြီး အ၀ါရောင်ယူသွားတဲ့အတွက် မောင်တိုနီခမျာ တစက္ကန့်အလိုနဲ့ လွဲခဲ့ရပြန်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ သူဟာ အားလုံးကိုကျော်ဖြတ်ပြီး ပထမရော၊ အ၀ါရောင်ပါ ရသွားခဲ့ပါပြီ။
Seraing ကနေ Cambrai အထိ 223.5 km ကီလိုမီတာ ပြိုင်ပွဲ တလျောက် ပထမ ပိုင်း ကီလို ၁၅၀ ကျော်အထိ နေသာခဲ့ပြီး နောက်ပိုင်းမှာ မိုးဖွဲရွာတဲ့အတွက် လဲပြိုမှု တချို့ဖြစ်ခဲ့ပါတယ်။ ဒီနေ့ပွဲဟာ ကီလို ၂၀၀ ကျော်တဲ့အပြင် ကျောက် ကြမ်းလမ်း cobbled ကြောင့် အတော် နာမည်ကြီးပါတယ်။ ကျောက်ကြမ်းလမ်းဟာ စီးရအတော်ခက်တဲ့အပြင် ကျဉ်းကလဲ အတော်ကျဉ်းတဲ့အတွက် ဒီလမ်းမှာ ပြိုလဲသူ အတော်များလေ့ရှိပါတယ်။
တခါ လမ်းကြမ်းတဲ့အတွက် တာယာပေါက်တာ၊ စက်ဘီး ဘလေ့ကျပ်တာ စသဖြင့် မျိုးစုံ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် လမ်းကကျဉ်းတော့ နောက်က အသင်းကားက ချက်ချင်း လာရောက်မပြင်ပေးနိုင်ပါ။ အခု ပထမ ရသွားတဲ့ တိုနီမာတင်ဟာ (နောက်ဆုံးအကြိမ် လို့ထင်) ကျောက်ခင်းလမ်းပေါ် တာရာပေါက်တဲ့အတွက် စက်ဘီးအသစ်လဲ၊ သူ့အသင်း ဖေါ်တွေကိုစောင့်ခေါ်ပြီးမှ အရှေ့အုပ်စုကို မီအောင် မနည်းလိုက်ခဲ့ရသူပါ။
ပြိုင်ပွဲ ပထမ ပိုင်းမှာတော့ အရင်နေ့တွေကလိုပဲ ၄ ဦးပါ Breakaway အဖွဲ့တခု ထွက်ပြေးလွတ်မြောက်သွားတာ ၃ မီနစ်ကျော်တဲ့အထိပါ။ အဲဒီ ၃ မီနစ်ဟာ ကျ လိုက်တက်လိုက်နဲ့ နောက်ဆုံး ပန်းဝင်ဖို့ ကီလို ၄၀ ၀န်းကျင်အလို ကျောက်ခင်းလမ်းကြမ်း ပေါ်ရောက်မှ ဒီအုပ်စုကို Peloton က မိပါ တယ်။
ဒီလိုအကြိတ်အနယ်ယှဉ်နေတုန်း ပန်းဝင်ဖို့ ၃ ကီလိုခွဲ အလိုမှာတော့ ဘယ်သူ အရင်ပြေး မလဲဆိုပြီး နာမည်ကြီးတွေ တယောက်ကိုတယောက်ကြည့်နေစဉ် တိုနီမာတင်က စပြေးပါတယ်။ ဒါပေမယ့် အသားကုန်ပြေးတာမျိုးမဟုတ်ပဲ သွေးတိုးစမ်းတဲ့သဘော တဖြေးဖြေးတင်နေတဲ့အတွက် ပြတ်မယ်မထင်လို့လားမသိပါဘူး။ ဘယ်သူမှ အသဲ အသန်မလိုက်ပါဘူး။
ပန်းဝင်ဖို့ တကီလိုအလိုမှာတော့ တိုနီမာတင် အတော်ခြေကုန်နေပါပြီ။ ပုံမှန် အားဖြင့်ဆို ရင်တော့ ဒီလိုအခြေနေမျိုးမှာ နောက်ကအုပ်စုနဲ့လိုက်လာတဲ့ အဖွဲ့ထဲက Speed သိပ် ကောင်းတဲ့ Sprinter တွေက ပန်းဝင်ဖို့ ၅ မီတာလောက် အလိုကျမှ ကပ်တီးတာမျိုး ခံရလေ့ရှိပါတယ်။
ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အနောက်ကလိုက်လာတဲ့အုပ်စု သူ့ကို မီဖို့ ၃ စက္ကန့်အလိုမှာ တိုနီမာတင်ရဲ့ စက်ဘီးက ပန်းဝင်စည်းကို ဖြတ်သွားနိုင်ခဲ့ပါတယ်။
အခု ၄ ရက်တာအပြီး ၁-၁၀ ရထားသူတွေကတော့...
General classification after stage 4
# Rider Name (Country) Team Result
1 Tony Martin (Ger) Etixx - Quick-Step 12:40:26 
2 Christopher Froome (GBr) Team Sky 0:00:12 
3 Tejay Van Garderen (USA) BMC Racing Team 0:00:25 
4 Tony Gallopin (Fra) Lotto Soudal 0:00:38 
5 Peter Sagan (Svk) Tinkoff-Saxo 0:00:39 
6 Greg Van Avermaet (Bel) BMC Racing Team 0:00:40 
7 Rigoberto Uran (Col) Etixx - Quick-Step 0:00:46 
8 Alberto Contador (Spa) Tinkoff-Saxo 0:00:48 
9 Geraint Thomas (GBr) Team Sky 0:01:15 
10 Zdenek Stybar (Cze) Etixx - Quick-Step 0:01:16 
11 Warren Barguil (Fra) Team Giant-Alpecin 0:01:19 
12 Bauke Mollema (Ned) Trek Factory Racing 0:01:44 
13 Vincenzo Nibali (Ita) Astana Pro Team 0:01:50 
14 Robert Gesink (Ned) Team LottoNL-Jumbo 0:01:51 
15 Roman Kreuziger (Cze) Tinkoff-Saxo 0:02:03 
16 Alejandro Valverde (Spa) Movistar Team 
17 Nairo Quintana (Col) Movistar Team 0:02:08 တို့ဖြစ်ပါတယ်။ ( ကြီး ၄ကြီး ကျန်ခဲ့မှာစိုးတဲ့အတွက် နံပတ် ၁၃ မှ Vincenzo Nibali (Ita) နဲ့ Nairo Quintana (Col) တို့ပါ ပါအောင် ၁၇ အထိ ထည့်သွင်းထားပါတယ်)။
မနက်ဖြန်မှာတော့ Arras ကနေ Amiens Metropole အထိ 189.5 km ကီလို မီတာကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ။
.............

