Tuesday, July 7, 2015

ကျောင်းသားတွေကို စာသင်ခန်း ပြန်ပို့ပါ

Tuesday, July 7, 2015, The Voice Daily. 

ရက်ဇူလိုင် နှစ်ပတ်လည်နေ့

ဒီနေ့ ဇူလိုင် ရက်ဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ ပထမဆုံး သွေးမြေကျခဲ့ရတဲ့နေ့၊ သမဂ္ဂ အဆောက်ဦ ဖြိုခွဲခံရခြင်း ၅၃ ကြိမ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ အသစ်ပြဌဏ်းလိုက်တဲ့ တက္ကသိုလ်ဥပဒေကို ကျောင်းသားတွေကမကြိုက်လို့ ကန့်ကွက်ဆန္ဒပြရာကနေ စစ်တပ်က အကြမ်းဖက် ဖြိုခွဲတဲ့အထိဖြစ်လာခဲ့တာပါ။ အဲဒီနောက် ဇူလိုင် ရက်နေ့မနက် အရုဏ်တက်ချိန်မှာတာ့ ဒဏ်ရာရ ကျောင်းသားတချို့ခိုအောင်းနေဆဲဖြစ်တဲ့ တက္ကသိုလ်သမဂ္ဂ အဆာက်ဦကို စစ်တပ်က မိုင်းခွဲဖြိုချ လိုက်ပါ တယ်။ 

ဒီဖြစ်စဉ်အတွင်း ကျောင်းသား ၁၇ ဦးသေဆုံးခဲ့တယ်လို့ အစိုးရဖက်ကပြောပါတယ်။ ဒါပေမယ့် ကျောင်း သားတွေ ဖက်ကတော့ မန္တလေးဆောင်တခုတည်းမှာတင် သေဆုံးသူဦးရေဟာ ၁၇ ဦးကျော်တယ်လို့ပြောပါ တယ်။ သမိုင်းမှန်ကြောက်သူ စစ်အစိုးရအဆက်ဆက်ရဲ့ ထုံးစံအတိုင်း အခုချိန်ထိ အချက်အလက်အတိ အကျ ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ ဒီလို သမိုင်းမှန်မထုတ်ပြန်တဲ့အပြင် ဒီဗုံးခွဲမှုကို သူအမိန့်ပေးခိုင်းစေခဲ့ တာမဟုတ်ပဲ ဗိုလ်အောင်ကြီး လုပ်တာဖြစ်တယ်ဆိုပြီး ဦးနေ၀င်းက လေးလုံးကာလမှာ စွပ်စွဲပြောကြားခဲ့ ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ သမိုင်းပါ။ ဘယ်သူကမှ ငြင်းလို့ မရပါဘူး။ ဘယ်သူကမှ သမိုင်းမှန်ကော်မရှင် ဆိုတာကို ကိုယ့်ဘာသာဖွဲ့ပြီး လိုရာဆွဲရေးခွင့်မရှိပါဘူး။ အချက်အလက်အမှန်အတိုင်း ပြည်သူကိုအသိပေး ဖို့လိုပါတယ်။ ဒါဟာ ၁၉၆၂ ခု၊ မတ်လ ရက်နေ့မှာ အာဏာသိမ်းပြီးတက်လာတဲ့ ဦးနေ၀င်းစစ်အစိုးရနဲ့ ကျောင်းသားတွေအကြား ပထမဆုံး ထိပ်တိုက် တွေ့ဆုံမှု၊ ကျောင်းသားတွေအပေါ် စစ်တပ်ရဲ့ ပွဲဦးထွက် အကြမ်းဖက်ကိုင်တွယ်မှုဖြစ်ပါတယ်။

အခုပွင့်လင်းကာလရောက်လို့ ပြောခွင့်၊ ရေးခွင့်ရတုန်း ပြောကြဆိုကြတယ်ဆိုပေမဲ့ လွန်ခဲ့တဲ့ နှစ်၊ အတိ အကျ ပြောရမယ်ဆိုရင် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီအထိ ဒါမျိုးကို သတင်းစာမှာရေးလို့ ဘယ်ရပါ့မလဲ။ လွန်ခဲ့တဲ့ ၅၃ နှစ်ကကိစ္စမပြောနဲ့၊ ၁၉၈၈ အရေးတော်ပုံနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကိစ္စတောင် ဘယ်မှာပြောခွင့်ရလို့လဲ။

