Monday, July 27, 2015

သဘာဝအလှကို ခြံစည်းရုံးခတ် ကာကွယ်ဖို့ မလိုပါ

Sunday, July 26 , 2015. The Voice Daily. 

ဟောလီးဒေးရာသီမှာ ဘယ်သွားခဲ့ကြသလဲ

ဝါဆို ၀ါခေါင် ရေဖောင်ဖောင်ဆိုတဲ့အတိုင်း မြန်မာနဲ့ အာဆီယံ ဒေသနိုင်ငံတွေမှာ ရေးကြီး ရေလျှံမှုတွေ ဖြစ်နေပေမဲ့ နော်ဝေးနဲ့ ဥရောပမှာတော့ ဒီအချိန်ဟာ နွေရာသီဖြစ်ပါတယ်။ အထူးသဖြင့် ဇူလိုင်လဟာ ဥရောပသားတွေ ဟောလီးဒေး (Vacation) ထွက်တဲ့လ ပါ။

လူ ဦးမှာ ဦး ဒီရာသမီမှာ ဟောလီးဒေးထွက်တယ်လို့ နော်ဝေးမီဒီယာတွေကရေးပါတယ်။ အဲဒီထဲက ၅၁ ရာခိုင်နှုန်းဟာ နိုင်ငံရပ်ခြားဆီထွက်ကြပြီး နေရာအသစ်၊ ယဉ်ကျေးမှုအသစ်၊ အစားအသောက်အသစ် အဆန်းတွေကို ရှာဖွေကြတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဖြစ်မယ်။ ဇူလိုင်လဆန်းပိုင်းကစပြီး အခု တတိယ သတင်းပတ်အထိ အော်စလိုမြို့လယ်လမ်းတွေ၊ ကုန်တိုက်တွေ၊ ကားဂိတ်တွ၊ မြေအောက်ရထားဘူတာ တွေမှာ လူအတော်နည်းသွားတာ၊ ချောက်ကပ်ကပ်ဖြစ်သွားတာကို သတိထားမိပါတယ်။ 

ဒီနှစ်နွေမှာ ပြည်ပခရီးမသွားဖြစ်တဲ့ ကျနော်ကတော့ နော်ဝေးနိုင်ငံရဲ့ အနောက်တောင်အရပ်ရှိ ကမ္ဘာကျော် ကျောက်ဖျာတခုဆီ သွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နော်ဝေးဘာသာနဲ့ Preikestolen အင်္ဂလိပ် ဘာသာနဲ့ the Pulpit Rock လို့ခေါ်တဲ့ ဒီကျောက်ဖျာဟာ ချင်းတိုင်းရင်းသားအများစုပါတဲ့ မြန်မာနိုင်ငံသားတွေ ရာနဲ့ချီအခြေချနေထိုင်တဲ့ ရေနံမြို့တော် Stavanger ဒေသမှာရှိပါတယ်။ 


လေယဉ်လက်မှတ်ဝယ်ပြီး အဲဒီမြို့ဆီ ကျနော်ရောက်သွားတဲ့အချိန်က မနက် ၁၁ နာရီလောက်ပဲရှိပါ သေးတယ်။ ကျောက်တုံးကြီးဆီ ဘယ်လိုသွားရမလဲ၊ အခုသွားရင် ညနေပြန်ရောက်နိုင်သလားဆိုပြီး မေးကြည့်တော့ဟောဒီ ဆိပ်ကမ်းကနေ Ferry စီးပါ။ ဟိုဖက်ကမ်းရောက်ရင် ဘတ်စ်ကားကြိုနေပါလိမ့် မယ်။ ကားဂိတ်ဆုံးကနေ ကျောက်တုံးဆီလျောက်မယ်ဆိုရင် အနည်းဆုံး နာရီခွဲ ကြာနိုင်ပါတယ်ဆိုပြီး ဟိုတယ်ဝန်ထမ်းကဖြေပါတယ်။