Tour de France ၅ ရက်မြောက်နေ့ Greipel ဒုတိယ အကြိမ်အနိုင်ရ။

ကမ္ဘာ့နာမည်အကြီးဆုံး ပရိုဖက်ရှင်နယ် စက်ဘီးပြိုင်ပွဲ Tour de France ၅ ရက်မြောက်နေ့မှာ André Greipel (Ger) Lotto Soudal က Sprint အသား ကုန်တင်ပြီး 4:39:00 နာရီနဲ့ ပထမ ရသွားပါတယ်။
သူ့နောက်မှာတော့ ဒုတိယ ရနေကျလို့ ပြောရမလိုဖြစ်နေတဲ့ Peter Sagan (Svk) Tinkoff-Saxo ပါပဲ။ သူဟာ လမ်းကြောင်းရှင်းအောင် ယူမထားနိုင်တဲ့ အတွက် လမ်းရှင်းရင်းနဲ့ နောက် ကျသွားတဲ့သဘောပါ။ ဒါပေမဲ့ သူရဲ့ Speed ကိုတော့ အားလုံးက လက်ဖျားခါလောက်ပါ တယ်။
တတိယ က တော့ အစောဆုံး Sprint တင်မိသူ Mark Cavendish (GBr) Etixx - Quick-Step ဖြစ်ပါတယ်။ သူ့နောက်မှာတော့ နော်ဝေးက နာမည်ကြီး နှစ်ဦးဖြစ်တဲ့ Alexander Kristoff (Nor) Team Katusha နဲ့ Edvald Boasson Hagen (Nor) MTN - Qhubeka တို့ ကပ်ပါလာပါတယ်။
ဒါပေမယ့် ၅ ရက်ပေါင်း ပထမ အ၀ါရောင်အကျီကတော့ အပြောင်းအလဲမရှိပဲ Tony Martin (Ger) Etixx - Quick-Step က 17:19:26 နဲ့ ထိမ်းထားဆဲပါ။ နာမည်ကြီး Christopher Froome (GBr) Team Sky က 0:00:12 နဲ့ Alberto Contador (Spa) Tinkoff-Saxo တို့က 0:00:48 အပြတ်နဲ့ ဒု နဲ့ ၈ နေရာက်နေ လိုက်နေပါတယ်။
Arras ကနေ Amiens Metropole အထိ 189.5 km ကီလိုမီတာ ပြိုင်ပွဲတလျောက် မိုးရွာတဲ့ အတွက် လမ်းချော်ပြီး ကြီးမားတဲ့ပြိုလဲမှု အနည်းဆုံး ၂ ကြိမ်ဖြစ်ခဲ့ပါတယ်။ ပထမ အကြိမ်ဟာ တာထွက်ပြီး ၁၀ ကီလိုဝန်းကျင်မှာဖြစ်ပြီး ပြင်သစ်က နာမည်ကြီးစက်ဘီးသမား Nacer Bouhanni (Cofidis) ဆက်မစိးနိုင်ပဲ ထွက်သွားခဲ့ရပါတယ်။
ဒီနေ့ပွဲကတော့ အရင်နေ့တွေနဲ့မတူပဲ Breakaway ပြေးသူ တဦးသာရှိပြီး ၃ မီနစ်ခန့်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကီလိုမီတာ ၁၀၀ ၀န်းကျင်မှာတော့ သူကို Peloton က ပြန် မိသွားပါတယ်။ နောက်ပိုင်းမှာတော့ Peloton ၂ စုကွဲသွားပြီး နာမည်ကြီးတွေအားလုံး ပထမ စုထဲ ပါလာခဲ့ပါတယ်။
ဒုတိယအကြိမ်ပြိုလဲမှုကတော့ ပန်းဝင်ဖို့ ကီလို ၄၀ လောက်အလိုမှာဖြစ်ပါတယ်။ နာမည်ကြီး တွေမပါပေမဲ့ သူတို့ရဲ့ အားထားရသူတွေ လဲပြိုတဲ့အထဲပါသွားပါတယ်။ ဒါပေမဲ့ အရှိန်သိပ် မပြင်းတဲ့အတွက် အားလုံး ပြန်စီးနိုင်ကြပါတယ်။
ဒီလိုနဲ့ ပန်းဝင်ဖို့ ၃ ကီလိုအလိုမှာ မနေ့ကလိုမျိုး တိုနီမာတင်များ ရှေ့ထွက်ပြေးမလားဆိုပြီး စောင့်ကြည့်ပေမဲ့ ဘယ်သူကမှ မလှုပ်ပါဘူး။ ဒါပေမယ့် တိုနီမာတင်တို့အသင်း Etixx - Quick-Step က ပန်းဝင်ခါနီး နောက်ဆုံး တကီလိုလုံးလုံး ရှေ့မှာ နေရာယူထားနိုင်ခဲ့ပါတယ်။
ပီတာဆာဂင်ကတော့ ဘာကြောင့်မှန်းမသိ၊ ရှေ့မှာနေရာမယူပဲ ၁၂ ဦးလောက်ရဲ့ နောက်မှာ နေရာယူထားပါတယ်။ မီတာ ၃၀၀ ခန့်အလိုမှာ မာ့ခ် အရင်ဆုံး Sprint တင်တော့ ဘေးနားက ၁၀ ဦးခန့် ကပ်ပါလာပါတယ်။ အဲဒီအထဲ ဆာဂင်ကို မတွေ့ရပါဘူး။ ပန်းဝင်စည်းရောက်ဖို့ ၅ မီတာလောက်အလိုကျမှ ၀ုန်းဆိုပေါ်လာပေမဲ့ ထုံးစံအတိုင်း နှာတဖျားနောက်ကျသွားပြန်ပါ တယ်။
၅ ရက်တာအပြီး ၁-၁၀ ရထားသူတွေကတော့...
