Saturday, July 4, 2015

Peloton, Team work နှင့် အဆုံးအဖြတ်။

ကမ္ဘာ့နာမည်အကြီးဆုံး ပရိုဖက်ရှင်နယ် စက်ဘီးပြိုင်ပွဲ Tour de France မနက်ဖြန် စနေနေ့မှာ စတင်ပါတော့မယ်။ (ဇူလိုင်လ -၂၆ အထိ) 

ဒီပွဲမှာ ဘယ်သူတွေအ၀ါရောင် (၂၁-ရက်ပေါင်း ပထမ) ရမလဲ၊ ဘယ်သူတွေက (၂၁-ရက် ပေါင်း အမှတ်အများဆုံး) အစိမ်းရောင်၊ အဖြူရောင် (လူငယ်ခြေ တက်) ကွက်ကျား (အကောင်းဆုံးတောင်တက်သမား) တွေရမလဲဆိုတာ အားလုံးက စိတ်ဝင်စားနေကြမှာပါ။

ဒီလို ပထမ ရနိုင်ဖို့ဆိုတာ တကိုယ်တော်ကောင်းနေရုံနဲ့မရပါဘူး။ အသင်း လိုက်စုစည်းမှုနဲ့ Team work ရှိမှဖြစ်မှာပါ။ စီးရမှာက တရက်တည်းမဟုတ်။ ၂၁ ရက်တောင်။ အကွာအဝေးကလည်း မိုင် ၁၀၀ တည်းမဟုတ်။ မိုင် ၂၀၀၀ ကျော်။ ကီလိုမီတာ ၃၃၅၈ ဆိုတော့ တကိုယ်တော် ဘယ်စီးနိုင်ပါ့မလဲ။

ဒီအတွက် မလိုအပ်ပဲ အင်အားဖြုန်းတီးတာမျိုးမဖြစ်အောင်၊ တနည်းအားဖြင့် သူများနောက်မှာ လေခိုလိုက်စီးပြီး ပန်းဝင်ခါနီးမှ အသားကုန် Sprint တင်ပြိး ပထမ ရအောင်လုပ်နိုင်ရေးက အရေးကြီးလှပါတယ်။

ဒီလို လေခိုစီးတာကို Peloton လို့ ပြင်သစ်တွေက ထွင်ထားပါတယ်။ မြန်မာ လိုအတိအကျပြန်ထားတာမျိုးမတွေ့မိသေးပါ။ မြန်မာပြည်က စာဖတ်သူအများ စုကတော့ ကောင်းကင်ပေါ်မှာ ငှက်တွေ အုပ်စုလိုက်ပျံသန်းသွားတာကို မကြာ ခဏတွေ့ဖူးမယ်ထင်ပါတယ်။ ငှက် ၅၀ အုပ်ဆိုပါတော့။ ၅၀ စလုံး တန်းစီပြီး တပြေးတည်းပျံတာမျိုး တွေ့ဖူးပါသလား။

တကောင်နှစ်ကောက်က ရှေ့မှာဦးဆောင်ပျံပြီး အနောက်ကအများစုကြီးက နောက်မှာ ဟေဟုန်စီးလိုက်ကြပါတယ်။ ဒီလိုနဲ့မျှားတစင်းလိုလို၊ လေးကိုင်း သဏ္ဍန်လိုလို စသဖြင့် လေဟုန်ကိုခွဲနိုင်တဲ့ပုံစံမျိုးထွင်ပြီး ပျံသန်းကြပါတယ်။

အဲဒီဝေါဟာရကို Peloton လိုခေါ်ပြီး စက်ဘီးလောကမှာ အသုံးများပါတယ်။ စက်ဘီးသမားတွေဟာလဲ ငှက်တွေလိုပဲ ရှေ့ကသွားတဲ့လူနောက် နောက်က အုပ်စုက လေခိုပြီးလိုက်ကြပါတယ်။ ရှေ့ကဦးဆောင်စီးသူနဲ့ နောက်ကနေ လေ ခိုပြီးလိုက်သူ စွမ်းအင်စိုက်ထုတ်ရမှုချင်း ဘယ်လောက်ကွာသလဲဆိုတာကို တော့ ကိုယ်တိုင်စီးကြည့်ရင် အသိသာဆုံးဖြစ်ပါတယ်။