သမိုင်းမှန်ကိုပြောခွင့်၊ ရေးခွင့်မပေးခဲ့တာ၊ သို့မဟုတ် အတိတ်ကအမှားတွေကို ပွင့်လင်းစွာဆွေးနွေးခွင့် မပေးခဲ့ခြင်းဟာ အဲဒီလိုအမှားမျိုး ထပ်ဖြစ်စေဖို့ တွန်းအားပေးသလိုဖြစ်သွာခဲ့တယ်။ အမှားကိုအမှားမှန်း သင်္ခန်းစာယူဖို့ အုပ်ချုပ်သူတွေဖက်က စဉ်းစားချိန်မရဖြစ်သွားခဲ့တယ်လို့ စာရေးသူက ထင်ပါတယ်။

တကယ်တော့ သမိုင်းဆိုတာ ယူတတ်ရင် သင်္ခန်းစာတွေ အများကြီးပါ။ သမိုင်းကိုလေ့လာတဲ့အခါ တရားခံ ရှာဖို့ထက် သင်္ခန်းစာယူဖို့က ပိုအရေးကြီးမယ်လို့ထင်ပါတယ်။ တရားခံ ရှာမယ်ဆိုရင်တော့ ဇတ်လမ်းက ပြီးတော့မယ် မထင်ပါ။ တကသ အဆောက်ဦဗုံးခွဲတာကိုတောင် ဦးနေးဝင်းက သူလုပ်တာ မဟုတ်ဘူး၊ ဗိုလ်အောင်ကြီး လုပ်တာ ပါဆိုပြီး ငြင်းနေသေးရင် ကျန်တဲ့စစ်ခေါင်းဆောင်အားလုံးကလည်း ၈၈ မှာ ပစ်မိန့်ပေးတာ၊ ၂၀၀၇ မှာပစ်မိန့်ပေးတာ သူတို့မဟုတ်ဘူးဆိုပြီး ငြင်းကြမှာပေါ့။


ရာစုနှစ်ဝက် ကြာတဲ့အထိ ပေါ်လစီက မပြောင်းသေးဘူးလား

ဒါက လွန်ခဲ့တဲ့ ၅၃ နှစ် သို့မဟုတ် ရာစုနှစ်ဝက်ကျော်ကျော်ကဖြစ်ခဲ့ဖူးတဲ့ 7 July ကိစ္စကိုပြောနေတာပါ။ အဖိုးအဖွား လက်ထက်က ဖြစ်ခဲ့တဲ့ကိစ္စကို ပြန်ပြောနေလို့ ဘာထူးလာမှာလဲဆိုပြီး ဒီနေ့ အသက် ၂၀ တန်း လူငယ်တွေက မေးခွန်းထုတ်ချင် ထုတ်နိုင်ပါတယ်။ တကယ်တော့ လွန်ခဲ့တဲ့ ၅၃ နှစ်ကာလအတွင်း အခုလို သမိုင်းကို လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ ဆွေးနွေးငြင်းခုန်ခွင့်မရခဲ့လို့ ပုံစံတူအမှားတွေ ထပ်မှားခဲ့တာလို့ စာရေးသူက မြင်ပါတယ်။


ဆိုလိုတာက 7 July ကိစ္စကိုသာ သမိုင်းမှာ လွတ်လပ်စွာသင်ကြားခွင့်ရမယ်ဆိုရင် အဲဒီလိုအမှားမျိုးကို လေးလုံးကာလနဲ့ ၂၀၀၇ ရွှေဝါရောင်ကာလမှာ စစ်တပ်က ထပ်မှားမယ်မထင်ပါ။ ကျောင်းသားတွေ၊ ရဟန်းသံဃာတွေ၊ ပြည်သူလူထု တွေဖက်ကလည်း ဒီသမိုင်းတွေကိုသာ အသေအချာသိထားမယ်ဆိုရင် စစ်တပ်ရဲ့ရန်ကို ဒီထက်ပိုမို ကာကွယ်နိုင်မယ် လို့ထင်မိပါတယ်။