General classification after stage 5# Rider Name (Country) Team Result
1 Tony Martin (Ger) Etixx - Quick-Step 17:19:26 
2 Christopher Froome (GBr) Team Sky 0:00:12 
3 Tejay Van Garderen (USA) BMC Racing Team 0:00:25 
4 Peter Sagan (Svk) Tinkoff-Saxo 0:00:33 
5 Tony Gallopin (Fra) Lotto Soudal 0:00:38 
6 Greg Van Avermaet (Bel) BMC Racing Team 0:00:40 
7 Rigoberto Uran (Col) Etixx - Quick-Step 0:00:46 
8 Alberto Contador (Spa) Tinkoff-Saxo 0:00:48 
9 Geraint Thomas (GBr) Team Sky 0:01:15 
10 Zdenek Stybar (Cze) Etixx - Quick-Step 0:01:16
11 Warren Barguil (Fra) Team Giant-Alpecin 0:01:19 
12 Bauke Mollema (Ned) Trek Factory Racing 0:01:44 
13 Vincenzo Nibali (Ita) Astana Pro Team 0:01:50 
14 Robert Gesink (Ned) Team LottoNL-Jumbo 0:01:51 
15 Roman Kreuziger (Cze) Tinkoff-Saxo 0:02:03 
16 Alejandro Valverde (Spa) Movistar Team 
17 Nairo Quintana (Col) Movistar Team 0:02:08 တို့ဖြစ်ပါတယ်။
၅ ရက်တာအပြီး အရောင်အကျီရထားသူ ၄ ဦးအကြောင်းပြောရမယ်ဆိုရင်...
၁- စုစုပေါင်းအမှတ်အများဆုံး အ၀ါရောင်အကျီပိုင်ရှင်အဖြစ် ...Tony Martin (Ger) Etixx - QuickStep။ ၂- စုစုပေါင်း Speed အကောင်းဆုံး အစိမ်းရောင်အကျီပိုင်ရှင်အဖြစ် André Greipel (Ger) Lotto Soudal။ အကောင်းဆုံးတောင်တက်သမား ပျောက်ကျားအကျီပိုင် ရှင်အဖြစ် Joaquim Rodriguez (Spa) Team Katusha နဲ့ လူငယ်ခြေတက် အဖြူရောင် အကျီပိုင်ရှင်အဖြစ် Peter Sagan (Svk) Tinkoff-Saxo တို့က ရရှိထားပါတယ်။
မနက်ဖြန်မှာတော့ Abbeville ကနေ Le Havre အထိ တောင်အတက် အဆင်း နည်းနည်းပါတဲ့ 191.5 km ကီလိုမီတာကို ဆက်လက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ။
...............

Tour de France ၆ ရက်မြောက်နေ့ Zdenek Stybar အနိုင်ရ။

ကမ္ဘာ့နာမည်အကြီးဆုံး ပရိုဖက်ရှင်နယ် စက်ဘီးပြိုင်ပွဲ Tour de France ၆ ရက်မြောက်နေ့မှာ Zdenek Stybar (Cze) Etixx - Quick-Step က 4:53:46 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ ဒုတိယ ရနေကျ Peter Sagan (Svk) Tinkoff-Saxo နဲ့ Bryan Coquard (Fra) Team Europcar တို့က 0:00:02 စက္ကန့်နေကျပြီး ဒုတိယ နဲ့ တတိယ ရသွားပါတယ်။
ထူးခြားတာကတော့ ပန်းဝင်ဖို့ နောက်ဆုံးကီလိုမီတာအရောက်မှာ ကြီးမားတဲ့ပြိုလဲမှုတခုဖြစ် ပွါးခဲ့ ပြီး အ၀ါရောင်အကျီပိုင်ရှင် Martin (Etixx-QuickStep) အပါဝင် GC နာမည် ကြီးတွေဖြစ်တဲ့ Vincenzo Nibali (Astana), Nairo Quintana (Movistar) ၊ Tejay van Garderen (BMC) တို့လဲပါဝင်သွားပါတယ်။ 
ဒါပေမယ့် တိုနီမာတင်မှအပ ကျန်သူတွေ ဒဏ်ရာမပြင်းဘူးလို့ဆိုပါတယ်။ တိုနီမာတင်က တော့ ညှပ်ရိုးကျိုးသွားတယ်လို့ ယူဆရတဲ့အတွက် မနက်ဖြန် ဆက်စိးနိုင်-မနိုင် မသေချာသေးပါ။ ဒါပေမယ့် ပြိုလဲမှုဖြစ်တဲ့နေရာဟာ ပန်းတိုင်နဲ့ ၃ ကီလိုအတွင်းဖြစ် တာကြောင့် GC ဇယားအပြောင်းအလဲမရှိပဲ မနေ့ကအတိုင်း တိုနီမာတင်ကိုပဲ အ၀ါရောင် အကျီဆက်ပေးလိုက်ပါတယ်။