လှေနဲ့ ကားစီးချိန်ကလည်း တနာရီလောက် ထပ်ကြာဦးမယ်တဲ့။ အားလုံးပေါင်းလိုက်တော့ အသွားတခြမ်း တင် နာရီကျော်နေပြီ။ အပြန်နဲ့ပေါင်းရင် နာရီထားလိုက်။ တောင်ပေါ်မှာ ဟိုငေး၊ ဒီ ကြည့် လုပ်မဲ့အချိန်ပါ ပေါင်းရင် အနည်းဆုံး နာရီလောက် အချိန်ယူရမဲ့ခရီးပေါ့။ နွေရာသီဖြစ်လို့ ၁၀ နာရီမှ နေ၀င်တယ်ပဲထား။ အဲဒီကပြန်တဲ့ နောက်ဆုံးဘတ်စ်ကားက နာရီအထိပဲ ရှိသတဲ့။

ဒါတွေကို ကိုယ်က အသေးစိပ်သိမထားပါ။ Stavanger နဲ့ Preikestolen က ၂၅ ကီလိုပဲဝေးတယ်ဆိုတော့ နာရီဝက်လောက် ဘတ်စ်ကားစီးရင် အေးဆေးရောက်ပြီပေါ့။ တောင်ပေါ်တက်တယ်ဆိုရင်လည်း ကျိုက်ထိးရိုးစေတီဆီ တက်သလိုမျိုး ကားနဲ့တက်ပြီး နည်းနည်းပဲ လမ်းလျောက်ရမယ်လို့ ထင်ထားခဲ့တာပါ။


သစ်သားအိမ်နဲ့ ရေနံပြတိုက်

အခုတော့ အဲဒီလိုမဟုတ်။ ရာသီဥတုကလည်း နေ မသာပဲ မိုးက ခပ်အုပ်အုပ်။ လမ်းမှာမိုးမိရင် ဒုက္ခ။ လေကလည်း တိုက်သလားမမေးနဲ့။ ဒီတိုင်းဆိုရင်တော့ ဒီနေ့အတွက် စိတ်လျော့မှ ဖြစ်မယ်။ မနက်ဖြန်စောစောမှ ထတက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ 


ဒါပေမဲ့ ဒီအထိလာပြီးမှ ဟိုတယ်ပေါ်ဒီတိုင်းတက်အိပ်နေလို့ ဘယ်ဖြစ်မလဲ။ တန်အောင်လျောက်လည်မှ ဆိုတဲ့ စိတ်ကူးနဲ့ မြို့ထဲလမ်းလျောက်ထွက်လာခဲ့ပါတယ်။ Stavanger ဟာ နော်ဝေးနိုင်ငံရဲ့ စတုတ္တ အကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ တသိန်းခွဲနီးပါးရှိတဲ့ ဆိပ်ကမ်းမြို့ဖြစ်ပါတယ်။ နိုင်ငံတကာရေနံကုပ္ဗဏီတွေ ရုံးစိုက်တဲ့မြိုံ၊ ပင်လယ်ကူးသဘောင်္တွေ ဆိုက်ကပ်တဲ့မြို့ဖြစ်တဲ့အတွက် အတော်စည်ကားပါတယ်။