နောက်တချက်က အဆုံးအဖြတ်။ စိုင်းခမ်းလိတ်ရေးပြီး စိုင်းထိးဆိုင်သီဆိုထား တဲ့ သီချင်းတပုဒ်ထဲမှာတော့ ''တာတိုမှာ ခွန်အား၊ တာလတ်မှာ အဆုံးအဖြတ်၊ တာဝေးမှာ စိတ်ဓာတ်'' လို့ဆိုထားပါတယ်။ ကျနော်သိပ်ကြိုက်တဲ့ သီချင်းစာ သားပါ။ ဒါပေမဲ့ စက်ဘီးပွဲမှာတော့ ဒီစာသားဟာ အပြည့်အ၀ မမှန်တော့ပါ။

၂၁ ရက်ပေါင်း ပထမ ရဖို့ဆိုတာ ခွန်အားတခုတည်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ တခါ စိတ်ဓာတ်တခုတည်းနဲ့လည်း မရနိုင်ပါ။ အရေးကြီးတာက အဆုံးအဖြတ် ပါပဲ။ ဘယ်အချိန်မှာ ဘယ်သူတွေကို လွတ်ပေးထားပြီး ဘယ်အချိန်မှာ အဲဒီ လူတွေကိုပြန်မိအောင် ဖမ်းမလဲဆိုတာဟာ တကယ့်ဧရာမ အရေးကြီးတဲ့ အဆုံးအဖြတ်ပါပဲ။ အဲဒီအဆုံးအဖြတ်မှားရင် ကိုယ်လွတ်ပေးလိုက်တဲ့ လူတွေ ကိုပြန်ဖမ်းမမိတော့ပဲ တအုပ်လုံးလွတ်သွားတာမျိုး၊ တအုပ်လုံး ပြတ်ကျန်ခဲ့တာ မျိုးဖြစ်တတ်ပါတယ်။

စာဖတ်သူတွေ တွေ့ဖူးမှာပေါ့။ တာဝေးပွဲတွေမှာ တာထွက်ထွက်ခြင်း အရှိန် တင်ထွက်ပြေးကြတဲ့ Breakaway အုပ်စုတွေကို နာမည်ကြီးစက်ဘီးသမား တွေ အမှီလိုက်လေ့မရှိပါဘူး။ (နာမည်ကြီးတွေထွက်ပြေးရင်လည်း ဘယ်သူက မှအလွတ်မပေးမပါဘူး) ဒီလိုပဲ လွတ်ပေးထားလိုက်ပါတယ်။ တခါတလေဆို ရင် ၁၀ မီနစ်၊ ၁၅ မီနစ်အထိ ပြတ်သွားပါတယ်။ အကွာအဝေးနဲ့ဆိုရင် ကီလို ကနေ ကီလိုလောက်အထိ ပြတ်ကျန်ခဲ့တဲ့သဘော။

ဒါပေမယ့် ခရီးတာ ဘယ်လောက်အထိမှာ ဘယ်လောက်အထိ လွတ်ပေးလို့ ရတယ်။ ဘယ်လောက်ဆိုရင်တော့ လွတ်လို့မရဘူး။ အမှိလိုက်မှဖြစ်မယ်ဆို တဲ့ ဆုံးဖြတ်ချက်ရှိရပါတယ်။ ဥပမာ ကီလို ၂၀၀ ပြိုင်ပွဲမှာ ပန်းဝင်ဖို့ ၅၀ ကီလို လောက်အထိ ၁၅ မီနစ်ပြတ်နေရင် ပြန်မိဖို့မလွယ်တော့ပါ။ အထူးသဖြင့် မြေ ပြန့်ပြိုင်ပွဲတွေမှာပေါ့။ ပန်းဝင်ခါနိး ကီလို ၂၀ လောက်က ဧရာမတောင်ဆိုရင် တော့ သိပ်ပူစရာမလို။ အဲဒီတောင်အတက်မှာ အားလုံးကိုပြန်မိနိုင်ပါတယ်။

ဒီအတွက် Peloton ထဲက လူတွေ၊ (အသင်းတွေ) အချင်းချင်းညှိပြီး အရှိန် တင်လိုက်ရပါတယ်။ စွမ်းအင်အကုန်ခံပြီး ရှေ့မှာဦးဆောင်စီးနင်းဖို့ဆိုတာ တာဝန်မပေးပဲနဲ့ ဘယ်သူမှမလုပ်ချင်။ အားလုံးက လေဟုန်စီးပြီး ပန်းဝင်ခါ နီးမှ အသားကုန် တီး ချင်သူချည်းပါ။ ဒီအတွက် အသင်းသား ဦးမှာ ဘယ်သူက အဓိက အ၀ါရောင်မှန်းထားသူ၊ ဘယ်သူက အစိမ်းရောင်မှန်းထားသူ၊ ကျန်သူ တွေက အသင်းခေါင်းဆောင်ကို ဘယ်လိုကူညီပံ့ပိုးပေးရမယ် စသဖြင့် တိကျ တဲ့ တာဝန်ခွဲဝေမှု လုပ်ထားရပါတယ်။