ကဲ၁၉၆၂ ကနေ ၂၀၁၂ အထိ နှစ် ၅၀ စစ်အုပ်ချုပ်ရေးကာလကို ထားလိုက်ပါတော့။ အခု ပွင့်လင်း ကာလမှာကော ဒါတွေကို သမိုင်းထဲ ထည့်သင်ခွင့်ရနေပြီလား။ 7 July လေးလုံး၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအခြေ အနေတွေကို ဒီနေ့စာသင်ကျောင်းတွေမှာ သမိုင်းအဖြစ် သင်ကြားခွင့်ရနေပြီလား။ ကျနော်မေးမြန်းမိ သလောက်ကတော့ နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ၊ စာအုပ်တွေမှအပ အစိုးရ သတင်းစာ၊ အစိုးရကျောင်း ပြဌဏ်းစာအုပ်တွေမှာ ဒီအကြောင်း ဘာမှရေးသား၊ သင်ကြားခွင့်မရှိသေးပါ။

တနည်းအားဖြင့်ပြောမယ်ဆိုရင် ဒီနေ့ပြောနေတဲ့ကြတဲ့ ပြုပြင်ပြောင်းလဲရေးတို့၊ ပွင့်လင်းမြင်သာမှုတို့ ဆိုတာဟာ ပုဂ္ဂလိကသတင်းစာတွေပေါ်မှာပဲရှိပြီး အစိုးရထိမ်းချုပ် မီဒီယာဆီမှာ မရှိသေးတဲ့သဘော။ ဒီနေ့မြန်မာကျောင်းသားတွေဟာ မျက်နှာဖုံးပြောင်းထားတဲ့ စစ်တပိုင်းအရပ်သားအစိုးရဲ့ ဖိနှိပ်ဖမ်းဆီးမှုကို ပုံစံသစ်တမျိုးနဲ့ ခံနေရဆဲသဘောပါ။

7 July နောက်ပိုင်းဖြစ်စဉ်တွေထဲက လေးလုံးနဲ့ ၂၀၀၇ ပြီးရင် အခုနှစ်အစောပိုင်း ဖေဖေါ်ဝါရီလကဖြစ်ပွါးခဲ့ တဲ့ လက်ပံတန်းကျောင်းသားဆန္ဒပြပွဲ ဖြိုခွဲခံရမှုဟာ အကြီးမားဆုံး လှုပ်ရှားမှုပါပဲ။ ကွာတာဆိုလို့ အရင် ယူနီဖောင်းဝတ် စစ်တပ်ခေတ်က ကျောင်းသားတွေကို သေနတ်နဲ့ပေါ်တင်ပစ်ပြီး အခု အရပ်ဝတ်စစ်သား ပါလီမန်ခေတ်မှာတော့ သေနတ်နဲ့ မပစ်တော့ပဲ နံပတ်တုတ်နဲ့ ရိုက်တာလောက်ပဲရှိပါတယ်။

ဒါကို ရာစုနှစ်ဝက်ကာလအတွင်း မြန်မာ့သမိုင်းရဲ့ ထူးခြားတဲ့တိုးတက်မှုအဖြစ် မှတ်တမ်းတင်သင့်သလား။ နှစ် ၅၀ ကာလအတွင်း အိမ်နီးချင်းနိုင်ငံတွေ၊ အနောက်နိုင်ငံတွေ ဘယ်လောက်အထိ ပြောင်းလဲ တိုး တက်သွားကြသလဲ။ သမိုင်းကို ဒီလိုနှိုင်းယှဉ်လေ့လာဖို့လိုမယ်ထင်ပါတယ်။ နိုင်ငံတကာနဲ့ မနှိုင်းယှဉ်ပဲ ကိုယ်ဘာသာ ခြံစည်းရိုးခတ် တိုင်းတာနေရတော့ သေနတ်နဲ့ပစ်ရာကနေ တုတ်နဲ့ရိုက်တဲ့အဆင့် ထိတက်လာတာကိုတောင် တိုးတက်မှုအဖြစ် အုပ်ချုပ်သူတွေဖက်က မြင်ကောင်း မြင်နေနိုင်ပါတယ်။