ပြီးတော့ ထူးထူးခြားခြား အဖြူရောင်၊ အ၀ါနုရောင်ဆေးသုတ်ထားတဲ့ သစ်သားအိမ်ဟောင်း အတော် များများကို မြို့လယ်မှာ တွေ့ရပါတယ်။ ဒါတွေဟာ ၁၈ ရာစုနဲ့ ၁၉ ရာစုက သစ်သားအိမ်တွေဖြစ်ပြီး heritage ရှေ့းဟောင်းအမွေ အနှစ်ဖြစ် ထိမ်းသိမ်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ထိမ်းသိမ်းထားတယ်ဆိုတာ ပြတိုက်လိုမျိုး ဘယ်သူမှ မတို့မထိပဲ ထားတာမျိုးမဟုတ်ပါ။ သူ့အိမ်ကိုယ့်အိမ်လိုပဲ သာမန်လူတွေ မိသားစုအလိုက်နေထိုင်နေတဲ့ မြို့ထဲကပုံမှန် လူနေအိမ်တွေသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လူနေအိမ်ကို ဒီလိုထိမ်းထားဖို့နေနေသာသာ ရှေးဟောင်း တိုင်တရာဘုန်းကြီး ကျောင်းတွေတောင် မရှိတော့ပါဘူး။ သစ်သားကျောင်းအိုတွေအစား တိုက်သစ်ကျောင်းဆောက်လှူမှ ခေတ်မီတယ်ဆိုတဲ့ တကာတွေရဲ့ဆန္ဒအရ နှစ် ၁၀၀ ၀န်းကျင်က ပျဉ်းကတိုးကျောင်းတွေကိုဖြိုချပြီး ကွန်ကရစ်ကျောင်းဆောင်တွေကို လက်ခံလိုက်ရတယ်လို့ ကျနော်တို့ရွာက တောရကျောင်းဆရာတော် မိန့်တာကို သွားအမှတ်ရမိပါတယ်။ 

နောက်ထပ် ထူးထူးခြားခြားတွေ့မိတာက ရေနံပြတိုက်။ မြန်မာနိုင်ငံမှာလည်း ရေနံထွက်ပေမဲ့ ရေနံပြတိုက်ရှိ တယ် လို့ တခါမှမကြားမိပါ။ ဒီမှာတော့ ရေနံကို ဘယ်လိုရှာဖွေတယ်၊ ဘယ်လိုတူးတယ်၊ ရရှိတဲ့ငွေတွေကို ဘယ်လို သုံးစွဲတယ် စသဖြင့် အသေးစိပ်ပြသထားပါတယ်။

၁၉၆၀ လွန်နှစ်တွေအတွင်း နော်ဝေးကမ်းလွန်မှာရေနံစတွေ့တဲ့အချိန်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ စသိမ်းတဲ့အချိန်ပေါ့။ အဲဒီလိုရေနံမတွေ့မီအထိ နော်ဝေးဟာ ဘာမှတိုးတက်ကြီးပွါးမှု မရှိသေးပါ။ မြန်မာနိုင်ငံက အဲဒီ အချိန်မှာ အာဆီယံရဲ့ စီးပွါးရေးထိပ်ဆုံး။ ဒါပေမယ့် အခု ၅ နှစ်လောက်ကြာ ပြီးတဲ့ အခါမှာတော့ ရေနံထွက်တာခြင်းတူတဲ့ နိုင်ငံ ခု ဘယ်လောက်အထိ ကွာခြားသွားသလဲ။ ဘာကြောင်လဲ။

တကယ်တော့ ရေနံဆိုတာ တူးပြီးရောင်းစားရုံနဲ့ ကိစ္စပြီးတာမဟုတ်။ ရေနံတွေတူးလို့ကုန်သွားရင် ဘယ်လို လုပ်မလဲ၊ ဒီအတွက် ရေနံအစား တခြားစွမ်းအင်တွေကိုရှာဖို့ နော်ဝေးကကြိုးစားနေပါတယ်။ လောင်စာကို မီးရှို့ရာကနေ ထွက်လာတဲ့ အပူငွေ့တွေဟာ လေထုညစ်ညမ်းမှုကို အတော်ဆိုးဝါးစေတယ်လို့ဆိုပါတယ်။ ဒါကြောင့် ရေနံ၊ ဓာတ်ငွေ့၊ ကျောက်မီးသွေးလို တွင်းထွက်လောင်စာတွေအစား မီးခိုးမထွက်တဲ့ (ကာဗွန် မထွက်တဲ့) ရေအား၊ လေအား၊ နေ အားနဲ့ လည်နိုင်မဲ့ စွမ်း အင်တွေကို နော်ဝေးက ဦးဆောင်ပြီး ရှာဖွေနေတယ်။