အသင်းသား ဦးစလုံး အ၀ါရောင်ရချင်နေရင် အဲဒီအသင်း ပျက်ပြီသာမှတ်။ အဖွဲ့ဝင် ဦးပါ ကွန်မန်ဒိုတပ်စိပ်တစိပ် တိုက်ပွဲဝင်တဲ့ပုံစံမျိုးဖြစ်နေလေမလား။ တကယ့်အ၀ါရောင်ယူမဲ့သူကို အလယ်မှာထားဝန်းရံပေး၊ လေဟုန်စီးခိုင်းထား ပြီး ပန်းဝင်ခါနီးမှ ဆရာသမားကို ရှေ့တင်ပေးရတဲ့ တာဝန်ဟာ သိပ်တော့ မလွယ်လှပါဘူး။

ဒီတာဝန်ဟာ အရေးကြိးလှပါတယ်။ ဒီတာဝန်ကိုမလေးစားတဲ့ အသင်းမှ အသင်းသားတဦး အ၀ါရောင်ရဖို့ဆိုတာ မဖြစ်နိုင်ပါ။ တချိန်တည်း မှာပဲ ဒီလိုအချင်းချင်းကူညီနိုင်ဖို့ တဦးနဲ့တဦး ခြေရည်သိပ်မကွာအောင် လေ့ ကျင့်ထားဖို့လည်းလိုပါတယ်။ ခြေကွာနေရင်တော့ သူများကိုကူဖို့နေနေသာ သာ ကိုယ်တောင် Peloton မီအောင်မလိုက်နိုင်ပဲ ပြတ်ကျန်ခဲ့ နိုင်ပါတယ်။

နောက်အရေးကြီးတဲ့အချက်က စစ်ဆင်ရေးတခုလိုပဲ အတက်၊ အဆုတ်ကိုလည်း နားလည် ဖို့လိုပါတယ်။ မတိုက်ရမဲ့အချိန်မှာ တိုက်မိပြီး မဆုတ်ရမဲ့အချိန်မှာ ဆုတ်မိရင်လည်း ခြေကုန် လက်ပန်းကျ ပြတ်ကျန်နေခဲ့နိုင်ပါတယ်။ လေဟုန်စီးတယ်ဆိုပေမဲ့ မစီးတတ်ရင် ဒုက္ခရောက် နိုင်ပါတယ်။ ဘာကြောင့်လဲဆို နိုင်ငံတကာပွဲတွေရဲ့ တနာရီစီနှုန်းက ၄၀-၅၀ ကီလိုမီတာ အတွင်းရှိတာမို့ ဒီအရှိန်ကို ထိမ်းဖို့မလွယ်ပါ။ သူများနောက်လေဟုန်စီးနေတုန်း ရှေ့ကလူအုပ် လဲပြိုတဲ့အထဲ ကိုယ်ပါ ပြိုမသွားဖို့၊ အချိန်မီရှောင်တတ်ဖို့လဲ လိုပါသေးတယ်။

ဒါကြောင့် မနက်ဖြန်စတင်တော့မဲ့ Tour de France မှာ ဘယ်သူတွေ အ၀ါ ရောင်ရမလဲ၊ ဘယ်သူတွေအစိမ်းရောင်ရမလဲ ဆိုတာဟာ တဦးချင်း ကောင်း နေရုံနဲ့မရ။ Team work ကောင်းဖို့လိုပါတယ်။ ကိုယ့်တာဝန်ကိုယ်ကျေဖို့ လို ပါတယ်။ ပြီးတော့ Peloton ထဲမှာ လေဟုန်ခိုစီးတတ်ဖို့၊ အလဲအပြိုတွေထဲ မပါအောင် ရှောင်တတ်ဖို့လိုပါတယ်။ 

အရေးကြီးဆုံးကတော့ အဆုံးအဖြတ်မှန်ကန်ဖို့ လိုတယ်လို့ စဉ်းစားမိကြောင်း ပြောကြားရင် မနက်ဖြန် စတင်တော့မဲ့ Tour de France ပွဲကို ကြိုဆိုရေးသား လိုက်ရပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More