Abbeville ကနေ Le Havre အထိ 191.5 km ကီလိုမီတာပြိုင်ပွဲတလျောက် နေသာခဲ့ပါ တယ်။ တာလွှတ်တာနဲ့လွှတ်ခြင်း ၃ ဦးပါ Breakaway တခုထွက်ပြေးသွားလိုက်တာ ကီလို ၃၀ လောက်အတွင်းမှာတင် ၉ မီနစ်နီးပါး ပြတ်သွားခဲ့ပါတယ်။ ဒီနေ့ပြိုင်ပွဲရဲ့ နေရာ အများစု ဟာ နော်မန်ဒီကမ်းခြေတလျောက်ကို ဖြတ်စီးရတာကြောင့် လေတိုက်နှုန်း အတော် ပြင်း ထန်ခဲ့ပါတယ်။
အဝေးပြေး ၃ ဦးအဖွဲ့ဟာ ကီလို ၁၀၀ ၀န်းကျင်နောက်ပိုင်း တဖြေးဖြေးကျလာပေမဲ့ ပန်းဝင်ဖို့ ကီလို ၅၀ လောက်အထိ Gap က ၄ မီနစ်ခွဲ ၀န်းကျင်ရှိနေဆဲပါ။ အဲဒီအချိန် သာမန်ကြည့်မယ် ဆိုရင် Peloton က ဒီ ၃ ဦးကို မမိတော့ဘူးလို့ထင်နိုင်စရာပါပဲ။
ဒါပေမဲ့ ရှေ့ပိုင်းအခန်းတခုမှာတင်ပြခဲ့တဲ့အတိုင်း စက်ဘီးသမားတွေရဲ့ အရှိန်သဘောတရား၊ Peloton ရဲ့သဘောတရားတွေအရ ဘယ်အချိန်လောက်မှာ ဒီ ၃ ဦးကို အမှီလိုက်မယ်လို့ နည် မည်ကြီးအသင်းတွေကြား သဘောတူညီချက်ရှိပြီးသားဖြစ်ပုံရပါတယ်။ 
ကီလို ၂၀ အလိုဝန်းကျင်မှာတော့ အနောက်အုပ်စုကအရှိန်မြင့်တက်လာပြီး ရှေ့ပြေးအုပ်စု သိ သိသာသာအရှိန်ကျလာပါတယ်။ ၁၀ ကီလို အလိုမှာတော့ ၁ မီနစ်ဝန်းကျင်ပဲ Gap က ကျန်ပါ တော့တယ်။ ၈ ကီလိုအလိုမှာတော့ ၃ ဦးထဲက နောက်ချန် ၂ ဦးကို Peloton က မိသွားပါ တယ်။ ဒါပေမယ့် တဥိးက ဆက်ပြေးထွက်သွားတဲ့အတွက် သူ့ကိုတော့ မမိတော့ဘူးလို့ ထင် ရပါတယ်။
ဒါပေမယ့် ပန်းဝင်ဖို့ ၂ ကီလိုဝန်းကျင်အလိုမှာ ရှေ့ပြေးဆရာ ခြေကုန်လက်ပန်းကျ၊ အနောက် အုပ်စုက အရှိန်သိပ်ကောင်းပြီး ဖမ်းမိသွားပါတယ်။ အဲဒီနောက် ပြိုင်ပွဲပုံစံဟာ Sprinter တွေအကြိုက်ဖြစ်လာပြီး မနေ့ကလိုပဲ Sprinter တင်ကြမလားဆိုပြီး အားလုံးက စိတ်ဝင်တစားစောင့်ကြည်ခဲ့ပါတယ်။ 
ဒါပေမယ့် ကံဆိုးစွာနဲ့ ပန်းဝင်ဖို့ နောက်ဆုံးကီလိုမီတာလိုင်း ကျော်စလေးမှာ အ၀ါရောင်အကျီ ပိုင်ရှင် သူ့ ဘယ်ဖက်ဘေးက စက်ဘီးသမားကိုရှောင်ရှင်းနဲ့ ယိုင်သွားပါတယ်။ ပြီးတော့ ယာ ဖက်က စက်ဘီးသမားကို သူပခုံးက သွားတိုက်မိပါတယ်။ အဲဒီလို သူစလဲပြိုရာကနေ ရှေ့မှာ တင်ပြခဲ့တဲ့အတိုင်း နာမည်ကြီးတွေ ပြိုလဲကုန်ပါတယ်။
၆ ရက်တာပြိုင်ပွဲအပြီး ၁-၁၀ ရထားသူတွေကတော့...
General classification after stage 6# Rider Name (Country) Team Result
1 Tony Martin (Ger) Etixx - Quick-Step 22:13:24 
2 Christopher Froome (GBr) Team Sky 0:00:12 
3 Tejay Van Garderen (USA) BMC Racing Team 0:00:25 
4 Peter Sagan (Svk) Tinkoff-Saxo 0:00:27 
5 Tony Gallopin (Fra) Lotto Soudal 0:00:38 
6 Greg Van Avermaet (Bel) BMC Racing Team 0:00:40 
7 Rigoberto Uran (Col) Etixx - Quick-Step 0:00:46 
8 Alberto Contador (Spa) Tinkoff-Saxo 0:00:48 
9 Zdenek Stybar (Cze) Etixx - Quick-Step 0:01:04 
10 Geraint Thomas (GBr) Team Sky 0:01:15 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Livarot ကနေ Fougères အထိ 190.5 km ကီလိုမီတာ ကို ဆက်လက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ။
.................