ကျောင်းသားတွေကို စာသင်ခန်းပြန်ပို့ပါ၊ စစ်သားတွေ စစ်တန်းလျားပြန်ပါ

အရင်ကဖြစ်ခဲ့တဲ့ သမိုင်းတွေကို ခဏမေ့ထားပြီး လက်ရှိ ဖမ်းဆီးခံနေရတဲ့ ကျောင်းသားတွေရဲ့ အနာဂတ်ကို ပြော ကြည့်ရအောင်ပါ။ အသစ်ပြဌဏ်းလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကိုမကြိုက်လို့ ကန့်ကွက်ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံနေရတဲ့ကျောင်းသားဦးရေ ၅၀ ကနေ ၁၀၀ ကြားရှိနေဆဲလို့ ယူဆရ ပါတယ်။ 


အခုနှစ်အစောပိုင်းမှာ မန္တလေးကနေ ရန်ကုန်အထိ လမ်းလျောက်ချီတက်ဆန္ဒပြပွဲအတွင်း ဒီကျောင်းသား တွေဖမ်း ဆီးခံရတာဖြစ်ပြီး အများစုကတော့ မတ် ၁၀ ရက်နေ့ကဖြစ်ပွါးခဲ့တဲ့ လက်ပတောင်းဆန္ဒပြပွဲ အတွင်း ဖမ်းဆီးခံခဲ့ ကြရတာပါ။ တချို့ကိုပြန်လွတ်ပေးခဲ့ပေမဲ့ အနည်းဆုံး ဆန္ဒပြကျောင်းသား ၇၀ ခန့် အခုချိန်ထိ သာသာဝတီအကျဉ်း ထောင်အတွင်း ဖမ်းဆီးစစ်ဆေးခံနေရဆဲဖြစ်ပါတယ်။

တိုက်ဆိုင်မှုအဖြစ်ကတော့ လွန်ခဲ့တဲ့ ၅၃ နှစ်ကဖြစ်ပွါးခဲတဲ့ 7 July အရေးအခင်းကို ဒီနေ့ အသက် ၂၀ တန်းကျောင်းသားလူငယ်တွေက မမေ့သေးဘူးဆိုတာပါပဲ။ ဘာကြောင့်လဲဆိုရင် ဇွန်လ ၃၀ ရက်နေ့က သာယာဝတီတရားရုံးမှာ ရုံထုတ်ပြီးအပြန် အချုပ်ကားပေါ်ပါလာတဲ့ ကျောင်းသားတွေက 7 July သီချင်းကို သံပြိုင်သီဆိုတဲ့အတွက် ကျောင်းသား ဦးကို တိုက်ပိတ်ထားတယ်ဆိုတဲ့သတင်း ထွက်လာလို့ဖြစ်ပါတယ်။

မင်းသွေးသစ်၊ ဖြိုးဖြိုးအောင် အပါဝင် ဖမ်းဆီးခံနေရတဲ့ကျောင်းသားတွေ၊ ကျော်ကိုကိုအပါဝင် တိမ်းရှောင်နေရတဲ့ ကျောင်းသားတွေအားလုံးကိုပေါင်းလိုက်မယ်ဆိုရင် အစိုးရမူဝါဒကိုမကြိုက်လို့ ငြိမ်းချမ်းစွာဆန္ဒပြမိရုံနဲ့ စာသင်ခန်းနဲ့ ဝေးသွားရတဲ့ကျောင်းသားဦးရေ ဘယ်လောက်တောင်ရှိ နေပြီလဲဆိုတာ စဉ်းစားစရပါ။ ဒီလို ဝေးသွားတဲ့အတွက် ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေတင် ဒုက္ခရောက်တာမဟုတ်။ တိုင်းပြည်အနာဂတ်တခုလုံး၊ ဒီနေ့ အသက် ၂၀ တန်းကျောင်းသားမျိုးဆက် တခုလုံးရဲ့ အနာဂတ်ကိုပါ ဒုက္ခရောက်စေပါတယ်။