၂၀၂၀ မှာ အားလုံးအစားထိုး ပြောင်းသုံးနိုင်ဖို့မသေချာသေးပေမဲ့ ၂၀၄၀ လောက်ဆို တကယ်ဖြစ်လာနိုင် တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ အခုထိ ရေနံတွင်းသစ်တွေ၊ ဓာတ်ငွေတွင်းသစ်တွေ၊ ကျောက်မီးသွေးတွင်းသစ် တွေ ရှာဖွေတူးဖေါ်လို့ကောင်းတုန်း၊ လျှပ်စစ်မီးမရသူက ၇၀ ရာခိုင်နှုန်းအထိ ရှိနေတုန်း။


Preikestolen ဆီ ချီတက်ပါတော့မည်

နွေလယ်ရာသီဆိုပေမဲ့ ကမ်းရိုးတန်းမြို့ရဲ့အပူချိန်က ၁၅ ဒီဂရီလောက်ပဲရှိပါတယ်။ လေတိုက်နှုန်းကလည်း - ကီလို လောက်ပြင်းပါတယ်။ ဒါပေမယ့် ဒီနေ့ မိုးမရွာဘူးလို့ပြထားတဲ့အတွက် မနက် နာရီခွဲလောက် ကတည်းက သဘောင်္ဆိပ်ဆီ ကျနော်ရောက်နေပါတယ်။ ဒီမြို့ကနေ Tau အထိ သဘောင်္စီး၊ ပြီးမှ ဘတ်စ်ကားနဲ့တဆင့် တောင်ခြေအထိသွား၊ အဲဒီကိုရောက်မှ လမ်းလျောက်တက်ရမယ်တဲ့။ ဒီအတွက် အသွားအပြန် လှေခ၊ ကားခ ၂၅၀ ခရိုနာ။ 


တကယ်လို့ လမ်းမလျောက်ချင်ဘူး၊ တောင်မတက်နိုင်ဘူးဆိုရင် ဒီနေရာကနေ ရေလက်ကြားတလျောက် သွားတဲ့ သဘောင်္ကိုစီး။ အသွားအပြန်မှ နာရီဝန်းကျင်ပဲကြာမယ်။ ကျောက်ဆောင်ပေါ် မရောက်နိုင်ပေမဲ့ ရေထဲကနေ ပေါ်မော်ကြည့်ပြီး ပြန်လာနိုင်တယ်။ ဒီအတွက် လှေခက ၄၂၀ ခရိုနာ။ 

ကိုယ်က ကျောက်ဆောင်ပေါ်တက်ချင်သူဆိုတော့ ပထမ နည်းကိုပဲရွေးလိုက်ပါတယ်။ ဒီနည်းက မေလ ရက်နေ့ ကနေ စက်တင်ဘာ ၃၀ ရက်နေ့အထိ ( ) ပဲ ရှိပါတယ်။ ကျန်တဲ့အချိန်သွားချင်တယ်ဆိုရင် ဒုတိယ နည်းကိုသာရွေးပေတော့။ Ferry ဆိုပေမဲ့ မော်လမြိုင်-မုတ္တမ (သံလွင်တံတားမရှိခင်က) ပြေးတဲ့ ဇက်တွေလို ခပ်သေးသေးမဟုတ် ပါ။ ကားအစိး ၂၀ လောက် တင်နိုင်တဲ့ ထပ် ရေယဉ်ကြီး။