Tour de France ၇ ရက်မြောက်နေ့ Mark Cavendish အနိုင်ရ။

ကမ္ဘာ့နာမည်အကြီးဆုံး ပရိုဖက်ရှင်နယ် စက်ဘီးပြိုင်ပွဲ Tour de France ၇ ရက်မြောက်နေ့မှာ Mark Cavendish (GBr) Etixx - Quick-Step က အသားကုန် Sprint တင်ပြီး 4:27:25 နာရီနဲ့ ပထမ ရသွားပါတယ်။
သူ့နောက်မှာတော့ အစိမ်းရောင်အကျီပိုင်ရှင် André Greipel (Ger) Lotto Soudal နဲ့ အဖြူရောင်အကျီပိုင်ရှင် Peter Sagan (Svk) Tinkoff-Saxo တို့ နာတဖျားစီနောက်ကပ်ပြီး ဒုတိယနဲ့ တတိယ ရသွားပါတယ်။
(အ၀ါရောင်အကျီ...။)
အရင်နေ့တွေက အစီရင်ခံခဲ့တဲ့အတိုင်း ၇ ကြာတဲ့အထိ ပထမ နဲ့ ကပ်ပြီးလွဲနေ သူကတော့ Peter Sagan ပါပဲ။ ၇ ရက်မှာ ဒုတိယ ဒုတိယ ၃ ကြိမ်၊ တတိယ တကြိမ်ရထားပေမဲ့ ပထမ တကြိမ်မှမရသေးပဲ ကပ်လွဲနေပါတယ်။
ဒါပေမယ့် ထူးခြားတာကတော့ Sprinter တွေ မှန်းလေ့မရှိတဲ့ GC (၂၁ ရက်ပေါင်း ပထမ) မှာ သူဟာ ဒုတိယ နေရာအထိရောက်လာပြီး ဒီနေ့ အ၀ါရောင်ရသွားတဲ့ Christopher Froome (GBr) ရဲ့နောက်မှာ ၁၁ စက္ကန့်နဲ့ ကပ်လိုက်နေပါတယ်။
(ပျောက်ကျားအကျီနဲ့ ပထမ ဆုံး အာဖရိကန် စက်ဘီးသမား...။)
၇ ရက်ပေါင်း အမှတ်အများဆုံးသူ အ၀ါရောင်၊ ရ ရက်ပေါင်း Point အများဆုံးသူ အစိမ်းရောင် နဲ့ လူငယ်ခြေတက် စက်ဘီးသမား အဖြူရောင်တို့ကို တင်ပြပြိးတဲ့နောက် အဖြူ-အနီ ကွက်ကျား တောင်တက်ဘုရင်အကျီအကြောင်းတင်ပြချင်ပါတယ်။
ထူးခြားတာကတော့ မနေ့စပြီး တောင်တက်ဘုရင် အကျီကိုရသူဟာ ပထမ ဆုံး အာဖရိကန် လူမည်းစက်ဘီးသမား၊ အီတရီးယားနိုင်ငံသား Daniel Teklehaimanot (Eri) MTN - Qhubeka ဖြစ်နေခြင်းပါပဲ။ MTN - Qhubeka အသင်းဟာ တခုတည်းသော အာဖရီက မှတ်ပုံတင်အသင်းဖြစ်ပြီး ကျန်အသင်းအားလုံးနီးပါးက ဥရောပ၊ မြောက်အမေရိကားနဲ့ သြစ တေလျကဖြစ်ကြပါတယ်။
ဒါကြောင့် ဒီဆုဟာ သူ့အတွက်တင်မကပဲ သူ့နိုင်ငံ၊ ပြီးတော့ သူရဲ့ အာဖရိကတိုက်အတွက်ပါ အရေးကြိးတယ်လို့ Daniel Teklehaimanot (Eri) MTN - Qhubeka ကပြောပါတယ်။ ဒါပေ မယ့် ဒီအကျီကို ၂၁ ရက်စလုံး သူထိမ်းထားနိုင်ပါ့မလားဆိုတာကတော့ မသေချာသေးပါဘူး။
(ဒီနေ့ဖြစ်စဉ်...)
Livarot ကနေ Fougères အထိ 190.5 km ကီလိုမီတာတလျောက်လုံး နေသာခဲ့ပါတယ်။ ပွဲ အခြေနေကိုမပြောခင် ၀င်ပြိုင်သူတွေအကြောင်းပြောရမယ်ဆိုရင် မနေ့ကလဲပြိုမှုအတွင်း ညှပ် ရိုးကျိုးသွားတဲ့ အ၀ါရောင်အကျီပိုင်ရှင် Tony Martin (Etixx-QuickStep) နဲ့ အခြား ဒဏ်ရာ ရသူ Greg Henderson (Lotto-Soudal) တို့ ၂ ဦး ဆက်မပြိုင်နိုင်ပဲ ထွက်သွားရတဲ့အတွက် ဒီနေ့ပွဲမှာ စက်ဘီးသမား ၁၈၆ ဦးပဲရှိပါတယ်။
အရင်နေ့တွေကလိုပဲ တာလွှတ်တာနဲ့လွှတ်ခြင်း ၅ ဦးပါ Breakaway တခုထွက်ပြေးသွားတာ ကီလို ၃၀ လောက်အတွင်းမှာတင် ၃ မီနစ်ခန့်ပြတ်သွားပါတယ်။ ဒါပေမယ့် မနေ့ကလို ၉ မီနစ် အထိပြတ်တာမျိုးမဖြစ်တော့ပဲ ၃ မီနစ်ဝန်းကျင်ပဲလောက်ကိုပဲ လွှတ်ပေးပြီး Peloton က ထိမ်း ထားတဲ့သဘောရှိပါတယ်။
အဲဒီ ၅ ဦးထဲမှာ အထက်မှာတင်ပြခဲ့တဲ့ တောင်တက်ဘုရင် အာဖရိကတိုက်သား Daniel Teklehaimanot (Eri) MTN - Qhubeka ပါဝင်ပါတယ်။ မနေ့ကလည်း အဲဒီလို အဝေးပြေး အဖွဲ့ကို သူကပဲ ဦးဆောင်ခဲ့တာပါ။
မနေ့က ပန်းဝင်ဖို့ ၃ ကီလိုလောက်မှ သူတို့ ၃ ဦးကို ဖမ်းမိခဲ့ပေမဲ့ ဒီနေ့မှာတော့ ၁၁ ကီလို အလိုမှာ မိသွားပါတယ်။ ရာသီဥတုသာယာတဲ့အပြင် စက်ဘီးသမားတွေ သတိထားလို့လား မသိပါဘူး။ ဒီနေ့တော့ လဲပြိုမှုမရှိသလောက်ပါပဲ။
ဒီနေ့ပွဲဟာ မြေပြန်ပွဲ သို့မဟုတ် Sprinter တွေအကြိုက် ပွဲဖြစ်တာနဲ့အညီ ပန်းဝင်ခါနီးမှ နာမည်ကြီးတွေ အသားကုန် Sprint ဆွဲပြီး အနိုင်ယူကြတာ မျိုးပါ။
