Thursday, September 12, 2013

ထားဝယ်-ထီးခီး ခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်၊ ယာဉ်မောင်းသေဆုံး


|Dawei Watch| ထားဝယ်၊ စက်တင်ဘာ ၁၀ 

ထိုင်း-မြန်မာ နယ်စပ်ဂိတ် ထီးခီးနှင့် ထားဝယ်သို့ ပြေးဆွဲနေသော စွမ်းသစ်ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် စက်တင်ဘာ ၁၀ ရက်နေ့တွင် တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်း သေဆုံးသွားခဲ့ကြောင်း ယာဉ်လိုင်းတာဝန်ခံ ကပြောကြားသည်။ 

 (ထီးခီးနယ်စပ်ရှိ လမ်းပြမြေပုံ)

ခရီးသည် ခြောက်ဦးတင်ဆောင်လာသော ယင်းယာဉ်သည် ထီးခီးမှ အထွက် အီတာလျံ-ထိုင်း (ITD) ၏ ကုန်ထားစခန်းအနီး တောင်အဆင်းတွင် ဘီးပေါက်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး အပြင်းအထန်ဒဏ်ရာရသွားသော ယာဉ်မောင်းကို ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်အတွင်းရှိ ဆေးရုံတစ်ခုသို့ တင်ဆောင်ခဲ့သော်လည်း ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ၄င်းကဆိုသည်။ 

တောင်ကုန်းပေါ်မှ အဆင်းတွင် ဘီးပေါက်ခဲ့ရာ ရှေ့တွင်ရှိသော ယာဉ်တစ်စီးကို ရှောင်တိမ်းရာမှ ထိုသို့ ဖြစ်ပွားခြင်းဖြစ်ပြီး ခရီးသည်များမှာ ဒဏ်ရာ အနည်းငယ်ရခဲ့ကြောင်း ယင်းကပြောကြားသည်။
အဆိုပါ ယာဉ်လိုင်းမှာ ဆူပါကာစတန် ယာဉ် ၁၄ စီး ဖြင့် ပြေးဆွဲနေသော ယာဉ်လိုင်းဖြစ်ပြီး အခင်းဖြစ်ပွားရာသို့ ခရီးသည်၏ မိသားစုဝင်များ၊ ယာဉ်ပိုင်ရှင်နှင့် ဂိတ်တာဝန်ခံများ သွားရောက်နေပြီဖြစ်ကြောင်း ၄င်းကဆိုသည်။ 

ထီးခီးနှင့် ထားဝယ်သို့ ယာဉ်လိုင်း လေးလိုင်း ပြေးဆွဲနေပြီး တိမ်းမှောက်မှုမှာ ထီးခီးနယ်စပ်ဂိတ်ဖွင့်လှစ်ခဲ့သည့် မေလကတည်းက ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်သည်။ 

Dawei Watch

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More