လှစီး၊ ကားစီးပြီး တနာရီလောက်အကြာမှာတော့ တောင်ခြေရင်း ဟိုတယ်ဆီရောက်သွားပါတယ်။ ဟိုတယ်လည်း လူလျှံနေပြီထင်ပါရဲ့။ ဘေးနားက မျက်ခင်းပြင်နဲ့ သစ်တောစပ်ကကွင်းပြင်ထဲမှာ ရွက်ဖျက်တဲထိုးပြီး နေရာယူထားသူတွေက ရာနဲ့ချီရှိနေပါတယ်။ အတော်များများက အိပ်ခန်း၊ မီးဖိုခန်းတွေပါတဲ့ အပန်းဖြေခရီးထွက်တဲ့ ကားတွေနဲ့။ ကျနော်နဲ့အတူ တောင်တက်သူတွေထဲမှာတော့ ဘတ်စ်ကားစီးလာသူက အများစုပါ။

နာရီခွဲစာ တောင်တက်ခရီးကို ဘယ်လိုသွားရမလဲဆိုပြီး ကိုယ်ကစိုးရိမ်နေပေမဲ့ အနောက်တိုင်းသား ပင်စင်စား အဖိုး၊ အဖွားတွေက တုတ်ကောက်ကိုယ်စီနဲ့ ကိုယ့်ကိုကျော်တက်သွားခဲ့ပေါ့။ တချို့လူလတ်ပိုင်း တွေက လသားခလေးငယ်လေးကိုတောင် ကျောမှာပိုးပြီးခပ်သွက်သွက်တက်လို့။ ကျောင်းသားလေးတွေ၊ ဆယ်ကျော်သက်လေးတွေကတော့ ခုပေါက်ပြေးလွှားပြီး ဖြတ်ကျော်သွားကြလေရဲ့။ 

တောင်ခြေကနေ ကီလိုဝက်ခန့် မတ်စောင့်လှတဲ့ တောင်ကိုတက်ပြီးတဲ့နောက် နားနေစခန်း မြေပြန့်နေရာ လေးတခုကို တွေ့ပါတယ်။ လူသွားလမ်းကြမ်းမှအပ သစ်ပင်ကြီးတွေ၊ ကျောက်ဆောင်ကျောက်တုံးတွေက တကယ့်သဘာဝအတိုင်း။ သစ်မြစ်တွေက လမ်းပေါ်မှာ ကန့်လန့်ခံလိုခံ၊ ကျောက်တုံးတွေက မညီညာတဲ့ လှေကားထစ်တွေ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က တက်ခဲ့ဖူးတဲ့ ကျိုက်ထီးရိုးတောင်တက်လမ်းကို လွမ်းချင် စရာကြီး။

ပထမ ဆုံးတောင်ကို မြင့်လှပြီလို့ထင်ပေမဲ့ နောက်ထပ်တွေ့ရတဲ့တောင်အားလုံးက သူ့ ထက်မြင့်တာချည်း ပါ။ ထူးခြားတာကတော့ လူတွေထောင်၊ သောင်းချီသွားနေပေမဲ့ လမ်းကိုအသေချာပြင်ထား မပေးပါ။ သဘာဝအတိုင်း ရှိနေအောင် တမင်ပစ်ထားပုံရပါတယ်။ တချို့ရေအိုင်တဲ့နေရာတွေမှာတော့ လူနှစ်ဦး အသွား-အပြန် လျောက်သာရုံ သစ်သားတံတားလမ်းလေးထိုးပေးထားပါတယ်။ တောင်ခြေကနေ တောင်ထိပ်အထိ ကီလိုသာရှိတယ်ဆိုပေမဲ့ ၁၄ ကီလိုနဲ့မှား နေသလား၊ မရောက်နိုင်တော့ပါလားဆိုပြီး ခံစားရပါတယ်။