(၇ ရက်အပြီး ၁-၁၀ ရထားသူများ...)။
General classification after stage 7# Rider Name (Country) Team Result
1 Christopher Froome (GBr) Team Sky 26:40:51 
2 Peter Sagan (Svk) Tinkoff-Saxo 0:00:11 
3 Tejay Van Garderen (USA) BMC Racing Team 0:00:13 
4 Tony Gallopin (Fra) Lotto Soudal 0:00:26 
5 Greg Van Avermaet (Bel) BMC Racing Team 0:00:28 
6 Rigoberto Uran (Col) Etixx - Quick-Step 0:00:34 
7 Alberto Contador (Spa) Tinkoff-Saxo 0:00:36 
8 Zdenek Stybar (Cze) Etixx - Quick-Step 0:00:52 
9 Geraint Thomas (GBr) Team Sky 0:01:03 
10 Warren Barguil (Fra) Team Giant-Alpecin 0:01:07 
11 Bauke Mollema (Ned) Trek Factory Racing 0:01:32 
12 Vincenzo Nibali (Ita) Astana Pro Team 0:01:38 
13 Robert Gesink (Ned) Team LottoNL-Jumbo 0:01:39 
14 Roman Kreuziger (Cze) Tinkoff-Saxo 0:01:51 
15 Alejandro Valverde (Spa) Movistar Team 
16 Nairo Quintana (Col) Movistar Team 0:01:56
မနက်ဖြန်မှာတော့ Rennes ကနေ Mûr-de-Bretagne အထိ 181.5 kmကီလိုမီတာကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီပွဲဟာလည်း တောင်တက်သိပ်မရှိသေးတာကြောင့် Breakaway သမားတွေ၊ တကိုယ်တော်သမားတွေသာ Peloton ကို ပြတ်အောင်မဖြတ်နိုင် ရင် Sprinter တွေပဲ ဆက်အနိုင်ယူလိမ့်မယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ပန်းအ၀င်ကတော့ ဒီနေလို မြေပြန့်မဟုတ်ပဲ ၂၉၃ မီတာမြင့်တဲ့ တောင်ကုန်းအတက်မှာ ၀င်ရမှာမို့ စိတ်ဝင်တစား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ။
...........

Tour de France ၈ ရက်မြောက်နေ့ Alexis Vuillermoz အနိုင်ရ။

ကမ္ဘာ့နာမည်အကြီးဆုံး ပရိုဖက်ရှင်နယ် စက်ဘီးပြိုင်ပွဲ Tour de France ၈ ရက်မြောက်နေ့မှာ Alexis Vuillermoz (Fra) AG2R La Mondiale က 4:20:55 နာရီနဲ့ ပထမ ရသွားပါတယ်။ သူ့နောက်မှာတော့ Daniel Martin (Irl) Cannondale-Garmin Pro Cycling Team က 0:00:05 စက္ကန့်နောက်ကျပြီး ဒုတိယရပါတယ်။
သူတို့ ၂ ဦးဟာ ပန်းဝင်ဖို့ မီတာ ၁၀၀၀ လောက်အလိုမှာ တကိုယ်တော် ထွက် ပြေးလွတ် မြောက်လာသူတွေဖြစ်ပါတယ်။ Peloton အုပ်စုလိုက်ဝင်လာသူတွေ ထဲကတော့ Alejandro Valverde (Spa) Movistar Team နဲ့ Peter Sagan (Svk) Tinkoff-Saxo တို့ ဦးဆောင်ပြီး လူ ၂၀ ခန့်က တန်းစီပြီး ပန်းဝင်ကြပါတယ်။ 
(အ၀ါရောင်နဲ့ အစိမ်းရောင်အကျီ...)
ပီတာဆာဂင် တတိယ မရလိုက်တဲ့အတွက် Time bonus မရတော့ပဲ မနေ့က အတိုင်း စုစုပေါင်း ၁၁ စက္ကန့်အပြတ်နဲ့ အ၀ါရောင်အကျီပိုင်ရှင် Christopher Froome (GBr) Team Sky ရဲ့နောက်မှာ ကပ်လိုက်နေဆဲပါ။
အရင်နေ့ကဟောကိန်းထုတ်ခဲ့တဲ့အတိုင်း လမ်းတလျောက်မှာ တောင်အတက် နည်းနည်းရှိတဲ့အပြင် ပန်းအ၀င် ၂ ကီလိုခန့်တောင်ကုန်းကလဲ အတော်မြင့် တာကြောင့် Sprinter အတော်များများ ပြတ်ကျန်ခဲ့ပါတယ်။ ဒါပေမယ့် ပီတာ ဆာဂင်ကတော့ ထူးထူးခြားခြား ပထမ အုပ်စုနဲ့အတူ ကပ်ပါလာခဲ့ပါတယ်။
ဒါကြောင့် သူဟာ အရင်နေ့က ရထားတဲ့ အဖြူရောင်အကျီအပြင် Point အများ ဆုံးရပြိး အစိမ်းရောင်အကျီကိုပါ ဒီနေ့ရသွားခဲ့ပါတယ်။ သူဟာ အရင်က ၃ နှစ် ဆက်တိုက် အစိမ်းရောင်အကျီကို ရထားခဲ့ဖူးသူပါ။
အဖြူ-အနီ ကွက်ကျားအကျီကိုတော့ မနေ့က အစီရင်ခံခဲ့တဲ့အတိုင်း အာဖရိက တိုက်၊ အီထရီယားနိုင်ငံမှ Daniel Teklehaimanot (Eri) MTN - Qhubeka က ဆက်ထိမ်း ထားဆဲပါ။
(Breakaway နဲ့ လမ်းတလျောက်...)