ဒါကို အုပ်ချုပ်သူတွေဖက်က အသေချာစဉ်းစားဖို့လိုပါတယ်။ ကျောင်းသားတွေကို ကျောင်းသားတွေအဖြစ် မြင်ဖို့ လိုပါတယ်။ စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆီ အသွင်ပြောင်းနေ ပါပြီလို့ ကမ္ဘာသိကြေညာထားပြီးကာမှ မကျေနပ်လို့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ကျောင်းသားတွေကို ရာနဲ့ချီ ဖမ်းဆီးထောင်ချထားတယ် ဆိုတာမျိုး မလုပ်သင့်ပါ။ ကျောင်းသားဆိုတာ တိုင်းပြည်အနာဂတ်ဖြစ်တဲ့ အတွက် အနာဂတ်ကို ထောင်ထဲမထည့်ထားသင့်ပါ။ ဒီကျောင်းသားအားလုံး ကျောင်းပြန်တက်နိုင်ရေး အတွက် ချက်ချင်းဆောင်ရွက်ပေးသင့်ပါတယ်။

ဒါက ကျောင်းသားနဲ့တိုင်းပြည်အနာဂတ်ကို တွဲမြင်သူတွေဖက်က တိုက်တွန်းချက်ပါ။ ဒါပေမယ့် လက်ရှိ အစိုးရကတော့ ဒါမျိုးမြင်ဘွယ်မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုရင် စစ်သားတွေပါလီမန်ထဲကထွက်ပြီး စစ်တန်းလျားပြန်ပါ လို့ တောင်းဆိုတဲ့ နောက်ထပ်ကျောင်းသားတွေကိုပါ ထပ်မံဖမ်းဆီးဖို့ ကြိုးစားနေ တာကြောင့်ဖြစ်ပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှာ သိမ်ကြီးဈေးကနေ မြို့တော်ခန်းမအနီးရှိ တရားရုံးချုပ်ဆီ ချီတက်ဆန္ဒပြတဲ့ ကျောင်းသား ၂၀ ကျော်ထဲက ခေါင်းဆောင် ဦးကို ပန်းပဲတန်းရဲစန်းကနေ ပုဒ်မ ၁၈ နဲ့စွဲချက်တင် ထားတယ်လို့ဆိုပါတယ်။ ဒီကျောင်း သားတွေဆန္ဒပြရခြင်းအကြောင်းရင်းကတော့ စစ်သားတွေဟာ စစ်တန်းလျားမှာမနေပဲ ပါလီမန်ထဲအထိ ၂၅ ရာခိုင် နှုန်းယူထားခြင်း၊ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ - ပြင်ဆင်ရေး အတွက် ပါလီမန်မှာမဲခွဲတာကို စစ်သားကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ခြင်းတွေကြောင့် ဒါဟာ ဒီမိုကရေစီမူဘောင်တွေကို စစ်သားတွေက ကဖျက်ယဖျက်လုပ်နေတယ်ဆိုပြီး လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ နောက်ဆုံးဆန္ဒပြမှုနဲ့ တရားစွဲခံနေရတဲ့ကျောင်းသားတွေပြောခဲ့သလိုပါပဲ။ စစ်သားတွေ ပါလီမန်ထဲကနေထွက်ပြီး စစ်တန်းလျားပြန်သင့်သလို ကျောင်းသားတွေအားလုံးကိုလဲ အကျဉ်းထောင်တွေ၊ အချုပ် စခန်းတွေကနေလွတ်ပေးပြီး စာသင်ခန်းတွေဆီ ပြန်ပို့သင့်ပါတယ်။ 


ဒီနှစ်ခုကိုသာ လက်ရှိအစိုးရနဲ့ လွှတ်တော်က ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်ဆိုပြီး ကုန်းအော်နေစရာမလိုပဲ အဲဒီ စနစ်ဆီ တကယ်ဦးတည်ချီတက်နေပါပြီဆိုတာကို လက်တွေ့ပြသလိုက်တဲ့ အကောင်းဆုံး လုပ်ရပ်အဖြစ် မြန်မာပြည်သူ၊ ကမ္ဘာ့ပြည်သူအားလုံးက ၀မ်းပန်း တသာကြိုဆိုကြမှာဖြစ်ကြောင်း တိုက်တွန်းတင်ပြလိုက်ရပါတယ်။

Tuesday, July 7, 2015, The Voice Daily. 

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More