ကီလိုမှတ်တိုင်အနီးရှိ တောင်ကျောက မတ်စောင့်ဆုံးဖြစ်ပြီး ကျောက်ဆောင်ကို တွယ်တက်ရတဲ့အတွက် လူကို ''ဟောဟဲ'' ဖြစ်စေပါတယ်။ ရေကလဲစိုနေတော့ ဖိနပ်မကောင်းရင် ဂျိုင့်ထဲချော်ကျနိုင်ပါတယ်။ ဖိနပ် ဆိုလို့ ဒီတောင်ပေါ် တက်မယ်ဆိုရင် ခပ်ကောင်းကောင်း လမ်းလျောက်ဖိနပ်စီးလာဖို့လိုပါတယ်။ ၀တ်စုံ ကလည်း အားကစားဝတ်စုံနဲ့မှ အဆင်ပြေ နိုင်ပါတယ်။ ပြီးတော့ ခပ်သေးသေးကျောပိုးအိတ်ကိုလွယ်ပြိး အဲဒီထဲမှာ ရေ၊ အဆာပြေစားစရာနဲ့ သစ်သီးတချို့ ထည့်လာဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် အသွား-အပြန် နာရီကျော်ခရီးစဉ်အတွင်း ဘာဆိုင်၊ ဘာတဲမှ မရှိပါ။ ကျိုက်ထီးရိုးတောင်နဲ့ မတူပါ။


တောင်ထိပ်ဆီရောက်ဖို့ တကီလိုခန့်အလိုမှာတော့ ရွှေရင်စို့ တောင်ကျောလို့ခေါ်နိုင်တဲ့ တကယ့်ကို တောင်နံရံ ပါးပါးလေးပေါ် ကပ်လျောက်သွားရတဲ့ လမ်းကျဉ်းလေးကိုဖြတ်ရပါတယ်။ မှတ်မှတ်ရရ လက်ကိုင်စရာနံရံပါတဲ့ သစ်သားတံတားငယ်ဆိုလို့ ဒီနေရာလေးတခုပဲရှိပါတယ်။ ကျန်နေရာတွေအားလုံး ပိုးလုံးပက်လက်။

အဲဒီ ရွှေရင်စို့ တောင်ကျောကိုကျော်ပြီးတာနဲ့ ကျောက်ဆောင်ကြီးအောက်က ရေလက်ကြားကို လှမ်းမြင် ရပါတယ်။ ပေ ၂၀၀၀ လောက်နက်တဲ့ ရေလက်ကြားနဲ့ တောင်နံရံကြားက လူသွားလမ်းပါးပါးလေးက ပေ၀န်းကျင်တောင် မရှိ။ ဘာအကာအရံမှလည်းမရှိ။ အသွားမတော်တလှမ်းဆိုသလို ခြေနဲနဲချော် သွားလို့ကတော့ မတွေးဝံ့စရာ။


ကိုယ်ကသာ မတွေးဝံ့ဖြစ်နေတာ။ လူငယ်တွေက ပြေးလွှားခုန်ပေါက်လို့။ အဲဒီ လမ်းကျဉ်းလေးကို ကျော်လိုက်တာနဲ့ ကမ္ဘာကျော် Preikestolen သို့မဟုတ် the Pulpit Rock ဆီရောက်ပြီလေ။ Wow! တကယ့်ကို အံ့မခန်းမြင်ကွင်းပါပဲ။ သဘာဝအလှဟာ တခါတရံမှာ စိတ်ကူးယဉ်ထားတာထက်တောင် ပိုလှနေတတ်ပါကလား။

ဒီကျောက်ဖျာရဲ့အကျယ်ဟာ ၂၅ မီတာ (၇၅ ပေ၀န်းကျင်) ပတ်လည်ရှိတယ်လို့သိရပေမဲ့ လူများလွန်းလို့ ခြေချစရာ နေရာတောင် မရှိပါဘူး။ အထူးသဖြင့် လာလည်သူတိုင်း ဓာတ်ပုံရိုက်ကြတဲ့ ကျောက်ဖျာရဲ့ အစွန်နေရာမှာ ဓာတ်ပုံရိုက်နိုင်ဖို့အရေး ၁၀ မီနစ်ခန့် တန်းစီစောင့်ရပါတယ်။ ဒီကျောက်ဖျာဟာ အောက်မှာမြင်နေရတဲ့ Lysefjord ရေလက် ကြားမျက်နှာပြင်ထက် ၆၀၄ မီတာ (ပေ ၂၀၀၀ နီးပါး) မြင့်ပါတယ်။ ဒီလောက်သဲထိပ်ရင်ဖို ကျောက်ဖျာစွန်းမှာမှ ခြေချိတ်ထိုင်ပြီး ဓာတ်ပုံရိုက်ရဲတဲ့ သူကရှိသေး။