Rennes ကနေ Mûr-de-Bretagne အထိ 181.5 kmကီလိုမီတာပြိုင်ပွဲတလျောက် ရာသီ ဥတုသာယာပြီး နေသာခဲ့ပါတယ်။ တာလွှတ်တာနဲ့လွှတ်ခြင်း ၄ ဦးပါ Breakaway အဖွဲ့တခု ထွက်ပြေးလွတ်မြောက်သွားတာ ကီလို ၅၀ ခန့်အတွင်းမှာတင် ၃ မီနစ်ကျော်ကျော် Peloton ကို ဖြတ်ထားနိုင်ခဲ့ပါတယ်။
လမ်းတလျောက်မှာ Point အမှတ်ပေးတဲ့ နေရာအတော်များများရှိတဲ့အတွက် Sprinter တွေ အကြိတ်အနယ်ပြိုင်ကြပါတယ်။ အဲဒီလို ပြိုင်ရင်းကနေ ပန်းဝင်ဖို့ ကီလို ၇၀ အလို ၀န်းကျင် တကြိမ်မှာတော့ လူ ၁၀ ကျော်ပါတဲ့ Sprinter တအုပ်လုံး Peloton နဲ့ စက္ကန့် ၂၀ ခန့်အထိကွာ သွားပြီး ရှေ့ပြေးအဖွဲ့ကို မှီိသွားခဲ့ပါတယ်။ 
အဲဒီအချိန်မှာ အများစုက နောက်ပြန်ဆုတ်ပြီး Peloton နဲ့ ပြန်ပေါင်းခဲ့ပေမဲ့ စပလင့်တာ ၃ ဦး ကတော့ အုပ်စုတခုအဖြစ်ဖွဲ့ပြီး Breakaway အသစ်အဖြစ် ဆက်ပြေးပါတယ်။ စက္ကန့် ၃၀ က နေတဖြေးဖြေးနဲ့ တမီနစ်ခွဲနီးပါးအထိ ပြတ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ပန်းဝင်ဖို့ ၁၀ ကီလိုမီတာ အရောက်မှာမှ ဒီပုဂ္ဂိုလ် ၃ ဦးကို Peloton က ပြန်ဖမ်းနိုင်ခဲ့ပါတယ်။
အဲဒီလို မဖမ်းနိုင်ခင်အထိဆိုရင် ဒီ ၃ ဦး ပန်းဝင်တဲ့အထိ လွတ်သွားလိမ့်မယ်လို့တောင် ထင်ခဲ့ ကြပါတယ်။ ပန်းဝင်ဖို့ ၃ ကီလိုလောက်အလိုမှာတော့ အားလုံးဟာ ဘယ်သူအရင်ပြေးမလဲ ဆိုပြီး အချင်းချင်းကြည့်နေရင်းနဲ့ ဘယ်သူမှမပြေးကြပါဘူး။
ဒါပေမယ့် ပန်းဝင်ဖို့ တကီလိုခွဲအလိုမှာတော့ တောင်စတက်ရပြီး အတော်များများ ပြတ်ကျန် ခဲ့ပါတယ်။ ထူးခြားတာကတော့ အဲဒီလိုပြတ်ကျန်သူတွေထဲမှာ လက်ရှိ ချန်ပီယံ နဘာလီ ကျန်ခဲ့ခြင်းပါပဲ။ လက်ရှိ အ၀ါရောင်အကျီပိုင်ရှင် ဖရိုးနဲ့ စကိုင်းအသင်း၊ ဆာဂင်နဲ့ သူရဲ့အသင်း သားတွေက အဖွဲ့ကို ဦးဆောင်လာခဲ့ပါတယ်။
ပန်းဝင်ဖို့ မီတာ ၈၀၀ ၀န်းကျင်အလိုမှာတော့ အခု ပထမ ရသွားသူက အရင်ဆုံး ထွက်ပြေး ပါတယ်။ ဘယ်သူမှ မလိုက်ပါဘူး။ ပန်းမ၀င်ခင် ပြန်မိလိမ့်မယ်လို့ အတော်များများက ထင်ခဲ့ တယ်လို့ယူဆရပါတယ်။ ဒါပေမယ့် မမိတော့ပဲ အဲဒီ ပုဂ္ဂိုလ် ၂ ဦးက ပထမနဲ့ ဒုတိယ ရသွားခဲ့ တာဖြစ်ပါတယ်။
(တားမြစ်ဆေးသုံးစွဲမှု....)
မနေ့ကထွက်လာတဲ့ သတင်းတပုဒ်အရ Katusha အသင်းမှ အီတလီ စက်ဘီးသမား Luca Paolini ဟာ ဆေးစစ်ရာမှာ positive for cocaine ကိုကင်းအသုံးပြုထားတဲ့ လက္ခဏာတွေ့ ရတဲ့အတွက် ပြိုင်ပွဲကနေ ထွက်သွားရပါတယ်။
အသေးစိပ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး မကြာခင် သတင်းထုတ်ပြန်မယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် သူဟာ ဒီနှစ်အတွက် ပထမ ဆုံး တားမြစ်ဆေးသုံးစွဲမှုနဲ့ ပွဲကနေ ထွက်သွားရသူ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ Tour de France မှာ ၇ နှစ်ဆက်တိုက် အ၀ါရောင်ကျီရပြီး ၅ နှစ်လောက် ကြာမှာ တားမြစ်ဆေးသုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆုတွေ အကုန်ရုပ်သိမ်းခံလိုက်ရတာကို ပြန်အမှတ်ရစေမိပါတယ်။
(၇ ရက်အပြီး ၁-၁၀ ရထားသူများ...)
General classification after stage 8# Rider Name (Country) Team Result
1 Christopher Froome (GBr) Team Sky 31:01:56 
2 Peter Sagan (Svk) Tinkoff-Saxo 0:00:11 
3 Tejay Van Garderen (USA) BMC Racing Team 0:00:13 
4 Tony Gallopin (Fra) Lotto Soudal 0:00:26 
5 Greg Van Avermaet (Bel) BMC Racing Team 0:00:28 
6 Rigoberto Uran (Col) Etixx - Quick-Step 0:00:34 
7 Alberto Contador (Spa) Tinkoff-Saxo 0:00:36 
8 Warren Barguil (Fra) Team Giant-Alpecin 0:01:07 
9 Zdenek Stybar (Cze) Etixx - Quick-Step 0:01:15 
10 Bauke Mollema (Ned) Trek Factory Racing 0:01:32 
11 Robert Gesink (Ned) Team LottoNL-Jumbo 0:01:39 
12 Alejandro Valverde (Spa) Movistar Team 0:01:47 
13 Vincenzo Nibali (Ita) Astana Pro Team 0:01:48 
14 Roman Kreuziger (Cze) Tinkoff-Saxo 0:01:51 
15 Geraint Thomas (GBr) Team Sky 0:01:52 
16 Nairo Quintana (Col) Movistar Team 0:01:56။
မနက်ဖြန်မှာတော့ Vannes ကနေ Plumelec အထိ (TTT) 28 km ကီလိုမီတာကို အသင်းလိုက်စံချိန်ပြု ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ တနလာင်္နေ့မှာတော့ ပထမ သတင်းပတ်အတွက် နားရက်ဖြစ်ပါတယ်။ ။
..........

Tour de France ၉ ရက်မြောက်နေ့ BMC အသင်း အနိုင်ရ။

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၁ ရက်ကြာ ကမ္ဘာ့နာမည်အကြီးဆုံး ပရိုဖက်ရှင်နယ် စက်ဘီးပြိုင်ပွဲ Tour de France ၉ ရက်မြောက်နေ့ TTT အသင်းလိုက် စံချိန်ပြုပြိုင်ပွဲမှာ BMC Racing အသင်း က 0:32:15 မီနစ်နဲ့ ပထမ ရသွားပါတယ်။
အ၀ါရောင်အကျီရထားတဲ့ နာမည်ကြီး Team Sky က တစက္ကန့်နောက်ကျပြီး 0:32:16 နဲ့ ဒုတိယ၊ Movistar Team က 0:32:19 နဲ့တတိယ ရပါတယ်။ သူတို့နောက်မှာတော့ အစိမ်းရောင်အကျီပိုင်ရှင်အသင်း Tinkoff-Saxo က 0:32:43 ၄ နေရာနဲ့ လက်ရှိချန်ပီယံအသင်း Astana Pro Team 0:32:50 ၅ နေရာအသီးသီးရပါတယ်။
Vannes ကနေ Plumelec အထိ 28 km ကီလိုမီတာ (TTT) အသင်းလိုက် စံချိန်ပြုပွဲစဉ်တလျောက် ရာသီဥတုသာယာပြီး နေသာခဲ့တဲ့အတွက် လဲပြိုခြင်း မရှိခဲ့ပါဘူး။ စံချိန်ပြုပွဲဆိုပေမဲ့ တောင် အတက်-အဆင်း ၂ ခုလောက်ပါတဲ့ အတွက် နည်းစနစ်ပိုင်းအရ အရေးပါတဲ့ ပွဲတခုဖြစ်တယ်လို့ သတင်းသမားတွေ ကပြောပါတယ်။
အရင်စီးတဲ့ Movistar Team က 0:32:19 နဲ့ ပထမ ရထားပြီး ပထမ ထိုင်ခုံမှာ နာရီဝက်နီးပါးထိုင်ခဲ့ပြိးမှ နောက်စီးတဲ့အသင်းတွေက သူ့ထက် စံချိန်ကောင်း သွားတာဖြစ်ပါတယ်။ 
အသင်းလိုက် အနိုင်-အရှုံး မနေ့ကနဲ့ကွာသွားတဲ့အတွက် ၁-၁၀ စာရင်းလဲ နဲနဲ ကွာသွားပါတယ်။ အ၀ါရောင်အကျီပိုင်ရှင်အပြောင်းအလဲမဖြစ်ခဲ့ပေမဲ့ ဒုတိယနဲ့ တတိယ နေရာတွေမှာ အပြောင်းအလဲဖြစ်သွားပါတယ်။
General classification after stage 9
# Rider Name (Country) Team Result
1 Christopher Froome (GBr) Team Sky 31:34:12 
2 Tejay Van Garderen (USA) BMC Racing Team 0:00:12 
3 Greg Van Avermaet (Bel) BMC Racing Team 0:00:27 
4 Peter Sagan (Svk) Tinkoff-Saxo 0:00:38 
5 Alberto Contador (Spa) Tinkoff-Saxo 0:01:03 
6 Rigoberto Uran (Col) Etixx - Quick-Step 0:01:18 
7 Alejandro Valverde (Spa) Movistar Team 0:01:50 
8 Geraint Thomas (GBr) Team Sky 0:01:52 
9 Nairo Quintana (Col) Movistar Team 0:01:59 
10 Zdenek Stybar (Cze) Etixx - Quick-Step
11 Tony Gallopin (Fra) Lotto Soudal 0:02:01 
12 Roman Kreuziger (Cze) Tinkoff-Saxo 0:02:18 
13 Vincenzo Nibali (Ita) Astana Pro Team 0:02:22။
မနက်ဖြန်မှာတော့ ပထမ သတင်းပတ်အတွက် နားရက်ဖြစ်ပါတယ်။ အင်္ဂါနေ့ မှာတော့ တောင်အမြင့် (၁၆၁၀ မီတာ။ ပေ ၅၀၀၀ နီးပါးအမြင့်) တက်ရမဲ့ Tarbes ကနေ La Pierre-Saint-Martin အထိ 167 km ကီလိုမီတာကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။      ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More