အမြင့်ကြောက်တဲ့ ကိုယ်ကတော့ ခြေတွေလက်တွေ တုန်လို့။ ဒီထက်ပုံကောင်းကောင်းရချင်ရင် ဒီကျောက် ဖျာ နောက်ကျောက တောင်ကုန်းပေါ်တက်ပြီး အပေါ်စီးကနေရိုက်သင့်ပါတယ်။ အဲဒီလိုရိုက်နိုင်ဖို့ လူငယ်အတော်များများ ကျောက်တုံးတွေကိုဖက်ပြီးတက်နေကြပေမဲ့ ကိုယ်က ဆက်မတက်ရဲတော့ပါ။ လူတိုင်းတက်နိုင်အောင် လူသွားလမ်းအဖြစ်လဲ ပြင်ထားမပေးပါ။

တကယ့်ကို သဘာဝအတိုင်းရှိနေတဲ့ ကျောက်တောင်ကြီး။ ဒီကျောက်ဖျာကိုမြင်ရဖို့အရေး နှစ်စဉ် ဧည့်သည် သိန်း ခွဲခန့် လာလည်လေ့ရှိတယ်လို့သိရပါတယ်။ တချို့ဧည်တွေက ကျောက်ဖျာကြီးကို ဒီတိုင်း အကာ အရံမရှိပဲ ထားတာဟာ အန္တာရယ်များလွန်းတယ်၊ အချိန်မရွေးပြုတ်ကျနိုင်တဲ့အတွက် ကျောက်ဖျာ ဘေးနားတလျောက်ကို သံတိုင်တွေနဲ့ အခိုင်အမာခြံစည်းရိုးခတ်ထားသင့်တယ်လို့ အကြံပြုဖူးတယ် ဆိုပါတယ်။ ဒါပေမယ့် နော်ဝေးအာဏာပိုင်တွေ ဖက်ကတော့ အဲဒီလိုကာလိုက်ရင် သဘာဝ အလှ ပျက်သွားမယ်။ သဘာဝကို သဘာဝအတိုင်း ပဲထားသင့်တယ်လို့ ဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။





တကယ်လို့ ဒီကျောက်ဖျာကြီးသာ နော်ဝေးမှာမဟုတ်ပဲ မြန်မာနိုင်ငံမှာရှိနေမယ်ဆိုရင် အာဏာပိုင်တွေက ခြံစည်းရုံးခတ်ပြီး ကာကွယ်လေမလား။ ကျိုက်ထီးရိုးစေတီဆီတက်သလိုမျိုး တောင်ထိပ်အထိ ကားလမ်း ဖောက်လိုက်လေ မလား။ ကျောက်ဆောင်ဆီသွားတဲ့လမ်းတလျောက်မှာ ဈေးဆိုင်တွေ၊ ဟိုတယ်တွေ ဆောက်ခွင့်ပေးလိုက်လေ မလား။ သစ်ပင်ကြီးတွေ၊ ကျောက်ဆောင်တွေကြားမှာ ဘီယာဗူးခွံ၊ ရေသန်ဗူးခွံ၊ ပလစတစ်စတွေနဲ့ ရှုတ်ပွနေလေ မလား။ တကယ်တော့ သဘာဝအလှဆိုတာ သဘာဝအတိုင်းရှိနေမှ တန်ဖိုးရှိမယ်မဟုတ်ပါလား။        

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More